Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကောလင်းမြို့ကို သိမ်းပိုက်နိုင်ပြီဟု NUG ကြေညာ၊ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟုဆို
❤18👍5💯2😁1
ကောလင်းမြို့ကို သိမ်းပိုက်နိုင်ပြီဟု NUG ကြေညာ၊ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟုဆို
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားရရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်)က ယနေ့ နိုဝင်ဘာလ ၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် သတင်းထုတ်ပြန်သည်။

အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် ကောလင်းမြို့ကို သိမ်းပိုက်ပြီးခဲ့ခြင်း ဖြစ်ပြီး ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေး ဘဏ်တို့တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်သူ့အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားပြီဟု ဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် ညနေထိ လက်နက် မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာခင် အသေးစိတ်ဆက်လက် ထုတ်ပြန်သွားပါမည်ဟု အသိပေးထားသည်။

ကောလင်းမြို့ပေါ်မှ စစ်ကောင်စီစခန်းများကို နိုဝင်ဘာလ ၃ ရက်မှစတင်၍ တိုက်ခိုက်ခဲ့ပြီး လေးရက် မြောက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ ဒေသခံအချို့သေဆုံးပြီး နေအိမ်များလည်း မီးလောင်ပျက်စီးမှုရှိကြောင်း မြို့ခံများကပြောသည်။

လက်ရှိတွင် ကောလင်းမြို့တွင် တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ၅၀,၀၀၀ ခန့်ရှိနေကြောင်းနှင့် မြို့တွင်းတိုက်ပွဲများကြား မီးလောင်သည့်နေအိမ်များနှင့် ထိခိုက်ဒဏ်ရာရရှိထားသူ အရပ်သားအချို့ ရှိကြောင်းလည်း ဒေသတွင်း သတင်းများကို မျှဝေနေသည့် Kawlin Info က ယနေ့ နံနက် ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#Mizzima
#ကောလင်းမြို့
#မြို့သိမ်းတိုက်ပွဲ
#NUG

ပုံအညွှန်း − ကောလင်းမြို့တွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ − NUG-MOD)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24❤6👏1😁1💯1
လက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့်အမျိုးသမီးနဲ့ကလေးအပါအဝင် နေရပ်စွန့်ခွါသူလေးသောင်းနီးပါးရှိလာ
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ သီတင်းတပတ်ကျော် ...
https://www.youtube.com/watch?v=sX372fAJRNE
🔥3
​​ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်
==================

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု နယ်မြေခံ တပ်ပေါင်းစုထံမှ သိရသည်။

“စိုင်ပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ခံစစ်က ဘန်ကာတွေနဲ့ကျကျနန လုပ်ထားတာဖြစ်ပါတယ်။ ကျနော် တို့ ၄ နာရီကျော်ကျော်လောက်ထိတိုက်ခဲ့ပေမယ့် ခံစစ်ကို မဖောက်နိုင်ခဲ့ဘူး” ဟု ကာကွယ်ရေး ရဲဘော် တဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးသီးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း လည်း ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

“လေယာဉ်လာတဲ့ သတင်းကြားလို့ လက်နက်ကြီးပစ်ကူနဲ့ ကျနော်တို့ ပြန်ဆုတ်တယ်။ ဗုံးသီး နှစ်လုံးချ သွားတယ်။ တလုံးကွဲပြီး တလုံးကတော့ မကွဲဘူး။ နေအိမ်သုံးလုံး တော်တော်လေး ပျက်စီးသွားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်သုံးဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် လည်း ထိခိုက်သေဆုံးမှုများနိုင်ကြောင်း နယ်မြေခံတပ်ပေါင်းစုအဖွဲ့ထံမှ သိရသည်။
ယင်းတိုက်ခိုက်မှုကို နယ်မြေခံ PDF နှင့် Local PDF များစုပေါင်းထားသည့် တပ်ပေါင်းစုက NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ခရိုင်ကွပ်ကဲမှုအောက်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က စိုင်ပြင်မြို့ကို ထပ်မံအင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည်ဟုလည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။
တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် စိုင်ပြင်မြို့အပြင် ကျေးရွာခုနစ်ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော် နေရပ် စွန့်ခွာစစ်ရှောင်နေရကြောင်း နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဒီပဲယင်းမြို့နယ်
#တိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22🥰3👏1😁1
လက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့်အမျိုးသမီးနဲ့ကလေးအပါအဝင် နေရပ်စွန့်ခွါသူလေးသေ
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ သီတင်းတပတ်ကျော် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ သောင်း ၃ ထေ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsX372fAJRNE&h=AT1-9ZeJU4mLuVjKRmcuDaNTthgZdKJdyxZjDDigKgNI0wu876mSDqRKGN22YyxeyDxvVf-baSv88RvmNxDIgnSY_Rxg4bZCWFNtDPTxpQlQpfUUcITYZBcm_M9PoRl0&s=1
👍5🔥1