Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုန်လိုင်ခက်ကျဆုံးသူများအတွက် ဝမ်းနည်းခြင်းဖြင့် ချီတက်ခဲ့သည့် ရွာပေါင်းစုံ သပိတ်
👍14❤5😁2
မုန်လိုင်ခက်ကျဆုံးသူများအတွက် ဝမ်းနည်းခြင်းဖြင့် ချီတက်ခဲ့သည့် ရွာပေါင်းစုံ သပိတ်
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီ က မုန်လိုင်ခက် စစ်ဘေးရှောင်ပြည်သူများကျဆုံးခြင်းအတွက် ဝမ်းနည်းခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ပွဲကို ယနေ့ အောက်တိုဘာလ ၁၅ရက်တွင် ပြုလုပ်ခဲ့ကြသည်။
အောက်တိုဘာလ ၉ရက်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့သဖြင့် လူ ၂၉ဦးထက် မနည်း သေဆုံးခဲ့ရသည့် ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ ၊ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်း ဖြစ်ရပ်အတွက် ဝမ်းနည်းရကြောင်း ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်သည်ဟု သပိတ်ကော်မတီက ဆိုသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်ပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကာ ကျဆုံးခဲ့သည့်အာဇာနည်များကို အလေးပြုခဲ့ကြသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၃၆ ရက်မြောက်ဖြစ်ကြောင်းသိရသည်။

ပုံအညွှန်း - ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ်
ဓါတ်ပုံ - ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဆားလင်းကြီး
#ယင်းမာပင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁2❤1
​​မြန်မာနယ်စပ်အနီး အိန္ဒိယ မီဇိုရမ်ပြည်နယ်၌ ရူပီး ၁၂ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
======================

မြန်မာနယ်စပ်အနီး အိန္ဒိယ၊ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်း ခရိုင်တွင် ရူပီး ၁၂ ကုဋေ (ကျပ်ငွေ ၃,၀၂၇ သန်းခန့်) တန်ဖိုးရှိ မက်သာဖက်တမင်း ဆေးပြားများကို သိမ်းဆည်းရမိပြီး လူနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏8👍2🔥2
MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၆ ဦးသေ
❤18👏3🥴3
MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၆ ဦးသေ
=====================

(မဇ္ဈိမ)
MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၆ ဦးသေဆုံးခဲ့သည်ဟု MNDAA က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၄ ရက်တွင် ကိုးကန့်နယ်‌မြေအတွင်း စစ်ကောင်စီဘက်မှ စကခ(၁၂) တပ်ရင်း(၃၃၅) လူအင်အား ၃၀ ကျော်သည် အရပ်သားတစ်ယောက်ကိုဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်ဆောင်က ကိုးကန့်တပ်စခန်းအနီးသို့ ရောက်ရှိလာ‌ကြောင်း၊ စခန်းနှင့် ငါးမီတာအကွာသို့ အရောက်တွင် MNDAA ဘက်က ဦးစွာပစ်ခတ်ခဲ့‌ကြောင်း၊ တိုက်ပွဲမှာ‌နေ့လယ်၁၂ နာရီ ၅၀မိနစ်ခန့်မှ ၃ နာရီ ၅ မိနစ်အထိ ကြာမြင့်ခဲ့‌ကြောင်း MNDAA က ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာပြီး တပ်သားအချို့ အထိတ်တလန့်ထွက်ပြေးကာ ရုပ်အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု MNDAA က ထုတ်ပြန်သည်။

တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ၁၆ယောက်‌ ‌သေဆုံးပြီး ၇ယောက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း၊သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများမှာ ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ ပစ်အမြောက် ၁ လက် ၊ လက်ပစ်အမြောက် ၁ လက် ၊ ကျည်ဘောက် ၁၄ ခု ၊ ကျည်ဆန် ၂၁၈ တောင့် ၊ အသံလွှင့်စက် ၁ လုံး ၊ လက်ကိုင်ဖုန်း ၁ လုံး ၊ ဂြိုလ်တုဖုန်း ၁ လုံး နှင့် အခြား ထောက်ပံ့ရေးပစ္စည်းအချို့တို့ ဖြစ်သည်ဟု MNDAA က ထုတ်ပြန်သည်။

#MNDAA
#စစ်ကောင်စီ
#တိုက်ပွဲ
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤6🥱2🤣2
KNU တပ်မဟာ(၃)နယ်မြေမှ ရေဘေးသင့်ကျေးရွာများတွင် ကူးစက်ရောဂါအချို့ ခံစားနေရ
😢10👍2🔥2😁2
KNU တပ်မဟာ(၃)နယ်မြေမှ ရေဘေးသင့်ကျေးရွာများတွင် ကူးစက်ရောဂါအချို့ ခံစားနေရ 
================

YT 

(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်း မြို့နယ်မှ ရေဘေးသင့်ကျေးရွာအချို့တွင် ကူးစက်ရောဂါများဖြစ်သည့် မျက်စိနာရောဂါနှင့် ဝမ်းပျက်ရော ဂါများခံစားနေရကြောင်း KNU ဗဟို၏ အောက်တိုဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

အောက်တိုဘာလ ၇ ရက်နေ့မှစ၍ မိုးရွာသွန်းမှုများကြောင့် စစ်တောင်းမြစ်ထဲသို့ စီးဝင်သည့် ကျောက်ကြီး ပေါက်ချောင်းရေတိုးလာကာ နေအိမ်များအတွင်းရေဝင်ရောက်လာသဖြင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

ရေဘေးသင့်ကျေးရွာ ၁၀ ရွာမှာ သပြေညွန့်၊ ကျောက်ကြီးပေါက်၊ မန်ကျီးတော၊ လေလံကုန်း၊ တောပု၊ ဇီးကုန်း၊ ကြက်တက်ညောင်ပင်၊ ဒိုက်ပုံ၊ ညောင်ပင်သာ၊ ငဘတ်အင်းစသည့် ကျေးရွာများဖြစ်ကြောင်း KNU က ဖော်ပြထားသည်။

“အဲဒီဘက်က ကျောက်ကြီးပေါက်ချောင်းရေကြီးရင် ရေတက်ပါတယ်။ သီးနှံစိုခင်းပျက်စီးတာတွေဖြစ် တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ရေကျနေပြီဖြစ်သော်လည်း အဆိုပါ ရေဘေးသင့်ကျေးရွာများမှ ဒေသခံများမှာ ရေကြီးမှု၏ နောက်ဆက်တွဲအဖြစ် မျက်စိနာရောဂါ၊ ဝမ်းပျက်ရောဂါများ ခံစားနေရကြောင်း ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေးကော်မတီမှ သိရသည်။

“ရေဘေးသင့်တဲ့ဒေသတွေမှာ မျက်စိနာရောဂါဖြစ်နေတာတွေ့နေရတယ်။ တချို့ရွာတွေဆို အိမ်လုံးကျွတ် မျက်စိနာတာမျိုးတွေ့ရတယ်။ ခန့်မှန်းတာတော့ ကူးစက်ရောဂါလို့တွေ့ရတယ်။ ဝမ်းပျက်ရောဂါက ရေ မသန့်တာကြောင့်ပေါ့နော်။ ရေက သောက်သုံးဖို့မသန့်တဲ့အတွက်မှာ ဝမ်းပျက်တာတွေ့ရတယ်” ဟု ကရင် အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီဝင်တဦးက မဇ္ဈိမကိုပြောသည်။

ကူးစက်ရောဂါများခံစားနေရသည့် ဒေသခံများအတွက် သက်ဆိုင်ရာကျေးနယ်အလိုက်ထားရှိသည့် KNU ကျေးလက်ဆေးပေးခန်းများမှ ဆေးကုသမှုပေးနေသော်လည်း ဆေးဝါးလိုအပ်ချက်ရှိနေကြောင်း ကရင် အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီဝင်က ဆိုသည်။

“ဆေးဝါးကတော့ လုံလောက်မှုမရှိပါဘူး။ ဆေးဝါးသယ်ယူပို့ဆောင်ရေးက အရမ်းခက်တယ်၊ များများ သယ် လို့မရဘူး။ ဒီဘက်မှာက ပြည်သူတွေက ထောင်သောင်းမကဘူး ရှိတယ်။ ဆေးက နည်းနည်းပဲသယ် မှရတဲ့အတွက် အခက်အခဲကတော့ အများကြီးရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ရေဘေးသင့်မှုကြောင့် မုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းငါးကျောင်းကို ယာယီပိတ်ထားရပြီး စပါးစိုက် ခင်း ဧက ၂,၀၀၀ ဝန်းကျင့်ခန့်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်းမြို့နယ်မှ ရေဘေးသင့်ကျေးရွာ ၁၀ ရွာသည် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများ၊ စစ် ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ကြောင့် စစ်ဘေးတိမ်းရှောင်ရလေ့ရှိသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#KNUတပ်မဟာ(၃)နယ်မြေ
#မုန်းမြို့နယ်
#ရေဘေးသင့်ကျေးရွာ
#ကူးစက်ရောဂါ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢11👍2❤1🔥1😁1
​​အရပ်သားများ ထွက်ပြေးကြစဉ် ဂါဇာကို မြေပြင်ထိုးစစ်ဆင်ရန် အစ္စရေး အသင့်ပြင်
===============

နိုင်ငံသမိုင်းတွင် သွေးထွက်သံယိုအများဆုံးဖြစ်စေသော တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် ဟားမတ်စ်တို့ကို ချေမှုန်းရန် ရည်ရွယ်သည့် ဂါဇာ မြေပြင်ထိုးစစ်တရပ်အတွက် အစ္စရေးတပ်ဖွဲ့များက အောက်တိုဘာ ၁၅ ရက်တွင် အသင့်ပြင်နေခဲ့ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7👏3❤1🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ အောက်တိုဘာ၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ
https://ift.tt/sQUM8DE
👍6🔥1