Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ယင်းမာပင်မြို့နယ်တွင် ဆယ်တန်းကျောင်းသား ၂ဦး အပါအဝင် ဒေသခံ ၆ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်သွားဟုဆို
=================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် သဲကုန်းကျေးရွာက ဆယ်တန်းကျောင်းသား နှစ်ဦးအပါအဝင် ဒေသခံခြောက်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံကပြောသည်။

“တချို့ အရင်ဝင်ကြည့်တယ် ။ ရွာထဲမှာတကယ်လည်း မတွေ့ရတော့ ဘေးကင်းပြီ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ထွက်သွားပြီဆိုပြီး ရွာထဲပြန်ဝင်ကြတာ ။ အဲ့မှာ ပုန်းခိုနေတဲ့နေရာတွေကထွက်ပြီး ပြည်သူတွေကို ဖမ်းလိုက်တာ အဲ့ထဲကမှ အမျိုးသား ခြောက်ဦးကို သတ်သွားတာ။ ရိုးရိုးသေနတ် နဲ့ ပစ်သတ်တာတောင်မဟုတ်ဘူး။ ဦးခေါင်းကို တင်းပုတ်လိုဟာနဲ့ ကျေနေအောင်ရိုက်ပြီး သတ်သွားတာ” ဟု ဒေသခံက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် သဲကုန်းကျေးရွာကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများကို ယနေ့ အောက်တိုဘာလ ၁၆ ရက်တွင် တွေ့ရှိရခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခြင်း ခံရသူများသည် သဲကုန်းရွာသားများဖြစ်ပြီး ဆယ်တန်း ကျောင်းသားနှစ်ဦး ပါဝင်ကာ ကျန်လေးဦးမှာ အသက် ၃၅ နှစ်အောက် လူငယ်များ ဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။

သဲကုန်းကျေးရွာသို့ မဝင်ရောက်မီ စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုများပြားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“သူတို့ဘက်က ထိခိုက်တာက သေချာပေါက်ရှိတယ်။ ဒီနေ့ မနက် သဲကုန်းကနေ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ထွက်တဲ့အချိန်မှာ ထမ်းစင်တွေနဲ့ ထမ်းသွားတာတွေ ပါတယ်လို့ ပြောတယ်။ အဲ့လိုမျိုးသူတို့ ထိခိုက်သွားလို့ ရက်ရက် စက်စက်လုပ်တာဖြစ်နိုင်တယ်” ဟု ဒေသခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်သည် ယနေ့ အောက်တိုဘာလ ၁၆ ရက် မနက်ပိုင်းတွင် သဲကုန်း ကျေးရွာမှ ရင်ပေါင်တိုင် ကျေးရွာနှင့် မြင်သာကုန်း ရွာများဘက်သို့ ထွက်ခွာသွားပြီဖြစ်ပြီး စစ်ကြောင်းအတွင်း ဖမ်းဆီးခေါ်ဆောင်ခံ ရသူများလည်း ရှိနေကြောင်း ဒေသခံထံက သိရသည်။

ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ကျေးရွားအတွင်းတွင် မိုင်းထောင်ခြင်း အထွက်ပြပြီး ကင်းပုန်းဝပ် ဖမ်းဆီးခြင်းများ ပြုလုပ်လာသည့်အတွက် ဒေသခံများအနေဖြင့် ကျေးရွာအတွင်းသို့ အလျင်စလို ဝင်ရောက်ခြင်းမပြုဘဲ သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့အစည်းများ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးမှသာ ကျေးရွာအတွင်းသို့ ဝင်ရောက်သင့်ကြောင်း ကာကွယ်ရေးအဖွဲ့များက အကြံပြုထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#သတ်ဖြတ်မှု

ပုံအညွှန်း-စစ်ကြောင်းထိုးလာသည့်အတွက်တိမ်းရှောင်နေကြသည့် ခင်ဦးမြို့နယ်ကဒေသခံများ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍6🔥2😁1💔1
​​နွားထိုးကြီး-မြင်းခြံလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ ကားမိုင်းဆွဲခံရ၍ ၂ ဦးသေဆုံး
======================

ဓါတု
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသောကားကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးသည်ဟု မဟာမိတ်ညီနောင်အဖွဲ့က ယနေ့အောက်တိုဘာလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

"လေးလုံးတွဲပဒေသာမိုင်းပါ။ နှစ်ယောက်သေတယ်လို့ ဖရဲသီးသတင်းပေးချက်အရ သိထားတယ်။ မိုင်းဆွဲတဲ့အချိန်က သူတို့ကဘက်ကလမ်းတလျှောက် ပစ်ခတ်တာရှိပေမယ့် ကျွန်တော်တို့ဘက်က အထိအခိုက်မရှိပါဘူး"ဟု Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မဇ္စျိမကိုပြောသည်။

နွားထိုးကြီးမြို့မှ မြင်းခြံမြို့သို့ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ဝန်းကျင်လိုက်ပါလာသော 4-Wheelကား အမျိုးအစား ယာဥ်နှစ်စီးအား ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် ည ၈ နာရီအချိန်ခန့်တွင် ကံရွာအနောက်ဘက်လမ်း၌ Myingyan Black Tiger (MBT)၊MDY-PDF -ခရိုင်တပ်ရင်း(၃) နှင့် Natogyi Regional Defence Force တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မိုင်းဆွဲတိုက်ခိုက်သည့်နေရာနှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ခန့် ရောက်ရှိနေသဖြင့် ညီနောင်ရဲဘော်များတိမ်းရှောင်နေရကြောင်း ဗိုလ်မိုက်ခဲ၏အဆိုအရ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မန္တလေးတိုင်း
#နွားထိုးကြီးမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏12👍6😁1🥱1
အနန့်ပါဒေသကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြန်
🤬16👍3❤1🔥1😁1
အနန့်ပါဒေသကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြန်
===================

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ KIA တပ်မဟာ (၉)နယ်မြေဖြစ်သည့် ကံဆီးဒေသ(အနန့်ပါဒေသ)ကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းအချိန်တွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်သည့်အတွက် ထိခိုက်သေဆုံးမှုရှိသည်ဟု ကချင်ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

"လေယာဥ်နှစ်စီးနဲ့ လာပစ်သွားတာတော့ ဟုတ်ပါတယ်။ အသေးစိတ်အခြေအနေကို ကျနော်တို့လည်း မေးနေတုန်းပဲ။ ထိခိုက်သေဆုံးမှု ရှိတယ်လို့တော့ ပြောလာတယ်"ဟု ကေအိုင်အေတပ်မဟာ(၉)နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
တိုက်ခိုက်မှုဖြစ်စဥ်နှင့် ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို မဇ္ဈိမ၏မြေပြင်သတင်းအဖွဲ့က ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ (၉) ထိန်းချုပ်ရာ အနန့်ပါဒေသကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၃ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ သုံးဆယ်ကျော် သေဆုံးသည့်ဖြစ်ရပ် ဖြစ်ပွါးခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

#ကချင်ပြည်နယ်
#KIA
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်

ပုံအညွှန်း-စစ်ကောင်စီတပ်က အနန့်ပါဒေသကိုပထမအကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်စဉ်က ပျက်ဆီးသွားသည့်နေရာ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬15👍7❤3😢2🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်ထုတ်လွှင့်မှုများ #PVTV #MizzimaTV -----------------------------------------မဇ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FSPaeiq3U-bA&h=AT0uIPNSxDFQTE1BTfBOzGi8BoOOn2Zv1aAMhDZgjfZbwbOQv8uVFAk_Nx5hgkPxAjVYlL3PFP5BwCIC8mUSb0dzIuDAOfL4YK920cbuY61W3Di40XWzrF3yNJEaLMrK&s=1
👍3❤1🤮1