Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Myanmar's junta blocked roads and deployed heavy security in the military-built capital Naypyidaw on Sunday to mark the anniversary of a 2015 rebel ceasefire that its critics say is now defunct. Over a dozen rebel groups have fought Myanmar's military for decades over autonomy and control of lucrative resources, but ten had signed a Nationwide Ceasefire Agreement (NCA). Photos: AFP
👍2👏1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ အောက်တိုဘာ၂၀၂၃)
=================

အမျိုးသားညီညွတ်ရေးအစိုးရ

မွန်ပြည်နယ်၊ ရေးမြိုနယ်အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွင် ရန်သူ အင်အား (၁၀၀) ထပ်တိုးစုဝေးဆိုသည့် မြေပြင်သတင်း အတိအကျရရှိခဲ့တာကြောင့် ဒေါနစစ် ကြောင်းနှင့် မဟာမိတ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ် များကိုမီးရှို့နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ်အကူညီများ လိုအပ်နေ ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်းစာနာ ထောက်ထားရေး ဌာနမှ သိရသည်။

စစ်ကောင်စီတပ်သားများ ယုံကြည်ချက်မဲ့စွာ တိုက်နေရချိန် ရန်သူ့အားနည်းချက်ကို သုံးသပ်ပြီး တော်လှန်ရေး အရှိန်မြှင့်ဖို့ အမျိုးသားညီညတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်ကျောင်းဝင်းအနီး ဖက်ဒရယ်စမ်းရေ အိမ်ရာမြေကွက်များသည် တစ်ပတ်အတွင်း ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်ဖိုး ရောင်းချခဲ့ရကြောင်း The End of Dictatorship က ထုတ်ပြန်ထားသည်။
👍11❤1🔥1😁1
​​"Believer"
===========

ကိုရီးယားရဲ့ မူးယစ်‌ဈေးကွက်ကို ချုပ်ကိုင်ထားတဲ့ ဘိန်းဘုရင် "မစ္စတာလီ" ...

ဘယ်သူဘယ်ဝါဆိုတာ လူလုံးမပြဘဲ နောက်ကွယ်ကနေသာ လှုပ်ရှားတတ်တဲ့ မစ္စတာလီကို လက်ရဖမ်းဆီးဖို့ ကြိုးစားနေတဲ့ မူးယစ်နှိမ်နင်းအဖွဲက "အဖွဲမှူးဝန်ဟို"
မစ္စတာလီရဲ့ ‌အပေးအယူ ကိစ္စတွေမှာ ဆက်သွယ်ရေး တာဝန်ယူထားတဲ့ "ဆောယောင်ရာ" ...

ဘိန်းဖြူစက်ရုံ ပေါက်ကွဲမှုဖြစ်စဉ်မှာ မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး၊ ဒါဟာ မစ္စတာလီရဲ့ လက်ချက်လို့ သိလိုက်ရချိန်မှာပဲ အဖွဲမှူးဝန်ဟိုနဲ့ ပူးပေါင်းဖို့ သူ ဆုံးဖြတ်လိုက်တယ်။

ဆောယောင်ရာကို အဖွဲမှူးဝန်ဟို ယုံကြည်လို့ ရပါ့မလား၊ ဆောယောင်ရာရဲ့ ရည်ရွယ်ချက်နဲ့ အတိတ်ဇာတ်ကြောင်း၊ ပြီးတော့ မစ္စတာလီအစစ်က ဘယ်သူလဲ...

နောက်ကွယ်မှာ မြှုပ်ကွက်ပေါင်းများစွာနဲ့ ဒီဇာတ်ကားလေးကို ချစ်ပရိသတ်ကြီးက ရှုစားအားပေးဖို့ မမေ့ပါနဲ့နော်။
ဒီဇာတ်ကားလေးကို Mizzima+ Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ 15.10.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍4😁3🔥1
NCA သဘောတူညီချက်လုံးဝမရှိတော့ဘဲ တော်လှန်ရေး‌အောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲဝင်သွားမယ်လို့KNUထုတ်ပြန်
KMN (မဇ္ဈိမ)။ ။စစ်ကောင်စီကနေ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်မှာ ...
https://www.youtube.com/watch?v=_nIsRTbxYDg
👍15😁5❤2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ...
https://www.youtube.com/watch?v=Xg1-vw88ffI
👍13😁3
​​ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၇၀,၀၀၀ အထိရှိလာ
==================

001
(မဇ္စျိမ)။ ။ အာဏာသိမ်းကာလနှစ်နှစ်ခွဲကျော်အတွင်း တိုက်ပွဲများကြောင့် ကရင်နီ ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၇၀,၀၀၀ အထိရှိလာပြီး စားနပ်ရိက္ခာအကြပ်အတည်းများ ကြုံတွေ့နေရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ခန့်ကစ၍ ဖရူဆိုမြို့နယ်ရှိ ကေးလျားအုပ်စုမှ ငါးရွာခန့်၊ ဒိုးပရယ်အုပ်စုမှ ငါးရွာခန့်နှင့် IDP Campအချို့၊ တော်ခူအုပ်စုမှ အနည်းဆုံး သုံးရွာ တို့မှ စစ်ဘေးရှောင်လူဦးရေ ၁၀,၀၀၀ ဝန်းကျင်ထပ်တိုးလာကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး( ၂ )ကိုဗညားကပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အကြပ်အတည်းများဖြစ်လာပြီး အခြားတဖက်တွင်လည်း ဆေးဝါး၊ အမိုးအကာ စသည့်လိုအပ်ချက်များရှိနေကြောင်း သိရသည်။

စားနပ်ရိက္ခာအခြေအနေနှင့် ပတ်သက်ပြီး ကိုဗညားက”ကျွန်တော်တို့ဆို အခုနောက်ပိုင်းစားနပ်ရိက္ခာပေးတာတောင် အရေးပေါ်လောက်ပဲ ပေးနိုင်တော့တယ်ပေါ့နော်။ အရေးပေါ် ဆိုတာက စခန်းကော်မတီတွေကနေ ဒါကတော့ အရေးပေါ် လုံးဝကို အခြေအနေမကောင်းတော့ဘူး ။ တယောက်ကို တပြည်နှုန်းနဲ့ ပေးရတဲ့အရေးပေါ်ပေါ့။ စခန်းတခုလုံးကို ခြုံငုံပေးတာမဟုတ်ဘဲ အရေးပေါ်ပေးရတဲ့ ပုံစံတွေပိုများလာတာပေါ့။ အကြိမ်ရေတွေပိုတွေ့လာတယ်။ စခန်းတော်တော်များကတောင်းဆိုလာတယ်။ အဲ့တာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ စားနပ်ရိက္ခာကြပ်တည်းလာတယ်လို့တောင် လုံးဝ ပြနေတာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် တပတ်အတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းများတွင် ဖျားနာသူများ တိုးလာကြောင်းလည်း သိရသည်။

"တခါ တခါရွှေ့ပြီဆိုရင်တော့ ရှိနေပြီးသား ဆေးရုံ ဆေးခန်းတွေ ဖျက်လိုက်ရတာပေါ့။ နောက်ပြီး ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့သူတွေကလည်း ပြန့်သွားတယ်။ အဲ့တာကြောင့် စစ်ရှောင်စခန်း အသစ်မှာဆိုရင် ကျန်းမာရေးဆိုင်ရာ တောထဲတောင်ထဲမှာလည်း တချို့သွားခိုနေတဲ့အတွက် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေတော့ ကြုံတွေ့နေရတယ်"ဟု ၎င်းကပြောသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းကတည်းက ကရင်နီ ပြည်နယ်ရှိ အဓိကလမ်းများ ပိတ်ဆို့ခံထားရသည့်အတွက် ရှမ်း-ကယားနယ်စပ်တလျှောက်ရှိကျေးရွာများရှိ ဒေသခံများအနေဖြင့် လူမှုကယ်ဆယ်ရေးပစ္စည်းပြတ်လပ်မှုများ ကြုံတွေ့နေရသကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်များလည်း အဟန့်အတားဖြစ်နေကြောင်း UN OCHA Myanmar က ပြီးခဲ့သည့် ရက်ပိုင်းကထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြားတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်ပြီး နှစ်နှစ်ခွဲကျော်အတွင်း တိုက်ပွဲအကြိမ်ရေ ၈၂၀ ကျော်ဖြစ်ပွားခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPFက အောက်တိုဘာလ ၁ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ကရင်နီပြည်နယ်တခုလုံးတွင် လူဦးရေ စုစုပေါင်း ၃၉၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

ပုံအညွှန်း - ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်အချို့အား ယခုလအတွင်း တွေ့ရစဥ် (ဓာတ်ပုံ- ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် )
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကရင်နီ
#စစ်ရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢17👍6🔥1😁1