မင်းတပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေး ၂ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး
🤬10😁3😢3👍1
မင်းတပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေး ၂ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး
=================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက် တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ် အောက် ကလေးငယ်နှစ်ဦးဒဏ်ရာရရှိပြီး လူနေအိမ်အချို့ပျက်စီးကာ အိမ်မွေးတိရစ္ဆာန် သေဆုံးမှုများရှိ သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တိုက်ပွဲရှိလို့တော့ မဟုတ်ဘူး၊ အရင်က လက်နက်ကြီး ပစ်ပုံနဲ့ ပေါက်ကွဲပုံတွေနဲ့ အခုဟာက မတူဘူး"ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆလိုင်းယောမန်က မဇ္စျိမကို ပြောသည်။
မင်းတပ်မြို့သို့ စစ်ကောင်စီတပ်ဖွဲ့၏ ခဲယမ်းနှင့် ရိက္ခာယာဉ်တန်း ရောက်ရှိလာတော့မည်ဖြစ်၍ ယခုကဲ့သို့ လက်ကျန်ခဲယမ်းများကို ဂိုထောင်ရှင်းသည့်အနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခြင်းလည်းဖြစ် နိုင်သည်ဟု ၎င်းကဆိုသည်။
ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ပေါ်ရှိ ခလရ(၂၇၄)တပ်ရင်းမှ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက် နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဘက်သို့ ပစ်ခတ်နေသည်ဟု အုပ်ချုပ်ရေးအဖွဲ့တာဝန် ရှိသူက ဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတဦးနှင့် အသက် ၁၁ နှစ် အရွယ် ယောကျ်ားလေးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီတပ်က တိုက်နယ် အမှတ်(၂) အတွင်းရှိ ကျေးရွာများသို့ ဟောင်ဝစ်ဇာအမြောက်ဖြင့် သုံးကြိမ်နှင့် ညနေပိုင်းတွင် မင်းတပ် - မတူပီ (၁၄) မိုင်ဘက်သို့သုံးကြိမ် ပစ်ခတ်ခဲ့ကြောင်းဆိုသည်။
အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီဝန်းကျင်ကလည်း ခလရ (၂၇၄) တပ်ရင်းမှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ရာ လူနေအိမ်အချို့ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနေ့က စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် စတင်ပစ်ခတ်ပြီးနောက် ဒေသခံများ ဗုံးခိုကျင်းအတွင်း ပြေးလွှားပုန်းခိုကြသဖြင့် အထိအခိုက်မရှိခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချိန်မရွေး ပစ်ခတ်နေသောကြောင့် ပြည်သူများအနေဖြင့် ဗုံးခို ကျင်းတူးထားကြရန်နှင့် မည်ကဲ့သို့တူးရမည်ဆိုသည်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အကြိမ်ကြိမ် အသိပေးထားပြီးဖြစ်ကြောင်း ဆလိုင်းယောမာန်က ပြောသည်။
မင်းတပ်မြို့နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရရှိသဖြင့် အသိပေးမှုအပိုင်းနှင့် ဆက်သွယ် မှု အပိုင်းများတွင် အခက်အခဲများနှင့် တွေ့ကြုံနေရကြောင်း သိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း မင်းတပ်မြို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်သဖြင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က အောက်တို ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ပုံအညွှန်း -လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုများ(ဓါတ်ပုံ - မင်းတပ်-ပအဖ)
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬8👍2😁2❤1🔥1
မြန်မာ အပါအဝင် ပဋိပက္ခစစ်ပွဲများအကြောင်း သတင်းဖော်ပြသည့် သတင်းသမားများကို ပြင်သစ် စစ်သတင်းထောက်ဆု ရွေးချယ်ချီးမြှင့်
========================
မြန်မာ၊ ဟေတီ၊ အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းရှိ ပဋိပက္ခစစ်ပွဲများနှင့်ပတ်သက်ပြီး သတင်းဖော်ပြသည့် သတင်းသမားများနှင့် ဓာတ်ပုံဆရာများကို အောက်တိုဘာ ၁၄ ရက်က ပြင်သစ်နိုင်ငံ၏ နာမည်ကျော် Bayeux War Correspondents’ Awards ဆုများ ရွေးချယ်ချီးမြှင့်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
မြန်မာ၊ ဟေတီ၊ အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းရှိ ပဋိပက္ခစစ်ပွဲများနှင့်ပတ်သက်ပြီး သတင်းဖော်ပြသည့် သတင်းသမားများနှင့် ဓာတ်ပုံဆရာများကို အောက်တိုဘာ ၁၄ ရက်က ပြင်သစ်နိုင်ငံ၏ နာမည်ကျော် Bayeux War Correspondents’ Awards ဆုများ ရွေးချယ်ချီးမြှင့်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🥴4
ရေစကြို ရေလယ်ကျွန်းဒေသတွင် အမျိုးသမီးကြီး ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်
======================
MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်က နွယ်နီကျေးရွာမှ အမျိုးသမီးကြီးနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့က နွယ်နီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ သည် ကျေးရွာအတွင်း၌ အသက် ၅၁ နှစ်အရွယ် ဒေါ်သီသီမာနှင့် အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်မြကြင် တို့ကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံတဦးက ပြောသည်။
“ စစ်ကြောင်းနဲ့တိုးတာဖြစ်မယ်၊ နှစ်ယောက်လုံးက စိတ်ဝေဒနာရှင်တွေလို့ သိရတယ်” ဟု ရေလယ်ကျွန်း ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများခွဲကာ ကျေးရွာ များအတွင်းဝင်ရောက်ပြီး ပစ္စည်းများကိုလုယက်ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများလုပ် ဆောင်နေခြင်းဖြစ်သည်။
“နန်းဦးရွာထဲကစစ်ကြောင်းက တူနီရွာကိုဝင်မီးရှို့ပြီး ဝါးဘိုးတို့ ညောင်ပင်ရွာတို့ကို ပစ်ခတ်ဝင်သွားတယ်။ မြေတော်ကစစ်ကြောင်းကတော့ ရွာထဲကပစ္စည်းတွေခိုးပြီး မော်တော်တွေနဲ့သယ်ပြီး အရှေ့ဘက်ကမ်းကို ပို့နေတယ် ” ဟု ဒေသခံတဦးက အောက်တိုဘာလ ၁၅ ရက်နေ့ နေလည်ပိုင်းတွင် မဇ္ဈိမသို့ပြောသည်။
စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသကို အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်ကာ အင်အား ၃၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရပြီး စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရ သည်။
ပုံအညွှန်း ရွာမီးရှို့ ခံနေရသည်ကို အဝေးမှကြည့်နေရသည့် ရေလယ်ကျွန်းဒေသခံပြည်သူများ
စာတည်း။ ။စောဖေ
#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#ရေလယ်ကျွန်းဒေသ

😢11🤬5👍3😁2🔥1
မုန်လိုင်ခက်ကျဆုံးသူများအတွက် ဝမ်းနည်းခြင်းဖြင့် ချီတက်ခဲ့သည့် ရွာပေါင်းစုံ သပိတ်
👍14❤5😁2

====================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီ က မုန်လိုင်ခက် စစ်ဘေးရှောင်ပြည်သူများကျဆုံးခြင်းအတွက် ဝမ်းနည်းခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ပွဲကို ယနေ့ အောက်တိုဘာလ ၁၅ရက်တွင် ပြုလုပ်ခဲ့ကြသည်။
အောက်တိုဘာလ ၉ရက်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့သဖြင့် လူ ၂၉ဦးထက် မနည်း သေဆုံးခဲ့ရသည့် ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ ၊ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်း ဖြစ်ရပ်အတွက် ဝမ်းနည်းရကြောင်း ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်သည်ဟု သပိတ်ကော်မတီက ဆိုသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်ပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကာ ကျဆုံးခဲ့သည့်အာဇာနည်များကို အလေးပြုခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၃၆ ရက်မြောက်ဖြစ်ကြောင်းသိရသည်။
ပုံအညွှန်း - ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ်
ဓါတ်ပုံ - ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဆားလင်းကြီး
#ယင်းမာပင်

👍16😁2❤1
မြန်မာနယ်စပ်အနီး အိန္ဒိယ မီဇိုရမ်ပြည်နယ်၌ ရူပီး ၁၂ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
======================
မြန်မာနယ်စပ်အနီး အိန္ဒိယ၊ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်း ခရိုင်တွင် ရူပီး ၁၂ ကုဋေ (ကျပ်ငွေ ၃,၀၂၇ သန်းခန့်) တန်ဖိုးရှိ မက်သာဖက်တမင်း ဆေးပြားများကို သိမ်းဆည်းရမိပြီး လူနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
မြန်မာနယ်စပ်အနီး အိန္ဒိယ၊ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်း ခရိုင်တွင် ရူပီး ၁၂ ကုဋေ (ကျပ်ငွေ ၃,၀၂၇ သန်းခန့်) တန်ဖိုးရှိ မက်သာဖက်တမင်း ဆေးပြားများကို သိမ်းဆည်းရမိပြီး လူနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏8👍2🔥2
MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၆ ဦးသေ
=====================
(မဇ္ဈိမ)
MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၆ ဦးသေဆုံးခဲ့သည်ဟု MNDAA က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၁၄ ရက်တွင် ကိုးကန့်နယ်မြေအတွင်း စစ်ကောင်စီဘက်မှ စကခ(၁၂) တပ်ရင်း(၃၃၅) လူအင်အား ၃၀ ကျော်သည် အရပ်သားတစ်ယောက်ကိုဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်ဆောင်က ကိုးကန့်တပ်စခန်းအနီးသို့ ရောက်ရှိလာကြောင်း၊ စခန်းနှင့် ငါးမီတာအကွာသို့ အရောက်တွင် MNDAA ဘက်က ဦးစွာပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲမှာနေ့လယ်၁၂ နာရီ ၅၀မိနစ်ခန့်မှ ၃ နာရီ ၅ မိနစ်အထိ ကြာမြင့်ခဲ့ကြောင်း MNDAA က ဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာပြီး တပ်သားအချို့ အထိတ်တလန့်ထွက်ပြေးကာ ရုပ်အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု MNDAA က ထုတ်ပြန်သည်။
တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ၁၆ယောက် သေဆုံးပြီး ၇ယောက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများမှာ ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ ပစ်အမြောက် ၁ လက် ၊ လက်ပစ်အမြောက် ၁ လက် ၊ ကျည်ဘောက် ၁၄ ခု ၊ ကျည်ဆန် ၂၁၈ တောင့် ၊ အသံလွှင့်စက် ၁ လုံး ၊ လက်ကိုင်ဖုန်း ၁ လုံး ၊ ဂြိုလ်တုဖုန်း ၁ လုံး နှင့် အခြား ထောက်ပံ့ရေးပစ္စည်းအချို့တို့ ဖြစ်သည်ဟု MNDAA က ထုတ်ပြန်သည်။
#MNDAA
#စစ်ကောင်စီ
#တိုက်ပွဲ
#mizzima

👍19❤6🥱2🤣2
သားဆက်ခြားခြင်း|ကျန်းမာသုတ လူမှုဘ၀
သားဆက်ခြားခြင်း|ကျန်းမာသုတ လူမှုဘ၀ #reels #shorts #ဒေါက်တာဖြိုးသီဟ ...
https://www.youtube.com/watch?v=A7apxLo_5l8

YouTube
သားဆက်ခြားခြင်း|ကျန်းမာသုတ လူမှုဘ၀
သားဆက်ခြားခြင်း|ကျန်းမာသုတ လူမှုဘ၀
#reels
#shorts
#ဒေါက်တာဖြိုးသီဟ
#ကျန်းမာသုတလူမှုဘဝ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍6😢1🤮1
ချိန်ကိုက်မိုင်းကြောင့် ရဲဘော် ဘောမိုင်း လို့အမည်တွင်သွားသူ| မသေဘဲပြောတဲ့ ဟာသ Ep-2
မြို့ပေါ် UG တာဝန်ထမ်းဆောင်နေတုန်း မစ်ရှင်တစ်ခုကို ...
https://www.youtube.com/watch?v=C6220ogKgtw

ချိန်ကိုက်မိုင်းကြောင့် ရဲဘော် "ဘောမိုင်း "လို့အမည်တွင်သွားသူ | မသေဘဲပြောတဲ့ဟာသ Ep-2
မြို့ပေါ် UG တာဝန်ထမ်းဆောင်နေတုန်း မစ်ရှင်တစ်ခုကို ဖော်ဆောင်နေစဥ်မှာ ကိုယ့်မှာပါလာတဲ့ ချိန်ကိုက်မိုင်း ဖုန်းနံပတ်ကို မှားယွင်း ခေါ်ဆိုမှုကြောင့် ကပ်ပယ်အိတ်နှစ်လုံးအနက် တစ်လုံး ဆုံးရှုံးသွားတဲ့ ရဲဘော် ဘောမိုင်းလို့ အမည်တွင်နေတဲ့ ရန်ကုန်သားတစ်ယောက် ရှိနေပါတယ်။…
😢6👍4🤮1
သားဆက်ခြားခြင်း | ကျန်းမာသုတ လူမှုဘ၀ Episode - 37
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ကမ္ဘာ့သားဆက်ခြားနေ့ ဖြစ်ပါတယ်။
https://www.youtube.com/watch?v=UkjMSJqmzBI

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ကမ္ဘာ့သားဆက်ခြားနေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ သားဆက်ခြားခြင်းနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
အဆင်သင့် မဖြစ်သေးဘဲ ကိုယ်ဝန်ရသွားခြင်းက ဘယ်လိုနောက်ဆက်တွဲ ပြသနာတွေ ဖြစ်စေနိုင်လဲ၊ သားဆက်ခြားနည်းတွေကို…

👍4🍌1
အောက်တိုဘာလ (၁၅) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... NCA သဘောတူညီချက် ...
https://www.youtube.com/watch?v=7mFd_6EKAi0

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
NCA သဘောတူညီချက် လုံး၀မရှိတော့ဘဲ တော်လှန်ရေး အောင်မြင်တဲ့အထိ ရှေ့ကနေ မားမားမတ်မတ်ရပ်ကာ ဦးဆောင်တိုက်ပွဲ၀င်မယ်လို့ KNU တရား၀င်ထုတ်ပြန်တဲ့သတင်း
တနင်္သာရီမြို့နယ်အတွင်း ညအချိန် ခရီးသွားလာခြင်း မလုပ်ကြဖို့အတွက် တနင်္သာရီတိုင်း…

👍4🤮2
ဗိုလ်ဒါဘောပြောတဲ့ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကို အာခံပုံ | Frontline Report (Ep-02)
(မဇ္ဈိမ)။ ။ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်နဲ့ ...
https://www.youtube.com/watch?v=S9sQFDsnD5I

(မဇ္ဈိမ)။ ။ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ်စခန်းတွေကို စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူနေ တာ အခုဆို ကျောက်မိုင်းဒေသ၊ လက်ခတ်တောင်ဒေသတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က…
👍12🔥2😁2
KNU တပ်မဟာ(၃)နယ်မြေမှ ရေဘေးသင့်ကျေးရွာများတွင် ကူးစက်ရောဂါအချို့ ခံစားနေရ
😢10👍2🔥2😁2