Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဝိုင်းမော်မြို့နယ်မှ ကန်တော်ယန်ဗျူဟာကုန်းအား KIA တိုက်ခိုက်သိမ်းပိုက်
==================

အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းမအနီးတွင် အထိုင်ချတပ်စွဲ ထားသည့် ကန်တော်ယန်ဗျူဟာကုန်း စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်လိုက်‌ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက် နံနက် ၅ နာရီခန့်မှစ၍ KIA နှင့် မဟာမိတ်ပူးပေါင်းတပ်များက သာလွန် အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ရာ သုံးနာရီအကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ကန်တော်ယန်ဘက်ကို စစ်ကူပေးပို့နိုင်သည့် မလိယန်ရှိ စစ်ကောင်စီတပ်စခန်းကိုလည်း KIA အမှတ်(၁)အထူးတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်‌ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကန်တော်ယန်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိထားပြီဖြစ်‌သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မည့် သတင်းများထွက်ပေါ်နေခြင်းကြောင့် စခန်းမထိုင်သေးဘဲ လေကြောင်းတိုက် ခိုက်မှုကို တန်ပြန်တိုက်ခိုက်နိုင်ရန် ပြင်ဆင်နေ‌ကြောင်း KIA သတင်းရင်းမြစ်က အတည်ပြုပေးထားသည်။

KIA ၏ လိုင်ဇာဌာနချုပ်ရှိရာ ပတ်ဝန်းကျင်သို့ ခါယာတောင်ရှိ ဗျုဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်နေသည်ဟု ဒေသခံများက အတည်ပြုထားသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်များသည် KIA ဌာနချုပ်အနီးရှိ မဟာမိတ် ရက္ခိုင့်တပ်တော်(AA) တပ်စခန်းများရှိရာ ပတ်ဝန်းကျင်အပါအဝင် မကြာသေးခင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့သော မုန်လိုင်ခက် ပတ်ဝန်းကျင်နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကနဦး စုံစမ်းသိရှိရသည်။

တိုက်ပွဲအခြေအနေ အသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ထပ်မံဖော်ပြပါမည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကချင်ပြည်နယ်
#ဝိုင်းမော်မြို့နယ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁1
​​စီမံကိန်းကြီးများ လုံခြုံရေး ၊ နယ်စပ်​ဒေသတည်ငြိမ်​ရေး စစ်ကောင်စီနှင့် တရုတ် ဆွေးနွေး
=======================

001
(မဇ္စျိမ)။ ။ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီးမစ္စတာ ဝမ်ရှောင်ဟုန်ဦးဆောင်သည့်အဖွဲ့ နေပြည်တော်သို့ ယမန်​နေ့ အောက်တိုဘာလ ၃၀ ရက်​နေ့တွင် ရောက်ရှိလာပြီး စစ်​ကောင်စီနှင့် စီမံကိန်းကြီးများ လုံခြုံ​ရေး၊ နယ်စပ်​ဒေသ တည်ငြိမ်​အေးချမ်း​ရေး စသည့်ကိစ္စရပ်များကို ​တွေ့ဆုံဆွေးနွေးခဲ့​ကြောင်း သိရသည်။

ယမန်​နေ့ ​အောက်တိုဘာလ ၃၀ ရက်​နေ့က ကျင်းပခဲ့သည့် စစ်​ကောင်စီ ပြည်ထဲ​ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံ​ရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား ခုနစ်ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ​ထိုသို့ ထည့်သွင်း​ဆွေး​နွေးခဲ့ခြင်းဖြစ်​ကြောင်း ယ​နေ့ ​အောက်တိုဘာလ ၃၁ ရက်​နေ့ထုတ် စစ်​ကောင်စီဝါဒဖြန့်​ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဆက်သွယ်ရေးစနစ်အသုံးပြု လိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ထို့ပြင် လန်ချန်း- မဲခေါင်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံသားတရားခံပြေးများဖမ်းဆီးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပွားသည့် ရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အနာဂတ်တွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန်လည်း ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဝန်ကြီးအဆင့်အစည်းအဝေးကို စစ်​ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ တို့အပြင် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

မစ္စတာဝမ်ရှောင်ဟုန်သည် ထိုအစည်းအဝေးမတိုင်ခင်က စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သည့်အပြင်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တနာရီကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်းကိုမူ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိပေ။

တရုတ်နိုင်ငံ​​တော်ကောင်စီဝင် ​မစ္စတာဝမ်​ရှောင်ဟုန် နေပြည်​တော်​ရောက်​ရှိနေချိန်တွင် ရှမ်းပြည်နယ်​မြောက်ပိုင်း၌ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA)နှင့် ရက္ခိုင် (ULA / AA) ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်​ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိသည်။

ညီ​နောင်မဟာမိတ်သုံးဖွဲ့နှင့် ပူး​ပေါင်းအဖွဲ့များက ​အောက်တိုဘာလ ၂၇ ရက်​နေ့ကစပြီး စစ်ဆင်ရေး ၁၀၂၇ ကို ဖော်ဆောင်နေကာ ​အောက်တိုဘာလ ၂၉ရက်​နေ့အထိ တရုတ်-မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော်မြို့အပြင် ရှမ်းပြည်​နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်၏ စခန်းကြီး၊ စခန်းငယ် ၇၀ နီးပါးကို တိုက်ခိုက်သိမ်းယူထား​ကြောင်း The Kokang မီဒီယာ၏ ​ဖော်ပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ညီ​နောင်မဟာမိတ်
#တရုတ်နိုင်ငံ
#ပြည်ထဲ​ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍2🖕2😁1
Media is too big
VIEW IN TELEGRAM
နယ်စပ်လုံခြုံရေး မြန်မာ-တရုတ် တွေ့ဆုံ ဆွေးနွေး

Watch more detail - https://youtu.be/iYaTER3M2HU

#reels
#shorts
#politicalnews
👍2🔥2🖕2
Media is too big
VIEW IN TELEGRAM
သတ်မှတ်ကာလအတွင်း ရုံးခန်းများ ဖွင့်လှစ်ပြီး ပါတီဝင်ဦးရေပြည့်အောင်လုပ်ဖို့ စစ်ကောင်စီ ဖိအားပေး

Watch more detail - https://youtu.be/xYkgD4Yk3fQ

#reels
#shorts
#politicalnews
👍5🤣4🔥1
​​အစ္စရေး၏ မြေပြင်ကျူးကျော်စစ်ကို တွန်းလှန်နေဟု ဟားမတ်စ် ပြော 
====================

အစ္စရေး၏ မြေပြင်ကျူးကျော်သည့် တပ်ဖွဲ့များဆီ တင့်ကားဖျက် ဒုံးကျည်များဖြင့် ဂါဇာရှိ တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်နေကြောင်း ဟားမတ်စ်အဖွဲ့က ပြောပြီး အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တိုက်ပွဲများ ရပ်တန့်ရေးအတွက် တောင်းဆိုမှုများကို ပယ်ချရာ ပါလက်စတိုင်း နယ်မြေ၏ လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းက ပို၍ နက်ရှိုင်းစေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
ချင်းရွှေဟော်မှ စစ်ရှောင်များ နေရပ်ပြန်ပြီဟု MNDAA ထုတ်ပြန်
❤13👍1🔥1
ချင်းရွှေဟော်မှ စစ်ရှောင်များ နေရပ်ပြန်ပြီဟု MNDAA ထုတ်ပြန်
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်မြို့တွင် စစ်ကောင်စီ၏ တပ်စခန်းအားလုံးနီးပါးကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ထားပြီးနောက် ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် တိုက်ပွဲများပြေလျော့လာပြီဖြစ်သည့်အတွက် စစ်ရှောင်များ ၎င်းတို့၏ နေအိမ်များသို့ ပြန်လာကြပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်( MNDAA )မှ ထုတ်ပြန်ထားသည်။

ချင်းရွှေဟော်မြို့တွင် Operation 1027 စတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့နှင့် အောက်တိုဘာ ၂၈ ရက်နေ့တို့တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းနေရာများအား တစထက်တစ သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရသိရသည်။

အောက်တိုဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင်မူ မြို့တွင်း၌ နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

"ချင်းရွှေဟော်မှာ ရှိတဲ့စစ်ကောင်စီတွေ အားလုံးနီးပါးကို ရှင်းထုတ်လိုက်ပြီ။ အခု လုံးဝပိုင်ပိုင်နိုင်နိုင် ထိန်းထားတဲ့မြို့ကတော့ ချင်းရွှေဟော်ပေါ့၊ ချင်းရွှေဟော်ကိုတော့ သိမ်းထားတယ်" ဟု MNDAA ၏ ပြောခွင့်ရသူ ဦးကျော်နိုင်မှ မဇ္ဈိမကိုပြောသည်။

ချင်းရွှေဟော်မြို့အတွင်း ထိခိုက်ပျက်စီးမှုရှိခဲ့သည့် နေအိမ်ဆိုင်ခန်းများအားရှင်းလင်းနိုင်ရန်အတွက် တအိမ်လျှင် လူနှစ်ဦးနှုန်းဖြင့် အောက်တိုဘာ ၂၈ ရက်နေ့ကပင် ရှင်းလင်းခွင့်ပြုခဲ့သည်ဟုလည်း MNDAA ၏ ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင် စစ်ဘေးလွတ်ရာသို့ ရွှေပြောင်းပေးထားသည့် ဒေသခံများအား နေအိမ်များသို့ပြန်၍ စျေးဆိုင်ဖွင့်လှစ်ခွင့်လည်း ပြန်ပေးထားကြောင်း၊ လျှပ်စစ်ဓာတ်အားပြဿနာကိုမူ ဖြေရှင်းနေဆဲဖြစ်ကြောင်းသိရသည်။

“နယ်မြေရှင်းလင်းရေးမှာတော့ ချင်းရွှေဟော်မှာ အရပ်သားသေဆုံးမှုတွေတော့မရှိပါဘူးဗျ၊ ဒါပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသူတော့ရှိပါတယ်ဗျ” ဟု ဦးကျော်နိုင်မှ ဆိုသည်။
လက်ရှိတွင် ချင်းရွှေဟော်မြို့၌ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ဆဲပင်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေကြောင်းလည်း သိရသည်။

ချင်းရွှေဟော်မြို့သည် တရုတ်−မြန်မာနယ်စပ်ရှိ လောက်ကိုင်မြို့အတွင်းမှ မြို့တခုဖြစ်ပြီး အဆိုပါ မြို့အား မြောက်ပိုင်း ညီနောင်မဟာမိတ်များမှ နှစ်ရက်အတွင်း အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း MNDAA ၏ ထုတ်ပြန်ချက်များအရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ချင်းရွှေဟော်မြို့
#တရုတ်မြန်မာနယ်စပ်
#MNDAA

ပုံအညွှန်း - အောက်တိုဘာ ၂၉ရက်နေ့ ချင်းရွှေဟော်မြို့တွင်းအခြေအနေ (ဓာတ်ပုံ - The Kokang)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤4🔥2