ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ် ရလဒ်များ
=============
SV Darmstadt 1 - 2 VfL Bochum
Koln 1 - 1 Augsburg
Freiburg 3 - 3 M'gladbach
Hoffenheim 2 - 3 Leverkusen
Mainz 2 - 0 RB Leipzing
Union Berlin 0 - 3 Frankfurt
=============
SV Darmstadt 1 - 2 VfL Bochum
Koln 1 - 1 Augsburg
Freiburg 3 - 3 M'gladbach
Hoffenheim 2 - 3 Leverkusen
Mainz 2 - 0 RB Leipzing
Union Berlin 0 - 3 Frankfurt
👍5
ဘီးလင်းတွင် ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
================
YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာ၊ ဝင်းကနယ်မြေ ရဲစခန်းမှ ရဲတဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
ပစ်သတ်ခံရသူသည် ဝင်းကနယ်မြေရဲစခန်းမှ ရဲတပ်သား ဇော်နိုင်ဝင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ အရက်ဆိုင်တဆိုင်၌ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
"ကျိုက်ထို- တောင်စွန်း ကားလမ်းဘေးက အရက်ဆိုင်ထဲမှာ ဖြစ်တာ၊ ဆိုင်က လူစုံတယ်လေ၊ ရဲရော ထောက်လှမ်းရေးရော အကုန်လာထိုင်သောက်ကြတဲ့ဆိုင်ပဲ၊ အခု လာပစ်သွားတာကောင်လေး ငယ်ငယ်လေးတွေပဲ၊ သုံး၊ လေးချက်လောက် ဆက်တိုက် ပစ်သွားတာ" ဟု ဝင်းကကျေးရွာ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သား ဇော်နိုင်ဝင်းသည် လည်ပင်းနှင့် လက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
"ကျနော်တို့ တော်လှန်ရေးအင်အား စုတွေအနေနဲ့ အချိန်မရွေး ဝင်ရောက် ထိုးဖောက်နိုင်တယ်ဆိုတဲ့ သဘောနဲ့ တော်လှန်ရေးအင်အားစုတဖွဲ့က သွားရောက် ပြုလုပ်ခဲ့တာဖြစ်တယ်" ဟု ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) တာဝန်ခံက မဇ္ဈိမကိုပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်လာပြီး ဆိုင်အတွင်းရှိနေသူများအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ဝင်းကနယ်မြေရဲစခန်းကို ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စာတည်း။ ။ နောင်နောင်
#ဝင်းကနယ်မြေ ရဲစခန်း
#မွန်
#ရဲပစ်သတ်ခံရ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍17🥰1👏1🥴1
မင်းရွာရဲစခန်းတိုက်ပွဲတွင် ၆ ဦးသေဆုံးပြီး ၁၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း NUG ထုတ်ပြန်
👍23👏4❤1

=====================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး ၁၁ ဦးကို လက်ရအရှင်ဖမ်းမိခဲ့ကြောင်း NUG ကာကွယ်ရေးဌာနက နိုဝင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။
လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
ယမန်နေ့ နိုဝင်ဘာလ ၃ရက်နေ့ နံနက် ၅နာရီ ၅၀ မိနစ်အချိန်မှစတင်ကာ နံနက် ၁၀ နာရီခန့်အထိ မင်းရွာရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ်(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊၁၉) တပ်ရင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် နယ်မြေခံ ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။
တိုက်ပွဲတွင် ခြောက်ဦးသေဆုံးကာ ၁၁ ဦးကို လက်ရဖမ်းရမိခဲ့ခြင်းဖြစ်ပြီး စခန်းကို စွန့်ခွာထွက်ပြေးသွားသူ လေးဦးရှိကြောင်းလည်း NUG က ဆိုသည်။
စခန်းသိမ်း တိုက်ပွဲအတွင်း G-3 သေနတ် ၁၁ လက်၊ G-4 သေနတ်တလက်၊ MA-1 သေနတ်တလက် ၊ MA- 3 သေနတ်တလက်၊ MA-4 သေနတ်တလက်၊ 40 မမ တလက်၊ 60မမ နှစ်လက်၊ ခြောက်လုံးပြူး သေနတ် နှစ်လက်၊ G3 ကျည် ၃,၇၇၀ တောင့်၊ MA ကျည် ၂,၀၃၀တောင့် ၊ ၆၀မမ ဗုံးသီး ၃၂လုံး၊ နင်းမိုင်းကြီး ၁၀ လုံး၊ နင်းမိုင်းသေး ၁၀ လုံး၊ လက်ပစ်မိုင်း ခြောက်လုံး၊ တိုက်မိုင်း ၁၀ လုံး၊ G3 ကျည်ဘောက် ၂၂ ၊ MA2 ကျည်ဘောက်တခု ၊ ၄၀မမ ဗုံးသီး ၁၉ လုံး၊ MA ကျည်ဘောက် ၁၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။
စစ်ကောင်စီဘက်ကမှု NUG ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အတည်ပြုခြင်း၊ ငြင်းဆိုခြင်း စသဖြင့် တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
မင်းရွာရဲကင်းစခန်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း တပ်ဖွဲ့ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုရဲကင်းစခန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
ပုံအညွှန်း- မင်းရွာကင်းစခန်း တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ (Photos- NUG)
စာတည်း။ ။ နောင်နောင်
#မင်းရွာရဲစခန်း
#NUG
#ABSDF
#စခန်းသိမ်းတိုက်ပွဲ

👍17👏4❤3🥴2
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) ပွဲပြီးရလဒ်များ
=============
ဘရန့်ဖိုဒ် ၃ - ၂ ဝက်စ်ဟမ်း
မန်စီးတီး ၆ - ၁ ဘုန်းမောက်
ရှက်ဖီး ၂ - ၁ ဝုဗ်
အဲဗာတန် ၁ - ၁ ဘရိုက်တန်
ဘန်လေ ဝ - ၂ ခရစ္စတယ်ပဲလေ့စ်
Photos: EPA/ #PremierLeague
=============
ဘရန့်ဖိုဒ် ၃ - ၂ ဝက်စ်ဟမ်း
မန်စီးတီး ၆ - ၁ ဘုန်းမောက်
ရှက်ဖီး ၂ - ၁ ဝုဗ်
အဲဗာတန် ၁ - ၁ ဘရိုက်တန်
ဘန်လေ ဝ - ၂ ခရစ္စတယ်ပဲလေ့စ်
Photos: EPA/ #PremierLeague
👍10❤2
ဂျာမန်ဒါဘီမှာ ဂိုးပြတ်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်
Dortmund 0 - 4 Bayern Munchen (FT)
Upamecano 4'
Kane 9', 72', 90+3'
Dortmund 0 - 4 Bayern Munchen (FT)
Upamecano 4'
Kane 9', 72', 90+3'
👍3