Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ဇနီး ကက်သီရဲ့ ဈာပနအခမ်းအနားသို့ ဒေးဗစ်ဘက်ခမ်းနဲ့အတူ မန်ယူကြယ်ပွင့်ဟောင်းများ တက်ရောက်
👍5🔥1
ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ဇနီး ကက်သီရဲ့ ဈာပနအခမ်းအနားသို့ ဒေးဗစ်ဘက်ခမ်းနဲ့အတူ မန်ယူကြယ်ပွင့်ဟောင်းများ တက်ရောက်
====================

By PKThawn
ဒေးဗစ်ဘက်ခမ်းနဲ့ တခြား ဂန္ထဝင်ကစားသမားတွေအပါအဝင် ဘောလုံးလောကမှ အထင်ကရ ပုဂ္ဂိုလ်တွေဟာ ဂလပ်စကိုမြို့မှာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ကွယ်လွန်သူဇနီးဖြစ်သူ လေဒီကေသီ ဖာဂူဆန်ရဲ့ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါတယ်။

လေဒီကေသီရဲ့ ဈာပနအခမ်းအနားကို အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းမှာ မြို့လယ်ရှိ စိန့်အင်ဒရူးရဲ့ဘုရားရှိခိုးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

သူမဟာ ဒီလအစောပိုင်းက အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီး ဘောလုံးလောကကို ဝမ်းနည်းကြေကွဲစွာ ကျန်ရစ်ခဲ့ပါတယ်။

ဒါရင်း ဖလက်ချာ (၃၉နှစ်)၊ ဂယ်ရီနဗီးလ် (၄၈နှစ်)၊ နစ်ကီဘတ် (၄၈နှစ်)၊ မိုက်ကယ်ကာရစ် (၄၂နှစ်)၊ ဂျီဆွန်းပတ်ခ် (၄၂နှစ်)၊ ဘရိုင်ယန် ရော့ဘ်ဆင် (၆၆နှစ်)နဲ့ စတိဗ်ဘရုစ် (၆၂နှစ်) တို့ အပါအဝင် မန်ချက်စတာယူနိုက်တက်သူရဲကောင်းတွေဟာ ဘက်ခမ်း (၄၈နှစ်)နဲ့အတူ တက်ရောက်ခဲ့ကြပါတယ်။

စကော့တလန်ဂန္ထဝင် ကင်နီ ဒဲဂလစ်ရှိ (၇၂နှစ်)၊ ဆဲလ်တစ်နည်းပြ ဘရန်ဒန် ရော်ဂျာ (၅၀နှစ်)နဲ့ ရိန်းဂျားလက်ထောက်နည်းပြဟောင်း အာချီနော့စ် (၇၆နှစ်)တို့လည်း အဆိုပါအစီအစဉ်မှာ တက်ရောက်ခဲ့ကြပါတယ်။

“မန်ချက်စတာယူနိုက်တက်မှာရှိတဲ့ တဦးချင်းစီကနေ လေဒီကက်သီ ကွယ်လွန်ခြင်းအတွက် ဆာအဲလက်စ် ဖာဂူဆန်၊ သူ့ရဲ့မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြောင်းကို သတင်းပါးအပ်ပါတယ်။ လေဒီကေသီဟာ ဆာအဲလက်စ်ရဲ့ ဘဝနဲ့ အောင်မြင်တဲ့ နည်းပြသက်တမ်းတလျှောက်လုံးမှာ သူ့ကို မယိမ်းယိုင်တဲ့ ခွန်အားနဲ့ ပံ့ပိုးမှုပေးခဲ့သူဖြစ်ပါတယ်။"လို့ မန်ချက်စတာယူနိုက်တက်အသင်းက ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဆာအဲလက်စ်ဟာ ၁၉၆၄ မှာ Dunfermline အသင်းနဲ့အတူ ကစားနေစဉ် အသက် ၂၃ နှစ်မှာ ကေသီနဲ့ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ရိန်းဂျားအသင်းသို့ မပြောင်းခင် ၁၉၆၆ နောက်ပိုင်း မကြာခင်မှာ လက်ထပ်ခဲ့ပါတယ်။
“ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး ငါ့ကို မယိမ်းယိုင်မယိမ်းယိုင့်နဲ့ တည်ငြိမ်အောင် ပံ့ပိုးပေးခဲ့တဲ့ အံ့ဩစရာကောင်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံရတာ ကျနော်ဟာ ကံကောင်းခြင်းတွေ ရခဲ့တယ်”လို့ ဆာအဲလက်စ်က သူ့ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။
၎င်းတို့ ဇနီးမောင်နှံမှာ သား သုံးယောက် ထွန်းကားခဲ့ပါတယ်။ မာ့ခ်ကို ၁၉၆၈ မှာ မွေးဖွားခဲ့ပြီး ပီတာဘိုရောအသင်းရှိ အမြွှာညီအစ်ကို မန်နေဂျာ ဒါရင်းနဲ့ ဘောလုံး အေးဂျင့် ဂျေဆန်တို့ကို ၁၉၇၂ မှာ မွေးဖွားခဲ့ပြီး ၎င်းတို့မှာ မြေး ၁၂ ဦး ရှိပါတယ်။

Ref; The Sun
Credit: News Group Newspapers Ltd and EPA

#ladycathyferguson #ladycathy #AlexFerguson
👍6🔥1
​​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှု ဂိုထောင်အတွင်းကျရောက်ပေါက်ကွဲ၍ ပျက်စီးမှုများဟုဆို
======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမရှိ မြန်မာဘီယာစက်ရုံအား မြို့ပြအထူးစစ်ဆင်ရေးအနေဖြင့် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရာ ပစ္စည်းဂိုထောင်၌ ကျရောက်ပေါက်ကွဲကြောင်း တိုက်ခိုက်သည့်အဖွဲ့က ပြောသည်။

“နယ်ကိုတင်ပို့မယ့် ပြင်ဆင်ထုတ်ပိုးထားတဲ့ ပစ္စည်းဂိုထောင်အား ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် များစွာပျက်စီးဆုံးရှုံးခဲ့သည်ကို သတင်းအချက်အလက် ရရှိထားတယ်။ အကြမ်းဖက်စစ်ကောင်စီဖက်မှ သတင်းများဖုံးကွယ်ထားသော်လည်း အတွင်းဖရဲသီးများရဲ့ သတင်းအချက်အလက် ပေးပို့မှုဖြင့် သိရှိခဲ့ရတယ်။” ဟု USO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံအား အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် မြို့ပြအထူးစစ်ဆင်ရေးဆောင်ရွက်သူများက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ဆေးရုံကားနှစ်စီး၊ အရပ်ဝတ်ကား ငါးစီးနှင့် တပ်နယ်မြေမှူးလာရောက်စစ်ဆေးမှုရှိခဲ့သည်။ မြန်မာဘီယာစက်ရုံတာဝန်ခံ အရာရှိတဦးလည်း အပြင်းအထန်ထိခိုက်ခဲ့ကြောင်း USO ထံမှ နောက်ဆက်တွဲသိရှိရသည်။

လက်ရှိအနေအထားတွင် တိုက်ခိုက်ခံရသော စက်ရုံနေရာဝန်းကျင်၌ ဒရုန်း သုံးစီးမှ ငါးစီးအထိ ပျံသန်းစောင့်ကြည့်နေသလို စက်ရုံတွင်းတွင်လည်း အရပ်သားလုံခြုံရေးနှင့် စစ်ကောင်စီတပ်သားများကိုပါ ချထားကာ စက်ရုံပတ်ဝန်းကျင်လမ်းများအား ဖြတ်သန်းအသုံးပြုခွင့် မပေးတော့ကြောင်း စက်ရုံအတွင်း သတင်းရင်းမြစ်ထံမှ သိရသည်ဟု ဆိုသည် ။

အဆိုပါနေ့ တနေ့ထဲတွင်ပင် အမှတ် (၃) နှင့် အမှတ် (၇) လမ်းဆုံ၌ ဆက်ကြေးကောက်နေသော စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)များရှိနေသောနေရာအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ အနီးတဝိုက်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်စစ်ဆေးမှုများရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ပြတွင် မြို့ပြအထူးစစ်ဆင်ရေး(U.S.O) အား စက်တင်ဘာလ ၂၂ ရက်နေ့က စတင်ခဲ့ပြီး အောက်တိုဘာလအထိဆိုလျှင် လေးခုမြောက် ဆောင်ရွက်ပြီးခဲ့ကြောင်း Urban Special Operation တယ်လီဂရမ်ချန်နယ်မှ ထုတ်ပြန်ထားချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မင်္ဂလာဒုံမြို့နယ်
#USO
#မြန်မာဘီယာစက်ရုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏1😁1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍4🤮2
ညောင်လေးပင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အမျိုးသမီး ၂ ဦး အပါ အဝင် ၃ ဦး ဒဏ်ရာရ
🤬8🔥3👍1
ညောင်လေးပင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အမျိုးသမီး ၂ ဦး အပါ အဝင် ၃ ဦး ဒဏ်ရာရ
======================

YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ချုံအင်းကျေးရွာတွင် စစ်ကောင်စီတပ်စခန်းများမှ ပစ်ခတ် သောလက်နက်ကြီးထိမှန်၍ အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်း ရင်းမြစ်များထံမှ သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ခမရ (၂၀)၊ ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄)နှင့် တော်ဝိကျေးရွာဘုန်းကြီးကျောင်းအတွင်း အထိုင်ချနေသည့် စစ်ကောင်စီတပ်တို့မှ လက်နက် ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“ဒီရက်ထဲမှာ နေ့တိုင်းပစ်တယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲနဲ့ ပစ်နေတာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု များကြောင့် ခြုံအင်းကျေးရွာမှ ဦးဝင်းဌေး၊ ဒေါ်အေးမူနှင့် ဒေါ်မိုးတို့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး နွားနှစ်ကောင်သေဆုံးကာ တကောင်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများသည် လက်ရှိတွင် ဆေးကုသမှုခံယူနေရပြီး ဦးဝင်းဌေးမှာ ခြေထောက်ကျိုးသွားကြောင်း သိရသည်။
“အမျိုးသမီးနှစ်ဦးက လက်နဲ့ကျောကုန်းမှာထိတယ် မများဘူး။ အမျိုးသားက ခြေထောက်ကျိုးသွားတယ်။ နယ်စပ်ဘက်ပို့ရမယ်လို့ကြားတယ်။ ဒီနေ့ နေ့ခင်းပိုင်းကလည်း ထပ်ပစ်နေတယ်။ ရွာတွေထဲကို ကျပြီး နွားနှစ်ကောင် သေတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်ကမဇ္ဈိမကိုပြောသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက် မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ခတ် မှုများပြုလုပ်နေဆဲဖြစ်ပြီး ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများရှိကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ခမရ(၅၉၀)မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုန်းမြို့နယ် သံပုရာအိုင်ကျေးရွာမှ အမျိုးသားတဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#mizzima
#ညောင်လေးပင်
#လက်နက်ကြီး

ပုံအညွှန်း- လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများ (ဓါတ်ပုံ- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍2🔥2