Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္သာရီနှင့် ပုလောမြို့တွင် စစ်ကောင်စီကဆန်သယ်ယူခွင့် ပိုတင်းကျပ်၊ ဒေသခံများ အခက်ကြုံ
🤬6👍3👏1
တနင်္သာရီနှင့် ပုလောမြို့တွင် စစ်ကောင်စီကဆန်သယ်ယူခွင့် ပိုတင်းကျပ်၊ ဒေသခံများ အခက်ကြုံ
====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီမြို့ရှိ ဗောဓီကမ်းတံတားစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က ခရီးသည်တင်ကားဖြင့် သယ်ဆောင်လာသည့် ဆန်အိတ်များကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ဆန်ရိက္ခာသယ်ယူခွင့်ကို ထပ်မံတင်းကျပ်လိုက်ကြောင်း ဒေသခံများထံမှ သိရ သည်။

တနင်္သာရီမြို့၊ ငါးမိုင်ရွာမှ ကားတစီးနှင့် သဘော့လိပ်ရွာမှကားတစီးသည် ဆန်အိတ် အများအပြားတင်လာသည်ဟု ဆိုကာ စစ်ဖက်ရေးရာလုံခြုံရေးတပ်က ဖမ်းလိုက်ခြင်းဟု သိရသည်။
“ဖမ်းခံရတဲ့ ဆန်ကား နှစ်စီးမှာ ဆန်အိတ် ၄၀ ကျော်ကိုတော့ သိမ်းဆည်းပြီး လူကိုတော့ ပြန်လွတ်ပေးလိုက်တယ်”ဟု ဒေသခံတဦးကပြော သည်။

တနင်္သာရီမြို့နယ်တွင် ယခင်ကလည်း မြို့ပေါ် မှ လွဲ၍ ကျေးရွာများကို ဆန်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို အကန့်သတ်ဖြင့်သာ သယ်ယူခွင့်ပြုထားရာမှ ယခုအခါ ပိုမိုတင်းကျပ်လိုက်ခြင်းဟု ဒေသခံများကပြောသည်။

“ဆန်ကားတွေ ဖမ်းမိပြီး အချိန်ကတည်းက ဆန်တင်ခွင့် ပိုပြီး တင်းကျပ်လာတယ်။ဘယ်ကားမှ တင်ခွင့် မပြုတော့ဘူး။ ရရင်တောင်မှ မှတ်ပုံတင် နံပါတ်၊ ဖုန်းနံပါတ် အတိအကျနဲ့ ပေးရတယ်”လို့ ဘန်ကြုတ်ကျေးရွာဒေသခံ အမျိုးသမီးတဦးက ပြော သည်။

ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက ပိုမိုတင်းကျပ်လိုက်သည့်အတွက် သကျက်တော၊ (၆) မိုင်၊ ဘန်လော၊ ဘန်လင်းနှင့် သမီးလှကျေးရွာတို့မှ ဒေသခံများ ဆန်ရရှိရေး အခက်ကြုံနေရကြောင်း သိရသည်။
အလာတူ ပုလောမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက အရပ်သားများကို ဆန်ရောင်းခွင့် ပိတ်ပင် ထားပြီး ၎င်းတို့ ကိုယ်တိုင် ဦးဆောင်ကာ အိမ်ထောင်စု တစုလျင် ဆန်သုံးပြည်နှုန်းဖြင့် ရောင်းချနေသည်ဟု သိရသည်။ ထို့ကြောင့် မိသားစုဦးရေများသည့် အိမ်ထောင်စုများသည် အခက်အခဲကြုံနေကြောင်း ဒေသခံများကပြော သည်။

တနင်္သာရီနှင့် ပုလောသည် တနင်္သာရီတ်ိုင်းအတွင်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များဖြစ်ပြီး တိုက်ပွဲများလည်း မကြာ ခဏ ဖြစ်ပွားနေသည်။

စာတည်း - အေးချမ်း

#Mizzima
#တနင်္သာရီမြို့
#ပုလောမြို့
#ဆန်သယ်ယူခွင့်ထပ်မံတင်းကျပ်
#ဒေသခံများအခက်ကြုံ

ပုံအညွှန်း-တနင်္သာရီဖက်မှာ ဒေသခံတွေ ဆန်သယ်ယူနေပုံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍4👏1
​​ရှမ်းမြောက်က စစ်သည်များအတွက်ဟုဆိုကာ ရန်ကုန်နှင့် မန္တလေးက လုပ်ငန်းရှင်များထံမှ စစ်ကောင်စီအလှူခံ
====================

007
(မဇ္စျိမ) ။ ။တွေ့ဆုံလိုကြောင်း ကမ်းလှမ်းမှုကြောင့်သွားရောက်တွေ့ဆုံစဉ် စစ်တိုင်းမှူးကရှမ်းပြည်နယ်မြောက်ပိုင်းဒေသရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွက် အလှူခံ၍ ငွေလှူခဲ့ရကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်အချို့ကပြောသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်က ယင်းဌာနချုပ်ရှိရန်အောင်မြင်ခန်းမနှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမတွင်နို၀င်ဘာလ ၁ ရက်နှင့်နို၀င်ဘာလ ၂ ရက်တွင် ခေါ်ယူတွေ့ဆုံ၍ အလှူခံခြင်းဟုဆိုသည်။

"“စစ်တိုင်းမှူးက လုပ်ငန်းရှင်တွေနဲ့တွေ့ချင်တယ်ဆိုလို့ သွားရတယ်။ ဟိုရောက်တော့ ရှေ့တန်းရောက်စစ်သား တွေအတွက် အလှူငွေထည့်ခိုင်းလို့ထည့်ခဲ့ရတယ်” ဟုလုံခြုံရေးအရအမည်မဖော်ပြလိုသည့်လုပ်ငန်းရှင်တဦးက ပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့မှ လုပ်ငန်းရှင်ခြောက်ဆယ်ကျော်ကို ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပြီး မန္တလေးမြို့မှ လုပ်ငန်းရှင် ၄၂ ဦးပါသည်ဟု သိရသည်။

" ထာ၀ရဦးမောင်ကို(စစ်ကောင်စီခန့်မန္တလေးတိုင်း၀န်ကြီးချုပ်ဟောင်း)အုပ်စုကအများဆုံးလှူတယ်။ ကျန်တာတွေ တော့ စာရင်းဇယားနဲ့ ထွက်မလာသေးဘူး။ဆီဆိုင်တွေပါတယ်။ရွှေဆိုင်တွေပါတယ်။ အသေးစား၊အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်တွေအကုန်ပါတယ်” ဟု အမည်မဖော်လိုသည့်သတင်း ရင်းမြစ်တဦးကပြောသည်။

ရှမ်းပြည်မြောက်ပိုင်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် အဆိုပါအလှူခံပွဲ တွင်မန္တလေးမြို့မှစီးပွားရေးလုပ်ငန်းရှင်လေးဆယ်ကျော်က အလှူငွေကျပ်သိန်း၃,၇၀၀ ကျော်လှူဒါန်းခဲ့ကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံကသိရသည်။ထိုသို့လှူဒါန်းမှုနှင့်ပတ်သက်၍မြို့လူထုက ဝေဖန်နေကြသည်။ဗိုလ်ချုပ်ကြည်ခိုင်သည် မူလက အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ပေးခံရသူဖြစ်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင်အထိနာနေသည့် စစ်ကောင်စီသည်ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ စီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များသို့ခေါ်ယူတွေ့ဆုံပြီး ရှေ့တန်းရောက်စစ် ကောင်စီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုရန်ဟုဆိုကာ အလှူငွေတောင်းခံခြင်းများပြုလုပ်နေကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

စစ်ကောင်စီ၏အလှူငွေတောင်းခံခြင်းအပေါ် ကျေနပ်စွာပေးအပ်ခဲ့သူများရှိသလို ဖိအားကြောင့်ပေးခဲ့ရသူများလည်းရှိကြောင်း အခမ်းအနားတက်ရောက်ခဲ့ကြသည့် လုပ်ငန်းရှင်အချို့ကပြောသည်။

စာတည်း - အေးချမ်း

#Mizzima
#မန္တလေးမြို့
#အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
#အလှူခံ

photo-စစ်ကောင်စီ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3🤮3🔥1
လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
=================

ကိုရွှေမြိတ်
(မဇ္စျိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ကာ ဒေသခံအမျိုးသမီးများနှင့် လူငယ်များ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် "ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဘန်နာကိုင်ဆွဲ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

#စစ်အာဏာရှင်ဆန္ဒပြ
#လောင်းလုံးမြို့နယ်
#Mizzima

Website Link - https://www.mizzimaburmese.com/article/135302

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤1😁1
​​မုံးကိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်မမှူး သေဆုံးသွားကြောင်း MNDAA ထုတ်ပြန်
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့တွင် နိုဝင်ဘာ ၆ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တပ်မမှူးတဦး သေဆုံးသွားကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) က နိုဝင်ဘာလ ၇ ရက်၊ ယနေ့တွင် ထုတ်ပြန်သည်။

ဒရုန်းဖြင့် တိုက်ခိုက်စဉ် ဗျူဟာကုန်းရှိ ခဲယမ်းဂိုဒေါင်ကို ထိပေါက်ကွဲကာ စစ်တက္ကသိုလ် အပတ်စဉ် (၄၁) ကျောင်းဆင်းတပ်မမှူး သေဆုံးသွားခြင်းဖြစ်ကြောင်း MNDAA ဆိုသည်။
သို့သော်လည်း သေဆုံးသွားသော တပ်မမှူး၏ အမည်ကို MNDAA က ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

ပြည်သူ့ဘက်ကို ကူးပြောင်းလာသည့် CDM ဗိုလ်ကြီး ထက်မြတ်ကတော့ သေဆုံးသူသည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် တပ်မ (၉၉) ၏ တပ်မမှူး ဗိုလ်မှူးကြီး အောင်ကျော်လွင်ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

"CDM အရာရှိတယောက်ဆီကို အတွင်းက သတင်းပေးတာပါ၊ ဗိုလ်မှူးကြီးဆိုတော့ (တပ်မမှူးဖြစ်လာတာ) မကြာသေးဘူးပြောရမှာခင်ဗျ၊ ပုံမှန်က တပ်မမှူးဆိုရင် ဗိုလ်မှူးချုပ်ပါ" ဟု CDM ဗိုလ်ကြီးထက်မြတ်က ပြောသည်။

တိုက်ခိုက်ခံရသည့် တရုတ်−မြန်မာ နယ်စပ်က မုံးကိုးဗျူဟာကုန်းကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု MNDAA ပြောခွင့်ရသူ လီကျာဝင်းက မဇ္ဈိမကို အတည်ပြု ပြောသည်။
ယနေ့ မုံးကိုးနယ်စပ်ဂိတ်တွင် MNDAA ၏ အလံကို လွှင့်ထူထားပြီး ခုနစ်နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်အလံလွှင့်ထူနိုင်ခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်

#မုံးကိုး
#MNDAA
#တပ်မမှူး
#Mizzima

Photo- MNDAA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤3🔥1
AFC ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄)
============

အယ်လ်-ဒူဟေးလ် ၂ - ၃ အယ်လ်-နာဆာ (Full-time)
ကော်တင်ဟို ၈'၊ ၈၀' (P)
တာလီစကာ ၂၇'၊ ၃၇'၊ ၆၅'

ခါလာ မိုဟာမက် ၉၀+၂' (နှစ်ဝါ တစ်နီ)

Photos: Al-Nassr, Al-Duhail/X

#AFCChampionsLeague #ACL #Mizzima
👍5