Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရေစကြိုမြို့ ရေလယ်ကျွန်းဒေသခံများ စစ်ဘေးရော ရေဘေးပါ ရင်ဆိုင်နေရ၊ ရွာ ၆ ရွာကို စစ်ကောင်စီတပ်မီးရှို့
===================

ဓာတု
(မဇ္ဈိမ) ။ ။ စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ မကွေးတိုင်း ရေစကြိုမြို့ ရေလယ်ကျွန်းဒေသတွင် ယနေ့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံ ၂,၀၀၀ ခန့်သည် စစ်ဘေးရော ရေဘေးပါ ရင်ဆိုင်နေရပြီး သက်ကြီးရွယ်အိုနှင့် ကလေးများ အဓိကဒုက္ခရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာပေါင်း ၁၅ ရွာမှဒေသခံထောင်ချီမှာ ဘေးလွတ်ရာသို့ စက်လှေ၊ ဆိုင်ကယ်၊ နွားလှည်းများဖြင့် အသီးသီးထွက်ပြေးတိမ်းရှောင်နေကြရာ မိုးသည်းထန်စွာရွာသွန်း၍ ယင်းစစ်ဘေးရှောင်များမှာ ရေဘေးပါ တွေ့ကြုံနေရပြီး အဓိကအမိုးအကာများ၊ စားစရာ၊ သောက်သုံးရေနှင့်ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

"မနေ့က စစ်တပ်ကစစ်ကြောင်းထိုးတော့ တချို့ဆို ရုတ်တရက်ထပြေးလာရတော့ အဝတ်အစား၊ စားစရာတွေမပါလာဘူး၊ မိုးကလည်း ရွာလိုက်တော့ သက်ကြီးပိုင်းနဲ့ကလေးတွေ အဓိကဒုက္ခရောက်တယ်။ ရွာထဲပြန်ယူဖို့ကလည်း သူတို့( စစ်ကောင်စီ)က ရွာထဲကထွက်ပြေးနေတဲ့နေအိမ်တွေထဲ တအိမ်ဝင်တအိမ်ထွက် ပစ္စည်းတွေကို လှည်းတိုက်ယူနေတယ်။ အခုလည်း ရွာတွေကိုလည်း အခုထိမီးရှို့နေတယ်။ မနေ့ကလည်း ကျောက်ဖူးရွာကရိပ်သာကျောင်းကို မီးရှို့သေးတယ်"ဟု စစ်ဘေးရှောင်ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်မှ ယနေ့အောက်တိုဘာလ ၁၃ ရက် တိုက်ပွဲအပြီး နေ့လယ် ၂နာရီမှစ၍ ရေလယ်ကျွန်းဒေသရှိ လှေခုတ်၊ ဆင်တဲ၊ ခြံယာ၊ နွယ်နီ၊ကျောက်ဖူး၊ ငတရော် ကျေးရွာတို့တွင် လက်ရှိအချိန်ထိ မီးတင်ရှို့နေရာ ဒေသခံများ၏ ဆိုင်ကယ်၊ အဝတ်အစားများကို ပြန်ယူမည်စိုးသဖြင့် အဓိကထား မီးရှို့နေကြောင်း ရွာတွင်းကျန်ခဲ့သည့် နီးစပ်ရာဒေသခံများကဆိုသည်။

ထို့အပြင် ရွာထဲရှိနေအိမ်များမှလက်ဝတ်ရတနာနှင့် တန်ဖိုးကြီးပစ္စည်းများကိုမူ လှည်းတိုက်ယူဆောင်၍ ဧရာဝတီမြစ်တဖက်ကမ်း မြင်းခြံမြို့ဘက်သို့စက်လှေများနှင့် သယ်ဆောင်သွားကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် မဟာမိတ်အင်အားစုများ ယနေ့ နေ့လယ် ၁ နာရီအချိန်တွင် ပေ ၁၀၀ ပတ်လည်သာအကွာအဝေးရှိသည့် နေအိမ်လမ်းကြိုလမ်းကြား လှေခုတ်ကျေးရွာ၌ အနီးကပ် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဒုတိယအကြိမ်မြောက်ဖြစ်ပွားခဲ့သည်။
အထိအခိုက်အကျအဆုံးစာရင်းအတိအကျကို မသိရသေးကြောင်း မဟာမိတ်အင်အားစုတွင်ပါဝင်သည့် မြင်းခြံ ပကဖအဖွဲ့ဝင်တဦးကပြောသည်။

အဆိုပါတိုက်ပွဲမဖြစ်ခင်နာရီပိုင်းအလို ရေစကြိုဘက်မှလာသည့် အင်အား ၈၀ ခန့် စစ်ကောင်စီတပ်ဖွဲ့သည် ရေလယ်ကျွန်းမြောက်ဘက်ခြမ်းနှင့် မြင်းခြံဘက်မှလာသည့် အင်အား ၁၀၀ ဝန်းကျင်အဖွဲ့မှာ ရေလယ်ကျွန်းတောင်ဘက်ခြမ်းသို့ စစ်ကြောင်းများကို နှစ်ကြောင်းခွဲ၍ ဖြန့်ကြက်ထိုးခဲ့ခြင်းဖြစ်သည်။
"ကိုယ်တွေဘက်က ၄၀ မမ နဲ့ပစ်တာ ဟိုဘက်ကကောင်(စစ်ကောင်စီ) ဦးနှောက်ပွင့်ထွက်သွားတယ်။ ကျန်တဲ့အသေအပျောက်စာရင်းတော့ မသိရသေးဘူး။ လောလောဆယ် ကျွန်တော်တို့ဘက်က ခဏတပ်ဆုပ်ထားတယ်"ဟု မြင်းခြံ ပကဖအဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ နေ့တွင် ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းစတင်ထိုးလာသဖြင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် နှစ်ဘက်ထိတွေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အထိအခိုက်အသေဆုံးများကြောင်း မဟာမိတ်အင်အားစုအဖွဲ့ထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)ကလည်း ယခုရက်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် မိုးကောင်းနိုင်၍ ရေဘေးသတိပြုရန် သတိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေစကြိုမြို့
#ရေလယ်ကျွန်းဒေသ
#စစ်ကြောင်း
#ရေဘေး

ဓာတ်ပုံ- ရေလယ်ကျွန်းဒေသရှိစစ်ဘေးရှောင်များ၊ စစ်တပ်မှမီးရှို့နေသည့်ရွာများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍6🔥2❤1😁1
​​သောကြာနှင့် တနင်္ဂနွေနေ့၌ ထိုင်းအလုပ်သမား ၁၀၀ ကျော် အစ္စရေးမှ ပြန်ရောက်မည် 
==========================

ထိုင်းအလုပ်သမား ဒုတိယနှင့် တတိယအသုတ် စုစုပေါင်း ၁၁၉ ဦးသည် သောကြာနေ့နှင့် တနင်္ဂနွေနေ့၌ အစ္စရေးမှနေ၍ နိုင်ငံရင်းဆီ ပြန်ရောက်ရန် စီစဉ်ထားပြီး ပြီးခဲ့သည့် ကြာသပတေးနေ့က ပထမသုတ်အဖြစ် ၁၅ ဦး ရောက်ရှိထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
Live stream started
Live stream finished (26 seconds)
အွန်လိုင်းငွေလိမ်လုပ်ငန်း အဓိကတရားခံဟုဆိုကာ ဝ ဒေသမှ ‌ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၂ဦးကို တရ
တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ပြုလုပ်နေသည်ဟုဆိုကာ “ဝ” ပြည် သွေးစည်...
https://ift.tt/GnYXO1k
👍5😁1
​​အွန်လိုင်းငွေလိမ်လုပ်ငန်း အဓိကတရားခံဟုဆိုကာ ဝ ဒေသမှ ‌ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၂ဦးကို တရုတ် ဝရမ်းထုတ်
================

ဂျူချန်း

(မဇ္ဈိမ)။ ။ တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ပြုလုပ်နေသည်ဟုဆိုကာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသမှ ငွေလိမ်ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း တရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယူနန်ပြည်နယ်၊ကူမင်းမြို့နှင့် ရှီကျင်းပြည်နယ်၊ဟန်ကျိုးမြို့မှ အများပြည်သူ့လုံခြုံရေးဌာန၏ စိစစ်တွေ့ရှိချက်အရ ချန်ယန်ပန် (ခေါ်) ပေါက်ယန်ပန် နှင့် ရှောက်ယန်ကူ(ခေါ်) ဟော်ချွင်ထင် တို့နှစ်ဦးသည် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ဦးဆောင်ပြုလုပ်နေသည်ကို သက်သေအခိုင်အမာဖြင့် တွေ့ရှိထားပြီဟု တရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးကို ဖမ်းမိနိုင်ရေး သတင်းပေးနိုင်ပါက တရုတ်ယွမ် ၁၀၀,၀၀၀ မှ ယွမ် ၅၀၀,၀၀၀ ( မြန်မာငွေ သိန်း ၃၀၀ခန့်မှ သိန်း ၁,၅၀၀ခန့်)အထိ ပေးမည်ဟု ဆုကြေးထုတ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ အွန်လိုင်းငွေလိမ်မှုကြောင့် တရုတ်ပြည်သူများစွာနစ်နာနေကြောင်းလည်း ဖော်ပြထားသည်။

ချန်ယန်ပန်သည် မြန်မာနိုင်ငံ၌ ပေါက်အိုက်ပန်း ဟု လူသိများပြီး “ဝ”ပြည်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူးဖြစ်ကြောင်း၊ ပေါက်အိုက်ပန်းသည် ယခင်က ဝ တပ်မတော်၊တပ်မဟာ (၄၆၈) တပ်မှူးဖြစ်ပြီး UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် ဆွေမျိုး တော်စပ်ကြောင်း မြန်မာနိုင်ငံရေးနှင့် တိုင်းရင်းသား အရေးလေ့လာသူတဦးက မဇ္ဈိမကို ပြောသည်။ 

၎င်းက “ပေါက်အိုက်ပန်က လက်ရှိ ဝပြည်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး၊ နောက်တ ယောက်ကတော့ မိုင်းလင်းခရိုင်မှူး။ပေါက်အိုက်ပန်က တူဆိုတာထက် အမျိုးအရင်းထဲက တူတော့ မဟုတ်ဘူး။ အမျိုးနီးစပ်ထဲကလို့ သိတယ်။ အရင်ကတော့ သူ့ကို ပေါက်ယူချန်းရဲ့ မွေးစားသားလို့တောင်ပြောကြတယ်” ဟု ဆိုသည်။

ပေါက်အိုက်ပန်းသည် ယခင် ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် နှင့် အတူ ရှမ်းပြည် အရှေ့ပိုင်း မိုင်းပြင်း မြို့နယ်၌ ဖမ်းဆီးခံခဲ့ရကာ UWSA နှင့် စစ်ကောင်စီတို့ ဒုတိယ အကြိမ် အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်ပြီး နောက်ပိုင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၎င်းအား စစ်တွေထောင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း ယင်းဖြစ်စဉ်ကို သိရှိထားသူတဦးကပြောသည်။

ရှောက်ယန်ကူ(ခေါ်) ဟော်ချွင်ထင်ကို အိုက်ဟော့ ဟု လူသိများကာ မိုင်းလင်းခရိုင်မှူးဖြစ်ပြီး ပေါက်ယူချန်း၏ သားမက်ဟောင်းဟု သိရသည်။ 

“ဟော်ချွင်ထင်ကို မြန်မာပြည်က အိုက်ဟော့လို့ပဲ သိကြတာ" ဟု အခြားသတင်းရင်းမြစ်တဦးက ပြောသည်။

၎င်းတို့နှစ်ဦးသည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မိုင်းပေါက်နှင့် ဝိန်းကောင် တို့တွင် ကာစီနိလုပ်ငန်းနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အဓိက လုပ်ကိုင်ကြသည်ဟု မြန်မာနိုင်ငံရေးလေ့လာသူတဦးက ပြောသည်။ 

ပေါက်အိုက်ပန် နှင့် အိုက်ဟော့တို့နှစ်ဦးသည် UWSA မှဟုတ်မဟုတ်နှင့်တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဖမ်းဝရမ်းထုတ်ခြင်းကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမမှ UWSA လားရှိုးမြို့အခြေစိုက် ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းအား မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် အထက်အရာရှိများထံ မေးထားဆဲဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်လအနည်းငယ်က တရုတ်အစိုးရတာဝန်ရှိသူများ၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာ-တရုတ်နယ်စပ်ဒေသများမှ အွန်လိုင်းငွေလိမ်းလုပ်ငန်းများကို ဖော်ထုတ်ရန် စစ်ကောင်စီအား ဖိအားပေးခဲ့သည်။အွန်လိုင်လိမ်လည်မှုအပါအဝင် အွန်လိုင်းလောင်းကစားမှုများနှင့် ဆက်နွှယ်နေသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု စသည့်ရာဇဝတ်မှုများကို တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို လေးနိုင်ငံပူးပေါင်းပြီးနှိမ်နင်းရန်အတွက် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် “ဝ”ပြည်နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁,၂၀၇ ဦးကို UWSA ဌာနချုပ်ရှိရာ ပန်းဆန်မြို့ရှိ နယ်ခြားတံတားဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ၏ ပြန်ကြားရေးစာမျက်နှာ WSTV တွင် စက်တင်ဘာလ ၈ ရက်နေ့ကထုတ်ပြန်ထားသည်။

မဇ္ဈိမမှ မြန်မာနိုင်ငံရှိ တရုတ်သံရုံးအား အွန်လိုင်းငွေလိမ်ခြင်းနှင့်ပတ်သက်၍ ဝရမ်းထုတ်ထားသူနှစ်ယောက်အကြောင်း မေးမြန်းရန်အတွက် ယနေ့ ညနေ ၆နာရီခန့်တွင် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အမျိုးသမီးတဦးမှ ဖုန်းလက်ခံဖြေကြားပြီး ၎င်းအနေဖြင့် ပြောဆိုခွင့်မရှိသဖြင့် သိလိုသည့် အကြောင်းအရာများအား email ပို့ ပေးရန်နှင့် ပို့ရမည့် email ကိုလည်း အထက်အရာရှိကိုမေးမြန်းပြီးနောက် ပြန်လည်ပြောပြမည်ဟုဆိုသည်။

စာတည်း - အေးချမ်း
#mizzima
#အွန်လိုင်းငွေလိမ်လုပ်ငန်း
#UWSAထိန်းချုပ်ဒေသ
#ငွေလိမ်ဂိုဏ်း
#ဝရမ်းထုတ်
👍13😁4❤1👎1🔥1
​​တိုက်ကြီးမြို့အနီး ငလျင်ငယ် လေးကြိမ်လှုပ်ဟု ဒေသခံများပြော၊ မိုးဇလက ၁ ကြိမ်သာ သတင်းထုတ်
=================

ရွှေနွယ်၊ ဂန္ဒမာ

(မဇ္ဈိမ)။  ။ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အနီးတွင် ယနေ့ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီ ၄၀မိနစ် ဝန်းကျင်က အင်အား ရစ်ခ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ ငလျင်အပါအဝင် ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

"ငလျင်လေးကြိမ်လှုပ်ပါတယ်။ တကြိမ်နဲ့တကြိမ်က စက္ကန့်ပိုင်းလောက်ပဲ ခြားမယ်ထင်တယ်။ ဒုတိယအကြိမ်မြောက်မှာ ကျွန်မတို့သစ်သားအိမ်လေးဆွဲယမ်းလိုက်သလိုပဲ။ ဘုရားပန်းလဲရင်းလေ။ ပန်းတွေက ရှေ့နောက်ယိမ်းနေရောပဲ" ဟု သုံးဆယ်မြို့မှ ဒေသခံ တဦးက မဇ္ဈိမကိုပြောသည်။

ပထမအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်သည် မသိသာဘဲ ဒုတိယအကြိမ်သည် သိသိသာသာ ပြင်းထန်သည်ဟု ဆိုသည်။

" ကြောက်ဖို့ကောင်းလိုက်တဲ့ ငလျင်ကြီးဗျာ၊ အင်အားပြင်းတယ်၊ အိမ်တွေကိုသိမ့်ကနဲပဲ၊ နှစ်မိနစ်အတွင်းနှစ်ခါရှိပြီ၊ ဥက္ကံမြို့နယ်မှာပါ"ဟု ဥက္ကံမြို့ခံ ကိုထွေးလေးက ၎င်း၏ ဖေစ့်ဘွတ်ခ် လူမှုကွန်ရက်၌ ရေးသားထားသည်။

ယနေ့ည‌နေတွင် မိနစ်ပိုင်းအတွင်း ငလျင်လေးကြမ်လှုပ်ကြောင်း ဒေသခံများကပြောသော်လည်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အင်အား ရစ်ခ်တာစကေး ၃ ဒသမ ၉ အဆင့်ငလျင် သတင်းသာ ထုတ်ပြန်ထားသည်။ တိုက်ကြီးမြို့၏ မြောက်၊ အနောက်မြောက်ဘက် ၁၂မိုင်ခန့်အကွာကို ‌ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဟုဆိုသည်။ 

တိုက်ကြီးမြို့အနီးတွင် အောက်တိုဘာလ ၁၁ရက် ကလည်း ရစ်(ခ်)တာစကေးအဆင့်( ၄ )ငလျင်လှုပ်ခဲ့သည်။

စာတည်း- အေးချမ်း
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)

#MIZZIMA
#တိုက်ကြီးမြို့
#ငလျင်
#သုံးဆယ်မြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😁1
​​"The Pirates"
=======

ဒီတစ်ခါမှာတော့ သက္ကရာဇ် ၁၃၀၀ ဝန်းကျင်ကာလကို အခြေတည် ရိုက်ကူးထားပြီး၊ မင်းသမီးချော Son Ye-jin နဲ့ မင်းသားချော Kim Nam-gil တို ဦးဆောင်ပါဝင်တဲ့ စွန့်စားခန်း/ဟာသ ပင်လယ်ဓားပြ ဇာတ်ကားလေးကို ရှုစားကြရမှာပါ

တိုင်းပြည်ကို သစ္စာမဖောက်ချင်လို ရှေ့ပြေးတပ်ကထွက်ပြီး၊ တောပုန်းဓားပြ ဘဝကို ရွေးချယ်ခဲ့တဲ့ စစ်သူကြီး "ဂျန်းဆာဂျောင်း" 👱‍♂️

ကောက်ကျစ်ယုတ်မာတဲ့ ဆိုမာကို ဖြုတ်ချပြီး၊ ကပ္ပတိန်ရာထူးကို လွှဲပြောင်းရယူထားတဲ့ ဆတ်ဆတ်ကြဲ ပင်လယ်ဓားပြမလေး "ယိုဝူ" 👩

လက်ရှိဘုရင်ကို ဖြုတ်ချအပြီး၊ တရုတ်ဩဇာခံ တိုင်းပြည်သစ် ထူထောင်ဖို့ တရုတ်ဘုရင် မင်ဧက္ကရာဇ် ချီးမြှင့်လိုက်တဲ့ တော်ဝင်တံဆိပ်တုံးကို ရေလမ်းခရီးကနေ သယ်အလာ လမ်းခုလတ်မှာတင်၊ ဝေလငါးကြီးတစ်ကောင်က သင်္ဘောတစ်စီးလုံးကို ဖျက်ဆီးပြီး၊ တော်ဝင်တံဆိပ်တုံးကို မျိုချလိုက်တဲ့ အခါမှာတော့.....

ဝေလငါးကြီးကို ရှာပေးဖို့ အကျပ်ကိုင်ခံရတဲ့ ပင်လယ်ဓားပြမလေး ယိုဝူနဲ့၊ တော်ဝင်တံဆိပ်တုံးအတွက် ဝေလငါးဖမ်းမယ့် ဂျန်းဆာဂျောင်းတိုရဲ့ စွန့်စားခန်းတွေ၊ ရယ်မောဖွယ် လွဲချော်မှုလေးတွေကို ဟာသနှော တင်ဆက်ထားတာမို့ ပရိသတ်ကြီးက ပေါ့ပေါ့ပါးပါး ရှုစားအားပေးကြပါဦးနော်..

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

ပြသမည့်ရက်။ ။ 13.10.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
အွန်လိုင်းငွေလိမ်လုပ်ငန်း အဓိကတရားခံဟုဆိုကာ ဝ ဒေသမှ ‌ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၂ဦးကို တရ
တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ပြုလုပ်နေသည်ဟုဆိုကာ “ဝ” ပြည် သွေးစည်...
https://ift.tt/P8ZavKM
👍8🔥1
တိုက်ကြီးမြို့အနီး ငလျင်ငယ် လေးကြိမ်လှုပ်ဟု ဒေသခံများပြော၊ မိုးဇလက ၁ ကြိမ်သာ သတင်းထုတ်
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အနီးတွင် ယနေ့ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီ ၄၀မိနစ် ဝန်းကျင်က အင်အား ရစ်ခ်တာစကေး...
https://ift.tt/xigC2bF
😱6🔥2💩1
တိုက်ကြီးမြို့အနီး ငလျင်ငယ် လေးကြိမ်လှုပ်ဟု ဒေသခံများပြော၊ မိုးဇလက ၁ ကြိမ်သာ သတင်းထုတ်
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အနီးတွင် ယနေ့ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီ ၄၀မိနစ် ဝန်းကျင်က အင်အား ရစ်ခ်တာစကေး...
https://ift.tt/W8GucVx
🔥5
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၃ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၃ ရက်ထုတ်လွှင့်မှုများ #PVTV #MizzimaTV -----------------------------------------မဇ္...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FOyuZ48pndhY&h=AT2C57sFtvrxZNggMntxBy8AbIJNWuMHCXxLerta669-C2obGN6bg2nJyuOTDCSTDfpz_6gGCqsQZHYNME1jE9v1LEZlknVc0Ogdk42D_s3SGZiHZH6T983ynbNgehhL&s=1
❤4🤮1
​​ကြိုတင်အသိမပေးဘဲ ဆည်ရေလွှတ်သဖြင့် မတ္တရာမှ ရွာ ၉ ရွာ ရေဝင်ပြီး လူဦးရေ ၃၀,၀၀၀ ခန့် ရေဘေးကြုံ
===================

007
(မဇ္စျိမ) ။ ။မန္တလေးတိုင်း၊မတ္တရာမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုတင်အသိပေးခြင်းမရှိဘဲ ဆည်တော်ကြီးဆည်မှ ရေလွှတ်လိုက်သဖြင့် ဆည်အနီး၀န်းကျင်ကျေးရွာများ ရေကြီးနစ်မြုပ်ပြီး လူဦးရေ ၃၀,၀၀၀ ခန့် ရေဘေးကြုံနေကြောင်း သတင်းရရှိသည်။

“ရေပိုလွှဲကနေ ရုတ်တရတ်ရေထုတ်လိုက်တော့ ဆည်အောက်ကရွာတွေအကုန်ရေနစ်ကုန်တာ" ဟု ရေဝင်နေသည့် ကျေးရွာမှ ဒေသခံတဦးကပြောသည်။

ဆည်တော်ကြီးဆည်ရေကို ယမန်နေ့ အောက်တိုဘာလ ၁၂ရက် နေ့လယ်မှစ၍ ရေလွှတ်ခြင်းဟု သိရသည်။ ယနေ့ အောက်တိုဘာလ ၁၃ရက်တွင် မိုးသည်းထန်စွာရွာသလို ဆည်ရေလည်း တိုးပြီး ရေကြီးနစ်မြုပ်မှု ပိုဆိုးလာသည်ဟု ဒေသခံများကပြောသည်။

ယနေ့ည ၉ နာရီနောက်ဆုံးရရှိသတင်းအရ မတ္တရာမြို့နယ်အတွင်း ဝေါ၊ ဝန်စု၊ ရေချောင်းဘို၊ ရွာသစ်၊ အုတ်စက်၊ အုတ်ဖို၊ အင်းတံခါး၊ သပြေချောင်၊ အထက်တောင်ကိုင်း အစရှိသည့် ကျေးရွာများတွင် ရေဝင်နစ်မြုပ်နေပြီး ဒေသခံပြည်သူ ၃၀,၀၀၀ခန့် ရေဘေးကြုံတွေ့နေကြရကြောင်း သိရသည်။

“မနေ့(အောက်တိုဘာလ ၁၂ ရက်)ကနေ့လယ်ပိုင်းလောက်မှာ ရွာထဲရေတွေရောက်လာမှ သိရတာ။ တကယ်ဆို အရင့်အရင်ခေတ်တွေတုန်းက ရေထုတ်မယ်ဆို ကြိုတင်အကြောင်းကြားပေးတာမျိုးရှိတယ်။ အခုက ရုတ်တရက်ဆိုတော့ ဘာမှပြင်ဆင်ချိန်မရလိုက်ဘူး။ ညတွင်းချင်းကို ရွှေ့ရတာ” ဟု ရေနစ်မြုပ်မှုဖြင့်ရင်ဆိုင်နေရသည့် ဒေသခံတဦးကပြောသည်။

ရေဘေးသင့်ပြည်သူများကို လူမှုရေးအဖွဲ့များက အကူအညီပေးနေကြသည်။ မန္တလေး-မိုးကုတ်ကားလမ်း၊ မတ္တရာ-မိုးကုတ်လမ်းပိုင်းတွင်လည်း ရေကျော်နေသည်ဟု ဒေသခံများကဆိုသည်။
ဆည်ရေ လွှတ်ချသည့်အခြေအနေကို မတ္တရာမြို့နယ်ဆည်မြောင်းဦးစီးဌာနထံဆက်သွယ်မေးမြန်း ရန် ကြိုးစားသော်လည်း အဆက်အသွယ်မရသေးပေ။

မန္တလေးတိုင်း၊မကွေးတိုင်းတို့တွင် ယခုရက်ပိုင်းနေရာကွက်မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက ယနေ့ထုတ်ပြန်ထား၍ မတ္တရာမြို့တွင် ရေဘေးအန္တရာယ် ဆက်ရှိနေသေးသည်ဟု လူမှုကူညီရေးအဖွဲ့များကပြောသည်။

ဆည်တော်ကြီးဆည်သည် မန္တလေးတိုင်း မတ္တရာမြို့၏အရှေ့မြောက်ဘက်တွင်တည်ရှိပြီး မိုးကုတ်မြို့ (မန္တလေးတိုင်း)နှင့်မိုင်းလုံမြို့(ရှမ်းပြည်)တို့အနီးမှအခြေပြုစီးဆင်းလာသော ရေနီချောင်းပေါ်တည်ဆောက်ထားသည့် ရေလှောင်တမံဖြစ်သည်။

လက်ရှိတွင် ဆည်တော်ကြီးဆည်အတွင်း ရေများနေ၍ ရေပိုလွှဲများမှ ရေလွှတ်ချ‌နေဆဲဟု သတင်းရရှိသည်။

စာတည်း - အေးချမ်း
#mizzima

#မတ္တရာမြို့
#ဆည်တော်ကြီးဆည်
#ရေဘေးကြုံ

Photo/ CJ - ဆည်ရေလွှတ်လိုက်သဖြင့် ဘေးလွတ်ရာ ညတွင်းချင်းပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🤬5❤1🔥1
ကြိုတင်အသိမပေးဘဲ ဆည်ရေလွှတ်သဖြင့် မတ္တရာမှ ရွာ ၉ ရွာ ရေဝင်ပြီး လူဦးရေ ၃၀,၀၀၀ ခန့် ရေဘေးကြု
မန္တလေးတိုင်း၊မတ္တရာမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုတင်အသိပေးခြင်းမရှိဘဲ ဆည်တော်ကြီးဆည်မှ ရေလွ.....
https://ift.tt/VhZSAx6
👍6🔥4👎1