Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြိတ်မြို့သို့ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များလာမည်ဟုသတင်းထွက်နေပြီး လုံခြုံရေးတင်းကျပ်ရန် ပြင်ဆင်
🔥4🤬3
မြိတ်မြို့သို့ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များလာမည်ဟုသတင်းထွက်နေပြီး လုံခြုံရေးတင်းကျပ်ရန် ပြင်ဆင်
==================

ကိုရွှေမြိတ်
မဇ္ဈိမ ။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့သို့ စစ်ကောင်စီ၏ ထိပ်ပိုင်းအကြီးအကဲများလာမည်ဟု သတင်းများ ထွက်ပေါ်နေပြီး လုံခြုံရေး တင်းကျပ်ရန် ပြင်ဆင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
“နေရာအတော်များများမှာ သံဆူးကြိုးတွေပါတဲ့ ဘယ်ရီဂိတ်တွေကို လိုက်ချနေတာ တွေ့ရတာပါ၊ ဘာ အတွက် လိုက်ချနေတယ်ဆိုတာ သေချာမသိရသေးဘူး”ဟု မြိတ်မြို့ ဒေသခံတဦးက ပြောသည်။

လက်ရှိတွင် ကန်ဖျားလမ်းဆုံ၊ ရွှေနှင်းဆီလမ်းဆုံ၊ ရွှေပြည်တန်လမ်းဆုံ၊ အဝေးပြေးကားဝင်းအသစ် လမ်း ထိပ်၊ မြို့သစ်မီးပွိုင့်လမ်းဆုံ၊ ရေပုန်းမီးပွိုင့်လမ်းဆုံ၊ ဂဏန်းရုပ်လမ်းဆုံ၊ အရှေ့သိမ်လမ်းဆုံနှင့် ကရာနီ လမ်းဆုံတို့တွင် လုံးခြုံရေးတင်းကျပ်မည့်ဂိတ်များ ပြုလုပ်ထားသည်ဟု ဒေသခံက ပြောသည်။

မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးအစောင့်ချမည့် ဂိတ်အသစ်များကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
မကြာမီရက်ပိုင်းအတွင်း မြိတ်မြို့တွင် စစ်ကောင်စီနှင့်နီးစပ်သူဟုသတင်းထွက်နေသည့် လုပ်ငန်းရှင်တဦး ၏သားဖြစ်သူ မင်္ဂလာပွဲပြုလုပ်ရန် ရှိသည်ဟုလည်း နောက်ထပ် သတင်းရင်းမြစ်က ပြောပြသည်။

“ဒီရက်ထဲမှာ ဗိုလ်ချုပ်ကြီးတွေလာမယ်လို့တော့ ကြားတယ်၊ မင်္ဂလာပွဲအတွက်လား အခြားကိစ္စလား ဆို တာ သေချာမသိသေးပေမယ့် လုံခြုံရေးကတော့ တင်းတင်းကျပ်ကျပ်ချထားဖို့ ရှိနေတယ်”ဟု တပ်တွင်း သတင်းရင်းမြစ်တဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ပြည်သူများဆန္ဒပြမှုကြောင့် မြို့ပေါ်နေရာအချို့တွင်သာ လုံခြုံရေးတင်းကျပ်ရန် အတွက် ဂိတ်များချထားခြင်းရှိခဲ့ဖူးပြီး လက်ရှိတွင် စစ်ရေးပဋိပက္ခမရှိသည့် မြို့ပေါ်တွင် ဂိတ်အများ အပြားကို လိုက်လံချထားခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#မြိတ်မြို့
#လုံခြုံရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2😁2🤮2❤1
​​လေထုမတည်မငြိမ်ဖြစ်စဥ်ကြောင့် တိုင်းနှင့်ပြည်နယ် ၇ ခု နေရာကွက်မိုးရွာနိုင်
==================

ရောင်နီ
မဇ္စျိမ။ ။လာမည့်ရက်သတ္တပတ်အတွင်းတွင် လေထုမတည်မငြိမ်ဖြစ်စဉ်ကြောင့် တိုင်းနှင့်ပြည်နယ် ခုနှစ်ခု၌ နေရာကွက်ကျား မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။

နို၀င်ဘာလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုကာလအတွင်း မြောက်ဘက်မှ လေအေးများနှင့် တောင်ဘက်မှ လေနွေးများ ပေါင်းဆုံကာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီိတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နေရာကွက်၍ မိုးရွာနိုင်ကြောင်း MOHADM အသိပေးထားသည်။

ထို့အပြင် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အနည်းငယ် အေးလာနိုင်ပြီး နံနက်ပိုင်းတွင် မြူများ ကျဆင်းလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#Mizzima
#လေထုမတည်မငြိမ်ဖြစ်စဉ်
#နေရာကွက်ကျားမိုး
#MOHADM

ပုံအညွှန်း - ရန်ကုန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းက နေရာကွက်မိုးရွာခဲ့စဥ်။ (ပုံ- မဇ္စျိမ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2
​​မြင်းမူမြို့တွင် တပ်စွဲရန်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
=================

008
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့သို့ တပ်စွဲရန် ကားနှစ်စီးဖြင့်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က ဗုံးသီးပစ်တိုက်ခိုက်ခဲ့ကြောင်း True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

မြင်းမူမြို့ရှိ အထက(၁) အတွင်း အထိုင်ချတပ်စွဲရန် ကားနှစ်စီးဖြင့်ရောက်ရှိလာသည့် အင်းအား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ကျောင်းဝင်းအတွင်းတန်းစီနေစဉ် ဗုံးသီးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကားအကြီးနှစ်စီးနဲ့ တပ်စွဲဖို့လာနေပြီသတင်းရလို့ ဗုံးသီးပစ်တိုက်ခဲ့တယ်။ စစ်ခွေး (စစ်ကောင်စီတပ် ဖွဲ့ဝင်) ၁၀ ကောင်လောက် အပြင်းအထန်ဒဏ်ရာရသွားတယ်”ဟု True Fighter မြင်းမူမြို့ပြပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံမြို့နယ် Zero ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီက မြင်းမူမြို့၌ အင်အားတိုးချဲ့ချထားခြင်းများပြုလုပ်ထားပြီး လတ်တလောဖြစ် ပေါ်နေသည့်အခြေအနေများအရ မြင်းမူမြို့ပေါ်ရှိ ဝန်ထမ်းများအနေဖြင့် အပြင်မထွက်ရန် သတိပေးထား ကာ ဝန်ထမ်းမိသားစုဝင်များကိုလည်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းထားကြောင်း မြို့ခံများထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မြင်းမူမြို့
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏3❤2🥱2🤣1
မဲဆောက်တွင် ၃ ရက်အတွင်း မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရ
👍4❤1👏1