Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အဝေးကွင်းမှာ အရေးနိမ့်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ် 

Las Palmas 2 - 1 Atletico Madrid (FT)

Rodriguez 51'
Benito 75'
Morata 83'
👍8❤1
အဝေးကွင်းမှာ အရေးနိမ့်ခဲ့တဲ့ လာဇီယို 

Bologna 1 - 0 Lazio (FT)

Ferguson 46'
👍9❤1👎1
ပဲရစ်မှာ ဂိုးပြတ်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီ 

PSG 3 - 0 Montpellier (FT)

Lee 10'
Zaire-Emery 58'
Vitinha 66'
👍13
နိုဝင်ဘာလ( ၄ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
NUG က ဖွင့်လှစ်မယ့် တက္ကသိုလ် ၁၆ ခုမှာ ပထမနှစ်ကျောင်းသား ဦးရေ ၈၅၀၀ ကျော် လက်ခံသွားမယ်လို့ အမျိုးသားညီညွတ်ရေးအ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsLgbKHzqhHk&h=AT0Km4BKc_Ry32efsWcj1x5D_pew40PKHKj9vr-_2N2atXN1HefSJ2kYPN04bx0j2o7LL2R8Y5UjyWNZCZq8mrValKdcAj38iEfWPScI_X8PhwUaPpXwgociGcGNDlxR&s=1
👍13😁2
နိုဝင်ဘာလ( ၄ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
NUG က ဖွင့်လှစ်မယ့် တက္ကသိုလ် ၁၆ ခုမှာ ပထမနှစ်ကျောင်းသား ဦးရေ ၈၅၀၀ ကျော် လက်ခံသွားမယ်လို့ အမျိုးသားညီညွတ်ရေးအ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsLgbKHzqhHk&h=AT2LuVC0Mtq-xxD0K9GkWwJlewnA9HYcL02BQJ0K3lPZSKJ6vtXQZUgTsY0bKbxTBEcHIWPMEPsgRLfj_lCu0_dfVIyTwncgkl29-rsJHWH3Ky2c8gc9OWQtESnjKAHN&s=1
👍10😁2
အာဏာရှင်စနစ် ခေတ်သုံးခေတ် | Friday Analysis ( 4-November-2023 )
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဦးဆောင်တဲ့ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေဟာ မြန်မာ့သမိုင်းကို အပြောင်းအလဲဖြ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F0QKzLyfjKOY&h=AT0blCFUz3XUW6EFPGF9GvSxIatfPlzBbxN698vkNWSclKqdnhBF-giY3-KNUhFULUMwm3fwj3nuuhdsICT8lFEpxMJE6EFHNKz-76eiAmrNiXVcWYOx-PyH1zZQr_h-&s=1
❤7👍3🔥2
အာဏာရှင်စနစ် ခေတ်သုံးခေတ် | Friday Analysis ( 4-November-2023 )
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဦးဆောင်တဲ့ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေဟာ မြန်မာ့သမိုင်းကို အပြောင်းအလဲဖြ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F0QKzLyfjKOY&h=AT21-QGWf86D6sePl1TpgyVaGjbzXEFECD4Oo2TqUNei_FDOW9WBxwb_ymkQwQJ9koUgiwPs-gD8wMb5QgqO-y5CiMF7QtQlUY0u99A-mfbyDyWiB4HUbPz22Yvmy63S&s=1
👍9🔥2
​​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦး နှင့် သူ့အမေ၏ ငိုတဖက်နှင့် ပြုံးမျက်နှာ(ဆောင်းပါး)
=============

ချမ်းငြိမ်း

မောင်နီသည် ခရီးဆောင်ကျောပိုးအိပ်တလုံး ဘေးတွင်ချကာ ခုံတန်းရှည်ပေါ်တွင် ထိုင်နေသော အဘွားအိုတဦးအား လက်ဆယ်ဖြာထိပ်မှာမိုး၍ ဦးချကန်တော့အပြီးတွင် မောင်နီမှ ရုတ်တရက်ဖြင့် ဒူးထောက်လျက် မိခင်ဖြစ်သူ၏ ရင်ခွင်အတွင်း ခေါင်းကလေးထိုးကာ တင်းတင်းကျပ်ကျပ် ဖက်ထားလေ တော့သည်။ ဤမြင်ကွင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ခွင့်ရက်စေ့ကာ တပ်ရင်းတပ်ဖွဲ့သို့ ပြန်ရတော့မည်ဖြစ်၍ တခဏတာခွဲခွာခြင်းအတွက် နှုတ်ဆက်နေခြင်းပင်ဖြစ်သည်။

မောင်နီက သူ့ကိုယ်သူ စစ်သားဖြစ်လာလိမ့်မည် အထူးသဖြင့်တော့ အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သောအခါကမှ စိတ်ကူးပင် မကူးခဲ့မိပါ။ အာဏာသိမ်းမှုက အသက် ၁၈ နှစ်အရွယ် လူငယ်ကလေးတဦးကို ပြောင်းလဲပစ်လိုက်တော့သည်။ 

စစ်အာဏာမသိမ်းမီက မောင်နီသည် မုံရွာတက္ကသိုလ်တွင် ပညာ သင်ကြားနေသော ကျောင်းသား တဦးဖြစ်သည်။ စာမေးပွဲကြီးဖြေဆိုနေချိန် အာဏာသိမ်းတာနှင့်ကြုံတော့ မွေးရပ်မြေ အညာဒေသ ကနီမြို့နယ်အတွင်းသို့ အထုပ်ကလေးပိုက်ကာ ပြန်လာဖြစ်တော့သည်။

ကနီရောက်တော့ မြို့ပေါ်ဆန္ဒပြပွဲများ လိုက်သွားဖြစ်ခဲ့သည်။ မောင်နီနှင့် သူငယ်ချင်းများ စောင်းဘောက်ကြီးတလုံးအား တယောက်တလှည့်ထမ်းကာ မမောနိုင်မပမ်းနိုင်နှင့် ကြွေးကြော်သံများဖြင့် ထုတ်ဖော်ဆန္ဒ ပြခဲ့ကြသည်။

တခြားသောမြို့နယ်များတွင် ငြိမ်းချမ်းစွာဆန္ဒပြနေခြင်းအား မီးသတ်ကားကြီးများနှင့် ရေပက်ဖြိုခွင်းခြင်း၊ သေနတ်များနှင့်ပစ်ခတ်ဖြိုနေကြောင်း ကြားသိရသော်လည်း စိုးရွံ့မှုမရှိဘဲ သူတို့ကတော့ ဆက်လက်ဆန္ဒပြခဲ့ကြသည်။

တနေ့တော့ ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်တွင်တည်ရှိသော သပြေအေးကျေးရွာ တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်သားများတိုက်ပွဲ ဖြစ်ပွားနေခြင်းကို မောင်နီကြားသိခဲ့ရသည်။ ကြားကြားခြင်းပင် မောင်နီသည် ဓားရှည်တလက်အား ကျောမှာလွယ်ကာ တိုက်ပွဲသို့ သွားသော သူများနှင့် လိုက်ပါသွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားသော နေရာနှင့် တရွာအကျော်သို့ အရောက် တူမီးသေနတ်များ ကိုင်ဆောင်ထားသော မုဆိုးကြီး တဦးက ‘ ငါ့တူ မင်းကနေခဲ့ မင်းမှာက ဓားလေးတချောင်းပဲပါတာ ဒီမှာကွာ ဆေးအဖွဲ့လည်း ရှိတယ် ဒီအဖွဲ့နဲ့ နောက်တန်းနေခဲ့ ’ ဟူသော တားမြစ်စကားကြောင့် နောက်တွင် ကျန်ရစ်နေခဲ့ရသည်။

ညနေပိုင်းသို့အရောက်တွင် မောင်နီနှင့်အတူ ထိုင်နေသော ဦးလေးကြီးတဦးစီသို့ ဖုန်းတလုံးဝင်လာတော့ သည်။‘ ဒဏ်ရာရတဲ့သူ တယောက်ကို ကားနဲ့သယ်လာပြီ လမ်းတွေရှင်းပေးထား မြန်မြန် မြန်မြန် ရောက်တော့မယ် ’ ဟူသော အသံကြားလိုက်ရသည်။ ဝရုန်းသုန်းကားထကာ ဦးလေးကြီးနှင့် မောင်နီတို့ နှစ်ယောက်သမား ဆိုင်ကယ်တစီးဖြင့် ရှေ့ပြေးလမ်းရှင်းလင်းရေးများပြုလုပ်ခဲ့ကြသည်။

ဒီတိုက်ပွဲက မောင်နီကို ဆုံးဖြတ်ချက် ကျစေခဲ့တော့သည်။ လအနည်းငယ်အကြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သင်တန်းများပေး နေကြောင်းကြားသိခဲ့ရပြီး နေရာ၊ အချိန်တွေ စုံစမ်းကာ သင်တန်းတက်ခဲ့သည်။ သင်တန်းတက်ပြီးချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့တော့သည်။ 

နေ့မနား ညမအား အလှည့်ကျ ကင်းစောင့်ခြင်း ရှေ့တန်း ထွက်ခြင်းများ ပြုလုပ်နေခဲ့ရာ အခုဆို …လတောင်ကြာပြီဖြစ်သည်။ မကြာခင်ဆို သီတင်းကျွတ်လရောက်ရှိရန် ရက်အနည်းငယ်ပင် လိုတော့သည်။ စစ်အာဏာမသိမ်းမီ အရင်အချိန် သီတင်းကျွတ်မီးထွန်းပွဲတော်များကို လွမ်းဆွတ်တမ်းတရင်း မျက်လုံးထဲမှ မျက်ရည်များ ဝဲကျလာတော့သည်။

သီတင်းကျွတ်လျင် ရွာပြန်ကာ လူကြီးမိဘတွေကန်တော့ချင်သည်။ ငယ်ပေါင်း သူငယ်ချင်းတွေတွေ့ချင်သည်။

PDF တပ်ရင်းတပ်ဖွဲ့မှ ခွင့်ရက်ရှည်ရရှိကြောင်း ကြားသိရပြီး ဝမ်းပမ်းတသာဖြင့် မိမိယူဆောင်လာသော အထုပ်ကလေးအား ပြင်ဆင်ကာ မွေးရပ်မြေ အမေအိုရှိသည့် အိမ်ကလေးသို့ အပြေးပြန်လာခဲ့တော့သည်။ 

အိမ်သို့အရောက် မောင်နီသည် အိမ်အပေါက်ဝတွင် ရပ်နေကာ “ အမေ ‘’ အသံကျယ်ကျယ်ဖြင့် အော်ခေါ်ကာ ‘’ သားပြန်လာပြီဗျ ခွင့်ရက်ရှည်ရလို့ပြန်လာတာ ‘’ ဟုပြောကာ အိမ်အောက်တွင် ထိုင်နေသော အမေမှ တောင်ဝှေးကလေးထောက်ကာ ဝမ်းသာပီတိဖြင့် မျက်ရည်များ ဝဲကျလာပြီး သားဖြစ်သူအား ထွက်ကြိုလေတော့သည်။ 

‘’ ဟယ် ငါ့သားပြန်လာပြီ ကြည့်ကြစမ်းပါဦး “ဟု (ဝမ်းသာလွန်း၍ မျက်ရည်ကျနေသော အသံဖြင့်/ အသက်ကြီး၍ မပီသော အသံမဟုတ်) အိမ်နီးနားချင်း ညီအကိုမောင်မှမများအား အော်ပြောလေတော့သည်။ “ငါ့သားလည်း အသားတွေမဲသွားတယ်နော် ဟိုမှ နေရထိုင်ရတာ အဆင်ပြေရဲ့လား ဖုန်းလိုင်းတွေလည်းမမိ၊ အမေကလည်း ဖုန်းတာရှိတာ မလုပ်တတ်နဲ့ ငါ့သားနဲ့ကို စကားမပြောရတာ အတော်ကြာနေပြီ၊ အခုလို စာမလာ သတင်းမပါးနဲ့ ဗြုန်းစားကြီးရောက်ချလာတော့ အမေလည်း ဝမ်းသာပြီး ငိုမိတာပေါ့လို့ “ ဟု ရှက်နေသော မျက်နှာနှင့် ပြောလေတော့သည်။
👍36🔥1
"ရှမ်းမြောက်တိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုလည်း ဖြစ်တယ်" ဒေါက်တာလှကျော်ဇော
မောင်ခက်နွေ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ နွေဦးတော်လှန်ရေးမှာ ပါဝင်တ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsloJVRbdixA&h=AT0os5ZtHYa_w3-3NeZys0H8NvJ2m2ocujCEJt5DWkJT43RftZ62BOvrGlhVzM-qu7BWfwm4v6om46Aj28_XxFK04lo4LDHeB4Unj5w_eqd_MSiS2Tby-X5vZNbHlGdX&s=1
👍12🔥1😁1
Operation 1027 နှင့် သက်ရောက်မှု အလားအလာ (NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး)
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ Operation 1027 ဖြင့် ထိုးစစ်ဆင်နေမှုများဖြစ်ပေါ်လာပြီးသည့်နောက် အခြားသောဒေသများကို.....
https://ift.tt/skI6Uu2
👍13🔥1🥰1🥴1