Vietnamese among hundreds freed from Myanmar’s cyber scam centres
Vietnamese among hundreds freed from Myanmar's cyber scam centres ----------------------------------------- မဇ္ဈိမကို ...
https://www.youtube.com/watch?v=tGzS9U7ciPk

YouTube
Vietnamese among hundreds freed from Myanmar’s cyber scam centres
Vietnamese among hundreds freed from Myanmar’s cyber scam centres
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.…

🔥1
Violence in Dawei District leaves young girl critically injured
Violence in Dawei District leaves young girl critically injured ----------------------------------------- မဇ္ဈိမကို ...
https://www.youtube.com/watch?v=ceLTr1ZcfNU

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. …

🔥2
ပြင်ဦးလွင်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများ ရှောင်တိမ်းနေကြဟုဆို
===================
007
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြသည်ကို တွေ့မြင်နေရကြောင်း ဒေသခံများကပြောသည်။
ပြင်ဦးလွင်မြို့နှင့် ၃၁ မိုင်ခန့်သာကွာဝေးသော နောင်ချိုမြို့တွင် TNLA ၊ မန္တလေး PDF နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်နေ့မှစကာ အရာရှိအဆင့်မိသားစုများ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြ ခြင်းဖြစ်သည်ဟု ဆိုသည်။
“DSA ထဲကနေ ထွက်လာတဲ့စစ်ကားတွေမှာ စစ်တပ်မိသားစုတွေ တွေ့ရတယ်။ မန္တလေးဘက်ကို ဆင်းကြ တာများတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ်ရွာဘက်မှာလည်း ကားကြီးကားငယ်တွေနဲ့ ပြောင်းရွှေ့နေကြ တာတွေ့တယ်။ အုတ်အော်သောင်းနင်း ထွက်ပြေးနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ၊ ကိုယ့်အစုနဲ့ ကိုယ် ဟန်မပျက် နေရာရွှေ့နေကြတာပါ၊ အခုရက်ပိုင်း နေ့တိုင်းလိုလို တွေ့နေရတယ်” ဟု အမည်မဖော် လိုသူ ဒေသခံတဦးက ပြောသည်။
လက်ရှိ ပြင်ဦးလွင်အခြေအနေမှာ မြို့လူထု အရပ်သားအသိုင်းအဝိုင်းတွင် ပုံမှန်အတိုင်း သွားလာလုပ်ကိုင် နေကြသည်ကိုတွေ့ရပြီး စစ်ကောင်စီတပ်အသိုင်းအဝိုင်းတွင်သာ လုံခြုံရေးသတိအနေအထားဖြင့် အသင့် ပြင် ဆင်ထားသည်ကိုတွေ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
“ဒီဘက်က မိုးကုတ်အဝင်လမ်း(ပြင်ဦးလွင်-မိုးကုတ်လမ်းသစ်)လည်းဖြစ်တယ်၊ မတ္တရာဘက်ကနေဝင် ပေါက်လည်းဖြစ်တယ်ဆိုတော့ လုံခြုံရေး တအားတင်းကျပ်ထားတယ်၊ တောအစပ်တွေ၊ ခြုံတွေအကွယ် တွေမှာ ကင်းပုန်းတွေ ဝပ်ထားတာတွေ့တယ်။
ကျွန်တော်တို့တွေ့ခဲ့တဲ့စစ်သားတွေဆိုရင် အသက်ကြီး ပိုင်းကြီးတွေများတယ်၊ ခေါက်ဆွဲခြောက်ထုပ်ကို ရေနွေးမဖျောနိုင်ဘဲ အခြောက်တိုက်စားနေတာတွေ တွေ့ခဲ့ရတယ်” ဟု လုံခြုံရေးအရ အမည်နှင့် နေရာမဖော်ပြလိုသည့် ဒေသခံသတင်းရင်းမြစ်က ပြောသည်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ (၁၀၂၇)စစ်ဆင်ရေး ခြောက်ရက်မြောက်သည့် နိုဝင်ဘာလ ၁ ရက် နေ့တွင် ပြင်ဦးလွင်မှနောင်ချိုမြို့သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီ၏ သံချပ်ကာနှစ်စီးအပါအဝင် ကားအစီး ၃၀ ခန့်နှင့် အင်အား ၁၅၀ ခန့်ပါယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ကြားဖြတ်တိုက်ရာမှ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအပြီးတွင် စစ်ကောင်စီ၏သံချပ်ကာတစီးကို ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း နိုင်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ နောင်ချိုမြို့ အနီးဝန်းကျင်တွင် နှစ်ဘက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့တို့သည် မန္တလေး-မူဆယ် ပြည်ထောင် စုလမ်း အတိုင်း ၃၁ မိုင်ခန့်သာကွာဝေးသည်။
ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းအတွင်း ဝက်ဝံ၊ ခြေမြစ်ပင်၊ ဘန့်ဘွေး၊ ရေဝန်း၊ အုမ္မသီး၊ ရေမောင်းတံ၊ ရွှေ ညောင်ပင်၊ အုမ္မခါး၊ ကျောက်ကြမ်း၊ ပြည်သာကုန်း စသည့်ကျေးရွာများရှိပြီး ကျောက်ကြမ်းကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA ၊ မန္တလေး PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့သည်။
ကျောက်ကြမ်းကျေးရွာသည် နောင်ချိုမြို့အဝင် တိုးဂိတ်နှင့် ၁၀ မိုင်ခန့် အကွာတွင်ရှိပြီး ပြင်ဦးလွင်မြို့ အဝင်တိုးဂိတ်နှင့် မိုင် ၂၀ ခန့် ကွာဝေးသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#ပြင်ဦးလွင်မြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍35😁4❤2
ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်အထိုင်ချရာနေရာများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ၄ ဦး သေဆုံး
👍19🔥2👏1🎉1🥱1
ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်အထိုင်ချရာနေရာများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ၄ ဦး သေဆုံး
=================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နိုဝင်ဘာလ ၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ များအထိုင်ချထားသည့် နေရာများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
“မြို့ထဲက သူတို့နေရာတွေအကုန်လုံးကို တချိန်တည်းဝင်တိုက်ခဲ့တာပါ။ သူတို့ဘက်က လေးယောက်သေ တယ်။ ခြောက်ယောက်ဒဏ်ရာရတယ်" ဟု Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံကိုငြိမ်းက မဇ္ဈိမကို ပြော သည်။
စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၃၂)၊ ရဲစခန်း၊ ဇမိခန်းမ၊ အားကစားရုံအပါအဝင် စစ်ကောင်စီတပ် အထိုင်ချထားရာ နေရာများအား (၁၀၇)မမ၊ (၈၁)မမ၊ (၆၀)မမ အမျိုးအစား ဗုံးသီးများဖြင့် ကြဲချ တိုက် ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဒရုန်းမစ်ရှင်များအတွင်း စစ်ကောင်စီတပ်စွဲရာ နေရာအများအပြား ပြိုကျပျက်စီးမှု ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒရုန်းမစ်ရှင်များအား KNLA ၏ ဦးဆောင်မှုဖြင့် Lion Battalion စစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ ဂဠုန်စစ်ကြောင်း၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Federal Wings၊ Saw Dragon Drone Force (SDDF)နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သား သုံးဦး သေဆုံး၍ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း Cloud Wings တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့က ခလရ (၃၂) ဗဟိုကင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ခလရ (၂၈၃) ဗဟိုကင်း၊ အောက်တိုဘာလ ၂၇ရက်နေ့တွင် ကြာအင်းဆိပ်ကြီးဗျူဟာကုန်းတို့ကို ဒရုန်းဖြင့် ဗုံးသီး များ ကြဲချတိုက်ခိုက်ခဲ့ကြောင်း Cloud Wings တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပုံအညွှန်း- စစ်ရေးပစ်မှတ်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်နေပုံ (ဓါတ်ပုံ- Cloud Wings)
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#တိုက်ခိုက်မှု

Facebook
#ကရင်ပြည်နယ် – Explore
explore #ကရင်ပြည်နယ် at Facebook
👍17🥱2🔥1👏1😁1
ကော့ကရိတ်တွင် လက်နက်ကြီးကျည်ထိမှန်၍ ၃ နှစ်အရွယ်ကလေးငယ်နှင့် အမျိုးသမီး ၄ ဦး ဒဏ်ရာရ
================
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ရပ်ကွက်(၁)တွင် လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲမှုကြောင့် သုံးနှစ်အရွယ်ကလေးငယ်တဦးနှင့် အမျိုးသမီးလေးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီကျော်က ကော့ကရိတ်မြို့ ရပ်ကွက်(၁)၊ ရှမ်းစုရပ်၊ ရွှေကြက်မင်း ဘုရားလမ်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အသံကတော်တော်ကျယ်တယ်။ ရွှေကြက်မင်း ဘုရားလမ်းထဲကို ကျတာ။ ဒဏ်ရာရတာ ငါးယောက်၊ နှစ် ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်၊ အသားစတွေ ပဲ့ထွက်သွားတာ” ဟု ကော့ကရိတ်မြို့ခံတဦး က မဇ္ဈိမကိုပြောသည်။
ထိခိုက်ဒဏ်ရာရသူများမှာ ရပ်ကွက်(၁)၊ ရှမ်းစုရပ်၊ ရွှေကြက်မင်းလမ်းမှ အသက်သုံးနှစ်အရွယ် မသိမ့်သိမ့် သူ၊ အသက် ၂၅ နှစ်အရွယ် မခင်သန်းနှင့် မသန္တာစိုး၊ အသက် ၆၅ နှစ်အရွယ် ဒေါ်နှင်းမြိုင်၊ အသက် ၅၈ နှစ် အရွယ်ရှိ ဒေါ်ညွန့်စိန်တို့ ဖြစ်သည်ဟု သိရသည်။
ဒဏ်ရာရသူများအနက် မသိမ့်သိမ့်သူ၊ မသန္တာစိုး၊ မခင်သန်းတို့သည် မြဝတီပြည်သူ့ဆေးရုံတွင် ဆေးကု သမှု ခံယူနေပြီး ဒေါ်နှင်းမြိုင်နှင့် ဒေါ်ညွန့်စိန်တို့သည် ဘားအံဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
“လူနာတွေက မနေ့ကမှသွားတာဆိုတော့ ဆေးရုံကမဆင်းရသေးပါဘူး။ လူနာထဲမှာ တချို့က ဒဏ်ရာ နည်းနည်း ပြင်းထန်တယ်၊ တချို့ကတော့ ပုံမှန်လောက်ပဲ”ဟု ဒေသတွင်းလူမှုကူညီရေး အသင်းဝင်တဦး က မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ(၉၇)နှင့် ကော့နွဲ့ကျေးရွာ မူလတန်းလွန်ကျောင်းအတွင်း အထိုင်ချ နေသည့် စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုဖြစ်သည်ဟု ဒေသခံများကပြောသော် လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ကလည်း ကော့ကရိတ်မြို့တွင်း၊ မြို့ပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချရာနေရာများအား တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက သွား ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အရပ်သား ကိုးဦး သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#လက်နက်ကြီးပစ်ခတ်မှု

👍9🤬7🔥1😁1
ဒီးမော့ဆိုမြို့နယ်မှ ကျေးရွာများတွင် မြေမြှုပ်မိုင်းများရှိနေ၍ သွားလာနေထိုင်ခြင်းမပြုရန် ကရင်နီတပ် ပေါင်းစု ထုတ်ပြန်
👍15😁2❤1🔥1
ဒီးမော့ဆိုမြို့နယ်မှ ကျေးရွာများတွင် မြေမြှုပ်မိုင်းများရှိနေ၍ သွားလာနေထိုင်ခြင်းမပြုရန် ကရင်နီတပ် ပေါင်းစု ထုတ်ပြန်
=================
001
(မဇ္စျိမ)။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများတွင် မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ် သည့်ပစ္စည်းများ ကျန်ရှိနေသေးခြင်းကြောင့် ပြည်သူများအနေဖြင့် သွားလာခြင်း၊ ဝင်ရောက်နေထိုင်ခြင်း လုံးဝမပြုလုပ်ရန် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါနေရာများသည် စစ်မြေပြင်အဖြစ်သတ်မှတ်ထားသည့်ဧရိယာများဖြစ်ပြီး စစ်ကောင်စီဘက်မှ အချိန်မရွေး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများရှိနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲ များဖြစ်လာနိုင်ချေလည်းရှိကြောင်း ဆိုသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူတဦးက “ကျွန်တော်တို့ တပ်ဖွဲ့ တွေက မသိလိုက်တဲ့အချိန်တွေမှာ သူ့ဟာသူဝင်သွားပြီး မိုင်းထိတာမျိုးလည်း ရှေ့လတွေထဲမှာ ရှိခဲ့တယ်။ အခုနောက်ပိုင်း အတတ်နိုင်ဆုံး ရွာတွေထဲကိုမဝင်ဖို့ လူထုကိုပြောပေမယ့် တချို့တွေက သူ့တို့ဆန္ဒ အလျောက် ခိုးဝင်တာမျိုးတွေရှိတယ်။ အဲဒီလိုတွေရှိတော့ အသက်အန္တရာယ်ရှိနိုင်တယ်။ နောက် မြေမြှုပ် မိုင်းတွေကလည်းအများကြီးရှိတော့ မဝင်ဖို့တားမြစ်ထားတာ ဖြစ်တယ်”ဟု ပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ အခြေချနေထိုင်သွားခြင်း၊ တပ်စွဲထား ခြင်းတို့ပြုလုပ်နေပြီး ၎င်းတို့တပ်စွဲသွားသည့်နေရာများတွင် မြေမြှုပ်မိုင်းများထောင်ထားလေ့ရှိကြောင်း KNDF ကပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးဆောင်ရွက်နေသည့် ကရင်နီတော်လှန် ရေးအဖွဲ့များထံတွင် အဆင့်မြင့်သည့် မိုင်းရှာဖွေရေးစက်များမရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဆောင် ရွက်နေရသည့်အတွက် မိုင်းရှင်းလင်းရေးဆောင်ရွက်ရာတွင် နှောင့်နှေးမှုများစွာရှိနေကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ကျေးရွာများတွင် သွားလာခြင်း၊ ဝင်ရောက်နေထိုင်ခြင်း၊ ပစ္စည်းများ သယ်ဆောင်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် ကရင်နီတော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
နိုင်ငံတဝှမ်း ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ကြောင့် ၁၂၁ ဦးသေဆုံးပြီး ၅၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း UNICEF ၏ အချက်အလက်များအရ သိရသည်။
Photo - ကရင်နီပြည်နယ် တနေရာတွင် မိုင်းရှင်းလင်းရေးလုပ်နေသည့် KNDF တပ်ရင်း ၂ တပ်ဖွဲ့ဝင်အချို့အား ၂၀၂၂ ခုနှစ် မတ်လအတွင်းက တွေ့ရစဥ် (KNDF B - 02)
စာတည်း။ ။စောဖေ
#မြေမြှုပ်မိုင်း
#ကရင်နီပြည်
#mizzima

#မြေမြှုပ်မိုင်း – Explore
explore #မြေမြှုပ်မိုင်း at Facebook
👍17🔥1😁1🤬1
လုပ်ငန်းများရပ်ဆိုင်းလိုက်သည့်အတွက် လောက်ကိုင်ရောက် ရွှေ့ပြောင်းလုပ်သားများ အခက်ကြုံ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့သို့ သွားရောက်အလုပ် လုပ်ကိုင်နေကြသူများမှာ လုပ်ငန်းများရပ်ဆို.....
https://ift.tt/QopjCEy

👍6🔥1
နိုဝင်ဘာလ ၅ ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ .
https://www.youtube.com/watch?v=wpt4WeELQkU

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မင်းရွာရဲစခန်းတိုက်ပွဲမှာ ၆ ဦးသေဆုံးပြီး ၁၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း NUG ထုတ်ပြန်တဲ့သတင််းနဲ့အတူ
ထိုင်းမှာ အလုပ်သမားတွေကို ကြိုတင် အသိမပေးပဲ စက်ရုံပိတ်သိမ်းခဲ့လို့ မြန်မာလုပ်သား ၁၃၀ ဦးကျော် အခက်အခဲ ဖြစ်နေတဲ့အကြောင်း…

👍7🔥1
(ဂိမ်းစွဲလန်း) | ကျန်းမာသုတ လူမှုဘဝ Episode - 40
နည်းပညာခေတ်မှာ ဂိမ်းတွေဟာ အမျိုးအစားစုံလင်သလို ...
https://www.youtube.com/watch?v=EANt3R1IYQw

နည်းပညာခေတ်မှာ ဂိမ်းတွေဟာ အမျိုးအစားစုံလင်သလို စိတ်ဝင်စားအောင်လည်း နည်းမျိုးစုံနဲ့ စွဲဆောင်ထားကြပါတယ်။ လူအတော်အတော်များများက ဂိမ်းဟာ စွဲလန်းစေတယ်၊ ဂိမ်းဆော့တာမကောင်းဘူးလို့ ယူဆကြသလို ဂိမ်းကစားတာက ဖြတ်ထိုးဉာဏ်ကောင်းစေတယ်၊ စိတ်ငြိမ်စေတယ်လို့ ပြောကြသူတွေလည်း…
👍4🔥1
မြောင်မြို့ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်
KMN (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့က ရဲစခန်းနဲ့ ...
https://www.youtube.com/watch?v=LZ36AOkZN1U

KMN (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့က ရဲစခန်းနဲ့ ထွေအုပ်ရုံးမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ကာကွယ်ရေးတပ်တွေက ခြောက်နာရီနီးပါး ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ရရှိထားတဲ့သတင်းအရ ရဲနဲ့စစ်သား ၁၁ ဦးသေဆုံးပြီး…

👍14❤1🔥1🥱1
NUG အွန်လိုင်းတက္ကသိုလ်မှာ ပညာသင်ဖို့ ဒေသအချို့ အခက်ခဲရှိ
လင်းသူရိန် (မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရက လတ်တလောမှာ ...
https://www.youtube.com/watch?v=PqMA5jONaUw

လင်းသူရိန် (မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရက လတ်တလောမှာ စစ်ကောင်စီပညာရေးစနစ်က တက္ကသိုလ်ဝင် တန်းအောင်မြင်ထားတဲ့ ကျောင်းသားကျောင်းသူတွေကလွဲပြီး CDM ကျောင်းသားကျောင်းသူတွေ တက်ရောက်နိုင်မယ့် တက္ကသိုလ် ၁၆ ခုရဲ့စာရင်းကို ထုတ်ပြန်ထားပါတယ်။
အဲဒီတက္ကသိုလ်တွေက…
အဲဒီတက္ကသိုလ်တွေက…
👍12🔥1😁1