Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှု နိုင်ငံတကာသိ‌ စေရန် LGBT အလှမယ် ကမ်ပိန်း ပြုလုပ်
👍15❤3😁1🤮1
စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှု နိုင်ငံတကာသိ‌ စေရန် LGBT အလှမယ် ကမ်ပိန်း ပြုလုပ်
================

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ အာဏာသိမ်းစစ်ကောင်စီ၏ အရပ်သားများ၊ ကျောင်းသားကျောင်းသူများအပေါ်တွင် အကြမ်းဖက်သတ်ဖြတ်နေမှု ကျူးလွန်နေမှုများအကြောင်း နိုင်ငံတကာက သိရှိနိုင်ရန်အတွက် LGBTအလှမယ်တဦးက ကမ်းပိန်းတခုပြုလုပ်ခဲ့သည်။

၂၀၂၃ခုနှစ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကျင်းပခဲ့သည့် LGBTအလှမယ်ပြိုင်ပွဲတွင်လူကြိုက်အများဆုံး ဆုရရှိခဲ့သည့် မြန်မာနိုင်ငံသား သက္ကရာဇ်သည် သွေးစွန်းနေသည့် အခြေခံပညာကျောင်းဆရာမအင်္ကျီကိုဝတ်ဆင်ပြီး မဲဆောက်မြို့တွင်ကမ်ပိန်းပြုလုပ်ကာ မြန်မာနိုင်ငံက အကြမ်းဖက်မှုများအကြောင်း နိုင်ငံတကာသိစေရန်ပြသခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၃၁ရက်နေ့ ဟောလိုဝင်းနေ့နှင့် နိုဝင်ဘာလ၁ရက်နေ့ တို့တွင် မဲဆောက်မြို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကောက်ခံထားသည့် အချက်အလက်များအရ စစ်ကောင်စီက သတ်ဖြတ်ထားသည့် ပြည်သူစုစုပေါင်းသည် လက်ရှိတွင် ၄၁၆၅ဦးအထိရှိနေပြီဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#LGBT
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🥰1😁1🤮1
နိုဝင်ဘာလ ၃ ရက်၊ မွန်းတည့် ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:58-တမူး - ကလေးမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို PDF သိမ်းပိုက်တဲ့ သတင်း02:27-အောက်တိုဘာလအတွင်း အမျိုးသမ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsoEkjcvuAWI&h=AT22XTvlV6Up-5WidYaO0RYH30NmfTP4mU0AvmqazCJ_sEHZSlecMzwYp97Re_RWhayBq-t5YhkSeVIO4GfJGGqfPkcTtdvqTDwkeFNhkak3GsmtOpx6eoRVtU7W4Fcx&s=1
👍10🔥1
ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်
👍8🔥3❤2🥰1👏1
ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်
=============

007

(မဇ္စျိမ)။   ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသောဘုန်းကြီးကျောင်းနှင့် စာရင်းစစ်ချုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုပြုလုပ်သည်ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) ပြန်ကြားရေးဗျူရိုက ယမန်နေ့ နိုဝင်ဘာလ ၂ရက်တွင် သတင်းထုတ်ပြန်သည်။

“ပစ်မှတ်တည့်တည့်ကျလို့ စခ(စစ်ကောင်စီတပ်သား)တွေ ဒဏ်ရာရသေဆုံးမှု များတယ်လို့ မြေပြင်သတင်း ရထားတယ်။ အင်တာနက်အခက်အခဲကြောင့် နောက်ဆက်တွဲအခြေအနေ မသိနိုင်သေးဘူး” ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) ပြန်ကြားရေးဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

အောက်တိုဘာလ ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင်စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ခန့် အထိုင်ချတပ်စွဲထားသော ဒီပဲယင်းမြို့ရှိ စာရင်းစစ်ချုပ်ရုံးနှင့် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ခန့် တပ်စွဲထားသော ဒီပဲယင်းမြို့ပေါ်ရှိ လေသာကျောင်းတိုက် ဘုန်းကြီးကျောင်းတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရကာ
ညနေ ၅နာရီအချိန်ခန့်က တိုက်ခိုက်မှုတွင် ဗုံးသီးချအပြီး ဒရုန်းအားပြန်လည်သိမ်းယူစဉ် စက်ချို့ယွင်း၍ ဒရုန်းပျက်ကျကျန်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအား ၎င်းတို့အဖွဲ့နှင့်အတူ Free Rangers(DPY) အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ရေးရဲဘော်များ ဘေးကင်းစွာဖြင့်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)ပြန်ကြားရေးဗျူရိုမှပြောရေးဆိုခွင့်ရှိသူက မဇ္စျိမသို့ပြောသည်။

မြနန္ဒာစစ်ဆင်ရေး(မန္တလေး)အနေဖြင့် စတင်ဖွဲ့စည်းစဉ်မှ ယနေ့အထိ စစ်ကောင်စီကို မဟာဗျူဟာမြောက် စစ်ဆင်ရေးများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပြီ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ (၁၀၂၇) စစ်ဆင်ရေး စတင်ချိန်တွင် ၎င်းတို့၏ စစ်ဆင်ရေးကိုလည်း ပုံမှန်ထက် အရှိန်မြှင့်တင်လာသည်ဟုဆိုသည်။

“၁၀၂၇ စစ်ဆင်ရေးက တော်လှန်ရေးအတွက်၊ ကြီးမားတဲ့အရွေ့တစ်ခုဖြစ်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်၊ မဟာဗျူဟာကျကျ ကစားပွဲတွေအတွက် ပူးပေါင်းပါ၀င်ဖို့လည်း အသင့်ရှိပါတယ်၊ ဘုံရန်သူကို တသံတည်းညီ တချီတည်းရုန်းဖို့ အချိန်အခါကောင်းကို အမိအရ အသုံးချသွားမှာပါ” ဟု မြနန္ဒာစစ်ဆင်ရေး (မန္တလေး)ပြန်ကြားရေးဗျူရိုပြောရေးဆိုခွင့်ရှိသူက မဇ္စျိမသို့ ပြောသည်။

ယင်းအဖွဲ့အနေဖြင့် အောက်တိုဘာလ တလအတွင်းမှာပင် ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ နေရာငါးခုကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက် ထားသေးသည်ဟုလည်း သိရသည်။

လက်ရှိတွင် လက်နက်အင်အားအခက်အခဲကြားမှ တိုက်ပွဲ၀င်နေရသဖြင့် ငွေကြေးလိုအပ်ချက်ရှိနေကာ ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ တရား၀င်အင်တာနက်စာမျက်နှာများမှတဆင့် ဆက်သွယ် လှူဒါန်းထောက်ပံ့သင့်ကြောင်း စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများက တိုက်တွန်းပြောဆိုနေကြသည်။

ယနေ့နံနက်ပိုင်း ဒေသအတွင်းမှရရှိသည့် သတင်းများအရ စစ်ကောင်စီတပ်ဖွဲ့သည် ဒီပဲယင်းမြို့နှင့် အနီး၀န်းကျင်ကို စစ်ကြောင်းထိုး၀င်ရောက်နေကြောင်း သိရသည်။

ပုံအညွှန်-ဒီပဲယင်းမြို့နယ်အတွင်းရှိ၊ စစ်အုပ်စုစခန်းကို မဟာမိတ်များက ဒရုန်းဖြင့်တိုက်ခိုက်
(ဓာတ်ပုံ-မြနန္ဒာစစ်ဆင်ရေး)

စာတည်း ။       ။ ဖူးသိမ်ကျု
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ဒီပဲယင်းမြို့နယ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤2🔥2😁1
​​ဂန့်ဂေါ၊မင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၂၀ထက်မနည်းသေဆုံးပြီး ၁၀ဦး အရှင်ဖမ်းမိဟုဆို
=============

ပါခွီး

(မဇ္စျိမ) ။  ။ မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မင်းရွာရဲကင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးပြီး ၁၀ဦးအရှင် ဖမ်းမိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ပြန်ကြားရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီနှင့်ရဲအင်အား ၄၀ခန့်ရှိသော မင်းရွာရဲကင်းစခန်းကို ယနေ့ နိုဝင်ဘာလ ၃ရက် နံနက် ၅နာရီ ၅၀မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်း သေဆုံးပြီး ၁၀ဦးအရှင် ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ABSDFပြန်ကြားရေးတာဝန်ခံရဲဘော် ပြည့်ဖြိုးကျော်က မဇ္စျိမ ကိုပြောသည်။

"ဗျူဟာမြောက် ဝင်တိုက်တာပါ။မင်းရွာရဲစခန်းရပါပြီ" ဟု ဒေသကာကွယ်ရေးရဲဘော်တဦးကပြောသည်။

တိုက်ခိုက်ပြီးနောက် မင်းရွာရဲစခန်းကို မီးရှို့ဖျက်ဆီးနေပြီး နယ်မြေရှင်းလင်း‌နေသည်ဟု ရဲဘော် ပြည့်ဖြိုးကျော်က ယနေ့ နေ့လယ်အခြေအနေကိုပြောသည်။

အဆိုပါစခန်းကို မနက် ၉နာရီ ၃၀မိနစ်ခန့်အချိန်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး စစ်ကောင်စီဘက်မှသေဆုံးထိခိုက်မှုများကို လတ်တလော မသိရှိရသေးပေ။

 တိုက်ပွဲဖြစ်ပွားချိန်အတွင်း ဂန့်ဂေါမြို့အခြေစိုက် အမြောက်တပ်ရင်းမှ ဟောင်ဝင်ဇာ ‌အမြောက်
များဖြင့်ပစ်ကူခဲ့ပြီး ခလရ (၅၀) ကလည်း အင်အား ၁၀၀ခန့်ဖြင့် စစ်ကူ ပေးရန်ကြိုးစားခဲ့သည်။ စစ်ကူရန်လာသည့် စစ်ကြောင်းကို ဂန့်ဂေါမြို့ အထွက်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံနှစ်ဦးသေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ပြည်သူများကို ဘေးလွတ်ရာရှောင်တိမ်းရန်အသိပေးထားကြောင်း ရဲဘော် ပြည့်ဖြိုးကျော် က ဆက်ပြောသည်။

အဆိုပါတိုက်ပွဲကို ABSDF နှင့် ဂန့်ဂေါမြို့နယ်အခြေစိုက်တပ်ဖွဲ့များမှ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်စဥ်အသေးစိတ်များကို ထုတ်ပြန်အသိပေးသွားမည်ဟု ABSDF ကဆိုသည်။

ယနေ့နံနက်ပိုင်းတွင် ကလေးခရိုင်အတွင်းရှိ ကလေးမြို့၊ ကလေးဝမြို့အပြင် မင်းကင်းမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်များ တပြိုင်နက်တိုက်ခိုက်နေခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ဂန့်ဂေါမြို့နယ်မှမင်းရွာရဲကင်းစခန်း၊ ကလေးမြို့နယ်မှ ရာဇဂြိုလ်ရဲဘက်စခန်းနှင့်မြောက်စီးရဲစခန်း၊တမူးမြို့နယ် ခမ်းပါတ်မြို့နယ်ခွဲနှင့်ဝိတုပ်ကျေးရွာမှ စစ်ကောင်စီစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း သတင်းရရှိသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်‌ဆင်ရေးတွင် စစ်ကောင်စီ အထိနာနေစဉ် စစ်ကိုင်းတိုင်းအတွင်း အချိန်တိုက်တိုက်ပွဲဖော်ဆောင်နေခြင်းဟု ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ပုံအညွှန်း - မင်းရွာရဲစခန်းကို မြင်တွေ့ရစဥ်

စာတည်း - အေးချမ်း

#Mizzima
#ဂန့်ဂေါမြို့
#မင်းရွာရဲကင်းစခန်း
#တိုက်ခိုက်သိမ်းပိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24❤7🔥1🥴1
ရွှေနှင့်နိုင်ငံခြားငွေကြေး ဈေးကွက် အရောင်းအဝယ်အေးနေ |Business Roundup(3.11.2023)
- ယူရေနီယမ်အပါအဝင် လက်နက်ထုတ်လုပ်ရေးနှင့် ဆက်နွယ်နေတဲ့ ပင်းပက်သံမဏိစက်ရုံ လည်ပတ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ-...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fw85-hYorG_M&h=AT0Rze95tyr9c7KYazmh-txqrnmk1DDtaD9opiLoSnQEadJwGt_yaUn7-RfEpl1nVYz_MhKj0GnklyCejgcwzdVu7xuAhGZMhR0kT-MaUWv3XaKbaA73mVBK-F6IHtrt&s=1
👍5🔥1
ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသောဘုန်းကြီးကျောင်းနှင့် စာရင်းစစ်ချုပ်ရ.....
https://ift.tt/oLj0tZ3
👍7🔥1