Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုးရေးမြို့တွင် ရဲအရာရှိအသတ်ခံရပြီးနောက် မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရ
=============

ပါခွီး

(မဇ္စျိမ)။ ။ အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့တွင် ရဲအရာရှိတဦး အသတ်ခံ ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံသား ၄၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးရေးမြို့ ရဲစခန်းအနီးအတွင် ရဟတ်ရယာဥ်ကွင်းဆောက်လုပ်ရန် ကသည်းလူမျိုးအရာရှိ ဦးဆောင်သော တပ်ဖွဲ့ဝင်များ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က နယ်မြေစစ်ဆေးနေစဥ် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

၎င်းအရာရှိသေဆုံးပြီးနောက် အောက်တိုဘာလ ၃၁ ရက်နေ့တွင် မဏိပူရ ရဲ၊ ကွန်မန်ဒိုနှင့် အာသံရိုင်ဖယ် စစ်တပ်တို့ပူးပေါင်းပြီး တရားခံရှာဖွေရန် မြို့ကိုစစ်ဆေးစဥ် အထောက်အထားမရှိသော စစ်ဘေးရှောင်နှင့် ဈေးလာရောင်းသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီမှာရှိတဲ့ ကွင်းတကွင်းကို ရဟတ်ယာဥ်ကွင်းလုပ်ချင်တာ ဒေသခံတွေက လက်မခံဘူး။ အဲဒါနဲ့ပတ် သက်ပြီး သူတို့အချင်းချင်းပစ်ကြတဲ့သဘောပေါ့။ အဲဒီရဲအရာရှိသေတာနဲ့ပတ်သက်ပြီး မကျေနပ်လို့ လုပ် တဲ့တရားခံကို လိုက်ဖမ်းတယ်ဆိုတဲ့ပုံစံနဲ့ ရပ်ကွက်တွေထဲကို အော်ပရေးရှင်းဆင်းရင်းနဲ့ မြန်မာနိုင်ငံသား တွေကို အထောက်အထားမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းတာ။ 

အမျိုးသမီးနဲ့ကလေးတွေတော့ ပြန် လွတ်ပြီ။ အခြေအနေက ဘာမှပြောလို့မရဘူးဖြစ်နေတော့ ကျနော်တို့လည်း ရှောင်နေရတယ်” ဟု မိုးရေး မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတဦးက မဇ္စျိမကိုပြောသည်။

အဖမ်းအဆီးခံရသည့် မြန်မာနိုင်ငံသား ၄၁ ဦးတွင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၉ ဦးပါဝင်ကာ အမျိုးသမီးများနှင့် အသက်မပြည့်သည့်ကလေးများကို ပြန်လွှတ်လိုက်ပြီး အမျိုးသား ၁၃ ဦး ဆက်လက် ထိမ်းသိမ်းခံနေရဆဲဖြစ်ကြောင်း ဆိုသည်။

၎င်းတို့ကို မိုးရေးရဲစခန်းတွင်ထိန်သိမ်းထားပြီးနောက် အမျိုးသမီးနှင့်ကလေးများအား ပြန်လွှတ်ပေးခဲ့ကာ အမျိုးသားများကို စစ်ဆေးရန် အခြားတနေရာသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားကြောင်း သိရသည်။

မဏိပူရပြည်နယ်မြို့တော် အင်ဖားသို့ခေါ်ဆောင်သွားကြောင်း အခြားသတင်းအရင်းမြစ်ထံမှ သိရသော် လည်း မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယခုဖြစ်စဥ်မှာ ဖြစ်ပွားလျက်ရှိသည့် ကသည်းနှင့် ကူကီးလူမျိုးများအကြား လူမျိုးရေးပဋိပက္ခ၏ နောက် ဆက်တွဲဖြစ်ပြီး မြန်မာနိုင်ငံသားများမှာ ကြားညပ်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ် နေ သည်။

ယနေ့ နိုဝင်ဘာလ ၂ ရက် ယနေ့တွင် မိုးရေးမြို့ကို ၄၈ နာရီ အပြင်မထွက်ရ Total Shutdown ချလိုက်ပြီး ရပ်ကွက်များအတွင်းသို့ လုံခြုံရေးများဝင်ရောက်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဘာဆက်ဖြစ်မယ်တော့ မသိသေးဘူး။ ဒီဘက်နေတဲ့ မြန်မာတွေကတော့ နီးစပ်ရာတွေမှာ ရှောင်တိမ်း နေကြရတယ်။ အခြေအနေက အော်ပရေးရှင်းပြီးမှပဲ အိမ်ပြန်နေလို့ရမယ်ထင်တယ်” ဟု မြန်မာစစ်ဘေး ရှောင်တဦးက တိမ်းရှောင်နေရာမှ မဇ္စျိမကိုပြောပြသည်။

သေဆုံးသွားသည့် ရဲအရာရှိအတွက် ရူပီး သိန်း ၅၀ ပေးအပ်သွားမည်ဖြစ်ပြီး မိသားစုဝင်တဦးကိုလည်း အစိုးရအလုပ်ပေးသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

မဏိပူရပြည်နယ်အစိုးရသည် ယခုအချိန်အထိ မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များကို ဒုက္ခသည်(ခိုလှုံသူ) များအဖြစ်လက်မခံဘဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သဘောထားကြောင်းသိရသည်။

ယခုနှစ် ဇန်နဝါရီအတွင်းက မိုးရေးမြို့နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင် ၈၄ ဦးကို ဒေသအာဏာပိုင် များကဖမ်းဆီးခဲ့ပြီး အင်းဖားမြို့ Sajiwa အကျဥ်းထောင်တွင်ထိန်းသိမ်းထားခဲ့ပြီး ၎င်းအထဲမှ ၃၅ ဦး လွတ် မြောက်ခဲ့ပြီး နောက်ထပ်ငါးဦး လွှတ်မိန့်ရထားသော်လည်း အာမခံမရှိသေးသဖြင့် မထွက်နိုင်သေးကြောင်း သိရသည်။

ထို့ပြင် မဏိပူရပြည်နယ်၊ ကျူရာကျန်ပူမြိုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂၀၀ ကျော် နေထိုင်ခွင့် အထောက်အထားမရှိမှုဖြင့် Sajiwa အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည်မှာ သုံးနှစ်ကျော် ကြာမြင့်နေပြီး ထောင်အတွင်း စားသောက်နေထိုင်ရေးခက်ခဲနေပြီး ကျန်းမာရေးစောင့်ရှောက်မှု မရှိ ကြောင်း ၎င်းတို့၏ မိသားဝင်များထံမှ သိရသည်။

ပုံအညွှန်း - မိုးရေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်
ဓါတ်ပုံ - Explore Manipur

စာတည်း။ ။စောဖေ

#mizzima
#မဏိပူရပြည်နယ်
#မိုးရေးမြို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍5🔥1👏1
ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ကောင်းမွန်စွာထားပြီး ဆေးကုသပေးဟုဆို
👍15🥴2
ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ကောင်းမွန်စွာထားပြီး ဆေးကုသပေးဟုဆို
============

008

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲ များ၌ ဒဏ်ရာများဖြင့်ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ကောင်းမွန်စွာ ဆေးကုသပေးနေ သည်ဟု MDY PDF က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် “နိုဝင်ဘာ ၁ ရက်နေ့တိုက်ပွဲ၌ ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့သည့် စကစတပ်ဖွဲ့ဝင် ဆရာကြီး ကိုလှရွှေနှင့် ရှမ်းမြောက်မလာနှင့် ဟုတ်တို့အား ဆေးကုသပေးလျက်ရှိသည်” ဟု ဖော်ပြထားသည်။

“မနေ့ကတိုက်ပွဲအပြီးမှာ ဒဏ်ရာနဲ့အရှင်ဖမ်းဆီးရမိတဲ့ စကစတပ်သားတွေရှိပါတယ်။ ကောင်းကောင်း မွန်မွန် ဆေးကုပေးနေပါတယ်” ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်ကလည်း TNLA ၊ MDY - PDF ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်ဖွဲ့တို့ ရွှေညောင်ပင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင်မှ နောင်ချိုသို့တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို အုမ္မသီးနှင့် အုမ္မခါးလမ်းခွဲတွင် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ် ကားတစီးထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ နောက်ပြန်ဆုတ်သွားပြီး MA 1 တလက်၊ MA 2 သုံး လက်၊ MA 3 နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပုံစာ - ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ၊ MDY PDF

စာတည်း။ ။စောဖေ

#နောင်ချိုမြို့နယ်
#mizzima

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🥴2
​​ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားများ ဆန္ဒပြပွဲ၌ လူသေဆုံး
==============

အနိမ့်ဆုံးလုပ်ခ သုံးဆ တိုးပေးရန် တောင်းဆိုသော ဘင်္ဂလားဒေ့ရှ် အထည်ချုပ် အလုပ်သမားများ ဆန္ဒပြပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဖြစ်၍ လူ တဦး သေဆုံးကြောင်း ရဲက ပြောသည်။ 

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏3😱2🤬1
မြန်မာနိုင်ငံရေးမှာပါဝင်တဲ့အဖွဲ့အစည်းများနဲ့အကြိမ်ပေါင်း၁၄၅ကြိမ်ဆွေးနွေးခဲ့ကြောင်းအင်ဒိုနီးရှားပြော
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ...
https://www.youtube.com/watch?v=YPVdKqZ38qk
👍7😁2🔥1🤮1
​​မဏိပူရ်တွင် ရဲဝန်ထမ်း အသတ်ခံရပြီးနောက် မြန်မာနိုင်ငံသား ၃၂ ဦး ထိန်းသိမ်းခံရ
==================

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုရေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့များ၏ နိုဝင်ဘာ ၁ ရက် ပူးတွဲစစ်ဆင်ရေးတခုအတွင်း မြန်မာနိုင်ငံသား ၃၂ ဦး အပါအဝင် လူ ၄၄ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤬5👏3🔥1
​​၁၀၂၇ စစ်ဆင်ရေး ထောက်ခံကြောင်း ရေးသားပြောဆိုသူ ၅ ဦး အဖမ်းခံရ
=============

008

(မဇ္ဈိမ)။  ။၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း ရေးသားပြောဆိုသည့် နွားထိုးကြီးမြို့ခံ ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ စည်ပင်သာယာစျေးအနီးရှိ လက်ဘက်ရည်ဆိုင်တွင်ထိုင်နေသည့် မြို့ခံငါး ဦးကို ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း လူမှုကွန်ရက်တွင် ဖြန့်ဝေသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး လုပ်တဲ့သူတွေ မဟုတ်ပါဘူး။ ဖုန်းထဲရေးတယ်ဆိုတာကလည်း “ ၁၀၂၇ စပြီတဲ့ ငြိမ်းချမ်းပါစေ” အဲဒါလေးပဲ။ နာမည်တော့ ထည့်ပြောလို့မကောင်းဘူး။ တယောက်ကရေးတယ်၊ လေးယောက်က အဲဒါ လေးရှဲလိုက်တာ အခုလို အဖမ်းခံရတဲ့အထိဖြစ်သွားတာ။ ကျွန်တော့် မိတ်ဆွေတွေအတွက် စိတ် မကောင်း ဘူး” ဟု နွားထိုးကြီးမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများ၏ နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ပြီး ဖုန်းများသိမ်းဆည်း သွားကာ လက်ရှိတွင် အဖမ်းဆီးခံထားရသူများနှင့် မိသားစုဝင်များမှာ အဆက်အသွယ်မရသေးကြောင်း သိရသည်။

“အဖမ်းခံထားရတဲ့ထဲက တယောက်က မြို့နယ်အုပ်ကြီးနဲ့က ဖေ့စ်ဘုတ်မှာ မိတ်ဆွေဆိုတော့ သူတို့တင်တာမြင်ပြီး စကစအလိုကျ မျက်နှာလိုမျက်နှာရ ဖမ်းတယ်လို့ မြင်တယ်” ဟု အခြားမြို့ခံတဦးကလည်း သုံးသပ်သည်။

စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ဖျက်ရန်နှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရန် “Operation 1027” အမည်ရ စစ်ဆင်ရေးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်တော်(AA)နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့က အောက် တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ရေး အရှိန်ပြင်းထန်နေကာ စစ်ကောင်စီ တပ်ဖွဲ့များအထိနာပြီး စခန်းများအသိမ်းခံရသည်မှာ ၉၀ နီးပါး ရှိနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#mizzima
#၁၀၂၇စစ်ဆင်ရေး

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. 
https://bit.ly/2VhJ12U
👍17🤬4👏2😱1
ဘင်္ဂလားဒေ့ရှ်မှာလုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုနေတဲ့အထည်ချုပ်လုပ်သားတွေက လမ်းတွေကိုပိတ်ဆို့ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ်မှာ လုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုနေတဲ့ ...
https://www.youtube.com/watch?v=9LNgbU2ls60
👍4👏2🔥1