Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာနဲ့ ရုရှား ပူးတွဲ ရေတပ်လေ့ကျင့်မှု ပြုလုပ်
🤮10👍3❤2🔥1🤯1
​​ခမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကိုင်းတိုင်းအတွင်း ဒုတိယမြောက် ထိန်းချုပ်နိုင်သည့်မြို့ဖြစ်
=============

ပါခွီး

(မဇ္စျိမ) ။    ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့မှ နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းကို တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မဇ္စျိမကို အတည်ပြုပြောကြားသည်။

“ ကျနော်တို့ ခမ်းပါတ်မြို့ကို သိမ်းနိုင်လိုက်ပါပြီ။ တာဝန်ရှိသူတွေက လေကြောင်းရန် အတွက်စီစဥ်နေရတဲ့အတွက် အသေးစိတ်အခြေအနေကို မထုတ်ပြန်နိုင်သေးပါဘူး” ဟု ၎င်းကဆိုသည်။

ခမ်းပါတ်မြို့ရှိ နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ယနေ့(နိုဝင်ဘာလ ၇ရက်) မနက် ၁၁နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါပြီ” ဟု တမူးမြို့ ပြည်သူ့ကာကွယ်ရေး ထောက်ပို့ဖြစ်သော Tamu District Battalion – 1 မှလည်း အသိပေးထားသည်။

ခမ်းပါတ်မြို့ကို နိုဝင်ဘာလ ၃ရက်နေ့မှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့များမှ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရဲစခန်းနှင့် ပျူစောထီးများ တပ်စွဲထားသည့် ဆေးရုံကို သိမ်းပိုက်ထားခဲ့ပြီး အခိုင်အမာခုခံကာကွယ်နေသည့် စစ်တပ်ကုန်းကို ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

မြို့သိမ်းတိုက်ပွဲကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တမူးခရိုင်တပ်ရင်း(၂) ၊ အထူးလှုပ်ရှားတပ်(၂) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် မဟာမိတ်တပ်ဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကောလင်းမြို့ကို ယမန်နေ့ နိုဝင်ဘာလ ၆ရက်က အပြီးသတ်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့‌ပြီးနောက် ခမ်းပါတ်မြို့သည် စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်လိုက်သည့် ဒုတိယမြို့ဖြစ်လာသည်။ ခမ်းပါတ်မြို့သိမ်းခဲ့မှုအသေးစိတ်အခြေအနေများသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

စာတည်း - အေးချမ်း

#Mizzima
#ခမ်းပါတ်မြို့
#နောက်ဆုံးလက်ကျန်စစ်ကောင်စီစခန်း
#တိုက်ခိုက်သိမ်းပိုက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16👍3👏3🔥2
နိုဝင်ဘာလ ၇ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:55 − ခါမ်းပါတ်မြို့ကိုသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း Tamu District Battalion 1 ထုတ်ပြန်တဲ့သတင်း01:32 − ရေခဲတောင်ရွာလို့ နာမည်က...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsmQr94pGUvo&h=AT0EEdJNaYw3C8D0rWvm4Xo3uCi2_Vi02qt-8gJFf7F-pUh30ADCah48hbmba2i5jTgodzFPMuq-wmqTkUXYendDOTZl0Qv2m-2MuU3rDZ6NCJrnRKa5bsk2G_yddv82&s=1
🔥2
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာ၌ သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ ရှိလာ
ဂါဇာသည် ‘ကလေးများအတွက် သုသာန် တစပြင်’ တခု ဖြစ်လာနေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က...
https://ift.tt/P2lEC63
👍1😢1
​​အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်း တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိဟုဆို 
==============

ရောင်နီ

(မဇ္စျိမ)။ ။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်းကို သွားရောက်တိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ 

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ လွှစင်အုပ်စု၊ သပြေစမ်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၄၉/၂၅၀ ရှိ သပြေစမ်းရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၆ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခွဲအချိန်တွင် သွားရောက်တိုက်ခိုက်ခြင်းဟု ဆိုသည်။ 

“ ရဲကင်းစခန်းကို ရှေ့ကင်း နောက်ကင်းထားပြီး အနီးကပ် ပေ ၅၀ လောက်ကနေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာပါ။ အဲဒီ ရဲကင်းမှာက စက်လတ်နှစ်ခုရှိတယ်။ သူတို့ဘက်(စစ်ကောင်စီတပ်)ကနေလည်း ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပါတယ်။” ဟု တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောသည်။ 

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့သည့် သပြေစမ်းရဲကင်းစခန်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲ ၁၇ ဦးခန့် ရှိကြောင်း သိရသည်။ 

တိိုက်ခိုက်မှုတွင် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့ပြီး ရဲကင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ဆိုသည်။ 

“ ကျွန်တော်တို့ဘက်က အရင်လက်ဦးမှုရအောင် မဟာဗျူဟာကျကျ လုပ်ဆောင်ခဲ့တာပါ။ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က လေးဦးသေတယ်ဆိုတာ ဒေသခံတွေက တဆင့် သိရပါတယ်။ လူနာတင်ယာဥ်တွေလာတယ်လို့လည်း သိရတယ်” ဟု ၎င်းက ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲဲ့၏ တိုက်ခိုက်မှုခံရပြီးနောက် တနာရီခန့်အကြာတွင် သပြေစမ်းရဲကင်းစခန်းကို စစ်ကောင်စီတပ်ဘက်မှ စစ်ကူများ လာရောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို သီးခြားအတည်ပြုချက်ရယူနိုင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းနေသည်။ 

အဆိုပါ တိုက်ခိုက်မှုကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု၊ သာစည်(ပကဖ)၊ မြို့သစ်(ပကဖ)၊ တပ်ရင်း(၉၀၃) ဂဠုန် PDF တပ်ခွဲ (၁)နတ်မောက်၊ ကျားသစ်နက်တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ(ကြိုးကြာနီတပ်ဖွဲ့နှင့် နတ်မောက် (ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ အထိအခ်ိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားသည်။ 

“ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နောက်လည်း ဒီထက်မက လုပ်ဆောင်မှုတွေ ရှိပါသေးတယ်ဆိုတာ ပြည်သူတွေကို အသိပေးချင်ပါတယ်။” ဟု တိုက်ဒေါင်း တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ရဲကင်းစခန်းအနီးတဝိုက် လုံခြုံရေးတင်းကျပ်ထားကာ ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်များကို စစ်ဆေးခြင်းများ ရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သပြေစမ်းရဲကင်းစခန်း
#ရမည်းသင်းမြို့နယ်

ပုံအညွှန်း - ရမည်းသင်းမြို့နယ်အနီးရှိ ရန်ကုန်-မန္တလေးအမြန်လမ်း မြင်ကွင်း။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏6❤2👎1😁1