မုန်းမြို့နယ်မှ စစ်ဘေးရှောင် ၂၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ
============
YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ မုန်းမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂,၄၅၆ ဦး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း KNU ဗဟို၏ အောက်တိုဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
" ကရင်ပြည်နယ်အစပ် သပြေညွန့်ဘက်တွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒေသခံတွေကတော့ အကုန် ရှောင်နေရပြီ" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဒုံဇရစ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၈၉)၊ ခမရ (၆၀၂)တို့မှ စစ်ကောင်စီတပ်သားများဖြင့် အင်အားဖြည့်ထားသည့် သပြေညွှန့်စခန်းနှင့် မိုးပျံရဲစခန်းတို့မှ လက်နက်ကြီးပစ်ခတ်မှု၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ လေးကြိမ် ဖြစ်ပွားမှုကြောင့် ကျေးရွာငါးရွာမှ ဒေသခံ ၂,၀၅၂ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ဖော်ပြထားသည်။
ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ ကျောက်ကြီးပေါက်၊ ဆမ်မန်းပေါက်၊ သပြေညွန့်၊ ရွှေပြည်သာ၊ လေလံကုန်း စသည့်ကျေးရွာများဖြစ်သည်။
ထို့ပြင် အောက်တိုဘာလ ၂၀ ရက်နေ့က ခမရ (၃၅၁) တပ်မှ ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုတောတာကျေးရွာ (မရမ်းစိန်လေးကျေးရွာ) မှ ဒေသခံ ၄၀၄ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ဆိုသည်။
" မုန်းမြို့နယ်ထဲက ကျေးရွာတော်တော်များများက ရွာသားတွေက ရွာတွေထဲမှာ မနေရဲဘူး။ ညတိုင်းလိုလို တညကို နှစ်လုံး၊ သုံးလုံး အဲ့ဒီလိုမျိုး တောက်လျှောက်ပစ်တယ်။ အဲ့ဒီလိုမျိုး အမြဲတမ်း ပစ်နေတဲ့အခါမှာ ရွာတွေထဲမှာ မနေရဲတာတော့ တော်တော်များတယ်" ဟု မုန်းမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ကော်မတီဝင်တဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ စစ်ဘေးရှောင်များသည် လက်ရှိအချိန်ထိ နေရပ်သို့ မပြန်နိုင်သေးဘဲ ၎င်းတို့အတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ထံက သိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ "အာဏာဟန်ချက် အပြောင်းအလဲ" အမည်ရ အစီရင်ခံစာအရ KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူ ၆၃၇,၄၁၄ ဦးအထိ ရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#ကရင်ပြည်နယ်
#စစ်ဘေးရှောင်
ပုံအညွှန်း- စစ်ဘေးရှောင်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍9😁3😭2
ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အာဆီယံက ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန် လိုအပ်ဟု အင်ဒိုနီးရှား ပြော
================
ကမ္ဘာ့ မတူညီသော နေရာများ၌ ဖြစ်ပွားဆဲ ပဋိပက္ခများကြား ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရေးအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံအနေဖြင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန် လိုအပ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက အင်္ဂါနေ့တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ကမ္ဘာ့ မတူညီသော နေရာများ၌ ဖြစ်ပွားဆဲ ပဋိပက္ခများကြား ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရေးအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံအနေဖြင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန် လိုအပ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက အင်္ဂါနေ့တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3❤🔥1
မဟာမိတ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေချိန် မန္တလေးမှာ အစစ်အဆေးကြမ်း
=============
007
(မဇ္စျိမ) ။ ။ ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသော၊ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ စခန်းသိမ်းတိုက်ပွဲများကြောင့် မန္တလေးမြို့တွင် လုံခြုံရေးထူထပ်စွာချထားသည်ကိုတွေ့ရပြီး၊ ပုံမှန်ထက်လည်းအစစ်အဆေးကြမ်းနေကြောင်း ဒေသခံများထံကသိရသည်။
“မြို့ပတ်လမ်းတွေမှာ လုံခြုံရေးပိုကျပ်ထားတာတွေ့ရတယ်၊ ဆိုင်ကယ်တွေကို ပိုက်စိပ်တိုက်စစ်တာတွေ့ခဲ့ရတယ်၊ ကင်းပုန်း၀ပ်ကင်းတွေမှာ အရပ်၀တ်တွေလည်းပါတယ်၊ ယာဉ်ဖမ်းတဲ့အဖွဲ့ကသတ်သတ် လုံခြုံရေးအရ စစ်တဲ့အဖွဲ့ကသတ်သတ်၊ တနေကုန်အစစ်အဆေးကြမ်းတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံ အငှားယာဉ်မောင်းတဦးကပြောသည်။
နံနက်မိုးလင်းပိုင်းကစ၍ ၃၅ လမ်းနှင့်ကမ်းနားမြို့ပတ်လမ်းအနီး၊ ၂၇ လမ်းနှင့် လမ်း ၈၀ ထောင့်၊ ၇၃ လမ်းနှင့် သိပ္ပံလမ်းထောင့် စသည့် မြို့တွင်းလမ်းမကြီးများတွင် ပြောက်ကျား၀တ် လက်နက်ကိုင်စစ်ကောင်စီတပ်သား များက လုံခြုံရေးတင်းကျပ်စွာစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့တွင်းလမ်းများနည်းတူ မြို့အ၀င်ဂိတ်များတွင်လည်း လုံခြုံရေးထူထပ်စွာချထားကြောင်း ကိုယ်တိုင်မြင်တွေ့ ခဲ့ရသူများကလည်းဆိုသည်။
“ဆိုင်ကယ်ဆိုရင် ဆင်းတွန်းရတယ်၊ Toll Box အဆင်သင့်ဖွင့်ပေးထားရတယ်၊ တချို့ သူတို့မသင်္ကာလို့ သတ်မှတ်ခံရရင်၊ အထုပ်အပိုးတွေကအစဖွင့်ရှာတာခံရတယ်” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် မြို့ခံတဦး ကပြောသည်။
မန္တလေးမြို့အ၀င်ဂိတ်များဖြစ်သည့် စစ်ကိုင်းတံတားအဆင်း(မန္တလေးဘက်)ဂိတ်၊ မန္တလေး-လားရှိုးလမ်းပိုင်းရှိ ၁၆ မိုင်ကုန်သွယ်ရေးဂိတ်၊ မြို့မြောက်ဘက်အ၀င်ရွှေကျင်ဂိတ်တို့တွင် လုံခြုံရေးတင်းကျပ်စွာချထားပြီး ပုံမှန်ထက် အစစ်အဆေးပိုမိုပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ စခန်းသိမ်းတိုက်ပွဲများကြောင့် ပြင်ဦးလွင်မြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ပုံစံအမျိုးမျိုးဖြင့် အသင့်အနေအထားလုံခြုံရေးယူထား ကြောင်း သတင်းများကဆိုသည်။
လက်ရှိတွင်၊ စစ်ကောင်စီသည်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းကိုလည်း အ၀င်အထွက် လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။
"၁၀၂၇ စစ်ဆင်ရေး"အဖြစ် အောက်တိုဘာလ ၂၉ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် MDY PDF တို့ပူးပေါင်းပြီး နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီ၏ခမရ(၁၁၄)တပ်ရင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများက တပ်ရင်းကိုစွန့်ခွာထွက်ပြေးသွားကြသလို၊ စစ်ကောင်စီလက်အောက်ခံ၀န်ထမ်းများလည်း မြို့ကိုစွန့်ခွာရှောင်တိမ်းနေကြကြောင်း ဒေသခံများထံက သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြန်မာသတင်း
#မန္တလေးမြို့
#၁၀၂၇စစ်ဆင်ရေး
ပုံစာ မန္တလေးမြို့အား စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားစဥ်(ပုံဟောင်းဖြစ်ပါသည်)

👍12😁5❤2👏1🤬1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၃၁ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၃၁ ...
https://www.youtube.com/watch?v=T5Q4MPFICVM

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၃၁ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၃၁ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍6🤮1
စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ရှောင် ၂၀,၀၀၀ ကျော်ရှိ၊ အရပ်သား ၁၀ ဦးကျော်သေဆုံး
==============
009 (လားရှိုး)
(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ရှောင်ဦးရေ ၂၀,၀၀၀ကျော်အထိ ရှိလာပြီး အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း မဇ္ဈိမက စုံစမ်း သိရသည်။ ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် ထိုစစ်ဆင်ရေးမှာ ငါးရက်ကြာမြင့်ပြီဖြစ်သည်။
စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ လားရှိုး၊ သိန်းနီ၊ နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင် နှင့် မုံးကိုးမြို့မှ ဒေသခံများသည် ဘုန်းတော်ကြီးကျောင်းများနှင့် လုံခြုံရာနေရာများတွင် အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်နေကြရသည်။ ချင်းရွေဟော်မှ နမ့်တစ်မြို့သို့ ပြောင်းရွေ့ခိုလှုံနေသည့် စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော်၊ လားရှိုးမြို့တွင် စစ်ရှောင်ဦးရေ ၅,၆၂၆ ၊ သိန္နီမြို့နယ်တွင် စစ်ရှောင်ဦးရေ ၅,၀၀၀ ကျော်ရှိကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးအစ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်အစောပိုင်းတွင် မြို့ပေါ်နှင့် မြို့အနီးအနားကျေးရွာများရှိ ဒေသခံများသည် တရုတ်ပြည်နှင့် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နမ့်တစ်မြို့ဘက်သို့အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။
"နမ့်တစ်မြို့ပေါ်မှာတော့ ချင်းရွှေဟော်ဘက်က စစ်ရှောင် ၁၀,၀၀၀ ဝန်းကျင်ရောက်ရှိနေပြီး ခိုလှုံမှုနဲ့ အကူအညီတွေ လုပ်ဆောင်ပေးနေတယ်" ဟု “၀”ပြည် ပြည်ပဆက်ဆံရေးရုံး (လားရှိုး)၏ တာဝန်ရှိသူ တဦးက မဇ္ဈိမ ကို ပြောသည်။
“ စစ်ရှောင်တွေကတော့ ချင်းရွှေဟော်ဒေသက ဖြစ်ပါတယ်။ လူဦးရေ ၁၀,၀၀၀ ဝန်းကျင် ရှောင်ကြပြီးတော့ တချို့လည်း နေရပ် ပြန်တာရှိပါတယ် ”ဟု “၀”ပြည် ပြည်ပဆက်ဆံရေးရုံး(လားရှိုး) တာဝန်ရှိသူ ဦးညီရန်းက ပြောပါသည်။
ရှမ်းမြောက်ဒေသ တိုက်ပွဲများကို ကွပ်ကဲရသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ပေါ်အထိ တိုက်ပွဲများ ကျယ်ပြန့်လာနေပြီး လားရှိုးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းကိုးကျောင်းတွင် စစ်ရှောင်ဦးရေ ၅,၆၂၆ ဦးအထိရှိကြောင်း သိရသည်။
လူဦးရေ ၃,၀၀၀ ဖြင့် အများဆုံး ခိုလှုံနေကြသည့် မြို့ပေါ် မန်ဆူဘုန်းကြီးကျောင်းတွင် နေရာထိုင်ခင်း အခက်အခဲနှင့် အကူအညီပေးရေး အလှူရှင်အဖွဲ့အစည်းများ လာရောက်ကူညီမှု နည်းပါးနေကြောင်း စစ်ရှောင်စခန်းတာဝန်ခံ အရှင်စဝ်ခူးကောလိနဒက မိန့်ကြားပါတယ်။
“ အဖွဲ့အစည်းတွေ ကူတာကတော့ နည်းပါတယ်။ တဦးတယောက်ခြင်း လာကူနေတာတော့ ရှိတယ်။ ဒီမှာတော့ ကြက်ခြေနီတွေ ဆေးပေးခန်းလာဖွင့်ပေးထားတယ်။ ရွာ ၁၀ရွာကျော်လောက်က ရှောင်လာတော့ နေထိုင်ဖို့က နည်းနည်းခက်ခဲပါတယ် “ဟု ၎င်းကဆိုသည်။
မန်ဆူဘုန်းကြီးကျောင်းတွင် ခိုလှုံသူများ အနက် အရပ်သား လေးဦးသည် သေနတ်၊ လက်နက်ကြီးစ ထိမှန်၍ လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေေကြာင်း သိရသည်။ ။
လားရှိုးမြို့နယ် ဟိုနမ့်ဘုန်းကြီးကျောင်းတွင် ၂၅၀ ဦး၊ ဟိုပိတ်ဘုန်းကြီးကျောင်းတွင် ၂၀၀ဦး၊ မိုင်းတင်ဘုန်းကြီးကျောင်းတွင် ၁၀၀ ဦး၊ ကုန်းဆာဘုန်းကြီးကျောင်းတွင် ၄၅၀ ဦး၊ မန်ဆူဘုန်းကြီးကျောင်းတွင် ၃,၀၀၀ ဦး၊ မန်အိုင်အထက်ရွာ ဘုန်းကြီးကျောင်းတွင် ၁၆၀ ဦး၊ တာပုံဘုန်းကြီးကျောင်းတွင် ၅၀၀ ဦး၊ ပန်နားဘုန်းကြီးကျောင်းတွင် ၆၆၆ ဦး၊ မိုင်းကြပ်ဘုန်းကြီးကျောင်းတွင် ၃၀၀ ဦး စုစုပေါင်း လူဦးရေ ၅၆၂၆ ဦး ရောက်ရှိခိုလှုံနေေကြာင်း သိရသည်။ ။
လားရှိုးနှင့် ၂၅ မိုင်ခန့်အကွာရှိ သိန္နီမြို့နယ်တွင် MNDAAနှင့် ပူးပေါင်းတပ်များက မြို့အဝင်၊အထွက်ကို ထိန်းချုပ်ထားပြီး မြို့ပြင် ကျောင်းခမ်းရွာ ဘုန်းကြီးကျောင်းနှင့် ဟိုမိန်းရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ဦးရေ ၅၀၀၀ ကျော် ခိုလှုံနေကြောင်း ဘုန်းကြီးကျောင်း တာဝန်ရှိသူများထံက သိရသည်။
ရှမ်းလူငယ်အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ကျောင်းခမ်းရွာ ဘုန်းတော်ကြီးကျောင်းရှေ့ လှုပ်ရှားနေသည့် စစ်ကောင်စီတပ် တပ်မ( ၆၉) က စစ်ရှောင်စခန်းရှိ လက်နက်ကြီးထိ ဒဏ်ရာရရှိသူ နှစ်ဦးကို ဆေးကုသခွင့် မပေးခဲ့၍ သေဆုံးခဲ့ရကြောင်းဖော်ပြထားသည်။
သိန္နီမြို့နယ်တွင် ဖုန်းလိုင်းများ ပြက်တောက်နေ၍ စစ်ရှောင်လူဦးရေစာရင်းသည် ဒီထက်ပိုများနိုင်ပြီး အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ထို့ပြင် မန်းလေး-ရှမ်းမြောက်အစပ်ရှိ နောင်ချိုမြို့နယ် သပြေတိုး၊ မြေစာကုန်းနှင့် သဖန်းကိုင်း ဘုန်းကြီးကျောင်းများတွင် စစ်ရှောင် လူဦးရေ ၁,၀၀၀ ကျော်ရှိနေပြီး ကျောက်မဲမြို့နယ် ကောင်းခမ်း၊ နောင်ပိန် ဘုန်းကြီးကျောင်းမှာ စစ်ရှောင် လူဦးရေ ၄၅၀ ကျော်ရှိနေကာ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသမှာလည်း နမ့်မော၊နမ့်ဝမ်း၊ နမ့်ဆာကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် လူဦးရေ ၅၀၀ ဦးကျော်ကြောင်း သိရသည်။

👍20😢3😁1😱1
"The Age Of Shadows”
=========
တောင်ကိုရီးယားနိုင်ငံ ဂျပန်လက်အောက် ကျရောက်နေစဉ် လွတ်လပ်ရေး ကြိုးပမ်းမှုတွေထဲကကိုရီးယား တော်လှန်ရေးသမားတွေနဲ့ ဂျပန်အာဏာပိုင်တို့ရဲ့ အားပြိုင်မှုဇာတ်ကားပါ။
ဂျပန်အစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့မှာ အရာရှိဖြစ်လာတဲ့ အီဂျုံချူးဟာ ဂျပန်အာဏာပိုင်တွေရဲ့ တာဝန်ပေးမှုကြောင့် ကိုရီးယား တော်လှန်ရေးသမားတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ဖြစ်လာခဲ့ပါတယ်။
ဆိုးလ်မှာ ဖောက်ခွဲမှုတွေလုပ်ဖို့ စီစဉ်နေတဲ့ ကိုရီးယားတော်လှန်ရေးသမားတွေက ရှန်ဟိုင်းကနေ ဆိုးလ်ကို ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာဖို့လုပ်တဲ့အခါ ဒါကိုတားဆီးဖို့ ဂျပန်အာဏာပိုင်တွေက အီဂျုံချူးကို တာဝန်ပေးလာခဲ့ပါတယ်။
တိုင်းတစ်ပါးလက်အောက်ခံ ဝန်ထမ်းပီပီ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရင်း ရာထူးတက်ဖို့ ကြိုးစားနေတဲ့ အီဂျိုချင်း။
ကိုလိုနီနယ်ချဲ့ ဂျပန်တွေကို ရရာနည်းလမ်းနဲ့ ဆန့်ကျင်တိုက်ထုတ်ဖို့ ကြိုးစားနေသူတွေကို ဦးဆောင်နေတဲ့ တော်လှန်ရေးသမား ကင်ဝူဂျင်း။
ရဲအကြီးအကဲကိုယ်တိုင် ယုံကြည်အားကိုးရသူဖြစ်ပြီး ကိုရီးယား တော်လှန်ရေးသမားတွေကို အမြစ်ဖြတ် ချေမှုန်းနေတဲ့ ဂျပန်ရဲဟာရှီမိုတို။
သူလျှိုဒလန်တွေ၊ သတင်းပေးတွေနဲ့ ဂျပန်အစိုးရနဲ့ တော်လှန်ရေးသမားတွေကြားက အပြန်အလှန် အားပြိုင်မှုတွေနဲ့အတူ အက်ရှင်ဇာတ်ကားကောင်း တစ်ကားကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကြည့်ရမှာသေချာပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၃၁.၁၀.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍13🔥1
နိုဝင်ဘာလ( ၁ )ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
https://youtu.be/cab652M9iyU?si=ecgaZ0LRLidGf1Pl

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်မြို့မှာ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးနီးပါးကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့မှာ တိုက်ပွဲများပြေလျော့လာပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေက…

👍18🤮1
ကွမ်းလုံမှ ခလရ (၁၄၃) တပ်ရင်းလိုက် လက်နက်ချ
ရွှေနွယ်၊ ဂျူချန်း − ရှမ်းပြည်နယ်မြောက်ပိုင်း ...
https://www.youtube.com/watch?v=qK14PaDqjCY

ရွှေနွယ်၊ ဂျူချန်း − ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်ရှိ ကံမိုင်းဒေသ တွင် အခြေချတပ်ထိုင်သော စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၁၄၃) တပ်ရင်းမှ လူဦးရေ ၄၁ ဦးသည် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်လာကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်…
👍31👏7😁4