ပြင်ဦးလွင်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ အသင့်အနေထားဖြင့် လုံခြုံရေးယူထား
😁8💩6👍3🖕2❤1
ပြင်ဦးလွင်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ အသင့်အနေထားဖြင့် လုံခြုံရေးယူထား
==================
၀၀၈
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အနီးနေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုံစံအမျိုးမျိုးဖြင့် အသင့်အနေထား လုံခြုံရေး ယူထားသည်ကို မြင်တွေ့ရကြောင်း မြို့ခံတဦးက ပြောသည်။
နောင်ချိုမြို့နယ်အတွင်း၌ ညီနောင် မဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ယနေ့ အောက်တိုဘာလ ၃၁ရက်တွင် ပြင်ဦးလွင်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးအပြည့် ယူထားခြင်းဖြစ်သည်ဟုဆိုသည်။
"သိသိသာသာကို လုံခြုံရေးက နေရာအနှံ့ကို ယူထားတာတွေ့ရတယ်။မြို့ကလည်း တိတ်ဆိတ်နေတယ်"ဟု မြို့ခံတဦးက ပြောသည်။
ပြင်ဦးလွင်-မိုးကုတ် လမ်းသစ်နှင့် ပြင်ဦးလွင်-နောင်ချို လမ်းပိုင်းအတွင်းရှိ ကျေးရွာများ၏ အနီးပတ်ဝန်းကျင်၊ ဝက်ဝံဂိတ်နှင့် ပိတ်ချင်းမြောင်ဘက်တို့တွင်လည်း လုံခြုံရေး အပြည့်ယူထားသည်ကို တွေ့ရကြောင်း မြို့ခံများကဆိုသည်။
"ဗိုလ်သင်တန်းကျောင်း၊နည်းပညာကျောင်း၊အရာရှိသင်တန်းကျောင်းတွေကို အချိန်မရွေး ဝင်စီးနိုင်တာပေါ့။အခုဖြစ်နေတဲ့ အုန်းမသီးတို့ ကျောက်ကြမ်းတို့ဆိုတာ ပြင်ဦးလွင်နဲ့ နီးနီးရယ်။မြို့လူထုကတော့ ဖြစ်မှာစိုးတာပေါ့။တချို့ မန္တလေးဆင်းနေတာတွေတောင်ရှိတယ်"ဟု မြို့ခံတဦးက သုံးသပ်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ပြင်ဦးလွင် မြို့ဝင်၊မြို့ထွက်များနှင့် မြို့ရှောင်လမ်းများတွင် လုံခြုံရေးယူထားပြီး အတက်အဆင်းယာဉ်များကိုလည်း တင်းကျပ်စစ်ဆေးနေကြောင်း သိရသည်။
"တင်လာတဲ့ ပစ္စည်းကအစ မေးပြီးစစ်တယ်။ကားတွေလည်း ဓါတ်ပုံရိုက်ယူထားတယ်"ဟု ကုန်တင်ယာဉ်မောင်းတဦးက ပြောသည်။
(၁၀၂၇)စစ်ဆင်ရေးအဖြစ် အောက်တိုဘာ လ၂၉ရက်တွင် မဟာမိတ်တပ်ပေါင်းစုနှင့် MDY PDFတို့ ပူးပေါင်းပြီး နောင်ချို-ပြင်ဦးလွင် သွားလမ်းဘေး၊နောင်ချိုမြို့အထွက် ကျောက်ကြမ်းကျေးရွာရှိ ခမရ (၁၁၄)တပ်ရင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်ရင်းကို စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
လက်ရှိတွင် နောင်ချိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများမှာ မြို့ကိုစွန့်ခွာပြီး ရှောင်တိမ်းနေကြကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
"မနေ့ကတည်းက ထွက်နေကြတာပဲ။အခုကတော့ ရဲရော၊ထွေအုပ်ရော ဘယ်ဝန်ထမ်းမှ မရှိတော့ဘူး။အခုက ကာကွယ်ရေးတပ်တွေက မြို့ထဲတော့ မဝင်သေးဘူး။သူတို့ ထိန်းထားတဲ့သဘောပဲ"ဟု ဒေသခံတဦးက ပြောသည်။
ထိုသို့ နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပြင်ဦးလွင်မြို့ကို လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအပြည့် ယူနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မန္တလေးတိုင်း
#ပြင်ဦးလွင်မြို့
#လုံခြုံရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#မန္တလေးတိုင်း – Explore
explore #မန္တလေးတိုင်း at Facebook
👍17🤣8❤4💩1
အိန္ဒိယမှာ ရထားတိုက်မှုအတွင်း သေဆုံးသူ ၁၃ ဦးအထိမြင့်တက်လာ
internationalnews #reels #shorts . ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=5gUzsx-V0gA

YouTube
အိန္ဒိယမှာ ရထားတိုက်မှုအတွင်း သေဆုံးသူ ၁၃ ဦးအထိမြင့်တက်လာ
#internationalnews
#reels
#shorts
.
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U…

👍4🔥1
မြေပြင်တိုက်ပွဲတွေပြင်းထန်လာတဲ့ဂါဇာမှာ ဆေးရုံတွေအတွက် စိုးရိမ်မှုတွေတိုးမြင့်လာ
internationalnews #reels #shorts ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=A-4XkUvuxwc

👍1🔥1
နိုင်ငံတစ်ချို့က မငြိမ်မသက်ဖြစ်အောင် တမင်ဖန်တီးနေကြောင်း တရုတ်စစ်တပ်ပြော

https://www.youtube.com/watch?v=4osuPeNmaVA

🤣3🔥1
ဧရာဝတီတိုင်းတွင် ၂ လအတွင်း ၁၄ ဦး သေဒဏ်ချမှတ်ခံရ
=================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်းတွင် ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ နှစ်လအတွင်း အမျိုးသား ၁၄ ဦး သေဒဏ်ချမှတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ အမျိုးသား တဦးနှင့် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ အမျိုးသား ခုနစ်ဦး၊ ဘိုကလေးမြို့နယ်မှ အမျိုးသား ခြောက်ဦးတို့ကို ရာဇသတ်ကြီးပုဒ်မ၊ ပုဒ်မ ၃၀၂ -၁(ခ) ဖြင့်သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
"စစ်တပ်နဲ့ ရဲတွေဘက်က PDF တွေလို့စွပ်စွဲပြီး သေဒဏ်ချတာပါ။ ၁၄ ယောက်လုံး ရှေ့နေငှားခွင့်ရတယ်။ ဒါပေမဲ့ ထူးတော့မထူးပါဘူး။ စစ်တပ်ကချခိုင်းတဲ့ အမိန့်အတိုင်း သေဒဏ်ချသွားတာပါပဲ။ သေဒဏ်နဲ့ပတ်သတ်ပြီး အားလုံး အယူခံဝင်ခွင့်ရတယ်လို့သိရတယ်" ဟု သေဒဏ်ချမှတ်ခံရသူ တဦး၏ မိသားစုဝင်ကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ဘိုကလေးမြို့ နယ်နေ ကိုပြည့်စုံဖြိုး ၊ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်နှင့် ကိုနိုင်ဝေလင်းတို့ လေးဦးသေဒဏ်ချမှတ်ခံခဲ့ရသည်။
ယင်းပြင် စက်တင်ဘာလ ၂၈ ရက်နေ့က ဘိုကလေးမြို့ နယ်နေ ဦးဝင်းဌေး၊ ကိုကျော်မိုးလွင်နှင့် မအူပင်မြို့နယ်နေ ကိုဝေယံကျော်တို့ သုံးဦးသည်လည်း သေဒဏ်ချမှတ်ခံခဲ့ရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင်မူ ဖျာပုံမြို့နယ်မှ ဦးဝဏ္ဏထွန်း၊ ကိုစံလင်းစံ၊ ဦးကိုကိုအောင်၊ ကိုကျော်ဆန်းဦး၊ကိုသူရဖြိုး(ခ)ဝတုတ်၊ကိုထွန်းထွန်းဦး (ခ)စနေ နှင့် ကိုအောင်မိုးမြင့်(ခ)အေးမင်းသူတို့ ခုနစ် ဦး သေဒဏ်ချမှတ်ခံခဲ့ရသည်။
အဆိုပါ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးကို ဖျာပုံခရိုင်တရား သူကြီးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ကျဥ်းမိသားစုဝင်များကပြောသည်။
၎င်းတို့ ၁၄ ဦးသည် ဖျာပုံအကျဥ်းထောင်နှင့် မအူပင်အကျဥ်းထောင်တို့တွင် ဖမ်းဆီးအကျဥ်းချခံထားရသူများဖြစ်ပြီး စစ်ကောင်စီဘက်မှ လူသတ်တရားခံများဟုစွပ်စွဲကာ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖျာပုံနှင့်မအူပင်မြို့နယ်နေ နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ရန်ကုန်တိုင်း၊ မအူပင်နှင့် ဖျာပုံမြို့နယ်တို့တွင် ၎င်းတို့ ၁၄ ဦး အသီးသီးဖမ်းဆီးခံခဲ့ရသည်။ထိုစဥ်က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များနှင့် မြဝတီ၊ မြန်မာ့အသံရုပ်သံလှိုင်းများတွင် PDF တပ်ဖွဲ့ဝင်များဖမ်းဆီးရမိကြောင်း ဖော်ပြခဲ့သည်ကိုတွေ့ရသည်။
သို့သော် ဒေသတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အဆိုပါ အမျိုးသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သတ်၍ သတင်းထုတ်ပြန်ခဲ့ခြင်းမျိုး တစ်စုံတစ်ရာမတွေ့ခဲ့ရပေ။
ယင်းပြင် ၎င်းတို့ဖမ်းဆီးခံရစဥ်က ဖျာပုံနှင့် မအူပင်ခရိုင်ရှိတော်လှန်ရေးအင်အားစုများအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိကြောင်း မဇ္စျိမကိုဖြေကြားခဲ့သည်။
"သေချာတာကတော့ သေဒဏ်ချခံရတဲ့ ၁၄ ယောက်လုံး PDF တွေဆိုတာမဖြစ်နိုင်ပါဘူး။ အဲ့ဒီအထဲမှာ CDM တွေနဲ့ တက်ကြွလှုပ်ရှားတွေတော့ပါပါတယ်။ စစ်ကြောရေးမှာ မသေရုံတမယ်ရိုက်နှက်ပြီး PDF တွေလို့ဝန်ခံခိုင်းလို့ PDF မဟုတ်တာကို ဟုတ်တယ်လို့ ဝန်ခံခဲ့ရပုံရတယ်"ဟု ဖျာပုံခရိုင်နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
လက်ရှိတွင် သေဒဏ်ချမှတ်ခံရသည့် အမျိုးသား ၁၄ ဦးကို စစ်ကောင်စီလက်အောက်ခံများက ပုသိမ်အကျဥ်းထောင်သို့ပို့ဆောင်လိုက်ကြောင်း၊ပုသိမ်အကျဥ်းထောင်တွင် ၎င်းတို့အားလုံး တိုက်ပိတ်ခံထားရကြောင်း အကျဥ်းဦးစီးနှင့် နီးစပ်သူများကပြောသည်။
"ကိုဇေယျာသော်တို့ ကိုဂျင်မီတို့ လေးယောက်တုန်းကတော့ စစ်ခုံရုံးက သေဒဏ်ချတာဖြစ်တဲ့အတွက် အယူခံဝင်လို့မရဘူး။ ဒီ ခုနစ် ယောက်ကတော့ တရားရုံးလုပ်ထုံးလုပ်နည်းတွေအတိုင်း အမိန့်ချတာဖြစ်တဲ့အတွက် အယူခံဝင်ခွင့်ရတာပါ။ ခရိုင်တရားရုံးက အမိန့်ချတာဖြစ်တဲ့အတွက် တိုင်းကနေ ပြည်ထောင်စု၊ စာချွန်တော်အထိအယူခံဝင်လို့ရပါတယ်။ နည်းနည်းတော့ကြာနိုင်တာပေါ့"ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ဝေဖန်သုံးသပ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်သည့်စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၆၃ ဦး ရှိနေပြီဖြစ်သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလက အင်းစိန်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်ကိုကျော်မင်းယု(ခ)ဦးဂျင်မီ၊ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့ဖူးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သေဒဏ်ချမှတ်ခံရ
#အကျဥ်းသား
ဓာတ်ပုံ - မအူပင်နဲ့ဖျာပုံခရိုင်မှ အမျိုးသား/သမီးများ ဖမ်းဆီးခံရစဥ် စစ်ကောင်စီကထုတ်ပြန်ထားသည့်ပုံ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

👍7🤬5🔥1😡1
ရှမ်းမြောက် တိုက်ပွဲများကြောင့် လူအများအပြား နေရပ်စွန့်ခွာကြရဖွယ်ရှိဟု ကုလ ပြော
=====================
တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း အခြေခံအဆောက်အအုံ စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် ဒေါ်လာဘီလီယံချီသော ရထားလမ်း အဆက်အသွယ်တခုကို စီစဉ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေ တခွင်တပြင်တွင် အင်အားကောင်းသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က အောက်တိုဘာ ၂၇ ရက်မှစပြီး စစ်ကောင်စီ တပ်ဖွဲ့များကို တိုက်ခိုက်ထားခဲ့ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း အခြေခံအဆောက်အအုံ စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် ဒေါ်လာဘီလီယံချီသော ရထားလမ်း အဆက်အသွယ်တခုကို စီစဉ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေ တခွင်တပြင်တွင် အင်အားကောင်းသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က အောက်တိုဘာ ၂၇ ရက်မှစပြီး စစ်ကောင်စီ တပ်ဖွဲ့များကို တိုက်ခိုက်ထားခဲ့ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2🤣1
မီဇိုရမ်နှင့် မြန်မာကို ချိတ်ဆက်မည့် လမ်း ယခုနှစ် နိုဝင်ဘာတွင် ပြီးစီးမည်ဟု အိန္ဒိယဝန်ကြီး ပြော
=====================
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်နှင့် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းကို ချိတ်ဆက်မည့် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းအောက်ရှိ နယ်စပ်ဖြတ်ကျော် လမ်းဖောက်လုပ်မှု စီမံကိန်းသည် ယခုနှစ် နိုဝင်ဘာလတွင် ပြီးစီးလိမ့်မည် ဖြစ်သည်ဟု အိန္ဒိယ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နိတင် ဂတ်ကာရီက အောက်တိုဘာ ၃၀ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်နှင့် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းကို ချိတ်ဆက်မည့် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းအောက်ရှိ နယ်စပ်ဖြတ်ကျော် လမ်းဖောက်လုပ်မှု စီမံကိန်းသည် ယခုနှစ် နိုဝင်ဘာလတွင် ပြီးစီးလိမ့်မည် ဖြစ်သည်ဟု အိန္ဒိယ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နိတင် ဂတ်ကာရီက အောက်တိုဘာ ၃၀ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2👎1
COMING SOON! “Green Elections” | Green Tribe Ep-8
The Village Chief doesn't like elections but the neighbouring villages, joined in the ASEAV, are pushing to organise elections in ...
https://www.youtube.com/watch?v=DFYx_FUk5vY

The Village Chief doesn’t like elections but the neighbouring villages, joined in the ASEAV, are pushing to organise elections in the Green Village anyway. They even sent an advisor to help starting the democratic process. But the Village Chief doesn’t need…
👍3🔥2
စားအုန်းဆီ တင်သွင်းမှု ယခင်နှစ်ထက် တန်ချိန် ၆၅၀၀၀ ကျော် မြင့်တတ် | Business Roundup (31.10.2023)
ကရင်နီပြည်နယ်မှ စစ်ရှောင်များနှင့် ကိုယ်ဝန်ဆောင်များအတွက် ...
https://www.youtube.com/watch?v=tmLV6Cbg6qU

- ကရင်နီပြည်နယ်မှ စစ်ရှောင်များနှင့် ကိုယ်ဝန်ဆောင်များအတွက် ဆေးဝါးများလိုအပ်
- စစ်ကောင်စီရဲ့ နှစ်လယ်ကျောက်မျက်ပြပွဲ ကျောက်စိမ်းတွဲပေါင်း ၃၇၀၀ ကျော် ရောင်းချခဲ့
- မြန်မာပြည်သို့ပြန်မည့် လုပ်သားများအနေဖြင့် သက်ဆိုင်ရာ နယ်စပ်ဂိတ်များတွင်တုံးထုရန် သတိပေး
…

👍3🔥1
အိန္ဒိယမှာ ယေဟောဝါသက်သေခံပွဲတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၃ ဦးအထိရှိလာ
internationalnews #reels #shorts ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=FHfTxg2QZTM
internationalnews #reels #shorts ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=FHfTxg2QZTM
YouTube
အိန္ဒိယမှာ ယေဟောဝါသက်သေခံပွဲတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၃ ဦးအထိရှိလာ
#internationalnews
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U…
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U…
👍1🔥1
ဖိလစ်ပိုင်ကျေးလက်မှာ ရပ်ကျေးဥက္ကဌရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ အကြမ်းဖက်မှုများအတွင်း ၄ ဦးသေဆုံး
internationalnews #reels #shorts ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=M8F8L02FWY4

🔥1
ကာတာကသေဒဏ်ချမှတ်ခံထားရတဲ့ရေတပ်သားဟောင်းတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားဖို့ အိန္ဒိယကတိပြု

https://www.youtube.com/watch?v=WL9-2vl9ScE

အာရှကို ပြည်ပနိုင်ငံတွေကကမောက်ကမဖြစ်အောင်လုပ်နေကြောင်း တရုတ်နဲ့ရုရှားထိပ်တန်းအရာရှိတွေသတိပေး

https://www.youtube.com/watch?v=GbspP88W46s

😁3👍1🔥1
Oct - 31 [4 Pm] Mizzima News Hour
Oct - 31 [4 Pm] Mizzima News Hour Mizzima Headline News #4pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=hAc7rzVvQww

Mizzima Headline News
#4pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

ဘတ်စ်ကားပေါ်တွင် “ကြယ်” သီချင်း သီဆိုကာစစ်အာဏာရှင်အားတော်လှန်နေသည့် ရဲဘော်နှင့်ပြည်သူများကို ဂုဏ်ပြု
ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ ဘတ်စ်ကားလိုင်းတခုပေါ်တွင် ...
https://www.youtube.com/watch?v=SpIVSZralYc

ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ ဘတ်စ်ကားလိုင်းတခုပေါ်တွင် တော်လှန်ရေးသီချင်းတပုဒ်ဖြစ်သည့် “ကြယ်” သီချင်းကို တော်လှန်ရေးအင်အားစုလူငယ်များက သီဆိုကာ စစ်အာဏာရှင်အား တော်လှန်နေသည့်ရဲဘော်နှင့်ပြည်သူများကို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုအား…
အဆိုပါလှုပ်ရှားမှုအား…
❤18🔥4
အောက်တိုဘာလ (၃၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:57 - ကော့ကရိတ်မြို့နယ် ကော့နွဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ...
https://www.youtube.com/watch?v=4E3CWGSKsNg

00:57 - ကော့ကရိတ်မြို့နယ် ကော့နွဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအပါ၄ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရတဲ့ သတင်း
01:53 - သိန္နီမြို့ အဝင်အထွက်ကို MNDAAနဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ သတင်း
06:23 - ပြင်ဦးလွင်မြို့အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ အသင့်အနေထားနဲ့…

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်
အဂမ်(မဇ္ဈိမ)။ ။ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က ...
https://www.youtube.com/watch?v=GjMN4zvnNiU

အဂမ်(မဇ္ဈိမ)။ ။ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၃၁ ရက် ညနေ ၃ နာရီခန့်က စ၍ လေကြောင်းမှ တိုက်ခိုက်နေကြောင်း လိုင်ဇာမြို့ခံများထံက သိရသည်။
ယနေ့ မြစ်ကြီးနား- ဗန်းမော်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ ကန်တော်ယန် ( Gang Dau…

🤬9🔥1
အောက်တိုဘာလ ၃၁ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
အောက်တိုဘာလ ၃၁ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး ...
https://www.youtube.com/watch?v=BbEw6-VxQRU
အောက်တိုဘာလ ၃၁ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး ...
https://www.youtube.com/watch?v=BbEw6-VxQRU
YouTube
အောက်တိုဘာလ ၃၁ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
အောက်တိုဘာလ ၃၁ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့…