Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရက်ကလစ်ဖ်က အစုရှယ်ယာအနည်းစုကို မျက်စိကျနေချိန်မှာ မန်ယူပရိသတ်တွေ ရှင်းလင်းပြတ်သားမှုကို လိုလား
==================

By PKThawn
ဗြိတိန် ဘီလျံနာ ဂျင်မ် ရက်ကလစ်ဖ်ဟာ ကလပ်မှာ အစုရှယ်ယာ အနည်းစုကို ရယူဖို့ စီစဉ်နေချိန်မှာ အင်္ဂလိပ်ဘီလူးကြီးတွေရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိစေဖို့အတွက် မန်ချက်စတာယူနိုက်တက် ပရိသတ်အဖွဲ့က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ယူနိုက်တက်ရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ အမေရိကန်ဂလေဇာမိသားစုက ၎င်းတို့ဟာ ကလပ်ရဲ့ တိုးတက်မှုကို မြှင့်တင်ဖို့အတွက် ရွေးချယ်စရာတွေထဲမှ တခုဖြစ်တဲ့ အပြည့်အဝရောင်းချခြင်းအပါအဝင် "ဗျူဟာမြောက်ရွေးချယ်စရာတွေ"ကို ရှာဖွေနေကြောင်း လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက ကြေညာခဲ့ပါတယ်။

ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင် ဘင်ဟာမက် အယ်သာနီဟာ အကြိမ် ၂၀ ရရှိထားတဲ့ အင်္ဂလိပ်ချန်ပီယံတွေကို ဝယ်ယူဖို့ ကြိုးပမ်းမှုကို နောက်ဆုတ်ခဲ့ကြောင်း ကမ်းလှမ်းမှုနဲ့ နီးစပ်သူ တစ်ဦးက စနေနေ့က AFP ကို ပြောကြားခဲ့ပါတယ်။

ရက်ကလစ်ဖ်ဟာ အကြိမ်များစွာ ကမ်းလှမ်းစဉ်အတွင်း တခြားသော ဦးဆောင်သူ တဦးဖြစ်ခဲ့ပေမယ့် ဂလေဇာတွေရဲ့ ကလပ်အတွက် သတ်မှတ်တန်ဖိုး ပေါင် ၆ ဘီလီယံ (ဒေါ်လာ ၇.၂ ဘီလီယံ) ကမ်းလှမ်းချက်နဲ့ ကိုက်ညီမှုမရှိခဲ့ပါဘူး။

ရေနံဓာတုဗေဒပစ္စည်းကုမ္ပဏီကြီး Ineos ကို တည်ထောင်သူ ရက်ကလစ်ဖ်ဟာ အခုအခါ ပေါင် ၁.၃ ဘီလီယံခန့်ရှိ ရှယ်ယာ ၂၅ ရာခိုင်နှုန်းအတွက် ရယူတော့မှာဖြစ်ကြောင်း BBC က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Ineos ဟာ ၎င်းရဲ့ ရင်းနှီးမြုပ်နှံမှုအတွက် အပြန်အလှန်အတွက် ယူနိုက်တက်နဲ့ စီးပွားရေးနဲ့ ဆက်စပ်တဲ့ စီးပွားရေးရဲ့ အားကစားကဏ္ဍတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂလေဇာတွေဟာ ၂၀၀၅ မှာ ပေါင်သန်း ၇၉၀ ဖြင့် လွှဲယူခဲ့ပြီးကတည်းက ကလပ်အသင်းကို အကြွေးမြီများစွာ တင်စေခဲ့ပြီးနောက်ပိုင်း ပရိသတ်တွေကြား လူကြိုက်နည်းခဲ့ပါတယ်။
"ဂလေဇာတွေဟာ ပရိသတ်တွေရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်နေတာ ဒါမှမဟုတ် သူတို့ရဲ့ ဦးစားပေးမှုတွေကို အဓိကမထားဘဲ ပိုင်ဆိုင်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်နေတယ်လို့ ထင်မြင်ခြင်းက အကောင်းမြင်လွန်းရာကျပါလိမ့်မယ်"လို့ Manchester United Supporters Trust က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒါပေမယ့်လည်း အခုအချိန်မှာ အနည်းဆုံးတော့ အသင်းပရိသတ်တွေ မျှော်လင့်ထားသင့်တာက အချို့သော ရှင်းလင်းမှုနဲ့ ဒီလုပ်ငန်းစဉ်ရဲ့ အဆုံးသတ်ကိုပါပဲ။

“ဒါ့အပြင် ရလဒ်က ကလပ်ထဲကို ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပါဝင်နေရမယ်။ လက်ရှိပဲဖြစ်ဖြစ် ဒါမှမဟုတ် အသစ်ပဲဖြစ်ဖြစ် အစုရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားတခုတည်းအတွက် မဖြစ်စေရပါဘူး။

"မန်ချက်စတာယူနိုက်တက် အကျိုးစီးပွားကို သူတို့ရဲ့ အကျိုးစီးပွားတွေ ရှေ့မှာ ထားဖို့ သက်ဆိုင်သူအားလုံးကို ကျနော်တို့ တောင်းဆိုပါတယ်။"

(AFP)
Photo: EPA

#manchesterunited #GlazersOut #Glazers #ရက်ကလစ်ဖ် #Ratcliffe #မန်ချက်စတာယူနိုက်တက် #မန်ယူ #Mizzima
👍5🔥1
​​တရုတ်တွင် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း 
======================

သြစတြေးလျနိုင်ငံသား စာရေးဆရာ ယန်ဟန်ကျင်းသည် တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရသည်မှာ ၃ နှစ်ကျော် ရှိပြီဖြစ်ပြီး ၎င်းသည်၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်လုံခြုံရေး လျှို့ဝှက်ချက်ဆိုင်ရာ စွဲချက်များဖြင့် ပေကျင်းတွင် တရားရင်ဆိုင်ခဲ့ရသည်။ ယန်အား ဖမ်းဆီးထိန်းသိမ်းမှုသည် ဩစတြေးလျနှင့် တရုတ်တို့အကြား ဆက်ဆံရေး ဆိုးရွားနေချိန်နှင့် တိုက်ဆိုင်နေပြီး ၎င်း၏ အမှုကို စီရင်ချက်ချမှတ်ရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
💔5👍1🔥1
In a working-class neighbourhood of Myanmar's Yangon, plastic waste is piled a metre high, the toxic product of what a recent investigation said is rampant dumping of Western trash. For several years sites across Shwepyithar township have been filling up with trash that chokes fields, blocks the drainage of monsoon rains and causes fire risks. Photos: AFP
👍2🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ အောက်တိုဘာ၂၀၂၃) 
=======================

အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးကာ ပြည်သူများကို သတ်ဖြတ်ကာ ရွာများမီးရှို့နေမှုကြောင့် ပြည်သူထောင်နှင့်ချီ စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်။ယင်းကြောင့် အရေးပေါ်အကူအညီများ ပေးနိုင်ရန်အတွက် ပြည်သူမှ ပြည်သူသို့ ဆိုသည့်အတိုင်း တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ကူညီပေးရန်လို အပ်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤2🔥1
​​ကျိုက်ထိုမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ တော်လှန်ရေးရဲဘော် ၈ ဦး ဒဏ်ရာရ
=====================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး တော်လှန်ရေးရဲဘော် ရှစ်ဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း သတင်းအရင်းအမြစ်ထံက သိရသည်။

အောက်တိုဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်က ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်မှ ဖြတ်သွားမည့် စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ရန် ကင်းပုန်းဝပ်နေသည့် တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းအား စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရန်ကုန်ဘက်ကနေရော ဘီးလင်းဘက်ကနေရော ကားတန်းတွေ လာဖို့ရှိတယ်လို့ သတင်းရတဲ့အတွက် ဒီကားတန်းတွေကို ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက် ကင်းပုန်းသွားဝပ်တယ်။ ဝပ်တဲ့အချိန်မှာ သတင်းပေါက်ပြီးတော့ ကျွန်တော်တို့ ပြန်ပြီး တိုက်ခိုက်ခံရတယ်" ဟု တော်လှန်ရေးသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီကင်းပုန်းအကြား ထိတွေ့တိုက်ပွဲ မိနစ် ၄၀ကျော်ကြာ ဖြစ်ပွားခဲ့ပြီး တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရဲဘော် ရှစ်ဦးအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း ဆေးကုသမှု ခံယူနေသဖြင့် မစိုးရိမ်ရတော့ကြောင်း ဆိုသည်။
"စစ်ကောင်စီတပ်ရဲ့ အထိအခိုက်အကျအဆုံးကိုတော့ မသိရဘူးဗျ။ ကျွန်တော်တို့ သိရတာကတော့ ပဒုမ္မာလူနာတင်ကားသုံးစီးနဲ့ သူတို့ကိုလာပြီး လူနာတွေကို ဆွဲထုတ်သွားတယ်ဆိုပြီးတော့ သိရတယ်" ဟု အဆိုပါ တော်လှန်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လက်ပံပင်လမ်းခွဲရှိ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ခလွန်စုအပိုင်းရှိ နေအိမ်တအိမ်‌အတွင်း လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းရှိ အသက် ၈၀ အရွယ်ရှိ အဖွားအိုတဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

"လက်ပံပင်လမ်းဝက စကစဂိတ်ကနေ ၄၀မမ၊ ၆၀ မမတွေ စပစ်တော့ အောက်အင်္ဂဘိုက အိမ်ထဲကျတယ်၊ အိမ်ထဲမှာက သူ့တစ်ယောက်ပဲရှိတာ။ အသက်လည်းကြီးနေပြီဆိုတော့ ဒဏ်ရာကို ခံနိုင်ရည်မရှိတော့တာပေါ့ ဆုံးသွားတယ်။ နာမည်က ဒေါ်တင်စိန်ပါ" ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ကလည်း ဒေါင်းတောင်အနီးတွင် တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံးကာ စစ်ကောင်စီဘက်တွင်လည်း အထိအခိုက်၊ အကျအဆုံးများ ရှိခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုံအညွှန်း- တိုက်ပွဲဝင် KNLA ရဲဘော်တစ်ဦး (ဓါတ်ပုံ- KNU (ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10👍2🔥1👏1
​​နယ်စပ်​တည်ငြိမ်​ရေး အလေးထားဆောင်ရွက်မည်ဟု တရုတ်ကို စစ်​ကောင်စီ​ခေါင်း​ဆောင်​​ပြော၊ နယ်စပ်၌ တိုက်ပွဲများ ဆက်ဖြစ်နေ
=================

001
မဇ္စျိမ။ ။ တရုတ်နိုင်ငံနှင့်နယ်စပ်​ဒေသတည်ငြိမ်​ရေးနှင့် ဖွံ့ဖြိုး​ရေးကို အ​လေးထား​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း စစ်​ကောင်စီ​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာန၊ အာရှ​ရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် ​တွေ့ဆုံရာတွင် ​ပြောသည်။

နေပြည်တော်တွင် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နှစ်ပတ်လည်နေ့ အခမ်းအနားအပြီး တွေ့ဆုံချိန်တွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၁၆ရက်)ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ နယ်စပ်​ဒေသများတွင် အ​ခြေပြုပြီး တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်​စေမည့် လုပ်​ဆောင်ချက်များကို လက်သင့်မခံ​ကြောင်းလည်း စစ်​ကောင်စီ​ခေါင်း​ဆောင်က ​ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ NCA ကိစ္စ၊ ပါတီစုံဒီမိုကရေစီကိစ္စ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုတို့ကိုလည်း တရုတ်အစိုးရကိုယ်စားလှယ်နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မစ္စတာတိန့်ရှီကျွင်းအ​နေဖြင့် စစ်​ကောင်စီကကျင်းပသည့်၏ NCA အခမ်းအနား တက်​ရောက်ရန် ​နေပြည်​တော်သို့​ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအပြီးတွင် စစ်ကောင်စီ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်လည်း သီးသန့်တွေ့ဆုံခဲ့​ကြောင်း ကြေးမုံသတင်းစာက ဖော်ပြထားသည်။

ထိုတွေ့ဆုံမှုတွင်လည်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှုများအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လတ်တ‌လောတွင် တရုတ်နိုင်ငံနှင့် ထိစပ်နေသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်မြို့အချို့တွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တိုက်ပွဲများဖြစ်ပွားနေသည်။
ကချင်ပြည်သူ့လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ဒေသဖြစ်သော ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခက်စစ် ဘေးရှောင်စခန်းကို အောက်တိုဘာလ ၉ ရက်​နေ့တွင် စစ်ကောင်စီက တိုက်ခိုက်ပြီးနောက်ပိုင်း ယင်းနေရာပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။တရုတ်နိုင်ငံဘက်တွင် တရုတ်စစ်တပ်က သံချပ်ကာကားများဖြင့်မကြာခဏ လုံခြုံရေးကင်းလှည့်နေသည်ဟု ဒေသခံများကပြောသည်။ မုန်လိုင်ခက်စစ် ဘေးရှောင်စခန်းအား စစ်ကောင်စီက တိုက်ခိုက်မှုတွင် ကလေးငယ် ၁၁ဦးအပါအဝင် စစ်ဘေးရှောင် ၂၉ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ကြောင်း KIAက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် တရုတ်နိုင်ငံနှင့်နယ်စပ်ဖြစ်‌သောရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၁၄ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်ဘက်တွင် ၁၆ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ကြောင်း MNDAAက အောက်တိုဘာလ ၁၅ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#တရုတ်နယ်စပ်​ဒေသ
#စစ်​ကောင်စီ​ခေါင်း​ဆောင်
#မစ္စတာတိန့်ရှီကျွင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍3🖕1
​​ငါန်းဇွန်တွင် အမျိုးသမီး ၁ ဦး အပါ ဒေသခံ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်
======================

ဓါတု
(မဇ္ဈိမ)။ ။ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ရွာ ဒေသခံ အမျိုးသမီး တဦးအပါအဝင် ရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်နေကြောင်း ဒေသခံများက ပြောသည်။

နဘဲပင်ရွာ ဒေသခံ ၅၀ ကျော်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အချိတ်အဆက်ရှိသည်ဆိုကာ ရွာဦးဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားပြီးနောက် အမျိုးသား ခုနစ်ဦးမှ လွဲ၍ ကျန်သူများကို ထိုနေ့ညနေတွင် ပြန်လွှတ်ပေးခဲံသည်။ ၎င်း ခုနစ်ဦးကို ငါန်းဇွန်မြို့အထွေထွေရုံးပေါင်းစုံ သို့ခေါ်ဆောင်နှိပ်စက်နေကြောင်း ဒေသခံများက ဆိုသည်။

ထို့နောက် အောက်တိုဘာလ ၁၅ ရက်တွင် ဒေသခံအမျိုးသမီးတဦးကို ဖမ်းဆီးပြီး ရွာဦးဘုန်းကြီးကျောင်းတွင်း ဖမ်းဆီးနှိပ်စက်နေကြောင်း ဒေသခံများက ပြောသည်။

" အပြင်မှာတွေ့တာနဲ့ဖမ်းနေတာ PDF တွေနဲ့အဆက်သွယ်ရှိတယ်ပေါ့ ။ PDF လို့ ထင်ကြေးပေးပြီးသိမ်းကျူံးဖမ်းတာတွေလည်း ရှိတယ်။အဲ့ဒါကြောင့် ရွာထဲက စျေးတောင်ထွက်မဝယ်ရဲကြဘူး။၁၂ ရက်နေ့က ဖမ်းထားတာတွေတချို့ပြန်လွှတ်ပေမယ့် ၈ ဦးကိုဖမ်းပြီး နှိပ်စက်နေတုန်းပဲ ။ ညမအိပ်နိုင်တဲ့အထိကို ရိုက်နှက် နှိပ်စက်နေတာ အော်သံပါကြားရတာ။ မိန်းကလေး တယောက်ကိုဆိုတော်တော်လေးနှိပ်စက်တာ " ဟုနဘဲပင်ရွာခံတစ်ဦးက မဇ္စျိမကိုပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် ငါန်းဇွန်နှင့်တံတားဦးမြို့နယ်မှ နဘဲပင်ရွာ ရွာဦးဘုန်းကြီးကျောင်းသို့ အင်အား ၁၂၀ ခန့်ဖြင့်တွင် အထိုင်ချ တပ်စွဲထားနေသည့် စစ်ကောင်စီတပ်က ဒလန်သတင်းပေးမှုကြောင့် ထိုသို့ ဖမ်းဆီးနှိပ်စက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က နဘဲပင်ရွာ ဒေသခံများကို သွားလာခြင်း ပိတ်ပင်ကန့်သတ်ထားပြီး ရွာပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းမှုများ လုပ်နေကြောင်း ဒေသခံများက ပြေြာသည်။

နွားကျောင်းခြင်း၊ဆိတ်ကျောင်းခြင်း၊တောင်ယာလုပ်ကိုင်ခြင်း၊နွားစာရိတ်ခြင်းများကို အောက်တိုဘာလ ၁၂ ရက် နေ့မှစ၍မပြုလုပ်ရန် ပိတ်ပင်ကန့်သတ်ထားကြောင်းဒေသခံများကဆိုသည်။
"ရွာထဲနွားစာရိတ်တာတွေလည်း နှစ်ယောက်သွားမှရတာကိုတယောက်ပဲထွက်ခိုင်းတယ်။ သိုးကျောင်း၊ နွားကျောင်းတွေဆိုလုံးဝမထွက်ခိုင်းလို့ တိရစ္ဆာန်တွေငတ်တဲ့အနေအထားဖြစ်နေတယ် ။ ပြီးရင်မြင်တာနဲ့အကုန်ဖမ်းနေတော့ရွာထဲကသူတွေက အိမ်ထဲကအိမ်ပြင်မထွက်ရဲကြဘူး " ဟုငါန်းဇွန်မြို့နယ်ပကဖတာဝန်ခံတစ်ဦးကမဇ္စျိမကိုပြောသည်။

ထို့အပြင် တောင်ယာလုပ်ကိုင်သူများ၊ တိရစ္ဆာန်ထိန်းကျောင်းသည့်ရွာခံများအား လမ်းပေါ်မြင်လျှင်လိုက်လံဖမ်းဆီးနှိပ်စက်နေသဖြင့် ရွာအတွင်းရှိဒေသခံပြည်သူများမှာအိမ်ပြင်သို့မထွက်ရဲဖြစ်နေကြောင်းနဘဲပင်ရွာခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေသည့်အပြင် နေအိမ်အချို့ရှိ နွားများ၊လယ်ထွန်စက်များနှင့်အိမ်တွင်းပစ္စည်းများကိုဖောက်ထွင်းယူဆောင်ခြင်းများပြုလုပ်နေကြောင်းဒေသခံများကဆိုသည်။
နဘဲပင်ကျေးရွာတွင် အိမ်ခြေ ၄၅၀ ရှိပြီး ရွာခံဦးရေ ၁,၀၀၀ ကျော်နေထိုင်ကြသည်။

ယခင် စက်တင်ဘာလတွင်လည်း နဘဲပင်ရွာနှင့်နီးစပ်သည့် သားကျင်ရွာမှ ရွာခံ ဦးရေ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် နန်းတွင်းဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်ကဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်ခဲ့သေးသည်။

ငါန်းဇွန်မြို့နယ်ရှိ ရွာအများစုတွင် ဩဂုတ်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က ခပ်စိပ်စိပ် နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်နေ့က စစ်ဘေးတိမ်းရှောင်လာသော ဒေသခံလေးဦးသည် စစ်ကောင်စီစစ်ကြောင်းနှင့် တည့်တည့်တိုးရာမှ ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#နဘဲရွာ
#ငါန်းဇွန်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍3🔥2❤1😁1