စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ရှောင် ၂၀,၀၀၀ ကျော်ရှိ၊ အရပ်သား ၁၀ ဦးကျော်သေဆုံး
==============
009 (လားရှိုး)
(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ရှောင်ဦးရေ ၂၀,၀၀၀ကျော်အထိ ရှိလာပြီး အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း မဇ္ဈိမက စုံစမ်း သိရသည်။ ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် ထိုစစ်ဆင်ရေးမှာ ငါးရက်ကြာမြင့်ပြီဖြစ်သည်။
စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ လားရှိုး၊ သိန်းနီ၊ နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင် နှင့် မုံးကိုးမြို့မှ ဒေသခံများသည် ဘုန်းတော်ကြီးကျောင်းများနှင့် လုံခြုံရာနေရာများတွင် အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်နေကြရသည်။ ချင်းရွေဟော်မှ နမ့်တစ်မြို့သို့ ပြောင်းရွေ့ခိုလှုံနေသည့် စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော်၊ လားရှိုးမြို့တွင် စစ်ရှောင်ဦးရေ ၅,၆၂၆ ၊ သိန္နီမြို့နယ်တွင် စစ်ရှောင်ဦးရေ ၅,၀၀၀ ကျော်ရှိကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးအစ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်အစောပိုင်းတွင် မြို့ပေါ်နှင့် မြို့အနီးအနားကျေးရွာများရှိ ဒေသခံများသည် တရုတ်ပြည်နှင့် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နမ့်တစ်မြို့ဘက်သို့အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။
"နမ့်တစ်မြို့ပေါ်မှာတော့ ချင်းရွှေဟော်ဘက်က စစ်ရှောင် ၁၀,၀၀၀ ဝန်းကျင်ရောက်ရှိနေပြီး ခိုလှုံမှုနဲ့ အကူအညီတွေ လုပ်ဆောင်ပေးနေတယ်" ဟု “၀”ပြည် ပြည်ပဆက်ဆံရေးရုံး (လားရှိုး)၏ တာဝန်ရှိသူ တဦးက မဇ္ဈိမ ကို ပြောသည်။
“ စစ်ရှောင်တွေကတော့ ချင်းရွှေဟော်ဒေသက ဖြစ်ပါတယ်။ လူဦးရေ ၁၀,၀၀၀ ဝန်းကျင် ရှောင်ကြပြီးတော့ တချို့လည်း နေရပ် ပြန်တာရှိပါတယ် ”ဟု “၀”ပြည် ပြည်ပဆက်ဆံရေးရုံး(လားရှိုး) တာဝန်ရှိသူ ဦးညီရန်းက ပြောပါသည်။
ရှမ်းမြောက်ဒေသ တိုက်ပွဲများကို ကွပ်ကဲရသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ပေါ်အထိ တိုက်ပွဲများ ကျယ်ပြန့်လာနေပြီး လားရှိုးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းကိုးကျောင်းတွင် စစ်ရှောင်ဦးရေ ၅,၆၂၆ ဦးအထိရှိကြောင်း သိရသည်။
လူဦးရေ ၃,၀၀၀ ဖြင့် အများဆုံး ခိုလှုံနေကြသည့် မြို့ပေါ် မန်ဆူဘုန်းကြီးကျောင်းတွင် နေရာထိုင်ခင်း အခက်အခဲနှင့် အကူအညီပေးရေး အလှူရှင်အဖွဲ့အစည်းများ လာရောက်ကူညီမှု နည်းပါးနေကြောင်း စစ်ရှောင်စခန်းတာဝန်ခံ အရှင်စဝ်ခူးကောလိနဒက မိန့်ကြားပါတယ်။
“ အဖွဲ့အစည်းတွေ ကူတာကတော့ နည်းပါတယ်။ တဦးတယောက်ခြင်း လာကူနေတာတော့ ရှိတယ်။ ဒီမှာတော့ ကြက်ခြေနီတွေ ဆေးပေးခန်းလာဖွင့်ပေးထားတယ်။ ရွာ ၁၀ရွာကျော်လောက်က ရှောင်လာတော့ နေထိုင်ဖို့က နည်းနည်းခက်ခဲပါတယ် “ဟု ၎င်းကဆိုသည်။
မန်ဆူဘုန်းကြီးကျောင်းတွင် ခိုလှုံသူများ အနက် အရပ်သား လေးဦးသည် သေနတ်၊ လက်နက်ကြီးစ ထိမှန်၍ လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေေကြာင်း သိရသည်။ ။
လားရှိုးမြို့နယ် ဟိုနမ့်ဘုန်းကြီးကျောင်းတွင် ၂၅၀ ဦး၊ ဟိုပိတ်ဘုန်းကြီးကျောင်းတွင် ၂၀၀ဦး၊ မိုင်းတင်ဘုန်းကြီးကျောင်းတွင် ၁၀၀ ဦး၊ ကုန်းဆာဘုန်းကြီးကျောင်းတွင် ၄၅၀ ဦး၊ မန်ဆူဘုန်းကြီးကျောင်းတွင် ၃,၀၀၀ ဦး၊ မန်အိုင်အထက်ရွာ ဘုန်းကြီးကျောင်းတွင် ၁၆၀ ဦး၊ တာပုံဘုန်းကြီးကျောင်းတွင် ၅၀၀ ဦး၊ ပန်နားဘုန်းကြီးကျောင်းတွင် ၆၆၆ ဦး၊ မိုင်းကြပ်ဘုန်းကြီးကျောင်းတွင် ၃၀၀ ဦး စုစုပေါင်း လူဦးရေ ၅၆၂၆ ဦး ရောက်ရှိခိုလှုံနေေကြာင်း သိရသည်။ ။
လားရှိုးနှင့် ၂၅ မိုင်ခန့်အကွာရှိ သိန္နီမြို့နယ်တွင် MNDAAနှင့် ပူးပေါင်းတပ်များက မြို့အဝင်၊အထွက်ကို ထိန်းချုပ်ထားပြီး မြို့ပြင် ကျောင်းခမ်းရွာ ဘုန်းကြီးကျောင်းနှင့် ဟိုမိန်းရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ဦးရေ ၅၀၀၀ ကျော် ခိုလှုံနေကြောင်း ဘုန်းကြီးကျောင်း တာဝန်ရှိသူများထံက သိရသည်။
ရှမ်းလူငယ်အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ကျောင်းခမ်းရွာ ဘုန်းတော်ကြီးကျောင်းရှေ့ လှုပ်ရှားနေသည့် စစ်ကောင်စီတပ် တပ်မ( ၆၉) က စစ်ရှောင်စခန်းရှိ လက်နက်ကြီးထိ ဒဏ်ရာရရှိသူ နှစ်ဦးကို ဆေးကုသခွင့် မပေးခဲ့၍ သေဆုံးခဲ့ရကြောင်းဖော်ပြထားသည်။
သိန္နီမြို့နယ်တွင် ဖုန်းလိုင်းများ ပြက်တောက်နေ၍ စစ်ရှောင်လူဦးရေစာရင်းသည် ဒီထက်ပိုများနိုင်ပြီး အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ထို့ပြင် မန်းလေး-ရှမ်းမြောက်အစပ်ရှိ နောင်ချိုမြို့နယ် သပြေတိုး၊ မြေစာကုန်းနှင့် သဖန်းကိုင်း ဘုန်းကြီးကျောင်းများတွင် စစ်ရှောင် လူဦးရေ ၁,၀၀၀ ကျော်ရှိနေပြီး ကျောက်မဲမြို့နယ် ကောင်းခမ်း၊ နောင်ပိန် ဘုန်းကြီးကျောင်းမှာ စစ်ရှောင် လူဦးရေ ၄၅၀ ကျော်ရှိနေကာ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသမှာလည်း နမ့်မော၊နမ့်ဝမ်း၊ နမ့်ဆာကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် လူဦးရေ ၅၀၀ ဦးကျော်ကြောင်း သိရသည်။

👍20😢3😁1😱1
"The Age Of Shadows”
=========
တောင်ကိုရီးယားနိုင်ငံ ဂျပန်လက်အောက် ကျရောက်နေစဉ် လွတ်လပ်ရေး ကြိုးပမ်းမှုတွေထဲကကိုရီးယား တော်လှန်ရေးသမားတွေနဲ့ ဂျပန်အာဏာပိုင်တို့ရဲ့ အားပြိုင်မှုဇာတ်ကားပါ။
ဂျပန်အစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့မှာ အရာရှိဖြစ်လာတဲ့ အီဂျုံချူးဟာ ဂျပန်အာဏာပိုင်တွေရဲ့ တာဝန်ပေးမှုကြောင့် ကိုရီးယား တော်လှန်ရေးသမားတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ဖြစ်လာခဲ့ပါတယ်။
ဆိုးလ်မှာ ဖောက်ခွဲမှုတွေလုပ်ဖို့ စီစဉ်နေတဲ့ ကိုရီးယားတော်လှန်ရေးသမားတွေက ရှန်ဟိုင်းကနေ ဆိုးလ်ကို ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာဖို့လုပ်တဲ့အခါ ဒါကိုတားဆီးဖို့ ဂျပန်အာဏာပိုင်တွေက အီဂျုံချူးကို တာဝန်ပေးလာခဲ့ပါတယ်။
တိုင်းတစ်ပါးလက်အောက်ခံ ဝန်ထမ်းပီပီ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရင်း ရာထူးတက်ဖို့ ကြိုးစားနေတဲ့ အီဂျိုချင်း။
ကိုလိုနီနယ်ချဲ့ ဂျပန်တွေကို ရရာနည်းလမ်းနဲ့ ဆန့်ကျင်တိုက်ထုတ်ဖို့ ကြိုးစားနေသူတွေကို ဦးဆောင်နေတဲ့ တော်လှန်ရေးသမား ကင်ဝူဂျင်း။
ရဲအကြီးအကဲကိုယ်တိုင် ယုံကြည်အားကိုးရသူဖြစ်ပြီး ကိုရီးယား တော်လှန်ရေးသမားတွေကို အမြစ်ဖြတ် ချေမှုန်းနေတဲ့ ဂျပန်ရဲဟာရှီမိုတို။
သူလျှိုဒလန်တွေ၊ သတင်းပေးတွေနဲ့ ဂျပန်အစိုးရနဲ့ တော်လှန်ရေးသမားတွေကြားက အပြန်အလှန် အားပြိုင်မှုတွေနဲ့အတူ အက်ရှင်ဇာတ်ကားကောင်း တစ်ကားကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကြည့်ရမှာသေချာပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၃၁.၁၀.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍13🔥1
နိုဝင်ဘာလ( ၁ )ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
https://youtu.be/cab652M9iyU?si=ecgaZ0LRLidGf1Pl

YouTube
နိုဝင်ဘာလ( ၁ )ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်မြို့မှာ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးနီးပါးကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့မှာ တိုက်ပွဲများပြေလျော့လာပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေက…

👍18🤮1
ကွမ်းလုံမှ ခလရ (၁၄၃) တပ်ရင်းလိုက် လက်နက်ချ
ရွှေနွယ်၊ ဂျူချန်း − ရှမ်းပြည်နယ်မြောက်ပိုင်း ...
https://www.youtube.com/watch?v=qK14PaDqjCY

ရွှေနွယ်၊ ဂျူချန်း − ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်ရှိ ကံမိုင်းဒေသ တွင် အခြေချတပ်ထိုင်သော စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၁၄၃) တပ်ရင်းမှ လူဦးရေ ၄၁ ဦးသည် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်လာကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်…
👍31👏7😁4
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၃ | VOA On Mizzima
တဦးတည်း အသက်ရှင်ကျန်ရစ်တဲ့ ဂါဇာ ကလေးငယ်၊ ဆွီဒင်မှာ ...
https://www.youtube.com/watch?v=xj4iVPiBlB4

တဦးတည်း အသက်ရှင်ကျန်ရစ်တဲ့ ဂါဇာ ကလေးငယ်၊ ဆွီဒင်မှာ လောင်စာဆီသုံးကားတွေ ပိတ်ပင်မယ့် အစီအစဉ် ရေးဆွဲ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြ…
👍7🔥2
တဦးတည်း အသက်ရှင်ကျန်ရစ်တဲ့ ဂါဇာ ကလေးငယ် | VOA On Mizzima
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အစ္စရေးက ဟားမတ်စ်အဖွဲ့ရဲ့ ...
https://www.youtube.com/watch?v=yxvxtKB06d0

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အစ္စရေးက ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို လက်တုန့်ပြန်တဲ့အနေနဲ့ ပါလက်စတိုင်း ၂ သန်းကျော်နေထိုင်တဲ့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု လုပ်နေတာကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေတာပါ။…
👍9🔥1
အလင်း၀င်ခဲ့သည့် ခလရ(၁၄၃)တပ်ရင်းတစ်ရင်းလုံးကို တစ်ဦးလျှင် ကျပ် ၁၅ သိန်းဖြင့် ကျပ်သိန်း ၇၀၀ ကျော် ချီးမြှင့်
============
အလင်း၀င်ခဲ့သည့် ခလရ(၁၄၃)တပ်ရင်းတစ်ရင်းလုံးကိုတစ်ဦးလျှင် ကျပ် ၁၅ သိန်းဖြင့် ကျပ်သိန်း ၇၀၀ ချီးမြှင့်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ (၃၀) ရက်တွင် ကွမ်းလုံမြို့နယ်၏တောင်ပိုင်းရှိ ကံမိုင်းဒေသတွင် အခြေချတပ်ထိုင်သော (ရမခ) လက်အောက်ခံ တပ်ရင်း ခလရ (၁၄၃) မှ ဒု-တပ်ရင်းမှူး (၁) ဦးနှင့် တပ်ခွဲမှူး (၂) ဦးအပါအ၀င်စစ်သည် ၄၁ ဦး လက်နက်ချအလင်းဝင်လာခြင်းဖြစ် သည်။
အဆိုပါစခန်းတွင် နှစ်ဖက်တပ်များ စစ်ဆိုင်ထားခြင်းဖြစ်ပြီး စစ်ကောင်စီက တပ်ကူများကို စောင့်ဆိုင်းခဲ့ကြောင်း၊ အောက်တိုဘာ ၂၈ ရက် ညပိုင်းတွင် အလင်းဝင်ရန် တောင်းဆို ခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ ရက် တနေ့လုံး ဆွေးနွေး ခဲ့ပြီးနောက် အလင်း၀င်လာခြင်းဖြစ်သည်ဟု MNDAA က ထုတ်ပြန်သည်။
အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁) ဦးအား တစ်ဦးလျှင် လမ်းစရိတ် (၁၅)သိန်း အပါအ၀င် စုစုပေါင်း သိန်း ၇၀၀ ကျော် ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း MNDAA က ထုတ်ပြန်သည်။
အလင်း၀င်သည့် ကိစ္စမှာ ရှက်စရာကောင်းသည့် လုပ်ရက်မဟုတ် ကြောင်း၊ စစ်ကောင်စီမှ နိုင်ငံတော်ကိုယ်စားမပြုသကဲ့သို့ လူထုကိုလည်း ကိုယ်စားမပြုသည့် အကြမ်းဖက်အဖွဲ့သာ ဖြစ်သည်ဟု MNDAA က ဆိုသည်။
လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့တွင် လူအင်အားအလွန်ချို့တဲ့ နေပြီး တပ်ရင်း (၁) ရင်းလျှင် လူအင်အား (၁၀၀)ခန့်သာရှိပြီးထွက်ပြေးသူ၊ ကျဆုံးသူများလည်း နေ့စဉ်နှင့်အမျှ ဆက်တိုက်များ နေကြောင်း၊ အော်ပရေးရှင်းစတင်ချိန်မှ လက်ရှိအချိန်ထိ ညီနောင်သုံးဖွဲ့ထံ အလင်းဝင်သူ ၁၀၀ ကျော်ရှိပြီဟု MNDAA က ထုတ်ပြန်သည်။
အလင်း၀င်လာသည့် ခလရ (၁၄၃) မှ ရရှိခဲ့သောပစ္စည်းများမှာ ဆက်သွယ်ရေးစက် (၃) ခု၊ ရိုင်ဖယ်သေနတ် (၂၇) လက်၊ စက်လက်အငယ် (၅) လက်၊ RPG (၂) လက်၊ Sniper (၁) လက်၊ စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁) ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃) ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀) ခု၊ MA-4 ဗုံးသီး(၈၀) လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇) လုံး၊ ၈၂မမ ဗုံးသီး (၉၁) လုံး၊ ၁၀၀မမ ဗုံးသီး (၄၆) လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈) လုံး၊ စကားပြောစက် (၇) ခု၊ ဆန် (၃၈) အိတ်၊ Readymade Food (၁၂) ဖာ၊ ကုလားပဲ (၃) ပုံး၊ ဆေး (၅) ဖာ၊ စားသုံးဆီ (၃) ပုံး၊ လောင်စာဆီ (၃) ပုံး၊ ဝက် (၁) ကောင်တို့ ဖြစ်သည်ဟု MNDAA က ထုတ်ပြန်သည်။

👍36❤6😁3🎉1
မြန်မာ နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့
==============
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE )ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ (form of sanctions) အင်္ဂါနေ့က ချမှတ်လိုက်သော်လည်း အာဏာသိမ်း စစ်ကောင်စီ၏ ပင်မနိုင်ငံခြားဝင်ငွေအပေါ် အပြည့်အဝ ပိတ်ဆို့သော ဒဏ်ခတ်ပိတ်ဆို့မှုဆီကိုတော့ မဖော်ဆောင်ရသေးဘဲ ရှိနေဆဲ ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍13😁2👏1
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက သွားရောက်ချင်သည့်နိုင်ငံအလိုက် အခွန်ကောက်ခံ
===============
ကီရာ
(မဇ္ဈိမ)။ ။ တကြိမ်မျှ ပြည်ပသို့ သွားရောက်ဖူးခြင်း၊ ပြည်ပမှ ဝင်ငွေရရှိခြင်း မရှိသော်လည်း PJ (Passport for Job) အလုပ်အကိုင် ပတ်စပိုစ့်(နိုင်ငံကူးလက်မှတ်)အမျိုးအစားဖြင့် ပတ်စပိုစ့်သက်တမ်းတိုးပါက သွားရောက်ချင်သည့် နိုင်ငံအလိုက် အခွန်ကောက်ခံလျက်ရှိကြောင်း ပတ်စပိုစ့်သက်တမ်း သွားရောက်တိုးခဲ့သူများမှတဆင့် သိရသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာအပေါ် နိုင်ငံခြားငွေအမျိုးအစားအလိုက် ဝင်ငွေခွန်ကောက်ခံမည်ဟူသော စစ်ကောင်စီ၏ ထုတ်ပြန်ချက်အတိုင်း အောက်တိုဘာလမှစတင်၍ ၎င်းတို့မှ အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့ပြီး အခွန်ကင်းရှင်းကြောင်း ထောက်ခံစာတင်ပြနိုင်မှသာ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခွင့်ပြုမည်ဖြစ်သည်။

👍5🔥3👎2
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍လည်း စစ်ကောင်စီ၏ နိုင်ငံကူးလက်မှတ်၊ လက်မှတ်ရုံးရှေ့များတွင်” PJ ( အလုပ်အကိုင် ပတ်စပိုစ့်) PS ( သင်္ဘောသား ပတ်စပို့စ်)များအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါ တပါတည်း ယူဆောင်လာရန် ကြိုတင်အသိပေးကြောင်း “ ဗီနိုင်းစာရွက်ကို ချိတ်ဆွဲထားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အတိုင်း စစ်ကောင်စီမှ PJ ( အလုပ်အကိုင် ပတ်စပိုစ့်) PS ( သင်္ဘောသား ပတ်စပို့စ်)များအတွက် သက်တမ်းတိုးသူများကို အခွန်ကင်းရှင်းကြောင်း ထောက်ခံစာပါမှသာ သက်တမ်းတိုးခွင့်ပြုနေခဲ့သည့်အပြင် ပြည်ပ ထွက်ခွာဖူးခြင်း မရှိသော်လည်း PJ အမျိုးအစား ပတ်စပိုစ့်ကိုင်ဆောင်ထားသူဖြစ်ပါက အခွန်ကင်းရှင်းကြောင်း ထောက်ခံစာကို မိမိသွားရောက်ချင်သည့် နိုင်ငံအလိုက် အခွန်သတ်မှတ်ကောက်ခံနေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ သွားရောက်ချင်သူဖြစ်ပါက ၅၀,၀၀၀ ကျပ်ဟု ၎င်းတို့မှ ပြောသော်လည်း အမှန်တကယ် ၈၆,၀၀၀ ကျပ်အထိ ပေးဆောင်ရပြီး ၊မလေးဟုဆိုပါက ၈၀,၀၀၀ မှ ၁၀၀,၀၀၀ ကျပ်အထိ ပေးဆောင်ရကာ ကိုရိးယားနိုင်ငံကို ၃၀၀,၀၀၀ ကျော်အထိ သတ်မှတ်ပြီး ဂျပန်ကို ၄၀၀,၀၀၀ ကျော်အထိ အခွန်သတ်မှတ်ကြောင်း သက်တမ်းသွားရောက်တိုးသူတဦးက ပြောသည်။
“သက်တမ်းသွားတိုးရင် အလုပ်စာချုပ် ပြခိုင်းပါတယ် ။ကိုယ်က ဒီတိုင်း အလုပ်သွားဖို့အတွက်လည်း မဟုတ်ဘဲ သက်တမ်းကုန်လို့ သက်တမ်းလာတိုးတာဆိုရင် ဘယ်နိုင်ငံ သွားမှာလဲဆိုတာကို မူတည်ပြီး ပိုက်ဆံကောက်တာပါ။ အလုပ်စာချုပ်ရှိတဲ့သူဆိုရင်တော့ သူတို့ပြောထားသလို နှစ်ရာခိုင်နှုန်းနဲ့ပဲ လုပ်မလား မသိပါဘူး။ အခုက ပြည်ပကနေ ဝင်ငွေလည်း မရဘူး၊ သွားတောင်မသွားဖူးတာကို အခွန်ပေးရတယ်ဆိုတော့ တော်တော်ကို အဓိပ္ပာယ်မရှိတာပါ။ ကျွန်တော်တို့ကတော့ ခံဘက်ကကြီးပါပဲ ။ အဲ့အခွန်ကင်းရှင်းကြောင်း ထောက်ခံစာမပါရင် သက်တမ်းတိုးဖို့ ဖောင်တင်တာကို သူတို့က လက်မခံဘူးလေ။ သူတို့ကပြောသေးတယ် မလိုအပ်ဘူးထင်ရင် လာမဆောင်နဲ့လေတဲ့”ဟု သက်တမ်းသွားရောက်တိုးခဲ့သူတဦးက ပြောသည်။
ထို့အပြင် ပင်လယ်ကူး သင်္ဘောသားများသည်လည်း ကြိုတင်ခွန်ပေးဆောင်ပြီးမှ ပတ်စပိုစ့်သက်တမ်းတိုးခွင့်ရမည်ဖြစ်သည့်အတွက် ကြိုတင်ခွန်ပေးဆောင်ရန်အတွက်မှာလည်း သင်္ဘောသားများအတွက် အခက်အခဲတခုဖြစ်နေခဲ့သည်။
သင်္ဘောတက်ရန်အတွက် ပတ်စပိုစ့်သက်တမ်း တနှစ် သို့မဟုတ် တနှစ်အထက်ရှိမှ ကုမ္ပဏီများက လက်ခံခြင်းနှင့် အလုပ်လျှောက်လွှာလက်ခံပြီးသော်လည်း သင်္ဘောတက်ရမည်မှာ မသေချာခြင်း၊ သင်္ဘောတက်ကာနီးရက်ပိုင်းအလိုမှသာ အလုပ်စာချုပ် ချုပ်ဆိုရခြင်း၊ စာချုပ် ချုပ်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ချုပ်ဆိုထားသည့် စာချုပ်ကို ဖျက်သိမ်းနိုင်ခြင်းနှင့် မည်သည့်ရာထူးဖြင့် သင်္ဘောတက်ရမည်ကို သေချာမသိနိုင်ခြင်းများလည်း ရှိသည့်အတွက် သာမန်ရာထူးဖြင့်လူကို အရာရှိလစာဖြင့် ကြိုတင်အခွန်ဆောင်ရပါကလည်း နစ်နာမှုရှိခြင်းနှင့် စာချုပ်သက်တမ်းမပြည့်ဘဲ ပြန်လာရပါက အခွန်နှင့် ပတ်သက်၍ မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို မသိရှိနိုင်ကြောင်း သင်္ဘော သားတဦးက ပြောသည်။
“အရင်တုန်းကလည်း ဆောင်ခဲ့ဖူးတယ် ၂၀၁၀ အရှေ့ပိုင်းတုန်းကပေါ့၊ ပြန်လာတဲ့အခါ basic pay ဘယ်လောက် ရာခိုင်နှုန်းပေါ့၊ အခုက အဲ့လိုမဟုတ်ဘဲ ကြိုတင်ဆောင်ခိုင်းတော့ အလုပ်နဲ့ပိုက်ဆံဆိုတာ ဘယ်ဆီနေမှန်းမသိဘူး၊ အခွန်အရင်ဆောင်တာကြီးက မဖြစ်သင့်ဘူးလေ။ ငါတို့ pp သက်တမ်းကုန်လို့ ပြန်တိုးရင်တောင် သင်္ဘောက လိုက်ဖြစ်ချင်မှ လိုက်ဖြစ်တာ အဲ့ငါးနှစ်အတွင်း သင်္ဘောမလိုက်ဖြစ်ရင် ထပ်တိုး အခွန်ကိစ္စကဘယ်လိုလုပ်ရမလဲ၊ ပြီးတော့ သင်္ဘောလိုက်မယ်ဆို pp သက်တမ်းက အနည်းဆုံး တနှစ် တနှစ်ခွဲရှိနေမှဖြစ်တာ”ဟု ၎င်း၏အခက်အခဲနှင့် ပတ်သက်၍ ပြောပြာသည်။
ပြန်လည်ပြင်ဆင်လိုက်သည့် အခွန်အကောက်ဥပဒေကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၄ မတ်လ ၃၁ရက်နေ့အထိ အကျိုးသက်ရောက်မှုရှိစေပြီး ပြည်ပရောက် မြန်မာ နိုင်ငံသားများကို အခွန်ကောက်ယူရာတွင် သက်သာခွင့်များနုတ်ပယ်၍ အခွန်တွက်ချက်ခြင်းနှင့် သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ နှစ်ရာခိုင်နှုန်း အခွန်တွက်ချက်သည့် နည်းလမ်းနှစ်ခုဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ပြည်ပရောက် မြန်မာများအနေဖြင့် လစာမဟုတ်သော ဝင်ငွေကိုလည်း ကင်းလွတ်ခွင့်မပြုတော့ဘဲ ရရှိသောနိုင်ငံခြားငွေအမျိုးအစားဖြင့် စုစုပေါင်းဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ပုံ -ပတ်စပို့စ်ရုံးရှေ့ တန်းစီ စောင့်ဆိုင်းနေသူများ
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#နိုင်ငံကူးလက်မှတ်

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👎4👍1🔥1
အာဖဂန်တွေကိုနေရပ်ပြန်ပို့နေတဲ့ ပါကစ္စတန်မှာ အာဖဂန်ကလေးငယ်တွေရဲ့စာသင်ကျောင်းတွေပိတ်ကုန်ကြ
============
https://youtu.be/WGlGoAzQqbc?si=K_6BKmdh73cQh-sg
#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
============
https://youtu.be/WGlGoAzQqbc?si=K_6BKmdh73cQh-sg
#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
အာဖဂန်တွေကိုနေရပ်ပြန်ပို့နေတဲ့ ပါကစ္စတန်မှာ အာဖဂန်ကလေးငယ်တွေရဲ့စာသင်ကျောင်းတွေပိတ်ကုန်ကြ
အာဖဂန်တွေကိုနေရပ်ပြန်ပို့နေတဲ့ ပါကစ္စတန်မှာ အာဖဂန်ကလေးငယ်တွေရဲ့စာသင်ကျောင်းတွေပိတ်ကုန်ကြ
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

🔥1
အလင်း၀င်မည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာမခံချက် ၅ ခုဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖိတ်ခေါ်
================
အလင်း၀င်မည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အသက်ဘေးအန္တရာယ်ကင်းဝေးစေကာ မိသားစုဆွေမျိုးများနှင့် အမြန်ပေါင်းစည်းခွင့်ရအောင် ဆောင်ရွက်ပေးမည်ဟူသော အာမခံချက်ပေးပြီး မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က လက်နက်ချအလင်းဝင်ရန် ဖိတ်ခေါ်လိုက်သည်။
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က အလင်း၀င်မည့်သူများကို အာမခံသည့် အချက်ငါးချက်မှာ (၁) အသက်၊ အန္တရာယ်လုံခြုံရေးကို အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရ အောင် ဆောင်ရွက်ပေးမည်။ (၂) မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးမှ မပြုလုပ်။ (၃) မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံး ပြန်လည် ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည်။ (၄) လမ်းခရီးတွင် သွားလာရန်အတွက် လိုအပ်မည့် ခရီးစရိတ်များကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးမည်။ (၅) မကျန်းမမာဖြစ်နေသော သူများကိုလည်း မိမိတို့တွင်ရှိသော ကျန်းမာရေး ဝန်ဆောင်မှု စောင့်ရှောက်မှုများဖြင့် အတတ်နိုင်ဆုံး စောင့်ရှောက်သွားမည် စသည်တို့ဖြစ်သည်။
စစ်ကောင်စီနှင့် ပူးပေါင်းပြီး နိုင်ငံတော်ကို ဒုက္ခပေးနေသည့် လုပ်ဆောင်ချက်များကို ရပ်ဆိုင်းပြီး လာရောက်ပူးပေါင်းကြရန် MNDAA ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်နိုင်၏ပြောကြားချက်လည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကိုးကန့် MNDAA ၊ ရက္ခိုင့်တပ်တော် AA နှင့် တအာင်း TNLA က အောက်တိုဘာ ၂၇ ရက်မှစတင်၍ စစ်ဆင်ရေး ၁၀၂၇ ကို ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်အထိ စစ်ကောင်စီ စခန်းကြီး၊ စခန်းငယ်၊ စစ်ဘက်ဆိုင်ရာ တပ်စခန်းပေါင်း ၈၀ ကျော်ကို သိမ်းဆည်းထားပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် သိန္နီမြို့များကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
သိမ်းဆည်းရမိသော စခန်းအရေအတွက်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသော်လည်း စစ်ဆင်ရေးစတင်ပြီးသည့်အချိန်မှစ၍ စစ်ကောင်စီတပ်စခန်းများကိုလျင်မြန်စွာသိမ်းယူနိုင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နိုင်ငံနှင့်နယ်နမိတ်ချင်းထိစပ်လျက်ရှိသော ချင်းရွှေဟော်မြို့နှင့် မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဖောင်းဆိုင်မြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်ကာ သိန္နီနှင့် နောင်ချိုမြို့တို့ကို မြို့ပြင်မှဝိုင်းပတ်ပိတ်ဆို့ထားကာ ၎င်းတို့အခေါ် "ထိန်းထား"သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်မှ ရဲနှင့် စစ်သားများ အစုလိုက်အပြုံလိုက်သေဆုံးနေသော ဓာတ်ပုံ၊ ဗီဒီယိုများလည်း လူမှုကွန်ရက်တွင်ထွက်ပေါ်လာခဲ့ပြီး လက်နက်ချအညံ့ခံမှုများလည်း ရှိနေခဲ့သည်ဟု ညီနောင်သုံးဖော်ဘက်က ထုတ်ပြန်ချက်များအရ သိရသည်။
အောက်တိုဘာ ၃၀ ရက်တွင် စစ်ကောင်စီ၏ ခလရ (၁၄၃) တပ်ရင်း တစ်ခုလုံး အလင်းဝင်ခဲ့ရာ စစ်သား ၄၁ ဦးကို တဦးလျင် ကျပ် ၁၅ သိန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၇၀၀ ကျော် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

👍24😁3
နိုဝင်ဘာလ ၁ ရက်နေ့၊မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
နိုဝင်ဘာလ ၁ ရက်နေ့၊မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊
https://www.youtube.com/watch?v=CCconX_klEM
နိုဝင်ဘာလ ၁ ရက်နေ့၊မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊
https://www.youtube.com/watch?v=CCconX_klEM
YouTube
နိုဝင်ဘာလ ၁ ရက်နေ့၊မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
နိုဝင်ဘာလ ၁ ရက်နေ့၊မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရ…

👍2🔥1
ဆွီဒင်မှာ လောင်စာဆီသုံးကားတွေ ပိတ်ပင်မယ့် အစီအစဉ် ရေးဆွဲ | VOA On Mizzima
ဆွီဒင်နိုင်ငံ ၊ စတော့ဟုန်း မြို့တော်ကို လေထုညစ်ညမ်းမှု ...
https://www.youtube.com/watch?v=i9z0Ak7MUR4

ဆွီဒင်နိုင်ငံ ၊ စတော့ဟုန်း မြို့တော်ကို လေထုညစ်ညမ်းမှု လျော့နည်းအောင်လို့ လူစည်ကားတဲ့ မြို့လည် စီးပွားရေး ရပ်ကွက်တွေထဲကို ဒီဇယ် နဲ့ ဓါတ်ငွေ့သုံးကားတွေ တားမြစ်ပိတ်ပင်တဲ့ အစီအစဉ်တရပ် မြို့တော် ကောင်စီကနေ ရေးဆွဲပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအစီအစဉ်ဟာ မြို့ခံတွေရဲ့…
👍2🔥2