Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နိုဝင်ဘာလ ၈ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================

https://youtu.be/xLkTJRzlp5E?si=4wE2QpgyK7UPqOSh

==============
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1
လစာ ၅၆ ရာခိုင်နှုန်းကျော် တိုးပေးမှုကို ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားများ လက်မခံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အင်အား လေးသန်းမျှရှိသော အထည်ချုပ်အလုပ်သမားများအတွက် လစဉ် အနိမ့်ဆုံးလစာကို ၅၆ ဒသ.....
https://ift.tt/cYiexmq
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FxLkTJRzlp5E&h=AT3a98-r7dodnEcJTwq63k10bTHfDLfP-28lesgEr8YIPnsvdrGFi_Izq1O_LyXwyJm8YzZJ7eM0Mly78ke-p_MyDCXSk-Rw_tXmxlcpBlwkH9o_Z4938yTDCwZKnRG3&s=1
👍1
​​8.11.2023 (Wednesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်

✅Highlight ✅

👉လောဘကြိုးဝိုင်း (ညနေ - ၆ နာရီ) 

👉India Movie -photograph (ည- ၈ နာရီ)

👉Korea Movie -My Paparotti (ည- ၁၀နာရီခွဲ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzim
❤1
​​ထီးချိုင့်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့တွင် ယနေ့ နိုဝင်ဘာ ၈ ရက် ညနေ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။

ထီးချိုင့်မြို့၊အမှတ်(၁)ရပ်ကွက် တောင်ရိုးတနေရာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နေ့လယ်တွင် စတင်တိုက်ခိုက်စဉ် တိုက်ပွဲဖြစ်ပွားခြင်းဟုသိရသည်။ ယနေ့ညနေ ၄နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် မြို့ပေါ်တနေရာသို့ ပစ်ခတ်သွားကြောင်း ဒေသခံများကပြောသည်။

" တိုက်လေယာဉ်တစီးချနေပြီ။ မြို့ပေါ်ကို။ ကျွန်တော်တို့လူတွေ(PDFများ)ရှိမယ်ထင်တဲ့နေရာကိုပစ်တာထင်တယ်။ပစ်ခတ်သံက အသံကစိတယ်ဗျ။ ဒုန်းဒုန်းဒုန်းဒုန်းနဲ့။ ဒုံးကျည်လိုပုံစံမျိုးအသံစိပ်တယ်" ဟု ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၇ရက် ညက စစ်ကောင်စီပစ်သည့် လက်နက်ကြီးကြောင့် အမှတ် (၁) ရပ်ကွက်မှ ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

"လောလောဆယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ လေးဦးသေဆုံးသွားကြောင်း သိရှိထားရသည်။ စကစ(စစ်ကောင်စီ) တံတားပေါ်ကနေ လက်နက်ကြီးတွေ နှင့်မြို့ပေါ်ကိုပစ်လို့ ဆိပ်ကမ်း​နေပြည်သူအချို့ ထိခိုက်ကြောင်းသိထားရပါသည်" ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးမှ မဇ္ဈိမကိုပြောသည်။ ဒေသခံများထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းကိုလည်း ယနေ့ ညနေ ၃နာရီ ၃၀မိနစ်မှစ၍ ယာယီ ပိတ်လိုက်ပြီးဖြတ်သန်းခွင့် မပြုတော့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့အား နိုဝင်ဘာ ၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ကောလင်းမြို့နှင့် နယ်စပ်ချင်းဆပ်စပ်နေသော ထီးချိုင့်မြို့တွင်လည်း တိုက်ပွဲဖြစ်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့်ဒေသခံအများစုသည် နိုဝင်ဘာလ ၇ရက်မှစ၍ တိမ်းရှောင်နေခဲ့ကြသည်။ ယနေ့တွင် ထီးချိုင့်မြို့ပေါ်၌ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

#Mizzima
#ထီးချိုင့်မြို့
#တိုက်ပွဲပြင်းထန်
#လေကြောင်းတိုက်ခိုက်
#Breaking News
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🥰2🤬2
​​နတ်မောက်မြို့နယ် စိုင်ကောင်းရဲစခန်းကို တော်လှန်ရေးအင်အားစု တိုက်ခိုက်
===================

ရောင်နီ
(မဇ္စျိမ)။ ။မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စိုင်ကောင်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု(OPRF-PLA)မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
မန္တလေးတိုင်းနှင့် မကွေးတိုင်းအစပ် နတ်မောက်-ပျော်ဘွယ်လမ်းပေါ်ရှိ စိုင်ကောင်းကျေးရွာ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရန်သူအလစ်အငိုက်ကိုယူပြီး ပြောက်ကျားစစ်တိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စပစ်ပစ်ချင်းပဲ သူတို့ ဘက်က ချက်ချင်းပြန်ပစ်တော့ အပြန်အလှန်ပစ်ခတ်တာမျိုးတွေရှိခဲ့ပါတယ်။ စခန်းအ၀ ဘန်ကာထဲကနေ ကျွန်တော်တို့ကိုပြန်ပစ်တာ အချက် ၅၀ နဲ့ ၁၀၀ ကြားရှိပါတယ်” ဟု OPRF-PLA တပ်ဖွဲ့မှ တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

စိုင်ကောင်းရဲစခန်းအား တိုက်ခိုက်မှုတွင် ထိခိုက်ကျဆုံးမှုအခြေအနေကို အသေးစိတ်မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“အထိအခိုက် အတိအကျမသိရသေးပါဘူး။ စခန်းဝင်းအတွင်းဖြစ်တာဆိုတော့ ပြည်သူကလည်း မမေးရဲ ဘူး” ဟု OPRF-PLA တပ်ဖွဲ့ တာ၀န်ရှိသူကဆိုသည်။

တိုက်ခိုက်မှုအတွင်း ရဲစခန်းဘန်ကာအတွင်းမှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ အနေ ဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စိုင်ကောင်းရဲစခန်း တိုက်ခိုက်ခံရမှုကို ဒေသခံများကလည်း အတည်ပြုပြီး အထိအခိုက်ကိုမသိရှိရသေး ကြောင်း မဇ္စျိမကို ပြောကြားသည်။

“ပစ်ခတ်ခံရတာဟုတ်ပါတယ်၊ အထိအခိုက်တော့ မကြားသေးဘူး” ဟု နတ်မောက်ဒေသခံတဦးက ပြော သည်။
စိုင်ကောင်းကျေးရွာသည် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့်သုံးမိုင်ခန့်အကွာတွင်တည်ရှိပြီး ကျေးရွာကြီး တရွာဖြစ်ကြောင်း ဒေသခံများကဆိုသည်။

စိုင်ကောင်းကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ယနေ့ နိုဝင်ဘာ ၈ ရက်တွင် စစ်ကောင်စီတပ်က ပျော်ဘွယ်-နတ်မောက်လမ်းကိုပိတ်ဆို့ကာ တင်းကျပ်စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF-PLA) အနေဖြင့် နတ်မောက်မြို့နယ် စိုင်ကောင်းရဲစခန်း ကို ယခင်ကလည်း တိုက်ခိုက်ခဲ့ဖူးပြီး ယခုတိုက်ခိုက်မှုသည် ၂၀၂၃ ခုနှစ်အတွင်း တတိယအကြိမ် တိုက် ခိုက်မှုဖြစ်သည်။

စာတည်း။ ။စောဖေ

#မကွေးတိုင်း
#စိုင်းကောင်းရဲစခန်း
#တော်လှန်ရေးအင်အားစု

ပုံအညွှန်း - နတ်မောက်မြို့အ၀င်ဆိုင်းဘုတ်မြင်ကွင်း။ (ပုံ - လူမှုကွန်ရက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2
​​ဆောတွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ခရစ်ယာန်တရားဟောဆရာ သားအဖသေဆုံး
====================

မဇ္ဈိမ။ ။မကွေးတိုင်း၊ ဆောမြို့တွင် ဆိုင်ကယ်စီးနင်လာသည့် ခရစ်ယာန်ဓမ္မဆရာတဦး စစ်ကောင်စီတပ် ကပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ဖခင် ဟုတ်၊ မဟုတ် လာကြည့်သည့် သားဖြစ်သူမှာလည်း ထပ်မံ ပစ်ခတ်ခံရကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသော ခရစ်ယာန်ဓမ္မဆရာမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့မှ ပါစတာမန်ကွီးဖြစ်ပြီး ဆော မြို့ပေါ်၌ ဆိုင်ကယ်စီးလာစဉ် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ပစ်ခတ်မှုကြောင့် ဦးခေါင်းကိုထိမှန်ကာပွဲချင်းပြီးသေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ ဟုတ်၊ မဟုတ်လာကြည့် သည့် သားဖြစ်သူ ဆလိုင်းလှေ့မန်သည်လည်း ရင်အုပ်တွင် ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“ခရစ်ယာန်ဓမ္မဆရာဆိုတာတော့ ဟုတ်ပါတယ်။ သူကကန်ပက်လက်မြို့ပေါ်က အသင်းတော်မှာ အချိန် ပြည့် အမှုတော်ဆောင်တော့မဟုတ်ဘူး၊ အချိန်ပိုင်းနဲ့ အမှုတော်ဆောင်ပါတယ်။ ဆောမြို့ကိုလာတဲ့ အချိန် မှာ စစ်တပ်ကပစ်တော့ သေသွားတယ်။ အဲဒါကိုကြားတော့ သူ့သားက သူ့အဖေဟုတ်မဟုတ် သွားကြည့် တဲ့ အချိန်မှာ သူပါအပစ်ခံရပြီး သားအဖနှစ်ယောက်လုံး သေသွားတာ” ဟု ဆောဒေသခံတဦးက ဆိုသည်။

ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ဒေသခံအများစုသည် မကွေးတိုင်းအတွင်းရှိ ကျောက်ထု နှင့် ဆောမြို့များတွင် စစ်ဘေးရှောင်အဖြစ်နေထိုင်နေကြပြီး ယခုရက်ပိုင်းအတွင် စစ်ကောင်စီတပ်များက ဆောမြို့ပေါ် စစ်ဆေးရေးဂိတ်များတွင် ၎င်းတို့ မသင်္ကာသူများကို နေပူထဲ၌ ထိုင်ထလုပ်ခိုင်းခြင်း၊ ဒိုက်ထိုး ခိုင်းခြင်းများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

Photo- (CJ)စစ်ကောင်စီတပ်က ပစ်ခတ်၍ သေဆုံးသွားသည့် ဆလိုင်းလှေ့မန်
စာတည်း။ ။စောဖေ

#ဆောမြို့
#ခရစ်ယာန်ဓမ္မဆရာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍4🔥1👏1
​​ဂေါ်ရီလာအီမိုဂျီဆိုရှယ်ပို့စ်အတွက် မန်ယူနိုက်တက်ရဲ့ ဂါနာချို အရေးယူမခံရ
===================

By PKThawn
မန်ချက်စတာယူနိုက်တက် အသင်းဖော် အန်ဒရေ အိုနာနာနဲ့ ပတ်သက်လို့ ပို့စ်တစ်ခုမှာ ဂေါ်ရီလာ အီမိုဂျီ(emoji)တွေ အသုံးပြုတဲ့အတွက် အလက်ဂျန်းဒရို ဂါနာချိုဟာ အရေးယူမှုနဲ့ ရင်ဆိုင်ရမှာမဟုတ်ကြာင်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က အင်္ဂါနေ့မှာ ပြောပါတယ်။

အိုနာနာဟာ ပြီးခဲ့တဲ့လက ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ကိုပင်ဟေဂင်ကို ၁-၀ ဂိုးဖြင့် အနိုင်သေချာစေဖို့ အိုးလ်ထရက်ဖို့ဒ်မှာ ပွဲပြီးခါနီးပေးလိုက်ရတဲ့ ပင်နယ်တီကို ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ ဂါနာချိုဟာ အိုနာနာနဲ့ အောင်ပွဲခံနေတဲ့ ယူနိုက်တက်ကစားသမားတွေရဲ့ ပုံတစ်ပုံကို ဂေါ်ရီလာ အီမိုဂျီနှစ်ခုပါတဲ့ စာသားနဲ့အတူ X (အရင်က Twitter) ပေါ်မှာ တင်ခဲ့ပါတယ်။
ပို့စ်ကို အမြန် ဖျက်လိုက်ပေမယ့်လည်း ကင်မရွန်းဂိုးသမားက "ပါဝါနဲ့ ခွန်အား"ကို ထုတ်ပြသဖို့ ကြိုးစားနေတာပါလို့ ဂါနာချိုကို ကာကွယ်ပြောဆိုခဲ့ပြီး "ဒီကိစ္စက နောက်ဆက်တွဲမဖြစ်သင့်ပါဘူး"လို့လည်း ထည့်ပြောသွားခဲ့ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူမျိုးရေးအရ ရည်ညွှန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် FA ဟာ အရင်က ကစားသမားတွေကို အပြစ်ပေးခဲ့ပေမယ့် အာဂျင်တီးနားလက်ရွေးစင်ကို တစုံတရာ အရေးယူသွားမှာ မဟုတ်ပါဘူး။

"အလက်ဂျန်းဒရို ဂါနာချိုရဲ့ ဆိုရှယ်မီဒီယာမှာ မကြာသေးခင်က တင်လိုက်တဲ့ ပို့စ်နဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ကျနော်တို့ ပိတ်သိမ်းလိုက်ပါပြီ"လို့ FA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအနေဖြင့် ကစားသမားရဲ့ လေ့လာတွေ့ရှိချက်တွေကို ရှာဖွေခဲ့ပြီး၊ သူ(ဂါနာချို)က မန်ချက်စတာယူနိုက်တက်ရဲ့ ကိုပင်ဟေဂင်ကို အနိုင်ရရှိမှုမှာ သူတို့ကစားခဲ့တဲ့ အဓိကအခန်းကဏ္ဍတွေအတိုင်း ဂေါ်ရီလာ အီမိုဂျီနှစ်ခုကို အသုံးပြုတာဟာ ၎င်းရဲ့ အသင်းဖော်တွေရဲ့ ခွန်အားနဲ့ စွမ်းအားကို အထူးသဖြင့် အန်ဒရေ အိုနာနာနဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့ကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
"အလက်ဂျန်းဒရို ဂါနာချိုရဲ့ ရှင်းပြချက်နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာကို ကျနော်တို့ ကျေနပ်ပါတယ်၊ ဒါကြောင့် ကျနော်တို့ဟာ ဒီအချိန်အခါမှာ စည်းကမ်းပိုင်းဆိုင်ရာ တရားစွဲဆိုမှုတွေကို ထုတ်ပြန်မှာ မဟုတ်ပါဘူး။

"ဒါပေမယ့် ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ အထူးသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ အဓိပ္ပာယ်ပြန်ဆိုနိုင်တဲ့ အီမိုဂျီတွေ အသုံးပြုတာနဲ့ ပတ်သက်လို့ သူ့ရဲ့ တာဝန်ရှိမှုတွေကို ကျနော်တို့တွေ ကစားသမားကို သတိပေးထားပါတယ်။"

အသက် ၁၉ နှစ်ရှိ ဂါနာချိုဟာ ဗုဒ္ဓဟူးနေ့မှာ ဒိန်းမတ်မှာ ကိုပင်ဟေဂင်အသင်းနဲ့ ယှဉ်ပြိုင်ကစားမည့် ယူနိုက်တက်အသင်းရဲ့ ၂၃ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Website: https://www.mizzimaburmese.com/article/135341

(AFP)
#garnacho #manchesterunited #gorillaemoji
👍3
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၈ နိုဝင်ဘာ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေးအစိုးရ

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကနေ အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (၃) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အချက် ၅ ချက်ကို ထုတ်ပြန်တောင်းဆိုလိုက်သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကျေးရွာ(၆)ရွာမှာ အသက် ၆ လ အထက်ကလေး ငယ်များနှင့် ၆ လအထက် ကိုယ်ဝန်ဆောင်မိခင်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်ရဲ့ တောင်ပေါ်ဒေသစစ်ဘေးရှောင် အိမ်ထောင်စု (၁၇ )စု အတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပင်လည်ဘူးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က မနေ့က သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၄၄/၂၀၂၃)ကို နိုဝင်ဘာ ၇ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်ရေးအတွက် ဘဏ္ဍာရေးလှိုင်းတခုအဖြစ် အကောင့် တစ်သိန်း ကမ်ပိန်းတွင် နိုဝင်ဘာ (၇) က နွေဦးဘဏ်အကောင့်ဖွင့်သူ ၄၀၀၀၀ ပြည့်မြောက်ပြီး ၄၀% ခရီး ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တိုင်းရင်းဆေးရုံ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Federal Wings က ယမန်နေ့တွင် ထုတ်ပြန်သည်။
👍11😁1
မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်စနိုင်ရန် MNDAA ကြိုးပမ်း
👍14🥴1