ညောင်လေးပင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အမျိုးသမီး ၂ ဦး အပါ အဝင် ၃ ဦး ဒဏ်ရာရ
🤬8🔥3👍1

======================
YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ချုံအင်းကျေးရွာတွင် စစ်ကောင်စီတပ်စခန်းများမှ ပစ်ခတ် သောလက်နက်ကြီးထိမှန်၍ အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်း ရင်းမြစ်များထံမှ သိရသည်။
ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ခမရ (၂၀)၊ ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄)နှင့် တော်ဝိကျေးရွာဘုန်းကြီးကျောင်းအတွင်း အထိုင်ချနေသည့် စစ်ကောင်စီတပ်တို့မှ လက်နက် ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
“ဒီရက်ထဲမှာ နေ့တိုင်းပစ်တယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲနဲ့ ပစ်နေတာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု များကြောင့် ခြုံအင်းကျေးရွာမှ ဦးဝင်းဌေး၊ ဒေါ်အေးမူနှင့် ဒေါ်မိုးတို့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး နွားနှစ်ကောင်သေဆုံးကာ တကောင်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများသည် လက်ရှိတွင် ဆေးကုသမှုခံယူနေရပြီး ဦးဝင်းဌေးမှာ ခြေထောက်ကျိုးသွားကြောင်း သိရသည်။
“အမျိုးသမီးနှစ်ဦးက လက်နဲ့ကျောကုန်းမှာထိတယ် မများဘူး။ အမျိုးသားက ခြေထောက်ကျိုးသွားတယ်။ နယ်စပ်ဘက်ပို့ရမယ်လို့ကြားတယ်။ ဒီနေ့ နေ့ခင်းပိုင်းကလည်း ထပ်ပစ်နေတယ်။ ရွာတွေထဲကို ကျပြီး နွားနှစ်ကောင် သေတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်ကမဇ္ဈိမကိုပြောသည်။
ယနေ့ အောက်တိုဘာလ ၁၇ ရက် မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ခတ် မှုများပြုလုပ်နေဆဲဖြစ်ပြီး ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများရှိကြောင်း သိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ခမရ(၅၉၀)မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုန်းမြို့နယ် သံပုရာအိုင်ကျေးရွာမှ အမျိုးသားတဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#mizzima
#ညောင်လေးပင်
#လက်နက်ကြီး
ပုံအညွှန်း- လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများ (ဓါတ်ပုံ- ပေးပို့)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬7👍2🔥2
အင်ဒိုနီးရှား၌ ရေအကျပ်အတည်းကို ရင်ဆိုင်ရန် ဆည်ပေါင်း ၃၀၀ လိုအပ်ဟု ဆို
=====================
အင်ဒိုနီးရှားနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ရေအကျပ်အတည်းကဲ့သို့ သဘာဝဘေးကို လက်ဦးမှုယူရန်အတွက် ဆည်ပေါင်း ၃၀၀ ကျော် လိုအပ်ကြောင်း အများပြည်သူ အလုပ်အကိုင်နှင့် အများပြည်သူအိမ်ရာဝန်ကြီးဌာနအရ သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အင်ဒိုနီးရှားနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ရေအကျပ်အတည်းကဲ့သို့ သဘာဝဘေးကို လက်ဦးမှုယူရန်အတွက် ဆည်ပေါင်း ၃၀၀ ကျော် လိုအပ်ကြောင်း အများပြည်သူ အလုပ်အကိုင်နှင့် အများပြည်သူအိမ်ရာဝန်ကြီးဌာနအရ သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
ပြုပြင်ပြောင်းလဲမှု မရှိသော တရုတ်နိုင်ငံ၏စီးပွားရေးတွင် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့လာရ
===========================
ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သော Atlantic Council Geoeconomics Center နှင့် Rhodium Group သုတေသနအဖွဲ့တို့၏ အစီရင်ခံစာသစ်တွင် တရုတ်နိုင်ငံ ရင်ဆိုင်နေရသော ခက်ခဲသည့် စီးပွားရေးစိန်ခေါ်မှုများကို အလေးပေး ဖော်ပြထားသည်။ Running out of road: China Pathfinder 2023 annual scorecard ဟု အမည်ရသည့် ယင်းအစီရင်ခံစာတွင် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးရှိရာ တရုတ်နိုင်ငံ၏ အဓိကပြဿနာများ ကို ဖော်ပြထားပြီး စီးပွားရေးတည်ငြိမ်မှုအတွက် ဖွဲ့စည်းပုံဆိုင်ရာစိန်ခေါ်မှု ယခုလောက်ကြီးမားခြင်းမျိုး မကြုံဖူးသေးကြောင်း သတိပေးထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===========================
ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သော Atlantic Council Geoeconomics Center နှင့် Rhodium Group သုတေသနအဖွဲ့တို့၏ အစီရင်ခံစာသစ်တွင် တရုတ်နိုင်ငံ ရင်ဆိုင်နေရသော ခက်ခဲသည့် စီးပွားရေးစိန်ခေါ်မှုများကို အလေးပေး ဖော်ပြထားသည်။ Running out of road: China Pathfinder 2023 annual scorecard ဟု အမည်ရသည့် ယင်းအစီရင်ခံစာတွင် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးရှိရာ တရုတ်နိုင်ငံ၏ အဓိကပြဿနာများ ကို ဖော်ပြထားပြီး စီးပွားရေးတည်ငြိမ်မှုအတွက် ဖွဲ့စည်းပုံဆိုင်ရာစိန်ခေါ်မှု ယခုလောက်ကြီးမားခြင်းမျိုး မကြုံဖူးသေးကြောင်း သတိပေးထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤1🔥1🥰1
အောက်တိုဘာလ ၁၇ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ...
https://www.youtube.com/watch?v=75Q9zhHrN6A

YouTube
အောက်တိုဘာလ ၁၇ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe our channel:
https://www.yout…

👍3🔥1
Biden to visit Israel as Gaza ground offensive looms
President Joe Biden will make a landmark trip to Israel on Wednesday, a show of "ironclad" support as Washington tries to prevent ...
https://www.youtube.com/watch?v=BfYiG58R_8c

President Joe Biden will make a landmark trip to Israel on Wednesday, a show of "ironclad" support as Washington tries to prevent the escalating war in Gaza from spilling over into regional conflict.
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့…

👍3🤮1
ထိုင်းရောက် မြန်မာဒုက္ခသည်တွေအရေး ကူညီမယ်လို့ UNHCR အကြီးအကဲပြော |Business Roundup(17.10.2023)
ထိုင်းရောက် မြန်မာဒုက္ခသည်တွေအရေး ကူညီမယ်လို့ UNHCR ...
https://www.youtube.com/watch?v=xMMbLpi4D8M

- ထိုင်းရောက် မြန်မာဒုက္ခသည်တွေအရေး ကူညီမယ်လို့ UNHCR အကြီးအကဲပြော
- ရှမ်းပြည်နယ် အရှေ့ပိုင်းမှ တရုတ်ငွေလိမ်ဂိုဏ်း ၂၀ ကျော်ကို “ဝ” တပ်ဖွဲ့ဖမ်းဆီး
- စစ်ကောင်စီလက်ထဲ လက်နက်တွေရောက်ရှိနေတာကို တားဆီးဖို့ ရှေ့ပြေးအသံအဖွဲ့ တောင်းဆို
- လာမယ့်ရက်ပိုင်းအတွင်း…

👍2🔥2😁2🤣1
အောက်တိုဘာလ (၁၇) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
အောက်တိုဘာလ (၁၇) ရက် ၊ ည ၇ နာရီ The Mizzima Primetime ...
https://www.youtube.com/watch?v=qhwe0FOJV7c

=================
⁃ ထိုင်းရောက် မြန်မာဒုက္ခသည်တွေအရေး ကူညီမယ်လို့ UNHCR အကြီးအကဲပြောတဲ့ သတင်း
⁃ NCA အခမ်းအနားတက်ရောက်တဲ့ ABSDF တပ်ဖွဲ့ဝင် ၃ ဦးကို နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ…

👍3🍌3
အောက်တိုဘာလ( ၁၇ )ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်များ
အိန္ဒိယက မြန်မာ့အရေးမှာ ရည်ရွယ်ချက်အကောင်းကို ...
https://www.youtube.com/watch?v=bFQJhcHkI8A

အိန္ဒိယက မြန်မာ့အရေးမှာ ရည်ရွယ်ချက်အကောင်းကို လမ်းကြောင်းအမှားနဲ့ ချဥ်းကပ်နေတယ်ဆိုပြီး India for Myanmar လှုပ်ရှားမှုဦးဆောင်သူက သုံးသပ်ပြောဆိုလိုက်ပါတယ်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမှာ တနိုင်တပိုင်ရွှေတူးဖော်သူတွေကို စစ်ကောင်စီတပ်က အဓမ္မငွေကြေး ကောက်ခံ၊ နိုင်ငံတကာ…
😁2
ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို အသုံးချပြီး မြန်မာစစ်တပ်ကိုအရေးယူရန် ဦးကျော်မိုးထွန်းပြော
==================
မဇ္ဈိမ
ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို အသုံးချပြီး မြန်မာစစ်တပ်ကို အရေးယူရန် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆဋ္ဌမကော်မတီအစည်းအဝေးတွင် ဦးကျော်မိုးထွန်းက ပြောသည်။
" စစ်တပ်မှ ယခင်က ကျူးလွန်ခဲ့ပြီး ယခုတိုင် ကျူးလွန်လျက် ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် ကောင်းမွန်သော စိတ်ဆန္ဒဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား အသုံးပြုခြင်းကို ထောက်ခံအားပေးကြောင်း၊ ထို့နည်းတူ ကုလသမဂ္ဂ၊ အထူးအားဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား ထိရောက်စွာနှင့် အချိန်မီအရေးယူ ဆောင်ရွက်ပေးခြင်းဖြင့် အပြစ်မဲ့အရပ်သား ပြည်သူများ၏ အသက်ကို ကယ်တင်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံအပေါ် မပျက် ကွက်ရန် ထပ်လောင်း တိုက်တွန်းတောင်းဆိုလိုကြောင်း" ဦးကျော်မိုးထွန်းက ပြောသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတို့ အနေဖြင့် ထိရောက်သော ဆုံးဖြတ်ချက်များကို အချိန်မီ ချမှတ်ရန် ပျက်ကွက်နေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံသဘော တရားအား အသုံးချခြင်းက လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးတို့၏ လုပ်ငန်းများကို အထောက်အကူပြု နိုင်ရုံမျှမက ပြစ်ဒဏ်ကင်းလွတ်ခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးတို့နှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီမှ အချိန်မီထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်လည်း အားဖြည့်ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။
နိုင်ငံများအနေဖြင့် ကြီးလေးသော ရာဇဝတ်များအား ကျူးလွန်သည့် တရားခံများကို ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်ရန် မစွမ်းဆောင်နိုင်သည့် အခြေအနေ သို့မဟုတ် စွမ်းဆောင်ရန် ဆန္ဒမရှိသည့် အခြေအနေ မျိုးတွင် (သို့မဟုတ်) ပြည်တွင်း တရားဥပဒေ စိုးမိုးမှုပျက်စီးနေပြီး ပြစ်ဒဏ်ကင်းလွတ်မှု ပြဿနာကိုလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီကဲ့သို့သော အခွင့်အာဏာရှိသည့်နိုင်ငံတကာအဖွဲ့အစည်း များက ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အခါ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံသဘောတရားအား အသုံးချရန် လိုအပ်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။
မြန်မာစစ်တပ်မှာ ပြည်သူများကို အဆင်ခြင်မဲ့လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို အဖန်ဖန်တလဲလဲ ကျူးလွန်ခြင်းနှင့်လူနေအိမ်များနှင့် ပြည်သူများ၏ ပိုင်ဆိုင်မှုများကို အလုံးစုံမီးရှို့ဖျက်ဆီးခြင်းဟူသော စစ်ရေး နည်းဗျူဟာသုံးခုဖြင့် ပြည်သူများအပေါ် စနစ်တကျ တွင်ကျယ်စွာ အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက ပြောသည်။
စစ်ကောင်စီကြောင့် အရပ်သား ၄,၁၀၀ ကျော် သေဆုံးခဲ့ရပြီး ၁.၇ သန်းမှာ နေအိမ်များမှရှောင်ပြေးစွန့်ခွာနေရကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူ နှစ်သန်းနီးပါး ရှိကာ နေအိမ်အလုံးပေါင်း (၇၅,၀၀၀) ကျော်မှာလည်း မီးရှို့ခြင်း သို့မဟုတ် ဖျက်ဆီးခံခဲ့ရ ကြောင်း ၎င်းကပြောသည်။
လက်ရှိအနေအထားများအရ စစ်တပ်၏ တရားမဝင်အာဏာ သိမ်းထားမှု အခြေအနေတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအား ပြည်တွင်းစုံစမ်း စစ်ဆေးရန် သင့်လျော်မှုမရှိသည်ကို နားလည်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စစ်တပ်ကိုယ်တိုင်ကပင် တရားဥပဒေ စိုးမိုးရေးကို ဖျက်ဆီးခဲ့ပြီး ရက်စက်ကြမ်းကြုတ်စွာ အလွန်အမင်း တိုက်ခိုက်လျက်ရှိသောကြောင့် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း စစ်တပ်အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို တွင်တွင်ကျယ်ကျယ် အကျိုးခံစားလျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။
စစ်ကောင်စီ၏ ကျုးလွန်မှုများကို လုံလောက်ခိုင်မာသည့် သက်သေအထောက်အထားများ ရှိပြီး ပြည်သူများမှလည်း အရေးယူဆောင်ရွက်ပေးရန် အထပ်ထပ်အခါခါ ပြင်းပြင်းပြပြ တောင်းဆိုနေသည့်တိုင် လုံခြုံရေးကောင်စီအနေဖြင့် လေးလေးနက်နက်နှင့် ထိရောက်စွာ အရေးယူကိုင်တွယ်ဖြေရှင်း ပေးခြင်း မရှိသေးကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

❤22👍14👏3😁3🤣1
Russia's Putin arrives in China
Russian President Vladimir #Putin arrives in China on Tuesday ahead of meetings with Xi Jinping, bolstering their relationship at ...
https://www.youtube.com/watch?v=K7W6s852l5w

Russian President Vladimir #Putin arrives in China on Tuesday ahead of meetings with Xi Jinping, bolstering their relationship at a summit that will be overshadowed by the #Israel - #Hamas war.
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့…
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့…
❤6🤮1
တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီတော်လှန်သည့် အဖွဲ့များ အင်အား၁၀၀ကျော်ဖြင့် စည်းရုံးရေးဆင်း
ပါခွီး (မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ တီးတိန်မြို့ပေါ်နှင့် ...
https://www.youtube.com/watch?v=ORSWX5fQzfI

ပါခွီး (မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ တီးတိန်မြို့ပေါ်နှင့် ကျေးရွာများအတွင်း စစ်ကောင်စီတော်လှန်နေသည့် အဖွဲ့များက အဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဖြင့် စည်းရုံးရေးခရီး လှည့်လည်ခဲ့ကြောင်း PDF Zoland တာဝန်ရှိသူထံက သိရသည်။
PDF - Zoland ၊ မြို့နယ်ပြည်သူ့အု…
PDF - Zoland ၊ မြို့နယ်ပြည်သူ့အု…
❤8👍2😁2🔥1👏1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ အောက်တိုဘာ၂၀၂၃)
=========================
မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် တစ်နိုင်ငံလုံးတွင် အကြမ်းဖက်လုယက် ခိုးဆိုးမှုများ ကျုးလွန်နေသည့်အပြင် မူးယစ်ဆေးဝါးများ သုံးစွဲဖြန့်ဖြူးနေသည်ကို လက်ပူးလက်ကြပ် ငြင်းမရအောင် ဖမ်းမိထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် တစ်နိုင်ငံလုံးတွင် အကြမ်းဖက်လုယက် ခိုးဆိုးမှုများ ကျုးလွန်နေသည့်အပြင် မူးယစ်ဆေးဝါးများ သုံးစွဲဖြန့်ဖြူးနေသည်ကို လက်ပူးလက်ကြပ် ငြင်းမရအောင် ဖမ်းမိထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1😁1
စစ်တပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆန့်ကျင်ရေး တိုက်တွန်းသည့် လောင်းလုံးမြို့လူထုသပိတ်
👍3🔥3❤1😁1

====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထု တရပ်လုံး ဆန့်ကျင်သပိတ်မှောက်ကြရန်တိုက်တွန်းသည့်လူထုသပိတ်နှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးသပိတ်ကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြုလုပ်ခဲ့သည်။
အဆိုပါ လူထုသပိတ်ကို ယနေ့ အောက်တိုဘာလ ၁၇ ရက် နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့ပေါ် နေရာအချို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သပိတ်ကော်မတီဝင်များနှင့် ဒေသခံများက “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”စာသားပါ ဘန်နာကိုင်ဆွဲပြီးချီတက်ခဲ့ကြသည်။
ဒေသခံပြည်သူများအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများကိုရောင်းချခြင်း၊ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ကြဘဲ သပိတ်မှောက်သွားကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း သပိတ်ဦးဆောင်သူများက တိုက်တွန်းခဲ့ကြသည်။
တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်းတွင် တနင်္သာရီ၊ ထားဝယ်နှင့် မြိတ်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။
စာတည်း - အေးချမ်း
#mizzima
#လောင်းလုံးမြို့နယ်
#စစ်တပ်ထုတ်ကုန်များ
#လူထုသပိတ်
#DDMSC
ယနေ့ (အောက်တိုဘာလ ၁၇ရက်) တွေ့ရသည့် လောင်းလုံးမြို့လူထုသပိတ်
Photo/DDMSC
==============

🔥4👍2❤1😁1