Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကောလင်းမြို့ ရဲစခန်းနှင့် စာသင်ကျောင်းနေရာများကို လေကြောင်းဖြင့် ၂ ကြိမ်တိုက်ခိုက်
🤬10👍2🔥1😁1
ကောလင်းမြို့ ရဲစခန်းနှင့် စာသင်ကျောင်းနေရာများကို လေကြောင်းဖြင့် ၂ ကြိမ်တိုက်ခိုက်
=================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် စာသင်ကျောင်းရှိရာနေရာကို ယနေ့ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းအချိန်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားသည်ဟု ဒေသခံထံမှ သိရသည်။

“ထွေအုပ်ရုံးနားမှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲ၊ လေယာဉ်နဲ့ လာပစ်တာ နှစ်ကြိမ်ရှိပြီ၊ ပထမအကြိမ်က ရဲစခန်းနဲ့ အထက(၁)ကျောင်းနားကို ပစ်သွားတယ်” ဟုဒေသခံက ပြောသည်။
ကောလင်းမြို့ ရဲစခန်းနှင့် အထက(၁)ကျောင်းနေရာများကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ မနက်ပိုင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က မနက် ၈ နာရီ ၄၅ မိနစ်တွင် တကြိမ် မနက် ၁၀ နာရီ ၄၅ မိနစ်တွင် တကြိမ် တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု ဒေသခံကပြောသည်။
ကောလင်းမြို့နယ်ရှိ နေရာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )၊ ပြည်သူ့ကာကွယ်ရေးတပ်( PDF) ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ များက နိုဝင်ဘာလ ၃ ရက်နေ့ မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ များ တပ်စွဲထားသည့် ကောလင်းမြို့ ရဲစခန်း ၊ထွေအုပ်ရုံး နှင့် အထက (၁) ကျောင်း နေရာများကို တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

နိုဝင်ဘာလ ၃ ရက် ည ၈နာရီတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ၁၂ မိုင်ခန့်ဝေးသည့် ဖလဲရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များ ပျက်စီးခဲ့ပြီး အသက် ၃၄ နှစ်အရွယ် ကိုနိုင်မင်းဦးဆိုသူ သေဆုံးသွားကြောင်း Kawlin Info အဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မြန်မာသတင်း
#စစ်ကိုင်းတိုင်း
#ကောလင်းမြို့
#လေကြောင်းတိုက်ခိုက်မှု

ပုံအညွှန်း-ကောလင်းမြို့မှစစ်ရှောင်နေသည့် ပြည်သူများကိုတွေ့ ရစဉ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍6🔥2😁2❤1
​​4.11.2023 (Saturday ) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်

✅Highlight ✅

👉Easy Thai Cooking Show (ညနေ - ၆ နာရီ) 

👉India Movie - Double XL (ည- ၈ နာရီ) 

👉 Korea Movie -Ditto (ည- ၁၀ နာရီခွဲ)

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
👍7🔥2
အစ္စရေးက လေဆာသုံး ဒုံးခွင်းလက်နက်သုံးသည်ဆိုသော ရုပ်သံဖိုင်အတု
အစ္စရေးက လေဆာသုံးဒုံးခွင်းလက်နက် (Iron Beam) အားအသုံးပြုနေသည်ဆိုသော ရုပ်သံဖိုင်တခု ပျံ့နှံ့နေသည်။ ယင်းရုပ်သံဖို....
https://ift.tt/YgrZHaS
👍6🔥1👏1
​​အစ္စရေးက လေဆာသုံး ဒုံးခွင်းလက်နက်သုံးသည်ဆိုသော ရုပ်သံဖိုင်အတု 
============

Zz 

(မဇ္ဈိမ) ။ ။ အစ္စရေးက လေဆာသုံးဒုံးခွင်းလက်နက် (Iron Beam) အားအသုံးပြုနေသည်ဆိုသော ရုပ်သံဖိုင်တခု ပျံ့နှံ့နေသည်။ ယင်းရုပ်သံဖိုင်မှာ မှားယွင်းနေသည်။ 

Ko Kyaw အမည်ရှိ တစ်ခ်တော့ အသုံးပြုသူတဦးမှ လေဆာ ( Israel) ဟု ထည့်သွင်းရေးသားထားသည့် ရုပ်သံဖိုင်တခုကို ဖြန့်ဝေထားသည်။ ထို့ ပြင် #israel #viral #War #viral #Lazer ဟုလည်း ရေးသားထားသည်။ ရုပ်သံဖိုင်သည် ဒုံးကျည်များကို လေထဲတွင် လေဆာဖြင့် ပစ်ခွင်းနေသည့် ဖိုင်ဖြစ်သည်။ အဆိုပါရုပ်သံဖိုင်အား ဝင်ရောက်ကြည့်ရှုသူ ၁၆၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။ 

ထိုဖိုင်ဖြင့်ပင် AK Htoo အမည်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူမှ “လက်ရှိ အစ္စရေး Vs ပါလစ္စတိုင်းစစ်ပွဲတွင် ပွဲထုတ်နေပြီဖြစ်တဲ့ Iron Beam Best Laser Anti-Missile” ဟု ရေးသားကာ ထပ်မံဖြန့်ဝေထားပြီး ကြိုက်နှစ်သက်သူ ၂,၇၀၀၊ ပြန်လည်မျှဝေသူ ၃၀၀ကျော်နှင့် ကြည့်ရှုသူ ၆၃,၀၀၀ အထိရှိခဲ့သည်။ 

မဇ္ဈိမ အချက်အလက် စစ်ဆေးသူများမှ ထိုရုပ်သံဖိုင်ကို စစ်ဆေးခဲ့ပြီး ထို ရုပ်သံဖိုင်မှာ ဖိုင်အဟောင်းဖြစ်ပြီး ကာတွန်း -Animation ဖြင့် ပြုလုပ်ထားကြောင်း တွေ့သည်။  

ထို ရုပ်သံဖိုင်သည် ၂၀၁၉ ခုနှစ် ဧပြီလကတည်းက X လူမှုကွန်ရက် (ယခင် တွစ်တာ) တွင် ဖော်ပြထားသည့် ရုပ်သံဖိုင်ဖြစ်သည်။ 

ရုပ်သံဖိုင်မူရင်းအား အဆင့်မြင့် လေကြောင်းကာကွယ်ရေးစွမ်းရည်များအား ပံ့ပိုးပေးနေသော အဖွဲ့တခုဖြစ်သည့် RTX တွစ်တာစာမျက်နှာမှ ဖြန့်ဝေထားသည်။ ၎င်းတို့ဖြန့်ဝေမှုတွင် ဝေဟင်မှ စစ်ဆင်ရေးလာလုပ်သည့် (သို့မဟုတ်) သူလျှိုလာလုပ်သည့် မောင်းသူမဲ့စနစ်နှင့် လေယာဉ်များအား မည်သို့ဖြေရှင်းနိုင်မည်ကို ဖော်ပြအပ်ပါသည်ဟု ရေးသားကာ Animation - ကာတွန်းပုံဖြင့် ပုံဖော်ထားသည့် ရုပ်သံဖိုင်သာဖြစ်သည်။ 
လင့် - https://shorturl.at/BDEVX

ထို့အပြင် လေဆာသုံး ဒုံးခွင်းလက်နက် (Iron Beam) အကြောင်းကို ဆက်လက်ရှာဖွေခဲ့ရာ ယခုလက်နက်နှင့်ပတ်သက်၍ သုတေသနပြုစမ်းသပ် စစ်ဆေးနေသော အစ္စရေးအခြေစိုက် ရာဖေးလ် (Rafael) ကုမ္ပဏီမှ အဆိုပါလက်နက်သည် ကနဦးစမ်းသပ်အောင်မြင်မှု အဆင့်သာရှိသေးပြီး လက်တွေ့ အသုံးပြုနိုင်ကြောင်းကို ဖော်ပြထားခြင်းမရှိပေ။
လင့်- https://shorturl.at/zGQR3 

အောက်တိုဘာ ၁၈ရက်နှင့် အောက်တိုဘာ ၂၃ရက်တို့တွင် ပြင်သစ်သတင်းဌာနနှင့် ဗွီအိုအေ သတင်းဌာနများတွင် ယင်းလက်နက်အကြောင်းများ ဖော်ပြထားသော်လည်း အစ္စရေးမှ ယခု ပါလက်စတိုင်းနှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် အသုံးပြုနေကြောင်းကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။ 
လင့် - https://shorturl.at/ovzBC , https://tinyurl.com/4nzscvnz 

ယခုလက်နက်အား အသုံးပြုရန် နောက်ထပ် နှစ်နှစ် မှ သုံးနှစ်အထိ အချိန်ယူရလိမ့်မည်ဖြစ်ကြောင်း ၂၀၂၂ခုနှစ် အောက်တိုဘာတွင် ရာဖေးကုမ္ပဏီက ပြောကြားခဲ့ကြောင်း The Times of India သတင်းဝက်ဘ်ဆိုဒ်မှလည်း ဖော်ပြထားသည်။ 
လင့်- https://shorturl.at/nsvyZ 

အချက်အလက် စစ်ဆေးသည့် အဖွဲ့တခုဖြစ်သည့် Fact Crescendo Myanmar မှလည်း အဆိုပါအကြောင်းကို အချက်အလက် စစ်ဆေးထား သည်ကိုလည်း တွေ့ရသည်။၊ 
လင့် - https://shorturl.at/h1357 

ထို့ကြောင့် အစ္စရေးမှ လေဆာသုံးဒုံးခွင်းလက်နက်အား ပါလက်စတိုင်းနှင့်စစ်ပွဲတွင် အသုံးပြုနေသည်ဆိုသော ရုပ်သံဖိုင်မှာ အမှန်တကယ်မဟုတ်ဘဲ Animation ဖြင့်ပြုလုပ်ထားသော ရုပ်သံဖိုင်သာဖြစ်ပြီး အစ္စအရေးအနေဖြင့် ယင်းလက်နက်အား သုံးစွဲကြောင်း မည်သည့်သတင်းဌာနတွင်မှ ဖော်ပြထားခြင်းမရှိပေ။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#Misinformation_Buster
#Fake_News
#Israle
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2🔥1
ဂျာယန်ပြည်သူ့စစ်‌ ထောက်ပို့စခန်းကို သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင် ၃၈ ဦးကို TNLA ဖမ်းဆီး
👍15👏4❤2😁1🥴1
ဂျာယန်ပြည်သူ့စစ်‌ ထောက်ပို့စခန်းကို သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင် ၃၈ ဦးကို TNLA ဖမ်းဆီး 
================

ဂျူချန်း၊ 002

(မဇ္ဈိမ)။  ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရှိ ဂျာယန်ပြည်သူ့စစ်‌ ထောက်ပို့စခန်းကို သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင် ၃၈ ဦးကို ဖမ်းဆီးရမိ‌ကြောင်း TNLA က ယနေ့အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါစခန်းကို ယနေ့ နံနက် ၅ နာရီခွဲတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်ပြီး ဗိုလ်မှုးအဆင့်ရှိ လက်ထောက်စခန်းမှုး၊ ဗိုလ်ကြီးအဆင့် ဒု-လက်ထောက်စခန်းမှူး တဦးနှင့် ဗိုလ်အဆင့် ဆေးမှူးတဦး အပါအ၀င် ၃၈ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူ ၃၈ ဦးအနက် လေးဦးကို ထိန်းသိမ်းထားပြီး ၃၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်‌ကြောင်း TNLA ပြောခွင့်ရသူ တားအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

“အားလုံးပေါင်းကတော့ ၃၈ ယောက်ဖြစ်တယ်၊ လေးယောက်ကတော့ တာဝန်ရှိတဲ့လူတွေမို့ ထိန်းသိမ်းထားတာဖြစ်တယ်၊ ကျန်တဲ့ တပ်ဖွဲ့ဝင်တွေကတော့ ဒီဒေသခံတွေပဲဖြစ်တယ်၊ တိုင်းရင်းသားဒေသခံတွေပဲ ဖြစ်တော့ ကျနော်တို့ နေရပ်တွေကို ပြန်လွှတ်ပေးလိုက်တာပါ” ဟု TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမကိုပြောသည်။

သိမ်းပိုက်ခံလိုက်ရသည့် ဂျာယန်ပြည်သူ့စစ်စခန်းသည် စစ်ကောင်စီအတွက် အရေးပါသည့် ထောက်ပို့ကြားစခန်းတခုဖြစ်ပြီး ထောက်ပို့လုပ်ငန်း မလုပ်ရန် အကြိမ်ကြိမ် သတိပေးပြီးမှ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း TNLA ဘက်က ပြောသည်။

စခန်းအတွင်းမှ လက်နက်မျိုးစုံ (၇၈) လက်၊ ကျည်မျိုးစုံ (၄၃ ) ဖာ၊ (၂၁၈ )ထောင့်၊ စကားပြောစက် ( ၂၁)လုံးနှင့် ယာမဆေးပြား အထုတ်ကြီး ( ၃၉)ထုတ်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ပုံနှင့်တကွ ထုတ်ပြန်သည်။

လက်ရှိတွင် “Operation 1027” အဖြစ် TNLA မှ ဦးဆောင်သည့် တပ်ပေါင်းစုသည် လားရှိုး၊ မိုးမိတ်၊ နမ့်ခမ်း၊ မန်တုံ၊ နောင်ချို စသည့်ဒေသမှ စစ်ကောင်စီ၊ တပ်စခန်း၊ ပြည်သူ့စစ်တပ်စခန်းနှင့် ရဲစခန်းပေါင်း ၂၂ ခုကို သိမ်းဆည်းရရှိထားပြီး ယနေ့အထိ ထိုတပ်စခန်းများအား လက်လွှတ်လိုက်ရခြင်းမရှိဘဲ ပူးပေါင်းတပ်မှ တပ်စွဲထားကြောင်း သိရသည်။

“ကျနော်တို့ဘက်အခြမ်းကတော့ ဒီနေ့အထိဆိုရင် စခန်းပေါင်း ၂၂ လောက် ရှိသွားပြီ၊ လောလောဆယ်တော့ ကျနော်တို့ ရတဲ့စခန်းကို ကျနော်တို့ပဲ ထိုင်နေတယ်၊ ကျနော်တို့အဖွဲ့ပဲ နေရာချထားတယ်၊ ပြန်ပြီးလက်လွှတ်လိုက်ရတဲ့ စခန်းတော့ မရှိသေးဘူး” ဟု ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

စစ်ဆင်ရေး ၁၀၂၇ ကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ဦးဆောင်ကာ ဖော်ဆောင်နေပြီး တပတ်အတွင်း စစ်ကောင်စီတပ်၏ စခန်းကြီး၊ စခန်းငယ် ၁၀၀ ကျော်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းထားသည်။

ပုံအညွှန်း-ဂျာယန်ပြည်သူ့စစ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (PSLF/TNLA)

စာတည်း။  ။ နောင်နောင်

#မြောက်ပိုင်းမဟာမိတ်အဖွဲ့
#ဂျာယန်ပြည်သူ့စစ်စခန်း
#ရှမ်းမြောက်
#Mizzima
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14👍13😁2
ဖိုင်အဟောင်းဖြင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့မှ အင်အား ၆၀ ခန့် ကျဆုံးကြောင်း ဝါဒဖြ
လားရှိုးမြို့နယ်၊ မိုင်းတင်းတိုက်ပွဲ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့မှ အင်အား ၆၀ ခန့် သေဆုံးသယောင် ဖြ....
https://bit.ly/3SJFaXV
😁11👍3
ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်တိုက်ပွဲတွင် PDF ၆ ဦးကျဆုံး
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တွင် နိုဝင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်.....
https://bit.ly/47mFsId
👍6👏1😁1