Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပဲခူးမြို့အတွင်း စံချိန်တင် ရေကြီးမှုကြောင့် လယ်မြေဧက ထောင်သောင်းချီ ပျက်စီး |Business Roundup(16.10.2023)
===============

- ဒေါ်လာ ငွေလွှဲပြန်ပို့တဲ့ ပြည်ပရောက်မြန်မာအလုပ်သမားများအား စစ်ကောင်စီက EV တင်သွင်းခွင့်ပြု

- တရုတ်ရဲ့ အကြီးဆုံးစီမံကိန်းဖြစ်တဲ့ ကျောက်ဖြူ စီမံကိန်းကို အမြန်အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်ညွှန်ကြား

- စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း 

- ပဲခူးမြို့အတွင်း စံချိန်တင် ရေကြီးမှုကြောင့် လယ်မြေဧက ထောင်သောင်းချီ ပျက်စီး

https://youtu.be/uLqgRpxBOvk?si=_W1qJocMMKCRmztK
 
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢2🔥1
အောက်တိုဘာ တတိယလပတ်အတွင်း မိုးမများနိုင်ဟု NUG ထုတ်ပြန်
လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံဒေသအများစုတွင် မိုးရွာနိုင်သော်လည်း ရေကြီးရေလျှံနိုင်သည့် ပမာဏအထိ မ...
https://ift.tt/Eow1VqR
👍5🔥1
ပဲခူးမြို့အတွင်းစံချိန်တင်ရေကြီးမှုကြောင့်လယ်မြေဧကထောင်သောင်းချီပျက်စီး|Business Roundup(16.10.2023)
- ဒေါ်လာ ငွေလွှဲပြန်ပို့တဲ့ ပြည်ပရောက်မြန်မာအလုပ်သမားများအား စစ်ကောင်စီက EV တင်သွင်းခွင့်ပြု- တရုတ်ရဲ့ အကြီး...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FuLqgRpxBOvk&h=AT0Bcfr5Avd4r7bg_VrogMo1wC1HjpAn_qo4kleM9Pl3eWpFVUzefPLoMPR615AkMYouozgH4rDSnZKdx9vxAaKhxzya5sWJElFoJLYb35KaywZcpUbJaKr1Hu4wstVc&s=1
👍6🔥1
​​အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးအပြီး တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌသစ်ကို ရွေးကောက်တင်မြှောက်
====================

By PKThawn
အားကစားလောကမှာ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့ကို ရှင်းလင်းဖယ်ရှားခဲ့တဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးအပြီးမှာ နိုင်ငံ့ဘာလုံးအဖွဲ့အချုပ်အတွက် ထိပ်တန်းခေါင်းဆောင်သစ်တစ်ဦးကို တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ယခင် လျောင်နင်းပြည်နယ် အားကစားဗျူရိုရဲ့ ဆောင်းကိုင်းဟာ CFA ဥက္ကဋ္ဌသစ် ဖြစ်လာမှာဖြစ်ကြောင်း People's Daily သတင်းစာရဲ့ သတင်းတိုလေးမှာ ဖော်ပြထားပါတယ်။
CFA ဟာ ဘေဂျင်းမှာ အလားတူအစည်းအဝေးမှာ အမှုဆောင်ကော်မတီအသစ်ကိုလည်း ရွေးချယ်ခဲ့ပါတယ်။

ဆောင်းရဲ့ ရှေ့က ချန်ဇူယွမ်ဟာ စက်တင်ဘာလက "လာဘ်ငွေလက်ခံခြင်း" ဖြင့် တရားဝင် စွဲချက်တင်ခံခဲ့ရပါတယ်။
ချန်ရဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အစိုးရအားကစားအေဂျင်စီက ဖေဖော်ဝါရီလက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သူ့ကို "စည်းကမ်းနဲ့ ဥပဒေကို ပြင်းထန်စွာချိုးဖောက်ခြင်း"ဖြစ်တယ်လို့ စွပ်စွဲခဲ့တာပါ။
လက်ရွေးစင်နည်းပြဟောင်း လီတိုင်ဟာ သြဂုတ်လက အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုခံခဲ့ရပါတယ်။

အဂတိလိုက်စားမှုစွပ်စွဲမှုတွေကို တိုက်ဖျက်ခြင်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အုပ်ချုပ်မှု ဗဟိုချက်ဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ဒါက နိုင်ငံရေးပြိုင်ဘက်တွေကို သုတ်သင်ရှင်းလင်းဖို့ သူ့ကို အကူအညီပေးတယ်လို့ ဝေဖန်သူတွေက ပြောဆိုတဲ့ တရုတ်ခေါင်းဆောင် တက်လာပြီးနောက်ပိုင်း လှုံ့ဆော်မှုတွေမှာ ဒါကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာပါတယ်။

ရှီဟာ သူ့ကိုယ်သူ ဘောလုံးပရိသတ်တစ်ဦးအဖြစ် ဖော်ပြခဲ့ပြီး တစ်နေ့ တရုတ်နိုင်ငံမှာ ကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ဖလားဆွတ်ခူးဖို့ သူ အိပ်မက်မက်ကြောင်း ပြောပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ထိပ်တန်းလိဂ်က ကလပ်အသင်းတွေဟာ နိုင်ငံခြားကြယ်ပွင့်ကစားသမားတွေကို မတန်တဆ အခကြေးငွေနဲ့ ခေါ်ယူခဲ့ချိန် အရှိန်အဟုန်မြင့်တဲ့ ကာလကို ဖြတ်သန်းပြီးနောက် ချန်ပီယံဟောင်း Jiangsu FC အပါအဝင် အသင်းတော်တော်များများ အခက်တွေ့နေကြရပါတယ်။

CFA ဟာ "ပိုမိုစည်းလုံးညီညွတ်ပြီး၊ ပိုကြိုးစားကာ၊ ပိုမိုပွင့်လင်း၊ သန့်စင်ပြီး ရဲရင့်လာမယ်"လို့ ဆောင်းက တနင်္လာနေ့အစည်းအဝေးမှာ ပြောဆိုကြောင်း တရုတ်မီဒီယာအရ သိရပါတယ်။
"ဒါဟာ တရုတ်နိုင်ငံရဲ့ ဘောလုံးပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်တဆင့်ပြီးတဆင့် အသစ်သော အတန်းတခုဆီကို တွန်းပို့လိမ့်မယ်"လို့ သူ ပြောဆိုတာကို ကိုးကားဖော်ပြခဲ့ပါတယ်။

(AFP)

#chinesefootballassociation #Corruption #အကျင့်ပျက်ခြစားမှု
👍1🔥1
​​ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ထိုင်းနိုင်ငံကို သွားရောက်
=======================

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဖိလစ်ပို ဂရန်ဒီ သည် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ထိုင်းနိုင်ငံသို့ ခရီးစဉ် လာရောက်ရန် စီစဉ်ထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​စစ်ကောင်စီတပ်ရှိရာ နေရာ ၃ ခုကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
=====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ရှိရာ နေရာသုံးခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူထံက သိရသည်။

“စစ်ကြောင်းထွက်လာတယ်သိရလို့ နယ်မြေခံအဖွဲ့နဲ့ လုပ်ငန်းလုပ်ခဲ့တာပါ ။ စစ်ကြောင်း လှုပ်ရှားမှု ကြားကို ချခဲ့တာဆိုတော့ ထိရောက်မှုတော့ ရှိဖို့သေချာပါတယ်” ဟု စစ်ကိုင်းခရိုင်အမှတ် (၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတာဝန်ခံ Riley က မဇ္စျိမကိုပြောသည်။

အောက်တိုဘာလ ၁၄ရက် နေ့လယ်ပိုင်းအချိန်ကအရာတော်မြို့နယ် လေ့ကျင့်ရေး(၁၀)မှ ထွက်လာ‌သော အင်အား ၅၀ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဝါးရောင်းနှင့် ကျောက်ပြောက် ကျေးရွာအကြားတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။
ထိုတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၂)က ဦးဆောင်၍ Ghost Team Ranger Myinmu (GTR MMU) ၊MMDF ၊ မြင်းခြံခရိုင်တပ်ရင်း(၆) နှင့် မုံရွာခရိုင် အထူးကွန် မန်ဒိုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ ၁၅ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် တပ်စွဲထားသည့် ပျူစောထီးဆိုသူများနှင့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မာလဲတောရွာတွင် ပျူစောထီးဆိုသူများအားစစ်သင်တန်းပေးခြင်း ဆောင်ရွက်နေသည့်အတွက် ရွာခံများ နေရပ်မှ စွန့်ခွါသွားကြသည်ဟု ဒေသခံထံက သိရသည်။

အဆိုပါ ဗုံးသီးချ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁)နှင့်အတူ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် အောက်တိုဘာလ ၁၅ရက် ညနေ ၃နာရီ အချိန်တွင် မြင်းမူမြို့နယ် ၊ ဘိုးမင်းကြီးကင်း ကျေးရွာအနီး မြောင်လမ်းခွဲရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ခြောက်လုံးချ၍ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“မြောင်လမ်းခွဲဖြစ်စဥ်မှာ စကစ(စစ်ကောင်စီတပ်သား)ဘက်က ၁၀ဦးထိခိုက်ဒဏ်ရာ ရတယ်။ အဲဒီအထဲက နှစ်ဦးကတော့ စိုးရိမ်ရတယ်၊ သေချာစီစစ်ရရှိခဲ့ပါတယ်” ဟု စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ရင်းတာဝန်ခံ Riley က ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း(၂) ၊ Ghost Team Ranger Myinmu (GTR MMU) ၊ Black Eagle Defence Force ၊ မြင်းမူမြို့နယ် ပြည်သူ့လုံ ခြုံရေးအဖွဲ့(ပလဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#စစ်ကောင်စီတပ်ဖွဲ့
#‌ဗုံးသီးချတိုက်ခိုက်မှု

ပုံအညွှန်း-စစ်ကိုင်းခရိုင် အမှတ်(၂) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ဓါတ်ပုံ - စစ်ကိုင်းခရိုင်အမှတ်(၂)တပ်ရင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏3❤1🔥1
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ထိုင်းနိုင်ငံကို သွားရောက်
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဖိလစ်ပို ဂရန်ဒီ သည် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ထိုင်းနိုင...
https://ift.tt/8CHJRuU
👍4🔥1
အောက်တိုဘာလ (၁၆)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:57 - မြန်မာအရေး ICC ကိုလွှဲပြောင်းဖို့ ကုလမဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီ ပယ်ချတဲ့သတင်း02:20 - ပြင်ဦးလွင်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FePq1LuHHxL0&h=AT1bFzjAhFMocSt4WDzbDxy0D4FgCmevZnk41h5KcRuUjofEUCPIRsb1xDaswBqSzSRlO4-FgiUVwOgFcqSWXgdki2PInC9LkIm4wIafsOI6eP6wlw969MhbWVzBRtUz&s=1
👍6❤1🔥1
ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး
🤬2❤1
ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး
====================

ဓါတု
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် အလုံး ၂၀ ခန့်မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်မှ ယနေ့ အောက်တိုဘာလ ၁၆ ရက်အထိ ကျေးရွာများကို စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။
" ဒီနေ့မနက် ရွာထဲအကုန်ပစ်တာ ဒီနေ့ငတရော်မှာလည်း မီးရှို့နေတာ။ ကမ်းနားနီးတဲ့အိမ်တွေက ဆိုင်ကယ်၊နွား၊ထော်လာဂျီ၊ ကားတွေကိုတောက်လျှောက်သယ်တာမြင်နေရတယ်"ဟုစစ်ဘေးရှောင်တဦးကမဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်သည် လှေခုတ်၊ ဆင်တဲ ၊ခြံယာ၊ နွယ်နီ၊ ကျောက်ဖူး၊ နန်းဦး၊ ကျွန်းညိုကျေးရွာ နှင့် ငတရော် ရွာ တို့ရှိနေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။ လက်ရှိ မီးရှို့ခံရသည့် နေအိမ်အရေအတွက်သည် စစ်ရှောင်များလက်လှမ်းမှီသလောက် စုဆောင်းထားသည့် စာရင်းသာဖြစ်ပြီး ကျေးရွာများသို့ ပြန်လည်နေထိုင်၍ မရသေးဘဲ စစ်ဘေးရှောင်နေဆဲဖြစ်၍ မြေပြင်တွင် အရေအတွက် ပိုများနိုင်ကြောင်း ဒေသခံများကဆိုသည်။

ယနေ့တွင် ငတရောရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တလုံးကို မီးရှို့သွားကြောင်း ဒေသခံ တဦးကပြောသည်။

“ ငတရောရွာက မီးဝင်ရှို့ခံရတာ ဒီနေ့နဲ့ဆို နှစ်ကြိမ်မြောက်ပါ “ ဟု ၎င်းကဆိုသည်။

ထို့ပြင် အောက်တိုဘာလ ၁၆ ရက် နံနက် ၄ နာရီဝန်းကျင်မှစ၍ ယနေ့ နေ့လယ် ၂ နာရီအထိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် အသံများကြားရကြောင်း၊ နေအိမ်ပျက်ဆီးမှုအခြေအနေကို မသိရသေးကြောင်း ဒေသခံများကဆိုသည်။
"သူတို့စစ်ကြောင်းတွေ တရွာပြီး တရွာထိုးနေတော့ စစ်ဘေးရှောင်တွေက သောင်းဂဏန်းလောက်ဖြစ်သွားပြီ ။ အထိုင်ချမဟုတ်ဘဲ သူတို့(စစ်တပ်)လာတာနဲ့ ခဏခဏပြေးနေရတော့ တရွေ့ရွေ့ရှောင်နေရတာ ကွင်းပြင်မှာဆိုတော့ မိုးရွာတဲ့ဒဏ်ဆက်တိုက်ခံနေရတော့မိုးမိပြီး ဖျားနာတာတွေများလာတယ် ကလေးတွေများတယ် "ဟုစစ်ဘေးရှောင်တစ်ဦးကမဇ္စျိမကိုပြောသည်။

မြစ်ကမ်းနားနီးသည့်ကျေးရွာများမှ ပစ္စည်းများကိုလည်း ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့စက်လှေများဖြင့်နေ့စဥ်သယ်ဆောင်သွားကြောင်းစစ်ဘေးရှောင်ဒေသခံများကပြောသည်။

ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က စတင်စစ်ကြောင်းထိုးလာ၍ ဒေသခံကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် နှစ်ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားနောက် စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသသို့ ယနေ့ အောက်တိုဘာလ ၁၆ ရက်အထိ နေ့စဥ်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၄၄ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပုံအညွှန်း- ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က ဒေသခံ နေအိမ်ကို မီးရှို့ဖျက်ဆီးစဥ် (ဓာတ်ပုံ-ပေးပို့)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရေလယ်ကျွန်းဒေသ
#စစ်ကြောင်းထိုး

ဓါတ်ပုံ- ရေလယ်ကျွန်းရှိစစ်ဘေးရှောင်ဒေသခံများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍1🔥1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍3🤮1