Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​၁၀၂၇ စစ်ဆင်ရေး ထောက်ခံကြောင်း ရေးသားပြောဆိုသူ ၅ ဦး အဖမ်းခံရ
=============

008

(မဇ္ဈိမ)။  ။၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း ရေးသားပြောဆိုသည့် နွားထိုးကြီးမြို့ခံ ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ စည်ပင်သာယာစျေးအနီးရှိ လက်ဘက်ရည်ဆိုင်တွင်ထိုင်နေသည့် မြို့ခံငါး ဦးကို ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း လူမှုကွန်ရက်တွင် ဖြန့်ဝေသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး လုပ်တဲ့သူတွေ မဟုတ်ပါဘူး။ ဖုန်းထဲရေးတယ်ဆိုတာကလည်း “ ၁၀၂၇ စပြီတဲ့ ငြိမ်းချမ်းပါစေ” အဲဒါလေးပဲ။ နာမည်တော့ ထည့်ပြောလို့မကောင်းဘူး။ တယောက်ကရေးတယ်၊ လေးယောက်က အဲဒါ လေးရှဲလိုက်တာ အခုလို အဖမ်းခံရတဲ့အထိဖြစ်သွားတာ။ ကျွန်တော့် မိတ်ဆွေတွေအတွက် စိတ် မကောင်း ဘူး” ဟု နွားထိုးကြီးမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများ၏ နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ပြီး ဖုန်းများသိမ်းဆည်း သွားကာ လက်ရှိတွင် အဖမ်းဆီးခံထားရသူများနှင့် မိသားစုဝင်များမှာ အဆက်အသွယ်မရသေးကြောင်း သိရသည်။

“အဖမ်းခံထားရတဲ့ထဲက တယောက်က မြို့နယ်အုပ်ကြီးနဲ့က ဖေ့စ်ဘုတ်မှာ မိတ်ဆွေဆိုတော့ သူတို့တင်တာမြင်ပြီး စကစအလိုကျ မျက်နှာလိုမျက်နှာရ ဖမ်းတယ်လို့ မြင်တယ်” ဟု အခြားမြို့ခံတဦးကလည်း သုံးသပ်သည်။

စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ဖျက်ရန်နှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရန် “Operation 1027” အမည်ရ စစ်ဆင်ရေးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်တော်(AA)နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့က အောက် တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ရေး အရှိန်ပြင်းထန်နေကာ စစ်ကောင်စီ တပ်ဖွဲ့များအထိနာပြီး စခန်းများအသိမ်းခံရသည်မှာ ၉၀ နီးပါး ရှိနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#mizzima
#၁၀၂၇စစ်ဆင်ရေး

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. 
https://bit.ly/2VhJ12U
👍17🤬4👏2😱1
ဘင်္ဂလားဒေ့ရှ်မှာလုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုနေတဲ့အထည်ချုပ်လုပ်သားတွေက လမ်းတွေကိုပိတ်ဆို့ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ်မှာ လုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုနေတဲ့ ...
https://www.youtube.com/watch?v=9LNgbU2ls60
👍4👏2🔥1
ရပ်စောက် - နောင်ချိုလမ်းပိုင်းကိုဖြတ်သန်းခြင်းမပြုရန် DPLF ထုတ်ပြန်|Business Roundup(2.11.2023)
- ရပ်စောက် - နောင်ချိုလမ်းပိုင်းကိုဖြတ်သန်းခြင်းမပြုရန် DPLF ထုတ်ပြန်- စစ်ကောင်စီက ပြည်တွင်းလေယာဉ်စီးခရီးသည်မ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FkePSEyM_-0s&h=AT3pJGMF0Ov43A_sXm6quM4fYRlkR_ryRCFnvDNdp5UMIy029TTsVH_gRC5-NhOquJWPAdlzFp4_clUNgJmuk-p8OjoRnrMfx_59Faf3Wgb5z1mBa6LZzRNc-2OpLicU&s=1
👍9😁2
​​တောပုပျူရွာမှ လက်နက်ကြီးဖြင့်ပစ်ရာ အမျိုးသမီး ၄ ဦးနှင့် ကလေးငယ် အပါအဝင် လူ ၇ ဦးဒဏ်ရာရ
==================

ပါခွီး

(မဇ္စျိမ) ။  ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပု(ပျူစောထီး) ရွာမှ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် အနီးရှိ ကြာပိုင်ရွာမှ အမျိုးသမီးလေးဦး ၊ ကလေးတစ်ဦးနှင့် အမျိုးသားနှစ်ဦး စုစုပေါင်း ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်စွဲလေ့ရှိပြီး စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များ စခန်းချထားလျက်ရှိသည့် ပျူစောထီးရွာမှ အောက်တိုဘာလ ၂၉ရက် သီတင်းကျွတ်လပြည့်ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပစ်ခတ်မှုကြောင်း အသက် ၃၈နှစ် ၊ အသက်၄၈နှစ် ၊ အသက်၅၆နှင့် အသက် ၇၀ နှစ်အရွယ် အမျိုးသမီးလေးဦး ဒဏ်ရာရခဲ့ပြီး ရှရ်နှစ်အရွယ် ကလေးတစ်ဦး ၊ အသက် ၃၈နှစ်နှင့် အသက် ၅၂နှစ်အရွယ်အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲလည်းဖြစ်တာမရှိဘူးဗျ ၊ အကြောင်းမဲ့သက်သက် ပစ်တာ၊ ကျနော် သိလိုက်တာတော့ လက်နက်ကြီး နှစ်လုံးပေါက်ကွဲခဲ့တာကြောင့် အခုလိုဖြစ်တာ” ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ဒဏ်ရာရရှိသူထဲမှ အသက် ၃၈နှစ်အရွယ်အမျိုးသားတဦး နိုဝင်ဘာလ ၁ ရက်နေ့ တွင် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ကြောင်းနှင့် ကျန်သူများမှာ အသက်စိုးရိမ်စရာမရှိသော်လည်း လက်မောင်းနှင့် ခြေထောက်များတွင် ဒဏ်ရာကြီးမားသဖြင့် မုံရွာဆေးရုံသို့ တင်ပို့ကုသနေရကြောင်း ဆိုသည်။

တောပုကျေးရွာမှ ပျူစောထီးများသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာတွင် လိုက်ပါခြင်း ၊ မုံရွာ - မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တောပုကျေးရွာ
#ပျူစောထီး
#မုံရွာမြို့နယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😡5❤2😁1😱1