မြပုလဲဂိတ်စခန်း စီနင်းတိုက်ခိုက်မီးရှို့ခံရသဖြင့် ချောင်းဦးမြို့တွင် စစ်ကောင်စီတပ် ရမ်းကားနေဟုဆို
==============
007
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်က မြပုလဲဂိတ် စခန်း စီးနင်းတိုက်ခိုက်မီးရှို့ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က မြို့ အတွင်း ရမ်းကားနေကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၆ ရက် ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့အနှံ့နေရာယူထားသည့် စစ်ကောင်စီ၏ တပ်သားများက သေနတ်များရမ်းသန်းပစ်ဖောက်ခြောက်လှန့်ခြင်း၊ မြို့နေပြည်သူလူထုကို အကြောင်းမဲ့ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခု ချောင်းဦးအခြေအနေက တနေကုန် သေနတ်သံတွေ ဆူညံနေတာပဲ။ တိုက်ပွဲမရှိဘူး ခြောက်ပစ် ပစ်နေကြတာ။ လူဖမ်းတာကတော့ မထင်ရင်မထင်သလို ကောက်ဖမ်းသွားတာပဲ၊ လက်ဖက်ရည်ဆိုင်ထဲ အထိဝင်ဖမ်းတာ” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။
“ဘေးအိမ်ကတယောက် ပါသွားတယ်၊ အခုထိ မိသားစုနဲ့အဆက်အသွယ်မရလို့ မအေကြီးခမျာ ငိုယိုနေ တယ်။ ပြန်လွှတ်ပေးမှာမဟုတ်ဘူး။ ပေါ်တာဆွဲခံရတာလို့ သတင်းထွက်နေတော့ မိသားစုဝင်တွေ အရမ်း ကြောက်လန့်နေကြတယ်။ ဒီနေ့လည်း တနေကုန်သောင်းကျန်းပြီး လူဖမ်းတယ်။ နှစ်ရက်အတွင်း ၁၅ ယောက် အနည်းဆုံးရှိမယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံကပြောသည်။
နှစ်ရက်အတွင်း မြို့ခံ ၁၅ ဦးထက်မနည်းအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းသတင်းများဖော်ပြပေးနေသည့် Khin Mon Revolution 1.0 ကလည်း အတည်ပြုထားသည်။
လက်ရှိ ချောင်းဦးမြို့အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် အဖွဲ့အစည်းအချို့ထံဆက်သွယ်ထား သော် လည်း အဆက်အသွယ် မရသေးပေ။
ချောင်းဦးမြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာ မုံရွာ-မန္တလေးလမ်းဘေးရှိ အမှတ်(၉၀၉)စစ်မြေပြင် အင်ဂျင် နီယာတပ်မှ ဗိုလ်ကြီးအောင်သူရ ဦးစီးသော အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်ကို မုံရွာခရိုင် အမှတ်(၆) တပ်ရင်း၊ ချောင်းဦးမြို့နယ် ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့(CHUPDF) ၊ KG(II) ၊ Immortal Guerrilla Force (IGF Monywa) ၊ မုံရွာခရိုင်ဒရုန်းအဖွဲ့၊ မြင်းခြံခရိုင်ဒရုန်းအဖွဲ့နှင့် BGF ပူးပေါင်းအင်အား ၈၀ ခန့်ကဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးခန့်ကျဆုံးပြီးနောက် ခုခံခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့သဖြင့် စခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။
ပုံစာ - စစ်ကောင်စီ၏မြပုလဲဂိတ်စခန်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နေစဉ် (Photo - မြို့နယ်ပကဖ(ချောင်းဦး))
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ချောင်းဦးမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍19🔥3🤬2❤1😁1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၇ နိုဝင်ဘာ၂၀၂၃)
====================
အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံးကို ထင်တိုင်းကျဲကာ အကြမ်းဖက်မှုပေါင်းစုံလုပ်ပြီးမှ တော်လှန် ရေးအဖွဲ့များက တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လာသည့်အခါ ဒေသအကျိုး၊ နယ်မြေ အကျိုး၊ပြည်သူအကျိုး ကိုကြည့်ပြီး ပူးပေါင်းဆောင်ရွက်ကြပါဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလာသည်ကို ကြည့်လျှင် စစ်ရှုံးလာသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

👍12❤2👏1😁1
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားပြီဟု SOF ပြော
=================
YT
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေး ယန္တရားအားလုံး ရပ်တန့်သွားပြီဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားများဖြစ်သည့် ထွေအုပ်ရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၊ မီးသတ်ရုံး၊ သစ်တောရုံး အစရှိသည့် ရုံးများတွင် ဝန်ထမ်းများ မရှိခြင်း၊ ရုံးအဆောက်အဦများ မကြာခဏတိုက်ခိုက်ခံရခြင်းတို့ကြောင့် အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးသွားခြင်းဖြစ်သည်ဟု ကိုအောင်စံရှားက ဆိုသည်။
" တမြို့နယ်လုံးမှာ မြို့ပေါ် ရဲ့ သူတို့တပ်စခန်းတွေ အထိုင်ချတဲ့နေရာမှာပဲ သူတို့ နေနိုင်တော့တယ်၊ ကျန်တဲ့မြို့ပေါ် တခုလုံးမှာလည်း သူတို့ရဲ့ အုပ်ချုပ်ရေးရုံးတွေမှာလည်း သူတို့နေလို့မရဘူး၊ အုပ်ချုပ်ရေး ယန္တရားတွေလည်း ပျက်စီးတယ်။ ကျန်တဲ့ လုပ်ငန်းစဉ်အားလုံး ထွေအုပ်၊ သစ်တော စသဖြင့် လုပ်ငန်းတွေအားလုံး ရပ်တန့်သွားတာ ကြာပြီ။ အဲ့ဒီဝန်ထမ်းတွေတောင်မှပဲ ပြန်တဲ့သူတွေက ပြန်ကုန်ပြီ၊ ထွက်ပြေးတဲ့သူက ထွက်ပြေးပေါ့။ လုံးဝ မရှိတော့ဘူး။ လည်ပတ်လို့မရတော့ဘူး အဆောက်အဦတွေ မရှိတော့ဘူး" ဟု ကိုအောင်စံရှားက ဇ္ဈိမကိုပြောသည်။
ဒေသခံတဦးကလည်း " အရင်ကဆို မြို့ထဲ ကင်းလှည့်တာတွေ လုပ်တယ်လေ။ အခုနောက်ပိုင်း အဲ့ဒီလိုတွေ မတွေ့ရတော့ဘူး။ လမ်းတွေမှာ စစ်ဆေးတာမျိုးတွေလည်း မတွေ့ရတော့ဘူး။ ပြီးတော့ ထွေအုပ်ရုံးဆိုရင်လည်း ရုံးပဲ ရှိတာ လူမရှိဘူး။ ပထမတော့ ထွေအုပ်ကို ဇမိခန်းမမှာ လုပ်သေးတယ် နောက်ပိုင်း ခဏခဏ အတိုက်ခံရတော့ ပိတ်တာပဲ။ မပျက်မကွက် လုပ်တာဆိုလို့ လက်နက်ကြီးပစ်တာပဲရှိတယ်" ဟု ဆိုသည်။
ထို့ပြင် လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ တပ်စခန်းများအတွင်း၌သာ နေနိုင်ပြီး တပ်စခန်းအပြင်သို့ ထွက်ရန် မဝံ့ရဲကြတော့ကြောင်း၊ ၎င်းတို့၏ တပ်စခန်းအတွင်းမှသာနေ၍ လူထုနေထိုင်ရာ ကျေးရွာများ၊ ရပ်ကွက်များဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိနေကြောင်း၊ အဆိုပါ တပ်စခန်းများအတွင်းသို့ စစ်ကူလာသည့် စစ်ကြောင်းများသည်လည်း တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ်တိုက်ခိုက်ခြင်းများ မကြာခဏ ခံရလေ့ရှိကြောင်း ဆိုသည်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးနေသည့် ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် နယ်မြေထိန်းချုပ်ခြင်း၊ နယ်မြေစိုးမိုးခြင်းများ ပြုလုပ်နိုင်သော်လည်း စစ်ကောင်စီတပ်က ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သဖြင့် နယ်မြေစိုးမိုးမှု မပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။
" ဘာကြောင့် တော်လှန်ရေးအင်အားစုတွေက ဝင်ပြီးတော့ နေရာမယူထားလဲ မစိုးမိုးထားလဲဆိုရင် လက်နက်ကြီးအန္တရာယ်၊ လေကြောင်းကနေ ရမ်းသန်းပစ်ခတ်တာတွေက ပြည်သူလူထုကို ထိခိုက်မှာစိုးတဲ့အတွက်ကို ပြည်သူလူထုအတွက်ပဲ ဝင်ပြီးတော့ နယ်မြေထိန်းချုပ်တာ စိုးမိုးထားတာ မလုပ်ဘဲနဲ့ မြို့ပေါ်ကိုတော့ စစ်ဆင်ရေးအရ လိုအပ်တဲ့အချိန်မှာပဲ ဆောင်ရွက်တဲ့ပုံစံမျိုးပေါ့။ အခြားနေရာတွေအားလုံးကတော့ ကျေးရွာချင်းဆက်လမ်းတွေ မြို့ချင်းဆက်လမ်းတွေ ကျေးရွာတွေအားလုံးကတော့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိတယ်။ နယ်မြေစိုးမိုးမှုအောက်မှာပဲရှိတယ်။ KNLA ရဲ့ အုပ်ချုပ်မှု ယန္တရားအောက်မှာပဲ ရှိတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်သည် KNU ၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၆)၊ တပ်ရင်း (၁၈) နယ်မြေအတွင်း တည်ရှိသည့် မြို့နယ်တခုဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြန်မာသတင်း
#ကြာအင်းဆိပ်ကြီးမြို့နယ်
#KNU
#SOF
ပုံအညွှန်း- ကြာအင်းဆိပ်ကြီး မြို့အဝင် ဆိုင်းဘုတ်

❤17👍11🥰2👏2😁2
လောက်ကိုင်တွင် ဆန် ၆ ပြည် တအိတ် ၁၃၀,၀၀၀ ကျပ်ဖြင့် ရောင်းချ၊ တိုးကြိတ်ဝယ်၍ လူထိခိုက်မှုရှိ
ရွှေနွယ် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ...
https://www.youtube.com/watch?v=3ii6uFsVIIw

YouTube
လောက်ကိုင်တွင် ဆန် ၆ ပြည် တအိတ် ၁၃၀,၀၀၀ ကျပ်ဖြင့် ရောင်းချ၊ တိုးကြိတ်ဝယ်၍ လူထိခိုက်မှုရှိ
ရွှေနွယ် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက ဆန် ခြောက်ပြည်တအိတ်လျင် တရုတ်ယွမ်ငွေ ၃၀၀ခန့် (မြန်မာကျပ်ငွေ ၁၃၀,၀၀၀ ကျပ်) ဖြင့် ရောင်းချပေးရာ တိုးကြိတ်ဝယ်ယူသူများပြား၍ လူပိခြင်းနှင့် လူထိခိုက်ခြင်းရှိခဲ့သည်ဟု…
😢10👍7🔥2😱1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ...
https://www.youtube.com/watch?v=wqmpRBpj7eU

#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

❤5🤮2🍌1
ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် မီလန်မှာ ပီအက်စ်ဂျီ ပရိသတ် ဓားထိုးခံခဲ့ရ
======================
By PKThawn
အေစီမီလန်မှာ ယှဉ်ပြိုင်ကစားမယ့် ပြင်သစ်ကလပ်ရဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ခေါင်းစွပ်ဝတ်ဆင်ထားတဲ့ တိုက်ခိုက်သူတွေက ပဲရစ်စိန့်ဂျာမိန်း ပရိသတ်တဦးကို ဓားနဲ့ထိုးခဲ့တယ်လို့ အီတလီရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။
တနင်္လာနေ့ညက မီလန်မြို့မှာ အမည်မဖော်လိုသူ ပြင်သစ်အမျိုးသားဟာ "ခြေထောက်မှာ ဓားဒဏ်ရာနှစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်"ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Corriere della Sera သတင်းစာက အဲ့ဒီအမျိုးသားဟာ အသက် ၃၄ နှစ်ဖြစ်ပြီး သူ့ရဲ့အသက်အန္တရာယ်မှာ မစိုးရိမ်ရကြောင်း ပြောကြားပါတယ်။
"အေစီမီလန်ဟာ အကြမ်းဖက်မှုပုံစံတိုင်းကို ရှုတ်ချပါတယ်၊ ကျုပ်တို့အတွက် ဘောလုံးက စိတ်အားထက်သန်မှုဖြစ်ပြီး မုန်းတီးမှု မဟုတ်ပါဘူး။ အားကစားဟာ စည်းလုံးဖို့ပါ။ မကွဲပြားရဘူးလို့ ဆိုရမှာပါ။"လို့ မီလန်က အတိုချုံးထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။
အီတလီနိုင်ငံမြောက်ပိုင်း Navigli ဧရိယာမှာ ရှိနေတဲ့ မီလန်ပရိသတ် ၅၀ ဝန်းကျင်နဲ့ ပြင်သစ်ပရိသတ်တို့ကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ရဲတပ်ဖွဲ့ကို ပြောပါတယ်။
ကော်ဖီဆိုင်တွေ၊ အရက်ဆိုင်တွေနဲ့ ညဘက်မှာ နာမည်ကြီးတဲ့ တူးမြောင်းဘေးမှာ အမျိုးသားတစုကို အီတလီသတင်းဝက်ဆိုက်တွေက လူမှုမီဒီယာမှာ မျှဝေထားတဲ့ ဗွီဒီယိုပုံတွေမှာ ပြသထားပါတယ်။
မီးရှူးမီးပန်းတွေ ကိုင်ဆောင်လာရင်း သူတို့ဟာ ရုတ်တရက် လှည့်ပြီး တခြားအမျိုးသားတသိုက်ဆီ ပြေးသွားကြပါတယ်။ အဲဒီထဲက တချို့ဟာ ခေါင်းစွပ်တွေ ဝတ်ဆင်ထားပြီး နံပါတ်တုတ်တွေလိုမျိုးကို ကိုင်ဆောင်ထားပါတယ်။
အလားတူ မြို့ရဲ့ အဲဒီနေရာမှာပဲ မီလန်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် နယူးကာဆယ်ယူနိုက်တက် ပရိသတ်တဦး ဓားထိုးခံခဲ့ရပြီးနောက် နှစ်လမပြည့်မီမှာ ဒီလိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ၊
ဥရောပချန်ပီယံ ၇ ကြိမ်ရ မီလန်ဟာ အုပ်စု (F) မှာ နှစ်မှတ်အသာဖြင့် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီနဲ့ အင်္ဂါနေ့မှာ လက်ခံကစားရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်က Parc des Princes ကွင်းမှာ အီတလီကလပ်ကို ၃-၀ နဲ့ ဂိုးပြတ်ချေမှုန်းခဲ့ပြီးနောက် သူတို့ဟာ ရေပန်းအစားဆုံးဖြစ်လာပါတယ်။
အုပ်စုတွင်း လေးသင်းစလုံးဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးကိုယ်စီ ရှိတာမို့ အင်္ဂါနေ့ပွဲစဉ်က နှစ်သင်းလုံးရဲ့ ရလဒ်က နောက်တဆင့်တက်ရေးအတွက် သိသိသာသာ သက်ရောက်မှုရှိနိုင်ပါတယ်။
မီလန်ဟာ သူတို့ရဲ့ အဖွင့် ၃ ပွဲမှာ သွင်းဂိုးမရရှိခဲ့ဘဲ ရမှတ်နှစ်မှတ်ဖြင့် အုပ်စုအောက်ဆုံးမှာ ရှိနေပါတယ်။
(AFP)
Photos: EPA/X
#PSG #ACMilan #ChampionsLeague #stabbedintheback #Mizzima

👍5😱1
လောက်ကိုင်တွင် ဆန် ၆ ပြည် တအိတ် ၁၃၀,၀၀၀ ကျပ်ဖြင့် ရောင်းချ၊ တိုးကြိတ်ဝယ်၍ လူထိခိုက်မှုရှိ
================
https://youtu.be/3ii6uFsVIIw?si=y11AS2mF9gsSqkdg
================
https://youtu.be/3ii6uFsVIIw?si=y11AS2mF9gsSqkdg
YouTube
လောက်ကိုင်တွင် ဆန် ၆ ပြည် တအိတ် ၁၃၀,၀၀၀ ကျပ်ဖြင့် ရောင်းချ၊ တိုးကြိတ်ဝယ်၍ လူထိခိုက်မှုရှိ
ရွှေနွယ် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက ဆန် ခြောက်ပြည်တအိတ်လျင် တရုတ်ယွမ်ငွေ ၃၀၀ခန့် (မြန်မာကျပ်ငွေ ၁၃၀,၀၀၀ ကျပ်) ဖြင့် ရောင်းချပေးရာ တိုးကြိတ်ဝယ်ယူသူများပြား၍ လူပိခြင်းနှင့် လူထိခိုက်ခြင်းရှိခဲ့သည်ဟု…
🔥1😢1
တနင်္သာရီနှင့် ပုလောမြို့တွင် စစ်ကောင်စီကဆန်သယ်ယူခွင့် ပိုတင်းကျပ်၊ ဒေသခံများ အခက်ကြုံ
🤬6👍3👏1
တနင်္သာရီနှင့် ပုလောမြို့တွင် စစ်ကောင်စီကဆန်သယ်ယူခွင့် ပိုတင်းကျပ်၊ ဒေသခံများ အခက်ကြုံ
====================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီမြို့ရှိ ဗောဓီကမ်းတံတားစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က ခရီးသည်တင်ကားဖြင့် သယ်ဆောင်လာသည့် ဆန်အိတ်များကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ဆန်ရိက္ခာသယ်ယူခွင့်ကို ထပ်မံတင်းကျပ်လိုက်ကြောင်း ဒေသခံများထံမှ သိရ သည်။
တနင်္သာရီမြို့၊ ငါးမိုင်ရွာမှ ကားတစီးနှင့် သဘော့လိပ်ရွာမှကားတစီးသည် ဆန်အိတ် အများအပြားတင်လာသည်ဟု ဆိုကာ စစ်ဖက်ရေးရာလုံခြုံရေးတပ်က ဖမ်းလိုက်ခြင်းဟု သိရသည်။
“ဖမ်းခံရတဲ့ ဆန်ကား နှစ်စီးမှာ ဆန်အိတ် ၄၀ ကျော်ကိုတော့ သိမ်းဆည်းပြီး လူကိုတော့ ပြန်လွတ်ပေးလိုက်တယ်”ဟု ဒေသခံတဦးကပြော သည်။
တနင်္သာရီမြို့နယ်တွင် ယခင်ကလည်း မြို့ပေါ် မှ လွဲ၍ ကျေးရွာများကို ဆန်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို အကန့်သတ်ဖြင့်သာ သယ်ယူခွင့်ပြုထားရာမှ ယခုအခါ ပိုမိုတင်းကျပ်လိုက်ခြင်းဟု ဒေသခံများကပြောသည်။
“ဆန်ကားတွေ ဖမ်းမိပြီး အချိန်ကတည်းက ဆန်တင်ခွင့် ပိုပြီး တင်းကျပ်လာတယ်။ဘယ်ကားမှ တင်ခွင့် မပြုတော့ဘူး။ ရရင်တောင်မှ မှတ်ပုံတင် နံပါတ်၊ ဖုန်းနံပါတ် အတိအကျနဲ့ ပေးရတယ်”လို့ ဘန်ကြုတ်ကျေးရွာဒေသခံ အမျိုးသမီးတဦးက ပြော သည်။
ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက ပိုမိုတင်းကျပ်လိုက်သည့်အတွက် သကျက်တော၊ (၆) မိုင်၊ ဘန်လော၊ ဘန်လင်းနှင့် သမီးလှကျေးရွာတို့မှ ဒေသခံများ ဆန်ရရှိရေး အခက်ကြုံနေရကြောင်း သိရသည်။
အလာတူ ပုလောမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက အရပ်သားများကို ဆန်ရောင်းခွင့် ပိတ်ပင် ထားပြီး ၎င်းတို့ ကိုယ်တိုင် ဦးဆောင်ကာ အိမ်ထောင်စု တစုလျင် ဆန်သုံးပြည်နှုန်းဖြင့် ရောင်းချနေသည်ဟု သိရသည်။ ထို့ကြောင့် မိသားစုဦးရေများသည့် အိမ်ထောင်စုများသည် အခက်အခဲကြုံနေကြောင်း ဒေသခံများကပြော သည်။
တနင်္သာရီနှင့် ပုလောသည် တနင်္သာရီတ်ိုင်းအတွင်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များဖြစ်ပြီး တိုက်ပွဲများလည်း မကြာ ခဏ ဖြစ်ပွားနေသည်။
စာတည်း - အေးချမ်း
#Mizzima
#တနင်္သာရီမြို့
#ပုလောမြို့
#ဆန်သယ်ယူခွင့်ထပ်မံတင်းကျပ်
#ဒေသခံများအခက်ကြုံ
ပုံအညွှန်း-တနင်္သာရီဖက်မှာ ဒေသခံတွေ ဆန်သယ်ယူနေပုံ

🤬6👍4👏1
ရှမ်းမြောက်က စစ်သည်များအတွက်ဟုဆိုကာ ရန်ကုန်နှင့် မန္တလေးက လုပ်ငန်းရှင်များထံမှ စစ်ကောင်စီအလှူခံ
====================
007
(မဇ္စျိမ) ။ ။တွေ့ဆုံလိုကြောင်း ကမ်းလှမ်းမှုကြောင့်သွားရောက်တွေ့ဆုံစဉ် စစ်တိုင်းမှူးကရှမ်းပြည်နယ်မြောက်ပိုင်းဒေသရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွက် အလှူခံ၍ ငွေလှူခဲ့ရကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်အချို့ကပြောသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်က ယင်းဌာနချုပ်ရှိရန်အောင်မြင်ခန်းမနှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမတွင်နို၀င်ဘာလ ၁ ရက်နှင့်နို၀င်ဘာလ ၂ ရက်တွင် ခေါ်ယူတွေ့ဆုံ၍ အလှူခံခြင်းဟုဆိုသည်။
"“စစ်တိုင်းမှူးက လုပ်ငန်းရှင်တွေနဲ့တွေ့ချင်တယ်ဆိုလို့ သွားရတယ်။ ဟိုရောက်တော့ ရှေ့တန်းရောက်စစ်သား တွေအတွက် အလှူငွေထည့်ခိုင်းလို့ထည့်ခဲ့ရတယ်” ဟုလုံခြုံရေးအရအမည်မဖော်ပြလိုသည့်လုပ်ငန်းရှင်တဦးက ပြောသည်။
ရန်ကုန်နှင့် မန္တလေးမြို့မှ လုပ်ငန်းရှင်ခြောက်ဆယ်ကျော်ကို ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပြီး မန္တလေးမြို့မှ လုပ်ငန်းရှင် ၄၂ ဦးပါသည်ဟု သိရသည်။
" ထာ၀ရဦးမောင်ကို(စစ်ကောင်စီခန့်မန္တလေးတိုင်း၀န်ကြီးချုပ်ဟောင်း)အုပ်စုကအများဆုံးလှူတယ်။ ကျန်တာတွေ တော့ စာရင်းဇယားနဲ့ ထွက်မလာသေးဘူး။ဆီဆိုင်တွေပါတယ်။ရွှေဆိုင်တွေပါတယ်။ အသေးစား၊အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်တွေအကုန်ပါတယ်” ဟု အမည်မဖော်လိုသည့်သတင်း ရင်းမြစ်တဦးကပြောသည်။
ရှမ်းပြည်မြောက်ပိုင်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် အဆိုပါအလှူခံပွဲ တွင်မန္တလေးမြို့မှစီးပွားရေးလုပ်ငန်းရှင်လေးဆယ်ကျော်က အလှူငွေကျပ်သိန်း၃,၇၀၀ ကျော်လှူဒါန်းခဲ့ကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံကသိရသည်။ထိုသို့လှူဒါန်းမှုနှင့်ပတ်သက်၍မြို့လူထုက ဝေဖန်နေကြသည်။ဗိုလ်ချုပ်ကြည်ခိုင်သည် မူလက အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ပေးခံရသူဖြစ်သည်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင်အထိနာနေသည့် စစ်ကောင်စီသည်ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ စီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များသို့ခေါ်ယူတွေ့ဆုံပြီး ရှေ့တန်းရောက်စစ် ကောင်စီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုရန်ဟုဆိုကာ အလှူငွေတောင်းခံခြင်းများပြုလုပ်နေကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။
စစ်ကောင်စီ၏အလှူငွေတောင်းခံခြင်းအပေါ် ကျေနပ်စွာပေးအပ်ခဲ့သူများရှိသလို ဖိအားကြောင့်ပေးခဲ့ရသူများလည်းရှိကြောင်း အခမ်းအနားတက်ရောက်ခဲ့ကြသည့် လုပ်ငန်းရှင်အချို့ကပြောသည်။
စာတည်း - အေးချမ်း
#Mizzima
#မန္တလေးမြို့
#အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
#အလှူခံ
photo-စစ်ကောင်စီ

👍6😁3🤮3🔥1
လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
=================
ကိုရွှေမြိတ်
(မဇ္စျိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ကာ ဒေသခံအမျိုးသမီးများနှင့် လူငယ်များ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် "ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဘန်နာကိုင်ဆွဲ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
#စစ်အာဏာရှင်ဆန္ဒပြ
#လောင်းလုံးမြို့နယ်
#Mizzima
Website Link - https://www.mizzimaburmese.com/article/135302

👍14❤1😁1