Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နိုဝင်ဘာလ ၅ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
===================
 
By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/VpBFvgF9sxw?si=DVuE7-tEkUOa2vqo

#ရန်ကုန်ခေတ်သစ်
#thisweek
#mizzimatv
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17
နိုဝင်ဘာလ ၅ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့မနက်မှာတော့

စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက် ကျရောက်ပေါက်ကွဲတဲ့သတင်းနဲ့အတူ 

ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်တိုက်ပွဲမှာ PDF ၆ ဦးကျဆုံး တဲ့အကြောင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ

တပတ်အတွင်းနိုင်ငံတကာနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ "သံစဉ့်အိမ်" အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/OXcoMIa2LLA?si=UB4QBDz7Hr2CgNxB

#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😢2👏1
ပုလဲမြို့နယ် လက်ပုကန်ကျေးရွာအနီးတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့မှ ၂ ဦးကျဆုံးပြီး ၄ ဦး ပျောက်ဆုံး
😢17👍3🔥2👏1
ပုလဲမြို့နယ် လက်ပုကန်ကျေးရွာအနီးတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့မှ ၂ ဦးကျဆုံးပြီး ၄ ဦး ပျောက်ဆုံး
=============

လွှမ်းမိုး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကာ လေးဦးပျောက်ဆုံးလျှက်ရှိကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့်ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်နက်ခဲယမ်းအချို့လည်း ဆုံးရှုံးခဲ့ရကြောင်း သခင်ဒေါင်းညိုက ပြောသည်။

“ရှေ့ကပွိုင့်သွားတဲ့အချိန်မှာ စစ်တပ်နဲ့ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ကိုက် ၅၀ အတွင်းမှာ မိနစ် ၂၀ လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်။ တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်း နဲ့ သွားလာရေးအတွက်အသုံးပြုနေတဲ့ ကားနှစ်စီး ဆုံးရှုံးခဲ့ရတယ်” ဟု သခင်ဒေါင်းညိုက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ကျဆုံး ကာ လေးဦးပျောက်ဆုံးနေကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းများကြောင့် ပုလဲမြို့နယ်အနောက်ခြမ်းရှိ လက်ပုကန်၊ ကုက္ကိုကုန်း၊ နှောကန်၊ ကြောင်သန်း၊ တုန်းကန်၊ ချောင်းနားကျေးရွာမှ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

“ဖုန်းလိုင်းတွေပြတ်ပြီး ဘာမှအဆက်အသွယ်မရတော့ ရမ်းပြေးရင်း စစ်ကြောင်းနဲ့ ပတ်ပင်းတိုးကြတာ။ စစ်ရှောင်ရင်းပါလာတဲ့ ရွှေတို၊ ငွေစ အကုန်လုံးကို စစ်သားတွေက ခြိမ်းခြောက်ပြီး ယူသွားကြတာ။ ကား တွေအကုန်ချောဆွဲပြီး ရသမျှတင်ယူသွားကြတာ”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေပြီး နိုဝင် ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံ မှ သိရသည်။

စာတည်း။ ။စောဖေ

#မြန်မာသတင်း
#စစ်ကိုင်တိုင်း
#mizzima

Website Link - https://www.mizzimaburmese.com/article/135196 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍6🔥2👏1😁1
​​ကျောက်ဆည်တွင် PDF ကိုမိအောင်ဖမ်းပြမယ်ဟု ကြွေကြော်ထားသူ မွေးကု လက်ထောက်ညွှန်ကြားရေး မှူး ပစ်ခတ်ခံရ
===============

ကိုခင်မောင်

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ပစ်ခတ်ခံရ၍ အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု Kyaukse Revolution Army (KRA) တာဝန်ရှိသူထံမှ သိရသည်။

“သူက PDF ကို ကိုယ်တိုင်မိအောင်ဖမ်းပြမယ်ဆိုပြီး ရပ်ကွက်ထဲ ကြွေးကြော်ထားသူပါ။ ပစ်ခတ်ခံရပြီးတဲ့ နောက်မှာ ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာနဲ့ မန္တလေးဆေးရုံကြီးမှာ အရေးပေါ်တင်ထားရပါတယ်” ဟု KRA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုအောင်က မဇ္စျိမသို့ ပြောသည်။

ပစ်ခတ်ခံရသူမှာ ဦးကျော်မင်းဦးဆိုသူဖြစ်ပြီး ၎င်းသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဆက်ကြေး ကောက်ခံခြင်း၊ အခွန်များကို တိုးမြှင့်ကောက်ခံရန် ညွှန်ကြားခြင်းများ ပြုလုပ်နေသူဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ၎င်းဖွင့်ထားသော “ကျော်”ဆေးဆိုင်သို့ လာနေစဥ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KRA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Kyaukse Revolution Army (KRA) နှင့် Kyaukse People Defense Force (KPDF) များက ၉ မမ ကျည်ဆန်များဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးသည် စစ်တပ် က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ခြိမ်း ခြောက်နေသူဖြစ်ကြောင်းလည်း ကိုအောင်က ဆိုသည်။

“အတွင်းသတင်းအရ နိုဝင်ဘာလ ၄ ရက်နေ့က သေဆုံးသွားပြီလို့ ကြားရပေမယ့် ကျွန်တော်တို့အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။

ဦးကျော်မင်းဦးအား ပစ်ခတ်ပြီးနောက် ၎င်းအသုံးပြုနေသော လက်ကိုင်ဖုန်းအား သိမ်းဆည်းရရှိထားပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသော အပေါင်းအပါများ၏ အချက်အလက်များကိုလည်း ရရှိထားသည်ဟု ကိုအောင်က ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း Kyaukse Revolution Army (KRA)နှင့် မဟာမိတ်များ ပူး ပေါင်းကာ ကူမဲမြို့နယ်မှ ရဲတပ်ကြပ် လှမိုးခိုင်ဆိုသူအား ပစ်ခတ်ခဲ့၍ သေဆုံးခဲ့သည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မြန်မာသတင်း
#မန္တလေးတိုင်း
#ကျောက်ဆည်မြို့
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31👏3😁2🎉1🥴1
​​ပလက်ဝမြို့နယ်မှ စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်မှု သေနတ် ၃ လက် သိမ်းဆည်းရမိဟု CAN ပြော
===============

ပါခွီး

(မဇ္စျိမ)။  ။ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အဝင် တောင်ကုန်းရှိ စစ်ကောင်စီတပ်၏ ကင်းစခန်း ကို ဝင်ရောက်တိုက်ခိုက်ရာ သေနတ်သုံးလက် သိမ်းဆည်းလိုက်နိုင်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) တာဝန်ရှိသူထံမှ သိရသည်။

“ကင်းစခန်းတခုကို ဝင်စီးခဲ့တာပါ ၊ MA 1 , MA2, MA3 သေနတ်သုံးလက်ရတယ်၊ ပစ်ခတ်ပြီး အမြန် ပြန်ဆုတ်ခဲ့တဲ့အတွက် သေဆုံးစာရင်းမသိရဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကို ပြောသည်။

ဆမီးမြို့အဝင်တောင်ကုန်းတွင် ယခင်က အင်အား ၅၀ ခန့်ဖြင့်တပ်စွဲထားပြီး ယခု အင်အား ၃၀ ခန့်ရှိသော စစ်ကောင်တပ်၏ ကင်းစခန်းကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၆ နာရီတွင် လျှပ်တပြက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသော်လည်း မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်သဖြင့် ဆမီးမြို့ ဘားဝရပ်ကွက်နေ အသက် ၃၀ အရွယ် ကလေးမိခင်တဦး ကျည်ထိမှန်ပြီး ပလက်ဝဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း သိရသည်။

ဆမီးမြို့သည် ပလက်ဝ၏အရှေ့ဘက်တွင်တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က ဗျူဟာစခန်းနှင့် ကင်းစခန်း များဖြင့်လုံခြုံရေးယူထားပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)နှင့် ချင်းအမျိုးသား တပ်မတော် (CNA) တပ်ဖွဲ့များ လှုပ်ရှားသည့်နေမြေ ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က ဆမီးမြို့ရှိ စစ်ဗျူဟာမှူး၏ လူယုံတစ်ဦးဖြစ်သော ယာယီစခန်းမှူး ဒုရဲအုပ် နိုင်ဇော်အောင်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့သေးသည်။

စာတည်း ။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍10😁2🥴1
ကျောင်းသားလှုပ်ရှားမှုသမိုင်းပြခန်း ပေါက်မြို့နယ်တွင် ဖွင့်လှစ် 
❤22🔥3😁1
ကျောင်းသားလှုပ်ရှားမှုသမိုင်းပြခန်း ပေါက်မြို့နယ်တွင် ဖွင့်လှစ် 
=================

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် မြန်မာနိုင်ငံ၏ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြခန်း ကို နိုဝင်ဘာလ ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ပေါက်မြို့နယ်အတွင်း တနေရာတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ အမှုဆောင်များ၊ အခြေခံပညာသမဂ္ဂအမှုဆောင်များ၊ အဖွဲ့ဝင် ဆရာဆရာများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

“ပြခန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဗကသများအဖွဲ့ချုပ်က ဘယ်တော့မှ သမိုင်းမှာမရိုင်းခဲ့ဘူးဆိုတာ ကျောင်းသားထုနဲ့ ပြည်သူလူထုကို ချပြချင်တဲ့အတွက် ဒီပြခန်းကို လုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြခန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်-အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုခိုင်ထူး ဟန်က ပြောသည်။

ပြခန်းအတွင်း ခေတ်အဆက် ကျောင်းသားလှုပ်ရှားမှု သမိုင်းများ၊ ခေတ်ပြောင်းစနစ်ပြောင်း ကာလများ တွင် ကျောင်းသားများပါဝင်ခဲ့မှုနှင့်ပတ်သက်သည့် မှတ်တမ်းဓါတ်ပုံများနှင့် တော်လှန်သော ကျောင်းသား မျိုးဆက် အသီးသီး၏ မှတ်တမ်းဓါတ်ပုံများကို ခင်းကျင်းပြသထားသည်။

ယခင်က ကျောင်းသားသမဂ္ဂများတွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂများသာ လူထုလှုပ်ရှားများတွင် ပါဝင် ခဲ့ကြသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြို့နယ်အသီးသီးရှိကျောင်းများ၊ ကိုယ်ပိုင်ကျောင်း များတွင် ဗကသများအဖွဲ့ဝင် အခြေခံပညာကျောင်းသားသမဂ္ဂများ ပိုမိုပေါ်ပေါက်လာပြီး လူထုလှုပ်ရှားမှု များ၌ပါဝင်လာကြသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မကွေးတိုင်း
#ပေါက်မြို့နယ်

Photo -ဗကသများအဖွဲ့ချုပ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16👍5🔥1😁1
​​ဖရူဆို-ဘောလခဲလမ်းတွင် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်မှ ၄၀ ဦးသေဆုံးကြောင်း KNDF ထုတ်ပြန်
====================

001
(မဇ္စျိမ)။ ။ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲလမ်းတလျှောက် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့ များအကြား အောက်တိုဘာလအတွင်း နေ့စဥ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၀ ဦး သေ ဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန် သည်။

ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းများ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ရေး အတွက် အဆိုပါလမ်းမကြီးအားထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ခြေလျှင်စစ်ကြောင်း ခြောက်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း KNDF က ဆိုသည်။

ထောက်ပို့ယာဉ်တန်းများ ဖြတ်သန်းနိုင်ရန် လမ်းလုံခြုံရေးအဖြစ် ပြည်ထောင်စုလမ်းမကြီး တလျှောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တန်းများဖြတ်သန်းသွားလာစဉ်လည်း တိုက်ပွဲများပြင်းထန်ခဲ့ကာ တလအတွင်း တိုက်ပွဲ ၃၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လမ်းမကြီးတလျှောက်ရှိ မာခရောရှေ၊ လောကြေခူ၊ ထားလဲ၊ ပရယ်တော်နှင့် နန်းဖဲကျေးရွာများတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဘောလခဲမြို့သို့ ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်နိုင်ရန် စက်တင်ဘာလဒုတိယပတ်မှစပြီး ကြိုးပမ်းနေခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီထောက်ပို့ယာဉ်တန်း ၇၀ ကျော်အနက်မှ ကားအစီးရေ ၄၀ ခန့်သာ ဘောလခဲမြို့ သို့ သွားရောက်နိုင်ခဲ့ပြီး ကျန်ကားအစီးရေ ၃၀ နီးပါးမှာ လမ်းမကြီးတလျှောက်တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း KNDF ကထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာ ရသူလည်း များပြားခဲ့ပြီး စစ်ကောင်စီ၏ ထောက်ပို့ကားအချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက် မနည်းပြုလုပ်ခဲ့ပြီး KNDF တပ်ဖွဲ့ဝင် ရဲဘော်လေးဦးကျဆုံးခဲ့ကြောင်းလည်း ဆိုထားသည်။
နှစ်ဖက်ထိခိုက်ကျဆုံးမှုများအပေါ် မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA) ၊ KNDF တို့အပြင် မဟာမိတ်တပ်ပေါင်းစုများလည်း ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့ နယ်များတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများကိုလည်း လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်း မှ ဗုံးကြဲခြင်းတို့ပြုလုပ်ခဲ့ပြီး အသက် ရှစ်နှစ်အရွယ်ကလေးတဦးသေဆုံးကာ အရပ်သားခုနစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ
#ကရင်နီပြည်နယ်
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍34❤5👏3🥰1😁1