ကျိုက်ထိုတွင် KNU/KNLA (PC) တပ်ဖွဲ့ဝင်ဟောင်း ပစ်ခတ်ခံရပြီး သေဆုံး
==============
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာတွင် နေထိုင်သည့် KNU/ KNLA (PC)တပ်ဖွဲ့ဝင်ဟောင်း အောက်တိုဘာလ ၁၅ ရက် ညနေ ၃ နာရီအချိန်က ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံက သိရသည်။
အင်္ဂဘိုကျေးရွာရှိ နေအိမ်ခြံသို့ သွားရောက်ပြီး အပြန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်က ဆိုသည်။
"ရွှေ KTV ပိုင်ရှင်ပေါ့။ သူ့ဆိုင်ကိုလည်း ရဲတွေ စကစတွေက လာနေကျ။ သူကလည်း PC ကနေ ဝင်လိုက် ထွက်လိုက် လုပ်နေတာ။ အစုံလုပ်တယ်၊ ဘလက်(လိုင်စင်မဲ့)ကားတွေ သွင်းတယ်။ ဆေးလည်း လုပ်တယ် " ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပစ်ခတ်ခံရသူသည် KNU/ KNLA (PC) တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး လက်ရှိစစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ လောင်းကစားများ၊ တရားမဝင် စီးပွားရေးများ ပြုလုပ်နေသူဖြစ်ကြောင်း ဒေသခံတဦး၏ ပြောပြချက်အရ သိရသည်။
သေဆုံးသွားသူသည် စောနန်းဦး(ခ)အောင်မျိုးလွင်( အသက် ၆၂ နှစ် ) ဆိုသူဖြစ်ပြီး ၎င်း၏ကျောနှင့် ခါးတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားပြီး မိနစ် ၂၀ အကြာတွင် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာ၌ စောနန်းဦး၏ အမျိုးသမီးနှင့် သားသမီးသုံးဦးတို့ အတူရှိကြသော်လည်း ၎င်းတို့တွင် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့မှ သတင်းရင်းမြစ်တဦးက စောနန်းဦးအား တော်လှန်ရေးတပ်ဖွဲ့တခုက သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသော်လည်း မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားခြင်း ဖြစ်သည်ကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်ဟု ဆိုသည်။
ဒေသတွင်းသတင်းရင်းမြစ်တဦး၏ ပြောကြားချက်အရ စောနန်းဦး၏ ပစ္စတိုသေနတ်ကို လာရောက်ပစ်ခတ်သည့်အဖွဲ့က သိမ်းဆည်းသွားကြောင်း သိရသည်။
ဩဂုတ်လ ၂၄ ရက်ကလည်း နယ်ခြားစောင့်တပ် (BGF)မှ ဗိုလ်ဝင်းစိုးနှင့် ၎င်း၏ အမျိုးသမီး စီးနင်းလာသည့်ကားအား ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာအနီးတွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)နှင့် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ပစ်ခတ်ခဲ့ရာ အဆိုပါ BGF ဗိုလ်နှင့် ဇနီးဖြစ်သူတို့ သေဆုံးသွားသည့်ဖြစ်ရပ် ဖြစ်ပွါးခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#ပစ်ခတ်မှု
ပုံအညွှန်း - ကျိုက်ထိုမြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ- KNU)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10❤3🥴2😢1🤩1
စဉ့်ကူးနှင့် သပိတ်ကျင်းတွင် တနိုင်တပိုင်ရွှေတူးဖော်သူများအား စစ်ကောင်စီတပ်က အဓမ္မငွေကြေး ကောက်ခံ
================
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ရှိ တနိုင်တပိုင် ရွှေတူးဖော်နေသူများထံ မှ စစ်ကောင်စီတပ်ဖွဲ့က အတင်းအဓမ္မ ငွေကြေးကောက်ခံလျက်ရှိကြောင်း ဒေသခံများကပြောသည်။
သပိတ်ကျင်းမြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့က စတင်တောင်းခံနေပြီး စဉ့်ကူးမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခန့်က ရွှေတူးဖော်သည့်နေရာများသို့ စစ်ကားနှစ်စီးဖြင့် လာရောက်တောင်းခံခြင်းဖြစ်သည်။
“ကျနော်တို့ဘက်တော့ ဒီနေ့မှရောက်လာတာ။ ၁၀ သိန်းကနေ သိန်း ၅၀ အထိ တောင်းတယ်။ ညှိနှိုင်းတာ ဘာညာ မရှိဘူး။ မပေးနိုင်ရင် လူတော့မဖမ်းဘူး၊ ပစ္စည်းတွေသိမ်းတယ်” ဟု စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ကျေးရွာအထက်တွင် ရွှေတူးဖော်နေသူတဦးက ပြောသည်။
“ရွှေတူးတယ်ဆိုပေမယ့် မိရိုးဖလာ တနိုင်တပိုင်ပါဗျာ။ မိသားစုစားဝတ်နေရေးအတွက် လုပ်နေကြသူများ ပါတယ်။ တနေကုန်လုပ်မှ ထမင်းဖိုးဟင်းဖိုးရတာပါ။ သူတို့တောင်းသလောက် မပေးနိုင်သူများပါတယ်” ဟု သပိတ်ကျင်းမြို့နယ်မှ ဒေသခံတဦးကလည်း ပြောသည်။
သပိတ်ကျင်းမြို့နယ်တွင် တနိုင်တပိုင် ရွှေတူးဖော်သူ ၁၀၀ နီးပါးရှိပြီး စဉ့်ကူးမြို့နယ်တွင် ၂၀၀ ကျော်ရှိ ကြောင်း ဒေသခံများအဆိုရ သိရသည်။
“သပိတ်ကျင်းက နည်းတယ်ဗျ။ စဉ့်ကူးက ရွှေအတော်အသင့်ရတော့ တူးတဲ့သူများတယ်။ ရွှေရတယ်ဆို တာကလည်း နေ့တွက်လောက်ပါပဲ။ တနေကုန်ကျင်ရ၊ တိုက်ရမှ ၂၀,၀၀၀ ပတ်ဝန်းကျင်ပါပဲ။ တကယ် ထွက်တဲ့နေရာတွေက ကုမ္ပဏီနဲ့ ဦးပိုင်ပဲ ယန္တယားတွေနဲ့တူးနေကြတယ်” ဟု ဒေသခံတဦးက ပြောသည်။
ထိုသို့ ငွေကြေးတောင်းခံရာတွင် မပေးနိုင်သည့် ရွှေတူးဖော်သူအများစုက ပစ္စည်းများထားကာ ထွက်ပြေး ကြကြောင်းသိရသည်။ ကျန်ရှိနေသည့် ရေစုတ်စက်၊ ပိုက်၊ မျောစင်များနှင့် သံတူရွင်းစသည့်တို့ကို စစ်ကောင်စီတပ်က သိမ်းဆည်းသွားကြောင်း ဒေသခံများကဆိုသည်။
“ကျနော်က ပြေးချိန်မရလို့ ပေးလိုက်ရတယ်။ တကယ်တော့ မပေးချင်ဘူး။ ၁၅ သိန်းပေးလိုက်ရတယ်။ ဒီ ဘက်မှာ ရှစ်ဦးပေးလိုက်ရတယ်” ဟု စဉ်ကူးမြို့နယ်၊ ချောင်းကြီးကျေးရွာမှ ရွှေတူးဖော်သူတဦးကပြော သည်။
ထွက်ပြေးသူများနှင့် ငွေမပေးသူများကို စာရင်းကောက်ယူပြီး ထပ်မံလာရောက်မည်ဟုပြောကြားသွား၍ ဒေသခံများ စိုးရိမ်လျက်ရှိကြသည်။
စဉ့်ကူးမြို့နယ်အတွင်း နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ကံတောင်၊ ရှောက်ပင်ရိုး၊ ဆည်ကြီး၊ တောင်ကိုင်း၊ ငါးပြားပေးစသည့် ရွှေတူးဖော်သည့်နေရာများကို ဝင်ရောက်တောင်းခံသွားပြီး သပိတ်ကျင်းမြို့နယ်တွင် ရေထွက်၊ ကျောက်ကြီးစသည့် နေရာများ၌ တောင်းခံသွားခြင်းဖြစ်သည်။
လာရောက်တောင်းခံသည့် စစ်ကောင်စီတပ်ဖွဲ့မှာ စဉ့်ကူးမြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသည့်တပ်ဖွဲ့ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
စာတည်း။ ။စောဖေ
#mizzima
#မန္တလေးတိုင်း
#အဓမ္မငွေကြေးကောက်ခံ

🤬11😁3👍2
မုန်လိုင်ခက်နှင့်အတူ ရပ်တည်ကြောင်း ချီတက်သည့် ကလေးမြို့ပင်မသပိတ်
================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ကချင်ပြည်နယ် မုန်လိုင်ခက်ပြည်သူများနှင့် အတူရပ်တည်ကြောင်းပြသသည့် သွေးစည်းညီညွတ်ရေးလူထုချီတက်ပွဲကို ကလေးမြို့ပင်မသပိတ်က ယနေ့ အောက်တိုဘာလ ၁၇ ရက်တွင် ပြုလုပ်ခဲ့ကြသည်။
ကလေးမြို့နယ် လူထုသပိတ်ကော်မတီနှင့် တော်လှန်သော ကျောင်းသား ပြည်သူများက “မုန်လိုင်ခက် နှင့်အတူရပ်တည်ကြ၊ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ” ဆိုသည့် စာသားများကို ကိုင်စွဲပြီး ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
အောက်တိုဘာလ ၉ရက်နေ့က စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် လူ ဦးရေ ၃၀ ကျော် သေဆုံးခဲ့ရသည့် ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ ၊ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်း ဖြစ်ရပ်အပေါ် ထိခိုက်သူများနှင့် အတူရပ်တည်ကြောင်းပြသခဲ့ခြင်းဖြစ်သည်။
မိဘပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို “ကျေးလက်ပုန်ကန် ၊ မြို့ပြဖီဆန် ကာ” တော်လှန်ရေးမီးစာ အမြင့်ဆုံးသို့ မြှင့်တင်ကာ ကျရာကဏ္ဍအသီးသီးမှ ပါဝင် တိုက်ပွဲဝင်ကြရန် ကလေးမြို့ပင်မသပိတ်က တိုက်တွန်းထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#မုန်လိုင်ခက်
#ကလေးမြို့ပင်မ သပိတ်
ပုံအညွှန်း - အောက်တိုဘာလ ၁၇ ရက်က ချီတက်ခဲ့သည့် ကလေးမြို့ လူထုပင်မသပိတ်
(ဓါတ်ပုံ - CJ)

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍13😁3
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
👉 https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

👍8😁2
အောက်တိုဘာလ (၁၇)ရက်၊ မွန်လွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:57- စစ်ကောင်စီက ကချင်စစ်ဘေးရှောင်စခန်းကို ကြီးမားပြင်းထန်တဲ့ ...
https://www.youtube.com/watch?v=A1lbyLp7sms

YouTube
အောက်တိုဘာလ (၁၇)ရက်၊ မွန်လွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:57- စစ်ကောင်စီက ကချင်စစ်ဘေးရှောင်စခန်းကို ကြီးမားပြင်းထန်တဲ့ ဗုံး အကြီးစားအသုံးပြုကာ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း AI ထုတ်ပြန်တဲ့သတင်း
04:37- စျေးကွက်ပျောက်လုနီးပါး ဖြစ်နေတဲ့တနင်္သာရီက ကွမ်းသီးစျေးကွက်သတင်း
08:04- အာရပ်ခရီးစဉ်အပြီး ပဋိပက္ခဆိုင်…

👍8🌭2
Oct - 17 [ 2 Pm ] Mizzima News Hour
Oct - 17 [ 2 Pm ] Mizzima News Hour Mizzima Headline News #2pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=5EuW0PIm7sU

Mizzima Headline News
#2pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍4🎉1🍌1
နိုင်ငံတကာ အိုလံပစ်ကော်မတီမှာ အဖွဲ့ဝင်သစ် ၇ ဦးနဲ့အတူ အော်စကာဆုရှင် မီရှဲယို ပူးပေါင်းပါဝင်
=================
By PKThawn
အာရှရဲ့ ပထမဆုံး အမျိုးသမီး အော်စကာဆုရှင် မီရှဲယိုဟာ မွန်ဘိုင်းမြို့မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ အဖွဲ့ဝင်အဖြစ် မဲပေးရွေးချယ်ခံရပြီးနောက် အင်္ဂါနေ့မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC)မှာ ဝင်ရောက်ပူးပေါင်းခဲ့ပါတယ်။
၁၄၁ ကြိမ်မြောက် အိုလံပစ်အဖွဲ့ချုပ်အစည်းအဝေးကို အိန္ဒိယတို့ရဲ့ စီးပွားရေးမြို့တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး မလေးရှား အငယ်တန်း စကွပ်ရှ်ချန်ပီယံဟောင်း ယိုဟာ ၎င်းအဖွဲ့ချုပ်မှာ ပါဝင်ဖို့ အဆိုပြုထားတဲ့ အဖွဲ့ဝင်သစ် ၈ ဦးအနက်မှ တစ်ဦးဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းက “Everything Everywhere All at Once” ရုပ်ရှင်ကားအတွက် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့တဲ့ ပထမဆုံးသော အာရှအမျိုးသမီး အကယ်ဒမီဆုရှင်ကို ထောက်ခံမဲ ၆၇ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၁ မဲဖြင့် ရွေးချယ်ခံခဲ့ရတာပါ။
သူမဟာ ၁၉၉၇ ရဲ့ “Tomorrow Never Dies” ဇာတ်ကားမှာ ပီရာ ဘရောစ်နင်နဲ့အတူ ပထမဆုံး တရုတ်ဘွန်းမင်းသမီးအဖြစ် သရုပ်ဆောင်ခံရချိန်မှာတော့ သူမဟာ ဟောလိဝုဒ်မှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
ထုတ်လုပ်သူနဲ့ ကုလသမဂ္ဂ ချစ်ကြည်ရေး သံတမန် တစ်ဦးလည်းဖြစ်တဲ့ ယိုဟာ ကိုယ်ခံပညာဆိုင်ရာ ရုပ်ရှင် “Crouching Tiger Hidden Dragon”၊ ၂၀၀၅ ခုနှစ်ကာလ ဒရာမာ “Memoirs of a Geisha”နဲ့ ၂၀၁၈ အချစ်ဟာသဇာတ်လမ်း “Crazy Rich Asians” တို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။
အသက် ၆၁ နှစ်အရွယ် မင်းသမီးကြီးဟာ ၂၀၁၃ မှာ IOC မှ အသိအမှတ်ပြုထားတဲ့ FIA World Motor Sport ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ Jean Todt နဲ့ လက်ထပ်ခဲ့ပါတယ်။
သူမဟာ အစ္စရေးရဲ့ ပထမဆုံး အိုလံပစ်ဆုတံဆိပ်ကို ရရှိခဲ့တဲ့ ဂျူဒိုကာ Yael Arad၊ ဟန်ဂေရီစီးပွားရေးရှင်နဲ့ အားကစားဆိုင်ရာစီမံခန့်ခွဲသူ Balasz Furjes၊ ပီရူးနိုင်ငံမှ အိုလံပစ်ဘော်လီဘောဆုရှင်နဲ့ နိုင်ငံရေးသမားဟောင်း Cecilia Roxana Tait Villacorta၊ ဂျာမန်အားကစားလုပ်ငန်းရှင် Michael Mronz နဲ့အတူ တဦးချင်းအဖွဲ့ဝင်သစ် ၈ ဦးအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။
နောက်ထပ် အဖွဲ့ဝင် ၃ ဦးမှာ ဆွီဒင်နိုင်ငံရဲ့ နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် အကြီးအကဲ Petra Soerling၊ နိုင်ငံတကာစကိတ်စီးယူနီယံရဲ့ ဥက္ကဋ္ဌဖြစ်သူ တောင်ကိုရီးယားသမ္မတ Kim Jae-youl၊ တူနီးရှား အိုလံပစ်ကော်မတီ ဥက္ကဌ Mehrez Boussayene တို့ဖြစ်ပြီး သူတို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ချုပ်ရဲ့ အကြီးအကဲတွေအဖြစ် လုပ်ငန်းတာဝန်တွေနဲ့ ပါဝင်ခဲ့ကြပါတယ်။
(Reuters)
Photo: AFP
#မီရှဲယို #MichelleYeoh #InternationalOlympicCommittee #နိုင်ငံတကာအိုလံပစ်ကော်မတီ

👍14🔥1
တယ်လီကွန်း လိမ်လည်မှု သံသယရှိသူ ၂,၃၀၀ ကျော်ကို တရုတ်သို့ ပေးပို့
==============
တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထားနေသော မြန်မာမြောက်ပိုင်း၌ အခြေစိုက်သည့် တယ်လီကွန်းလိမ်လည်မှုများအား ဆောင်ရွက်ဆဲ ဖြိုခွင်းမှုတွင် သံသယရှိသူ ၂,၃၄၉ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပေးပို့ကြောင်း တရုတ် အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ကြေညာသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==============
တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထားနေသော မြန်မာမြောက်ပိုင်း၌ အခြေစိုက်သည့် တယ်လီကွန်းလိမ်လည်မှုများအား ဆောင်ရွက်ဆဲ ဖြိုခွင်းမှုတွင် သံသယရှိသူ ၂,၃၄၉ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပေးပို့ကြောင်း တရုတ် အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ကြေညာသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
ရုရှားထိပ်တန်းသံတမန်လာရော့ဗ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး လက်ခံတွေ့ဆုံ
internationalnews #reels #shorts ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=sRaJGh0GXeI

#internationalnews
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U…

👍6❤1👎1🤮1
အင်ဒိုနီးရှားသမ္မတရဲ့သားကို ရွေးကောက်ခံနိုင်ခွင့်ရရှိဖို့ တရားရုံးက ကန့်သတ်ချက်တွေလျှော့ချပြင်ဆင်ခဲ့
အင်ဒိုနီးရှားသမ္မတရဲ့သားကို ရွေးကောက်ခံနိုင်ခွင့်ရရှိဖို့ ...
https://www.youtube.com/watch?v=3chJKdN4XPQ

အင်ဒိုနီးရှားသမ္မတရဲ့သားကို ရွေးကောက်ခံနိုင်ခွင့်ရရှိဖို့ ရွေးကောက်ပွဲတရားရုံးက ကန့်သတ်ချက်တွေလျှော့ချပြင်ဆင်ခဲ့
#internationalnews
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝ…

👍4😁4
ဟားမက်ဇ်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူပေါင်း ၁၉၉ ဦးထိရှိကြောင်း အစ္စရေးစစ်တပ်က တိုးမြှင့်အတည်ပြု
internationalnews #reels #shorts ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=vlJaM-VhZ38
internationalnews #reels #shorts ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=vlJaM-VhZ38
YouTube
ဟားမက်ဇ်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူပေါင်း ၁၉၉ ဦးထိရှိကြောင်း အစ္စရေးစစ်တပ်က တိုးမြှင့်အတည်ပြု
#internationalnews
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U…
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U…
👍7❤1
ဖိလစ်ပိုင်တောင်ပိုင်းက ပါလက်စတိုင်းကိုထောက်ခံတဲ့ဆန္ဒပြပွဲတွေမှာ လူပေါင်းထောင်နဲ့ချီပါဝင်ခဲ့
internationalnews #reels #shorts ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=5Muu00dFmno

👍5🔥1😁1
နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
KMN (မဇ္ဈိမ)။ ။မန္တလေးတိုင်းနဲ့ထိစပ်နေတဲ့ ...
https://www.youtube.com/watch?v=8KgppsIPXXU

KMN (မဇ္ဈိမ)။ ။မန္တလေးတိုင်းနဲ့ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) Mandalay -PDF ကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉…
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉…
👍9🥴2🔥1
Oct - 17 [ 4 Pm ] Mizzima News Hour
Oct - 17 [ 4 Pm ] Mizzima News Hour Mizzima Headline News #4pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=yNKjNG2KZHg
Oct - 17 [ 4 Pm ] Mizzima News Hour Mizzima Headline News #4pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=yNKjNG2KZHg
YouTube
Oct - 17 [ 4 Pm ] Mizzima News Hour
Oct - 17 [ 4 Pm ] Mizzima News Hour
Mizzima Headline News
#4pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
Mizzima Headline News
#4pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
👍4🍌1
အောက်တိုဘာလ (၁၇)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
1:00-ကျိုက်ထိုတွင် KNU/KNLA (PC) တပ်ဖွဲ့ဝင်ဟောင်း ပစ်ခတ်ခံရပြီး ...
https://www.youtube.com/watch?v=DGhXT3S-HwQ

1:00-ကျိုက်ထိုတွင် KNU/KNLA (PC) တပ်ဖွဲ့ဝင်ဟောင်း ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း
02:39-NCA အခမ်းအနားတက်ရောက်တဲ့ ABSDF တပ်ဖွဲ့ဝင် ၃ ဦးကို နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်များ ရုပ်သိမ်းတဲ့သတင်း
05:21-စဉ့်ကူးနှင့် သပိတ်ကျင်းတွင် တနိုင်တပိုင်ရွှေတူးဖော်သူများအား…