Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း ကလေးမြို့လူထုသပိတ်ချီတက်
============

လွှမ်းမိုး

မဇ္ဈိမ။  ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ လူထုသပိတ်ရက် ၁,၀၀၀ ပြည့် လူထုချီတက်ပွဲတွင် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်း လူထုအင်အား အမြောက်အမြားဖြင့် နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်း ကလေးမြို့ တနေရာတွင် ပြုလုပ်ခဲ့ကြောင်း ကလေးလူထု သပိတ်ဦးဆောင်ကော်မတီ ထံမှ သိရသည်။

အဆိုပါလူထုချီတက်ပွဲတွင် “ ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို၊ ဖက်ဆစ်တပ်ကိုစွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ" ဟူသည့် စာသားပါ ဘန်နာများ ကိုင်ဆောင်ကာ ချီတက်ခဲ့ကြောင်း သိရပါသည်။

“တော်လှန်ရေးမီးစာ အမြင့်ဆုံးသို့ မြှင့်တင်ကာ ကျရာကဏ္ဍ အသီးသီးတွင် ပါဝင်တိုက်ပွဲဝင်ကြဖို့” ကလေးလုထု သပိတ်ဦးဆောင်ကော်မတီက နှိုးဆော်ထားသည်။

လူထုချီတက်ပွဲတွင် ၁၀၂၇ လှိုင်းလုံးနှင့်အတူဒေသအတွင်း စခန်းသိမ်း တိုက်ပွဲဝင်ရဲဘော်များအား ကြိုဆိုသည့်အနေဖြင့် အောင်သပြေခက်များကိုင်ဆောင်ကာ၊ ပြည်သူ့ရဲဘော်များ ဘေးရန်ကင်းစေရန် ဖယောင်းတိုင်မီးထွန်း ဆုတောင်းခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လူထုချီတက်ပွဲ
#၁၀၂၇စစ်ဆင်ရေး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤6😁2
​​၉ ယောက်ကျန်စပါးအသင်း ချယ်လ်ဆီးကို ရှုံးပြီးနောက် ပိုစတီကိုဂလူး VAR ကို ပြစ်တင်ဝေဖန် 
================

By PKThawn

ပိုစတီကိုဂလူးက တနင်္လာနေ့က ချယ်လ်ဆီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ သူ့အသင်းကို "ထိန်းချုပ်မှု မဲ့စေ"တဲ့အပေါ် ပြန်လည်သုံးသပ်တဲ့ စနစ်ရဲ့ လွှမ်းမိုးမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို တော့တင်ဟမ်နည်းပြဟာ VAR ကို မကြိုက်ကြောင်း ဝန်ခံခဲ့ပါတယ်။

တော့တင်ဟမ်ရဲ့ ခရစ်စတီယန် ရိုမီယိုနဲ့ ဒက်စတီနီ အူဒေါဂီတို့ကို ထုတ်ပယ်ခံခဲ့ရပြီး အံ့သြစရာကောင်းတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ VAR က နှစ်ဂိုး ပယ်ချခဲ့ပါတယ်။

ဆွန်ဟောင်မင်နဲ့ အဲရစ်ဒီယာတို့ရဲ့ ဂိုးတွေကို ခွင့်မပြုခဲ့သလို အင်ဇို ဖာနန်ဒက်ဇ်ရဲ့ ဖျက်ထုတ်ပုံကြမ်းတဲ့အတွက် ရိုမီယို တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခြင်းနဲ့ ရာဟီးမ် စတာလင်ကို လဲချခဲ့တဲ့အတွက် ဒုတိယအကြိမ် အဝါကတ်ထိခဲ့တဲ့ အူဒေါဂီတို့ဖြစ်စဉ်တွေကို ထပ်မံပြန်သုံးသပ်ရာမှာ မှန်ကန်ကြောင်း တွေ့ခဲ့ပါတယ်။

တော့တင်ဟမ်အတွက် ကိုးလ်ပါလ်မာရဲ့ ပင်နယ်တီက ဒီဂျန်ကူလူဆက်စကီးရဲ့ အဖွင့်အဖွင့်ကို ပယ်ဖျက်ပေးပြီးနောက် ချယ်လ်ဆီးအတွက် လန်ဒန်ဒါဘီ နိုင်ပွဲရဖို့ နီကိုလက်စ်ဂျက်ဆင်က သုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းက VAR ကြောင့် သုံးဂိုးပြန်ရခဲ့တာကြောင့် ပိုစတီကိုဂလူးဟာ ဆုံးဖြတ်ချက်တွေ ချဖို့ စောင့်ဆိုင်းရတဲ့ အချိန်အတိုင်းအတာကြောင့် ဒေါသတကြီး ဖြစ်ခဲ့ပါတယ်။

“VAR ရဲ့ စွက်ဖက်မှုကြောင့် ပွဲက ဒီအတိုင်း လည်ပတ်နေရမယ့်အစား ဆုံးဖြတ်ချက်တွေချရမယ့် အချိန်ကို ကျနော်တို့တွေ စောင့်ရင်း နှောင့်နှေးပြီး အနှောက်အယှက်ဖြစ်သလို ကျနော် ခံစားခဲ့ပါတယ်”လို့ သူက ပြောပါတယ်။

“အဲဒီနေရာမှာ ဆုံးဖြတ်ချက်တိုင်းကို မှုခင်းဆိုင်ရာ လေ့လာမှုတခုလို လုပ်ကြလိမ့်မယ်။ ဒီလိုလုပ်နေချိန်မှာ ပွဲက ပျက်သွားပြီ။ အဲ့လိုပုံစံမျိုးကို ကျနော် မကြိုက်ပါဘူး။

“ခင်ဗျား လက်ခံတာဖြစ်စေ၊ ခင်ဗျား လက်မခံတာပဲဖြစ်စေပေါ့။ ဆုံးဖြတ်ချက်တွေက ဆုံးဖြတ်ချက်တွေပါပဲ။ ဒီနေ့ VAR ရဲ့ ပြန်လည်သုံးသပ်တာနဲ့ ဆုံးဖြတ်ချက်ချတဲ့ဖြစ်စဉ်တွေကြောင့် ကျနော်တို့တွေ စောင့်ဆိုင်းရတာကို ကြည့်မယ်ဆိုရင် လူတွေက ဒီလိုမျိုး နှစ်သက်ကြပုံမရပါဘူး။

"ဒီလိုတွေဖြစ်နေရမယ့်အစား ကျနော့်အသင်း ဘောလုံးကစားနေတာကို ကျနော် ပိုမြင်ချင်ပေမယ့် ဒါက ကျနော်တစ်ယောက်တည်း အမြင်ဖြစ်နိုင်ပါတယ်။"

Photo and Ref; AFP

#Chelsea #Spurs #VAR #PremierLeague #Mizzima
👍7😁1
ရေခဲတောင်ရွာဟု နာမည်ကျော် ရှိန်းခေါင်ရွာ မီးလောင်ပျက်စီး
👍8😢4🔥1
ရေခဲတောင်ရွာဟု နာမည်ကျော် ရှိန်းခေါင်ရွာ မီးလောင်ပျက်စီး
================

ကချင်လေး

(မဇ္ဈိမ)။ ။မြန်မာနိုင်ငံနှင့် တရုတ်န်ိုင်ငံ နယ်စပ်အနီးရှိ ရေခဲတောင်ရွာဟု နာမည်ကျော်သည့် ရှိန်းခေါင်ရွာသည် ယမန်နေ့ညက မီးလောင်ခဲ့ပြီး ရွာလုံးကျွတ်ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများကပြောသည်။

ရှိန်းခေါင်ရွာသည် ယမန်နေ့ နိုဝင်ဘာလ ၆ရက် ည ၁၂ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းပြီး လူနေအိမ်များနှင့် ဘုရားကျောင်းများအပါအဝင် တရွာလုံးမီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

"အေးတဲ့ဒေသဆိုတော့ တအိမ်နဲ့တအိမ်ကပ်ဆောက်ထားလို့ မီးငြှိမ်းသတ်လို့လည်းမရဘူး။ တရွာလုံးနီးပါး မီးနဲ့ပါသွားပြီ " ဟု မျက်မြင်တွေ့ရှိခဲ့ရသည့် ဒေသခံတဦးက ပြောသည်။

ရှိန်းခေါင်ရွာသည် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် အရှေ့ခြမ်း၊ တရုတ်နိုင်ငံနှင့်နယ်စပ်၌တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသဖြစ်သည်။ ဆောင်းဦးရာသီမှစ၍ နွေရာသီအထိ ရေခဲများဖုံးလွှမ်းနေပြီး မြန်မာနိုင်ငံ၏ တခုတည်းသော ဆွဇ်ဇာလန်ဟု နာမည်ကြီးသည်။အိမ်ခြေ ၆၃ အိမ်ရှိပြီး ယမန်နေ့ညက မီးလောင်မှုတွင် အိမ်အားလုံးမီးထဲပါသွားခဲ့ရာ ဒေသခံများအတွက် အကူအညီများအရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးပေ။

ယခုလို ရွာလုံးကျွတ် မီးလောင်ပျက်စီးခြင်းသည် ပထမဆုံးအကြိမ်ဟု ဒေသခံများက ဆိုသည်။

ဓာတ်ပုံ- ရှိန်းခေါင်ရွာ မီးမလောင်မီနှင့် မီးလောင်ပီးနောက် မြင်ကွင်း (CJ)

စာတည်း - အေးချမ်း
#Mizzima
#ရှိန်းခေါင်ရွာ
#မီးလောင်ပျက်စီး

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😢7🔥1
​​မတူပီမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး တပ်ကြပ်ကြီး အပါအဝင် ၂ ဦး သေဆုံးကြောင်း CDF ပြော
==================

ပါခွီး

(မဇ္စျိမ) ။   ။ ချင်းပြည်နယ် ၊ မတူပီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်ကတပ်ကြပ်ကြီး တဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ တဦးရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi တပ်ရင်း(၂) က မဇ္ဈိမကို ပြောသည်။

မတူပီမြို့နှင့် ငလိုင်ကျေးရွာအကြားရှိ စောင်ထီးယားကျေးရွာလမ်းခွဲသို့ အင်အား ၆၀ခန့်ရှိသည့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေထဲ ကျူးကျော်လာလို့ တိုက်ပွဲဖြစ်ပွားတာပါ၊ စစ်ကောင်စီတပ်က သေဆုံးတာနဲ့ပါတ်သက်ပြီး ရှေ့တန်းရဲဘော်တွေရဲ မျက်မြင် သတင်းပို့ချက်နဲ့ အတွင်းသတင်းများနဲ့ အတည်ပြုထားတာပါ” ဟု CDF –မတူပီ တပ်ရင်း(၂) တာဝန်ခံက မဇ္စျိမကို ပြောသည်။

မိနစ်ပိုင်းသာ ကြာမြင့်ခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့သော်လည်း ချင်းကာကွယ်ရေး တပ်ဖွဲ့ဘက်က အထိအခိုက် မရှိခဲ့ကြောင်း ဆိုသည်။

ယခုစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် မည်သည့်နေရာသို့ ဦးတည် သွားရောက်မည်ကို သေချာမသိရသေးသော်လည်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရေဇွာမြို့နှင့် လိုင်လင်းပီးမြို့ဘက်ကို တပ်အပြောင်းအလဲလုပ်ရန် လမ်းကြောင်းရှင်းခြင်းဖြစ်နိုင်ကြောင်း CDF တာဝန်ခံက သုံးသပ်သည်။

လက်ရှိမှာ ထိုစစ်ကြောင်းသည် မတူပီခရိုင်ရုံးနှင့် စောင်ထီးယားကျေးရွာ လမ်းခွဲတွင် ဆက်လက်နေရာယူထားပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ခြေ ရှိနေသည်။

မတူပီ - ဟားခါးလမ်းပိုင်းအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပြည်သူများအနေဖြင့် လက်နက်ကိုင်ဆောင်ကာ အမဲလိုက်ခြင်းများမပြုလုပ်ကြရန် CDF – Matupi က သတိပေးထားသည်။

တိုက်ပွဲများ မကြာခနဖြစ်ပွားနေရာ လက်နက်ခဲယမ်းလိုအပ်ချက် များရှိနေသဖြင့် ပါဝင်လှူဒါန်းပေးကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။ ထို့ပြင် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မတူပီမြို့အခြေစိုက် ခလရ (၁၄၀) မှ တပ်သားနှစ်ဦးသည် CDF – မတူပီ ထံသို့ သေနတ်တလက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်။

စာတည်း။  ။ နောင်နောင်

#မတူပီ
#ချင်း
#တိုက်ပွဲဖြစ်
#Mizzima
#hardnews

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏2🥴2
နိုဝင်ဘာလ ၇ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 - သမ္မတဦးဝင်းမြင့် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်ရတဲ့ သတင်း04:34 - ကောလင်းမြို့တွင် PDF အလံလွှင့်ထူသည့် ရုပ်သံ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FmHF8TlnFZmg&h=AT1V18bHgUcMvENF6MPMFZn8eTpE02dE4BVe7FpAAx9Chhq2EKT4yopf3FO4ojAbgzh9lohy2rulxH9gLmLgbW0rxKJyeCT4D9j-w0Bk42zPAaseO4UAfS9pFcnaTlyC&s=1
👍8🔥1
နိုဝင်ဘာလ ၇ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 - သမ္မတဦးဝင်းမြင့် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်ရတဲ့ သတင်း04:34 - ကောလင်းမြို့တွင် PDF အလံလွှင့်ထူသည့် ရုပ်သံ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FmHF8TlnFZmg&h=AT1uih_0E8kIokEuJSDRiTmqAwdnGKPXi1oKywjFiZETcQgKziBSaTaIBWzdbc4LAVQc6DvpyRVN7MLylfiXoswfwTRnt9VyONiacHfmpS8YfgBJ20OWcBqUYv099w8I&s=1
👍6🔥1