Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဘန်ကောက် ကွန်ဒို ၂ ခန်း မဲဖောက်မည့် အစီအစဉ် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူထားဟုဆို
လွိုင်ကော် PDF နှင့် ကော်ဘရာစစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ဘန်ကောက်မြို့​​ပေါ်ရှိ ကွန်ဒိုနှစ်ခန်း မ.....
https://bit.ly/3shP08j
👍5😁3❤1👏1
​​ထွေအုပ်ရုံးပေါ် ဒရုန်းပျံဝဲရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေ
==========

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပါအဝင် ရပ်ကွက်ရုံးများပေါ် ဒရုန်းပျံဝဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေမှုများ ပြုလုပ်ကြသည်ဟု ဒေသခံများထံမှ သိရသည်။

"ညဘက် ဒရုန်းလာဝဲရင် စစ်သားနဲ့ရဲတွေ ပြာယာခတ်နေတာပဲ။ ဒရုန်းတွေနောက်ကိုလိုက်တာ။ ရွာဘက်တွေကိုပါ ရောက်တယ်။ ဒရုန်းက ဘယ်ကလာတာလဲ ဘယ်သူ့ဟာလဲတော့ မသိရဘူး"ဟု ဒေသခံကပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ နိုဝင်ဘာလ ၂ ရက်နေ့အထိ သုံးညဆက်တိုက် ညအချိန်များတွင် ဒရုန်းများ ဝဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေမှုများ ပြုလုပ်ကြသည်ဟု ဆိုသည်။

ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်အထက် ကောင်းကင်တွင် အဆိုပါဒရုန်းများ ပျံဝဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

ထိုသို့ဒရုန်းများ ပျံဝဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် အုပ်ချုပ်ရေးမှူးများမှာ ယခင်ကထက်ပိုသည့် ညပိုင်းအချိန် ကင်းလှည့်မှုများ ပြုလုပ်ခြင်း၊ ဒရုန်းများနောက်သို့ ဆိုင်ကယ်များဖြင့် လိုက်ခြင်းများကို ပြုလုပ်ကြသည်ဟု ဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ပုသိမ်-ရန်ကုန် ကားလမ်းဘေးရှိ မဂူကျွန်းကျေးရွာ အနောက်ဘက်တောများအတွင်းနှင့် ရွေး၊ လေးဆူ၊ ပိတောက်ပင်ကျေးရွာများဘက်တွင် ဒရုန်းလွှတ်သူရှိမည်အထင်ဖြင့် ညအချိန် ဆိုင်ကယ်များဖြင့် လိုက်လံရှာဖွေခဲ့ကြသည်ဟု ၎င်းကဆိုသည်။

"ကျွန်တော်တို့ဘက်က လုပ်တာတော့ လုံးဝမဟုတ်ပါဘူး။ စစ်တပ်ဘက်က အကွက်ဆင်ပြီးလုပ်တာပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူးသတိထားပြီး နေကြပါ။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပြည်သူလူထုကို နစ်နာအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး"ဟု ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့ တဖွဲ့က မဇ္စျိမကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ကန်ကြီးထောင့်မြို့ပေါ် ကောင်းကင်တွင် ညပိုင်းအချိန် ပျံသန်းနေသည့် ဒရုန်းတစီးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် မြို့အနှံ့လိုက်လံပစ်ခတ်သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

#မြန်မာသတင်း
#ဧရာဝတီတိုင်း
#ကန်ကြီးထောင့်မြို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁4🥰1🥱1
ဘန်ကောက် ကွန်ဒို ၂ ခန်း မဲဖောက်မည့် အစီအစဉ် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူထားဟုဆို
👍5👏4😁1
ဘန်ကောက် ကွန်ဒို ၂ ခန်း မဲဖောက်မည့် အစီအစဉ် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူထားဟုဆို
===============

001

(မဇ္စျိမ) ။   ။ လွိုင်ကော် PDF နှင့် ကော်ဘရာစစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ဘန်ကောက်မြို့​​ပေါ်ရှိ ကွန်ဒိုနှစ်ခန်း မဲဖောက်ပေးမည့် အစီအစဉ်အတွက် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူမှု ရှိထားပြီးဖြစ်ကြောင်း Cobra Column Fundraising အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ ကွန်ဒို တခန်းလျှင် တန်ကြေး ဘတ် ၁၄ သိန်း ရှိကြောင်း Cobra Column Fundraising Team က ထုတ်ပြန်ထားပြီး စုစုပေါင်း မဲလက်မှတ် ၁၀,၀၀၀ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကမ်ပိန်းကို အလှူငွေလုပ်တာထက်စာရင် ပြည်သူတွေလည်း ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ဆိုရင်လည်း ဒီဟာက အဆင်ပြေတယ်ပေါ့နော်။ ပေါက်သွားတဲ့အခါ ၊ ပြီးတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ဆိုရင်လည်း တော်လှန်ရေးလုပ်ပြီးတော့ မဲဆောက်ဘက်မှာ လာနေရတဲ့သူအချို့ရှိတယ်၊ သူတို့အတွက်ဆိုရင်လည်း အဆင်ပြေတယ်ပေါ့နော်”ဟု အဆိုပါ အဖွဲ့ဝင်က ပြောသည်။

မဲလက်မှတ်တစောင်လျှင် မြန်မာကျပ်ငွေဆိုပါက ၅၀,၀၀၀ ကျပ် ၊ အမေရိကန်ဒေါ်လာဆိုပါက ၁၇ ဒေါ်လာနှင့် ထိုင်းဘတ်ငွေဆိုပါက ၆၀၀ ဘတ် သတ်မှတ်ထားကြောင်း သိရသည်။

မဲလက်မှတ်ကို ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ညပိုင်း သို့မဟုတ် နိုဝင်ဘာလ ၄ ရက်နေ့တွင် တရားဝင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း ကြိုတင်ဝယ်ယူမှုများရှိနေကြောင်း သိရသည်။

“လွိုင်ကော် PDF က မဲ ၅,၀၀၀ ၊ ကော်ဘရာက မဲ ၅ ၀၀၀ ပေါ့။ အဲ့ဒီဟာ ၁၀,၀၀၀ ပြည့်သွားပြီဆိုရင် တခါတည်း မဲဖောက်ပေးပြီးတော့ သော့ကို ပေါက်တဲ့လူကို အပ်သွားပေးမှာပေါ့။ ကုန်တာနဲ့ တခါတည်း ရပ်လိုက်မှာပေါ့”ဟု ဆိုသည်။

မဲဖောက်ပေးမည့် ကွန်ဒိုအခန်းအား မလိုချင်ဘဲ ငွေသားသာရယူလိုပါကလည်း ဘတ်ငွေ တသန်းကို ချက်ချင်းထုတ်ယူနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

လက်ရှိ မြေပြင်တွင် စစ်ဆင်ရေးဆောင်ရွက်နေသည့် စစ်ကြောင်းများအတွက် ခဲယမ်းလိုအပ်ချက်မှာ အဓိကစိန်ခေါ်မှုဖြစ်နေပြီး ရရှိသည့် ရန်ပုံငွေများကို ခဲယမ်းလိုအပ်ချက်အတွက်လည်း ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း Cobra Column Fundraising Team ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ပုံအညွှန်း - Cobra Column Fundraising Teamက ထုတ်ပြန်ထားသည့်
 ကွန်ဒိုပုံ။
#mizzima
#ဘန်ကောက်
#ကွန်ဒို

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28👏2😁1
​​PDFများ ဝင်တိုက်မည့် သတင်းကြောင့် ရေဦးမြို့ ဝင်ထွက်ပေါက်များအားလုံး စစ်ကောင်စီပိတ်ဆို့
================

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ရေဦးမြို့ထဲမှ စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မြို့အဝင်အထွက်ပေါက် အားလုံးကို စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီး ဒေသခံများကိုလည်း အဝင်အထွက် ခွင့်မပြုတော့ကြောင်း သတင်းရရှိသည်။ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ထဲသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်လာပြီး စစ်ကောင်စီစခန်းများကို တိုက်ခိုက်မည်ဟူသော သတင်းသည် ယနေ့ နိုဝင်ဘာလ ၃ရက် နေ့လယ်မှစတင် ပျံ့နှံ့ခဲ့သည်။ ထို့နောက် စစ်ကောင်စီက ရေဦး-ခင်ဦးလမ်း၊ ရေဦး-ဒီပဲယင်းလမ်း၊ရေဦး - သံသည်လမ်း၊ ရေဦး - တန့်ဆည်လမ်းတို့ကို ယနေ့ ညနေ ၄နာရီမှစ၍ စစ်ကားများအသုံးပြုပြီး ပိတ်ဆို့လိုက်သည်ဟု သိရသည်။ 

" မြို့ရဲ့အဝင်အထွက်အကုန်လုံးကို စစ်ကားကြီးတွေနဲ့ ပိတ်ပစ်ပြီးတော့ သွားခွင့်မရှိဆိုပြီးတော့ လုပ်လိုက်တာပေါ့။ သူတို့(စစ်ကောင်စီတပ်) အတိုက်ခံရရင် အကုန်လုံးပါမယ်ဆိုတဲ့ သဘောနဲ့ ပိတ်ပစ်လိုက်တာ"ဟု ဒေသခံတဦးကပြောသည်။

ရေဦးမြို့သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် ပါဝင်သည်။ မူလက ညနေ ၆နာရီမှနောက်နေ့ နံနက်၆နာရီအထိ သွားလာခွင့် ပိတ်ပင်သည့် မာရှယ်လော ထုတ်ထားခဲ့ပြီး ယနေ့မှစ၍ ညနေ ၄နာရီမှ နောက်တစ်နေ့ နံနက်၆နာရီအထိ သွားလာခွင့် ပိတ်ပင်လိုက်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ဒေသခံများ ကြောက်လန့်အောင် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်နေသည်ဟု ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောသည်။

" စစ်ကိုင်းတိုင်းထဲက မြို့တချို့ ဒီနေ့အတိုက်ခံရတော့ ကြောက်လန့်ပြီး ပြာယာခပ်နေတာ။ မြို့ခံတွေ ကြောက်လန့်နေအောင် လုပ်ထားတာ" ဟု ၎င်းက ပြောသည်။

ယနေ့တွင် စစ်ကိုင်းတိုင်းအတွင်းကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုလ်ရဲဘက်စခန်း၊ မြောက်စီးရဲစခန်း ၊ ရန်ကြီးအောင်စခန်း ၊ကလေးမြို့နှင့်ချင်းပြည်နယ်စပ်မှ သိုင်းငင်းစခန်း၊ တမူးမြို့နယ် အတွင်းရှိ ဝိတုတ်နှင့် ခမ်းပတ်ရဲစခန်း၊ ကောင်းလင်းမြို့ ရဲစခန်းနှင့်ထွေအုပ်ရုံး၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ မင်းရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်တိုက်ခိုက်ခဲ့ပြီး စခန်းအချို့ကို သိမ်းပိုက်ခဲ့သည်။

စာတည်း - အေးချမ်း
#Mizzima
#ရေဦးမြို့
#မြို့အဝင်အထွက်ပိတ်ဆို့
#မာရှယ်လော 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30👏2
​​အီးယူက တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို စိန်ခေါ်မည့် အစီအစဉ်သစ်များ မိတ်ဆက် 
=================

ဥရောပသမဂ္ဂ (အီးယူ) သည် ၎င်း၏ Global Gateway အစီအစဉ်အတွက် ဒေါ်လာသန်းပေါင်းများစွာထောက်ပံ့မည့် သဘောတူညီချက်များကို ဖိုရမ်တစ်ခုတွင် ကြေညာခဲ့ပြီး အီးယူ၏ အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းမှုအစီအစဉ်သစ်သည် တရုတ်နိုင်ငံ၏ ကမ္ဘာတစ်ဝန်းတွင် ဖော်ဆောင်နေသော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အစားရွေးချယ်စရာတစ်ခုအဖြစ် ရှုမြင်ရသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ နိုဝင်ဘာ၂၀၂၃) 
===============

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က KIA ကို အမြတ်ပြတ်ချေမှုန်းမည်ဟု လေကျယ်နေသလို စစ်တပ် ဝါဒဖြန့် သတင်းစာများတွင်လည်း KIA တပ်ဖွဲ့ဝင်များ အလင်းဝင်လာသည်ဟု လိမ်လည်နေ သည်ကို တွေ့ရသည်။မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ပြည်သူအပေါ် ရိုးသားမှုမရှိသလို လိမ်လည် ကောက်ကျစ်သည့် အဖွဲ့စည်းတစ်ခုဖြစ်နေသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁4
​​စစ်ကိုင်း၊ မကွေး ဒေသရှိ စစ်ကောင်စီ စခန်းများကိုတစ်ပြိုင်နက် ၀င်တိုက်ရာ စခန်းအချို့ကို သိမ်းပိုက်ရရှိ‌ကြောင်း NUG ထုတ်ပြန်
=============

002

(မဇ္ဈိမ) ။ ။ စစ်ကိုင်းနှင့် မကွေး ဒေသများရှိ စစ်ကောင်စီစခန်းများနှင့် ရဲစခန်း များကို တစ်ပြိုင်နက်တည်း ၀င်တိုက်ရာ စခန်းအချို့ကို သိမ်းပိုက် ရရှိ‌ကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

အမှတ်( ၁ ) စစ်ဒေသဟု NUG က သတ်မှတ်ထားသည့် ယင်းဒေသရှိ စစ်စခန်းနှင့် ရဲစခန်းများကို ယနေ့ နို၀င်ဘာ ၃ ရက် နံနက် အာရုံတက်ချိန်တွင် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့ နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့ရှိ စခန်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ ရန်သူ့တပ်အထိုင်စခန်းကုန်းကို ခန္တီးခရိုင် တပ်ရင်း (၁)၊ HPDF 124၊ HPDF မိုးကြိုး ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

နိုဝင်ဘာ ၃ရက်နေ့ နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီအထိုင်တပ် စခန်းများကို တမူးခရိုင်တပ်ရင်း (၁)၊ တမူးခရိုင်တပ်ရင်း (၂)၊ အထူးလှုပ်ရှားတပ်ရင်း (၂) နှင့် မဟာမိတ် ABSDF ပူးပေါင်း တပ်ဖွဲ့တို့ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာရှိ စကစ အထိုင်တပ်စခန်းကို ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ပြီးစစ်ကောင်စီက Mi-35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်းကောင်း၊ တိုက်ခိုက်ရေးလေယာဉ် (Jet Fighter) ဖြင့် လာရောက်ဗုံးကြဲခဲ့ သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း (၁)၊ (၂) တို့ကို အထူးလှုပ်ရှားတပ်ရင်း (၂)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းစခန်း(၂) ကို သိမ်းပိုက်ရရှိခဲ့‌ကြောင်း၊ နေ့လယ် ၁၂ နာရီ ၄၆ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်ရေးလေယာဉ် (Jet Fighter) ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့‌ေကြာင်း ဆိုသည်။

အဆိုပါ အကျဉ်းဦးစီးစခန်း (၁) မှ စစ်ကောင်စီခန့် ရဲ နှင့် ဝန်ထမ်း ဝန်ထမ်း ၂၀ ဦး ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့ပြီး အကျဉ်းစခန်း (၁) ကိုပါ ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့‌ကြောင်း NUG ကာကွယ် ရေးက ထုတ်ပြန်သည်။

အလားတူ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ စစ်ကောင်စီ တပ်အထိုင်စခန်းနှင့် ဝန်းသိုမြို့နယ်၊ မီးသတ်ရုံးနှင့် တီဗီကုန်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းများကို ပူးပေါင်းအဖွဲ့ က ၀င်တိုက်ခဲ့သည်။

‌ကောလင်းမြို့နယ်၊ မြို့နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီက Jet Fighter ဖြင့် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် လေး ကြိမ်၊ ညနေ ၄ နာရီခန့်တွင် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် Mi 35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နာရီဝက်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အလားတူ ဆင်စွယ်ရဲစခန်းကိုလည်း ၀င်ရောက်တိုက်ခိုက်ခဲ့‌ ‌ကြောင်း၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်တွင် စခန်းအား သိမ်းပိုက်ရရှိခဲ့‌ကြောင်း၊ ကျောက်ထုအခြေစိုက် အမှတ် (၃၇၁) အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မင်းရွာဒေသခံ အပြစ်မဲ့ပြည်သူ နှစ်ဦး အအသက်ဆုံးရှုံးခဲ့ရ သည်ဟု NUG ကဆိုသည်။

စစ်ကောင်စီစခန်းများနှင့် ရဲစခန်းများကို မဟာမိတ်တိုင်းရင်းသား အဖွဲ့များ၊ PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#NUG
#စစ်ကိုင်း
#မကွေး

ပုံအညွှန်း- စစ်ကိုင်းနှင့် မကွေးရှိ တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစခန်းနှင့် ရဲစခန်းများ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍49❤2👏2😁1🥴1
အဝေးကွင်းမှာ အရေးနိမ့်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ် 

Las Palmas 2 - 1 Atletico Madrid (FT)

Rodriguez 51'
Benito 75'
Morata 83'
👍8❤1