Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာနဲ့ ရုရှား ပူးတွဲ ရေတပ်လေ့ကျင့်မှု ပြုလုပ်
🤮10👍3❤2🔥1🤯1
​​ခမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကိုင်းတိုင်းအတွင်း ဒုတိယမြောက် ထိန်းချုပ်နိုင်သည့်မြို့ဖြစ်
=============

ပါခွီး

(မဇ္စျိမ) ။    ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့မှ နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းကို တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မဇ္စျိမကို အတည်ပြုပြောကြားသည်။

“ ကျနော်တို့ ခမ်းပါတ်မြို့ကို သိမ်းနိုင်လိုက်ပါပြီ။ တာဝန်ရှိသူတွေက လေကြောင်းရန် အတွက်စီစဥ်နေရတဲ့အတွက် အသေးစိတ်အခြေအနေကို မထုတ်ပြန်နိုင်သေးပါဘူး” ဟု ၎င်းကဆိုသည်။

ခမ်းပါတ်မြို့ရှိ နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ယနေ့(နိုဝင်ဘာလ ၇ရက်) မနက် ၁၁နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါပြီ” ဟု တမူးမြို့ ပြည်သူ့ကာကွယ်ရေး ထောက်ပို့ဖြစ်သော Tamu District Battalion – 1 မှလည်း အသိပေးထားသည်။

ခမ်းပါတ်မြို့ကို နိုဝင်ဘာလ ၃ရက်နေ့မှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့များမှ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရဲစခန်းနှင့် ပျူစောထီးများ တပ်စွဲထားသည့် ဆေးရုံကို သိမ်းပိုက်ထားခဲ့ပြီး အခိုင်အမာခုခံကာကွယ်နေသည့် စစ်တပ်ကုန်းကို ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

မြို့သိမ်းတိုက်ပွဲကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တမူးခရိုင်တပ်ရင်း(၂) ၊ အထူးလှုပ်ရှားတပ်(၂) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် မဟာမိတ်တပ်ဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကောလင်းမြို့ကို ယမန်နေ့ နိုဝင်ဘာလ ၆ရက်က အပြီးသတ်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့‌ပြီးနောက် ခမ်းပါတ်မြို့သည် စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်လိုက်သည့် ဒုတိယမြို့ဖြစ်လာသည်။ ခမ်းပါတ်မြို့သိမ်းခဲ့မှုအသေးစိတ်အခြေအနေများသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

စာတည်း - အေးချမ်း

#Mizzima
#ခမ်းပါတ်မြို့
#နောက်ဆုံးလက်ကျန်စစ်ကောင်စီစခန်း
#တိုက်ခိုက်သိမ်းပိုက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16👍3👏3🔥2
နိုဝင်ဘာလ ၇ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:55 − ခါမ်းပါတ်မြို့ကိုသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း Tamu District Battalion 1 ထုတ်ပြန်တဲ့သတင်း01:32 − ရေခဲတောင်ရွာလို့ နာမည်က...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsmQr94pGUvo&h=AT0EEdJNaYw3C8D0rWvm4Xo3uCi2_Vi02qt-8gJFf7F-pUh30ADCah48hbmba2i5jTgodzFPMuq-wmqTkUXYendDOTZl0Qv2m-2MuU3rDZ6NCJrnRKa5bsk2G_yddv82&s=1
🔥2
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာ၌ သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ ရှိလာ
ဂါဇာသည် ‘ကလေးများအတွက် သုသာန် တစပြင်’ တခု ဖြစ်လာနေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က...
https://ift.tt/P2lEC63
👍1😢1
​​အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်း တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိဟုဆို 
==============

ရောင်နီ

(မဇ္စျိမ)။ ။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်းကို သွားရောက်တိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ 

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ လွှစင်အုပ်စု၊ သပြေစမ်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၄၉/၂၅၀ ရှိ သပြေစမ်းရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၆ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခွဲအချိန်တွင် သွားရောက်တိုက်ခိုက်ခြင်းဟု ဆိုသည်။ 

“ ရဲကင်းစခန်းကို ရှေ့ကင်း နောက်ကင်းထားပြီး အနီးကပ် ပေ ၅၀ လောက်ကနေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာပါ။ အဲဒီ ရဲကင်းမှာက စက်လတ်နှစ်ခုရှိတယ်။ သူတို့ဘက်(စစ်ကောင်စီတပ်)ကနေလည်း ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပါတယ်။” ဟု တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောသည်။ 

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့သည့် သပြေစမ်းရဲကင်းစခန်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲ ၁၇ ဦးခန့် ရှိကြောင်း သိရသည်။ 

တိိုက်ခိုက်မှုတွင် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့ပြီး ရဲကင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ဆိုသည်။ 

“ ကျွန်တော်တို့ဘက်က အရင်လက်ဦးမှုရအောင် မဟာဗျူဟာကျကျ လုပ်ဆောင်ခဲ့တာပါ။ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က လေးဦးသေတယ်ဆိုတာ ဒေသခံတွေက တဆင့် သိရပါတယ်။ လူနာတင်ယာဥ်တွေလာတယ်လို့လည်း သိရတယ်” ဟု ၎င်းက ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲဲ့၏ တိုက်ခိုက်မှုခံရပြီးနောက် တနာရီခန့်အကြာတွင် သပြေစမ်းရဲကင်းစခန်းကို စစ်ကောင်စီတပ်ဘက်မှ စစ်ကူများ လာရောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို သီးခြားအတည်ပြုချက်ရယူနိုင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းနေသည်။ 

အဆိုပါ တိုက်ခိုက်မှုကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု၊ သာစည်(ပကဖ)၊ မြို့သစ်(ပကဖ)၊ တပ်ရင်း(၉၀၃) ဂဠုန် PDF တပ်ခွဲ (၁)နတ်မောက်၊ ကျားသစ်နက်တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ(ကြိုးကြာနီတပ်ဖွဲ့နှင့် နတ်မောက် (ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ အထိအခ်ိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားသည်။ 

“ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နောက်လည်း ဒီထက်မက လုပ်ဆောင်မှုတွေ ရှိပါသေးတယ်ဆိုတာ ပြည်သူတွေကို အသိပေးချင်ပါတယ်။” ဟု တိုက်ဒေါင်း တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ရဲကင်းစခန်းအနီးတဝိုက် လုံခြုံရေးတင်းကျပ်ထားကာ ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်များကို စစ်ဆေးခြင်းများ ရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သပြေစမ်းရဲကင်းစခန်း
#ရမည်းသင်းမြို့နယ်

ပုံအညွှန်း - ရမည်းသင်းမြို့နယ်အနီးရှိ ရန်ကုန်-မန္တလေးအမြန်လမ်း မြင်ကွင်း။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏6❤2👎1😁1
​​မတ္တရာတွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၈ဦးသေဆုံးဟုဆို
==============

008

မဇ္ဈိမ။ ။မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ငါးရက်အတွင်း ခြောက်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ရှစ်ဦးသေဆုံး​ခဲ့ကြောင်း မတ္တရာမျိုးမှန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

မတ္တရာမြို့နယ်အတွင်း ကျောက်တံတား၊လက်ဝဲကြီး၊လမိုင်း၊မန်ကျည်းကုန်း၊ အောင်ချမ်းသာ၊မြောင်းဦး၊ကင်းရွာ၊စခန်းသာ၊ကျောက်ဆည်လေးကျေးရွာနှင့် ဇီးဖြူပင်ကျေးရွာတို့ကို မွှေနှောက်ဖျက်ဆီးခဲ့သော စစ်ကြောင်းကိုအောက်တိုဘာလ ၃၀ ရက် မှ နိုဝင်ဘာလ၄ရက်အတွင်း တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

" ရန်သူဘက်က ရှစ်ဦးသေပြီး ခုနစ်ဦး ဒဏ်ရာရရှိသွားတယ်ဆိုတာ မြေပြင်သတင်းတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ဘက်က အထိအခိုက် မရှိပါဘူး"ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

တိုက်ခိုက်မှုကို မတ္တရာမျိုးမှန်တပ်ဖွဲ့၊တပ်ရင်း(၁)၊တပ်ခွဲ(၂)က ပြုလုပ်ခဲ့ခြင်းဟုသိရသည်။ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုကို မဇ္ဈိမ အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ထိုစစ်ကြောင်းသည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့ အခြေစိုက် ခလရ (၉၁)မှဖြစ်ပြီး ၎င်းတို့နှင့်အတူ ပျူစောထီများနှင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သည်ဟု မတ္တရာမျိုးမှန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။ လက်ရှိတွင် ကျောက်တံတားကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားကြောင်းသိရသည်။

စာတည်း - အေးချမ်း

#Mizzima
#မတ္တရာမြို့
#စစ်ကောင်စီစစ်ကြောင်း
#မိုင်းဆွဲတိုက်ခိုက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏7😁1
​​အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာ၌ သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ ရှိလာ
==================•

ဂါဇာသည် ‘ကလေးများအတွက် သုသာန် တစပြင်’ တခု ဖြစ်လာနေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၆ ရက်တွင် ပြောကြားလိုက်ပြီး အစ္စရေး-ဟားမတ်စ်အကြား ချက်ချင်း အပစ်ရပ်စဲရေး တောင်းဆိုသည်။ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တို့က ပြောသည်။

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1👏1
​​7.11.2023 (Tuesday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်

✅Highlight ✅

👉လောဘကြိုးဝိုင်း (ညနေ - ၆ နာရီ) 

👉India Movie -Naachiyaar(ည- ၈ နာရီ)

👉Korea Movie -My Brillant Life (ည- ၁၀နာရီခွဲ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzim
🔥3👍1
​​Naachiyaar
=======

ဒီဇာတ်ကားလေးကတော့ သက်ငယ်မုဒိန်းမှုကိုအခြေခံပြီး လူတွေရဲ့လူတန်းစားခွဲခြားမှုတွေနဲ့ အိန္ဒိယနိုင်ငံကအရာရှိတစ်ချို့ရဲ့ အကျင့်ပျက်ခြစားမှုတွေအကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေရင်ဘတ်ထဲမှာ တစ်ခုခုစွဲကျန်ခဲ့အောင်လှုပ်ခတ်နိုင်မယ့်ဇာတ်ကားကောင်းလေးပါ...

""ပိုက်ဆံဆိုတာ မီသိန်းဓာတ်ငွေ့လိုပဲ မြေဆီလွှာအထဲထိထိုးဝင်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်"" ဟုတ်ပါတယ်...ငွေများတရားနိုင်ဆိုတဲ့ စကားအတိုင်းပဲ လူ့ကမ္ဘာလောကကြီးမှာ ပိုက်ဆံက အရာရာအားလုံးကိုစီမံခန့်ခွဲနိင်ပါတယ်...

ဒါပေမယ့် ပိုက်ဆံက လောကကြီးရဲ့ အရာရာမဟုတ်ဘူးဆိုတာကို သက်သေပြသွားတဲ့သူတစ်ယောက်ရှိတယ်....သူ့နမည်က ""နာချီယာ""...

""နာချီယာ""က အရမ်းကို ထူးချွန်ထက်မြတ်ပြီး မတရားမှုတွေကိုဆို လက်ပိုက်ကြည့်မနေနိုင်ပဲ ရက်ရက်စက်စက်အပြစ်ပေးတတ်တဲ့အကျင့်ရှိတဲ့ ရဲမေတစ်ယောက်ပါ...

တစ်နေ့သူ့ဆီကို သက်ငယ်မုဒိန်းမှုတစ်ခုကိုင်တွယ်ဖြေရှင်းပေးဖို့ အထက်ကညွှန်ကြားစာရောက်လာခဲ့တယ်...

သူအဲ့ဒီ့အမှုကိုစပြီးကိုင်တဲ့အချိန်မှာပဲ မုဒိန်းကျင့်ခံထားရတဲ့ကောင်မလေးဟာ ကိုယ်ဝန်လွယ်ထားရနေပါပြီ...

ဒီအမှုကိုကျူးလွန်ခဲ့တဲ့သူကလဲ တခြားသူမဟုတ်ပဲသူ့ချစ်သူကောင်လေးပါတဲ့...

နှစ်ယောက်လုံးက နှစ်ဦးနားလည်မှုနဲ့အတူတူနေခဲ့ကြတာမှန်ပေမယ့် အသက်မပြည့်သေးတဲ့ကလေးတွေဖြစ်တာကြောင့် အိန္ဒိယနိုင်ငံရဲ့ ဥပဒေအရ ကောင်လေးကိုမုဒိန်းမှုနဲ့စွဲချက်တင်ပြီး ထောင်ချလိုက်ပါတယ်...

ကောင်မလေး ကလေးမွေးပြီးတော့ DNAစစ်လိုက်တဲ့အခါ အဲ့ဒီ့ကလေးဟာ သူ့ချစ်သူကောင်လေးနဲ့ ရတဲ့ကလေးမဟုတ်မှန်း ရဲမေ""နာချီယာ""သိသွားတဲ့အချိန်မှာ မတရားမှုကိုလက်ပိုက်ကြည့်မနေတတ်တဲ့ ""နာချီယာ""တစ်ယောက်အမှုမှန်ပေါ်ပေါက်ဖို့ ကြိုးစားရပါတော့တယ်...

ဒီလိုနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ကြိုးစားရင်း တရားခံကို စုံစမ်းဖော်ထုတ်တဲ့အခါမှာ တကယ့်တရားခံအစစ်ရဲ့ ငွေတွေနဲ့ ဖုံးဖိထားမှုတွေကြောင့် ""နာချီယာ""တစ်ယောက်အမှုမှန်ပေါ်ပေါက်ဖို့ ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရမလဲ...

တကယ်ပဲတရားခံအစစ်ကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ Mizzmia+ Channel မှာထုတ်လွှင့်ပြသသွားမယ့် ""Naachiyaar""ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးမှာ ပရိသတ်တွေကစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။"

Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက်။ ။7.11.2023 
ပြသမည့် အချိန် ။ ။ည (၈:၀၀ )နာရီ

ပြန်လည်ပြသမည့်ရက်။ ။ ၂၁၊၁၀၊၂၀၂၂
အချိန်။ ။နေ့လည် ၂နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

#Mizzimplushd
#indiamoviereview
👍9🔥1
နိုဝင်ဘာလ ၇ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:55 − ခါမ်းပါတ်မြို့ကိုသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း Tamu District Battalion 1 ထုတ်ပြန်တဲ့သတင်း01:32 − ရေခဲတောင်ရွာလို့ နာမည်က...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsmQr94pGUvo&h=AT1oU-L12hoDyvqPXWry0U-hoFz-S5cSg2aG3SGQe4gXcTjy9ZpOn-mtJ59l5hgnZEy14tBEaraOSsrnZW6geAeoU4peYDIm7gWOSACxqevMOn5o3YTWhmqVEsdpzvL6&s=1
👍4🔥2
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာ၌ သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ ရှိလာ
ဂါဇာသည် ‘ကလေးများအတွက် သုသာန် တစပြင်’ တခု ဖြစ်လာနေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က...
https://ift.tt/SkJT4zo
🔥2👏1😱1