Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဂန့်ဂေါ မင်းရွာနယ်မြေရဲစခန်းမှ ထွက်ပြေးသည့် ရဲ ၆ ဦးကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဖမ်းဆီး
👍22❤3😁2🥴1
ဂန့်ဂေါ မင်းရွာနယ်မြေရဲစခန်းမှ ထွက်ပြေးသည့် ရဲ ၆ ဦးကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဖမ်းဆီး
================

ပါခွီး

(မဇ္စျိမ) ။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မင်းရွာနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့ သိမ်းပိုက်စဉ် စခန်းကိုစွန့်ခွာထွက်ပြေးသည့် ရဲခြောက်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း ယောညီနောင်(ပကဖ) က နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

“မင်းရွာစခန်းသိမ်းတဲ့နေ့ကစလို့ သတင်းရတဲ့အတွက် နီးစပ်ရာ ရပ်ကျေးပကဖတွေနဲ့ပူးပေါင်းပြီး တော နင်းရှာဖွေ ဖမ်းဆီးခဲ့တာပါ” ဟု ယောညီနောင်(ပကဖ)ပြန်ကြားရေးတာဝန်ခံ ဦးဇော်လေးကမဇ္စျိမကိုပြော သည်။

ဂန့်ဂေါမြို့နယ် တောတွင်းတနေရာ၌ နိုဝင်ဘာလ ၃ ရက်နေ့က ရဲတဦးကိုဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒုတပ်ကြပ် အောင်သူဖြိုး၊ တပ်သား စိုင်းကိုဆက်၊ တပ်သား ညီမင်းထက် တို့ကို ဖမ်းဆီးရခဲ့ကြောင်း ဆိုသည်။

ဆက်လက်ပြီး တောတွင်းတစ်နေရာ၌ကင်းပုန်းဝပ်စောင့်နေသော ပကဖရဲဘော်များမှ ညနေ ၄ နာရီခန့် တွင် တပ်သား စိုးမြင့်သန့်၊ တပ်သား ဝင်းထက်ခိုင်တို့နှင့်အတူ ၎င်းတို့ကိုလာရောက်ကြိုဆိုသော Non – CDM ဆရာမအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ရဲများကို စစ်သုံ့ပန်းများမူဝါဒနှင့်အညီ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များထံသို့ အပ်နှံခဲ့ ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အရပ်ဝတ်ဖြင့်ထွက်ပြေးခဲ့သည်ရဲများကို ယောညီနောင် ပကဖ၊ လင်းယုန် LPDF ၊ ရှမ်းညီနောင် ပကဖ၊ YDF ၊ MPDF တပ်ဖွဲ့ ၊ တပ်ရင်း (၇)၊ တပ်ရင်း (၁၁) မှ ရဲဘော်များနှင့် အမည်မဖော်လိုသော ရပ်ကျေးပကဖ၊ ပအဖများ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းရွာရဲကင်းစခန်းကို နိုဝင်ဘာလ ၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ တပ်သားခြောက်ဦးသေဆုံးပြီး ၁၁ ဦး အရှင်ဖမ်းမိကာ လက်နက် မျိုးစုံ ၂၀ လက်နှင့် ခဲယမ်းများသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ်(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊၁၉) တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် နယ်မြေခံ ပကဖတို့ ပူးပေါင်းကာ ငါးနာရီခန့်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။စောဖေ

#မြန်မာသတင်း
#ဂန့်ဂေါ
#မင်းရွာနယ်မြေရဲစခန်း
#Mizzima 

ပုံအညွှန်း - ဖမ်းဆီးရမိသော စစ်ကောင်စီလက်အောက်ခံ ရဲများ
ဓါတ်ပုံ - ယောညီနောင် (ပကဖ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁2
​​မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်မှုရှိရေး ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ် တိုက်တွန်း
================

မြန်မာစစ်ကောင်စီအနေဖြင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု တရုတ်တာဝန်ရှိသူတဦးက နိုဝင်ဘာ ၆ ရက်တွင် တိုက်တွန်း ပြောဆိုကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြသည်။ နှစ်နိုင်ငံနယ်စပ်အနီး မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခဲ့သည်။


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🖕4👍2🔥1🤮1
စွန့်ခွာသွားသည့် ရဲစခန်းအတွင်း စစ်ကောင်စီထောင်ခဲ့သည့် မြေမြှုပ်မိုင်းများကို ကာကွယ်ရေးအဖွဲ့ ရှင်းလင်း
👍12❤4🤣2