Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထိုင်းဝန်ကြီးချုပ်၏ အသက်အား ခြိမ်းခြောက်သည့် ပို့စ်တင်သည့် အမျိုးသားကို ဖမ်းဆီးစစ်ဆေး
ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်း၏ အသက်အား ခြိမ်းခြောက်သည့် ပို့စ်ကို ယခင် တွစ်တာဟု ခေါ်သည့် X လူမှုပလက်ဖေ....
https://ift.tt/DupQc1O
🔥2
စစ်ကောင်စီတပ်နဲ့ ရုရှားရေတပ်ကြား ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်|Business Roundup(8.11.2023)
- စစ်ကောင်စီတပ်နဲ့ ရုရှားရေတပ်ကြား ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်- မြန်မာလုပ်သားများ တရုတ်သို့ပို့ရန် ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F6Y43JFnb0GU&h=AT1EwQCo3_I_Zg5Ht3FrcXpb-9hWchU9rbJnju3FzYb8PG-_rfONY2QSKiRbNjc5lZIfSZHDwl-fHBh9Hz-EyRAMTQAQ93hjqiNMjMFO-1s1Dqj1WfCsaAdMMgcYc0vH&s=1
❤2
နိုဝင်ဘာလ ၈ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00-ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူပြ လက်နက်ချတယ်လို့ PDF ပြောတဲ့သတင်း02:34-လောက်ကိုင်မြို့ကိုထိ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FO_Ej_HqmH-M&h=AT2iNPpLLqM3JS7TJcTalfP-wdvqXGMqpD9B0BBZmOTWPEeNMA9PD6Umd3-B8FO7yzYmGB087mDf4wZKSvLXo0GHhgdXdRzZhcvN1Lq-4PcRDkCS2Uz9vQCjkmgrHU5Z&s=1
👍3😁1
ပြည်သူလူထု၊တိုင်းရင်းသားမဟာမိတ်အင်အားစုတွေ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လက်တွဲဆောင်ရွက်မယ်
မောင်ခက်နွေ (မဇ္ဈိမ)။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုနဲ့အတူ စစ် အာဏာသိမ်းမှ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FVbwTHv7Vg4A&h=AT2-tcp8-TqM7h6p1I2RSY4mk71_5xAJug8u7T1oLetK1dxmtVYUL92ovxrkbmeCLjzSMcukbZ4K72M5YnE-yTBzZtXXMAmNX_X7OCEKBYrIbvenfREjbAu3PFMNlE79&s=1
❤2👍1
နိုဝင်ဘာလ ၈ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00-ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူပြ လက်နက်ချတယ်လို့ PDF ပြောတဲ့သတင်း02:34-လောက်ကိုင်မြို့ကိုထိ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FO_Ej_HqmH-M&h=AT19KErShEeMnhNZyQQlthKVlsfVH5uB3KSG6zTrrpXkkHib8-1n4eh9gbDq7rbTua3-xzh6DQAdg6gzCSpnLH7PjCT2fUIRHWsW96JQcm4-ulkLt6ef18oeiG25b8Aw&s=1
😁1
ပြည်သူလူထု၊တိုင်းရင်းသားမဟာမိတ်အင်အားစုတွေ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လက်တွဲဆောင်ရွက်မယ်
မောင်ခက်နွေ (မဇ္ဈိမ)။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုနဲ့အတူ စစ် အာဏာသိမ်းမှ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FVbwTHv7Vg4A&h=AT0OClS3igtr-ztKucNIZfYTubwWviM6NfpVsdDaOx6JBFdNY2vcnSzyf52W1fj1WRoxJhCkXqSEXL3rpojyoOcC_SQK9-ZKBi9Hc9uzm53wY-t3IOEsWJE-jyaSVruO&s=1
❤2🔥1
လစာ ၅၆ ရာခိုင်နှုန်းကျော် တိုးပေးမှုကို ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားများ လက်မခံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အင်အား လေးသန်းမျှရှိသော အထည်ချုပ်အလုပ်သမားများအတွက် လစဉ် အနိမ့်ဆုံးလစာကို ၅၆ ဒသ.....
https://ift.tt/iYQmEVn
​​ပင်လည်ဘူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူပြ လက်နက်ချဟုPDF ပြော
==============

ရွှေနွယ်၊ ဂျူချန်း

စစ်ကိုင်းတိုင်းမှ ပင်လည်ဘူးမြို့အား ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေက တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလံဖြူပြလက်နက်ချကြောင်းမြေပြင်စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကိုပြောသည်။

မြို့သိမ်းတိုက်ပွဲကို ယမန်နေ့ ညနေ ၄ နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလံဖြူပြလက်နက်ချခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

၎င်းက " မြို့ထဲက စစ်သားတွေ လက်နက်ချတယ်။သာသာယာယာသိမ်းလိုက်တယ်။ သူတို့အလံဖြူပြတယ်" ဟု ဆိုသည်။

ပင်လည်ဘူးမြို့ခံအများစုသည် ယခုတိုက်ပွဲမစတင်မီကပင် မြို့မှ တိမ်းရှောင်နေခဲ့ကြကြောင်း ဒေသခံအချို့က ပြောသည်။ ညပိုင်းတွင် စစ်ကောင်စီတပ်က ပင်လည်ဘူးမြို့ပေါ်သို့ လေကြောင်းမှနှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရသည်။ ထိခိုက်ပျက်စီးမှုရှိမရှိကိုမသိရသေးပေ။

"မနေ့ညနေ ၄ နာရီကတည်းကတိုက်ကြတာပါ။ KIA၊PDF နဲ့ AB(ABSDF) အဖွဲ့တွေပါပါတယ်။ သိမ်းနိုင်ပြီလို့ သတင်းကြားထားပါတယ်" ဟု နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ပင်လည်ဘူးမြို့နှင့် ထိစပ်နေသော ကောလင်းမြို့ကို ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) ၊ PDF၊ ပကဖ နှင့်တော်လှန်ရေးတပ်ဖွဲ့များကနိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး တမူးခရိုင်၊ခမ်းပါတ်မြို့ကို နိုဝင်ဘာ ၇ရက် နံနက် ပိုင်းတွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ထားသည်။ ထို့နောက် နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှစ၍ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေခြင်းဟု သတင်းရရှိသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ ချင်းရွှေဟော်၊မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ နမ့်ခမ်းမြို့တို့ကို ထိမ်းချုပ်ထားပြီး စစ်ကောင်စီမှ ချင်းရွှေဟော်၊ကြူကုတ်(ပန်ဆိုင်း)နှင့်ဖောင်းဆိုင် မြို့တို့ကို လက်လွှတ်ထားရကြောင်း ဝန်ခံထားသည်။

စာတည်း - အေးချမ်း

#Mizzima
#ပင်လည်ဘူးမြို့
#စစ်ကောင်စီတပ်
#အလံဖြူပြလက်နက်ချ
#Breaking News
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤1👏1