Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၈ နိုဝင်ဘာ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေးအစိုးရ

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကနေ အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (၃) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အချက် ၅ ချက်ကို ထုတ်ပြန်တောင်းဆိုလိုက်သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကျေးရွာ(၆)ရွာမှာ အသက် ၆ လ အထက်ကလေး ငယ်များနှင့် ၆ လအထက် ကိုယ်ဝန်ဆောင်မိခင်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်ရဲ့ တောင်ပေါ်ဒေသစစ်ဘေးရှောင် အိမ်ထောင်စု (၁၇ )စု အတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပင်လည်ဘူးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က မနေ့က သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၄၄/၂၀၂၃)ကို နိုဝင်ဘာ ၇ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်ရေးအတွက် ဘဏ္ဍာရေးလှိုင်းတခုအဖြစ် အကောင့် တစ်သိန်း ကမ်ပိန်းတွင် နိုဝင်ဘာ (၇) က နွေဦးဘဏ်အကောင့်ဖွင့်သူ ၄၀၀၀၀ ပြည့်မြောက်ပြီး ၄၀% ခရီး ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တိုင်းရင်းဆေးရုံ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Federal Wings က ယမန်နေ့တွင် ထုတ်ပြန်သည်။
👍11😁1
မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်စနိုင်ရန် MNDAA ကြိုးပမ်း
👍14🥴1
မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်စနိုင်ရန် MNDAA ကြိုးပမ်း
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရား ပြန် လည်ပတ်နိုင်ရန် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်(MNDAA)က ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

“မုံးကိုးမြို့ကိုတော့ ထိန်းနိုင်လိုက်ပြီဗျ” ဟု MNDAA ပြောခွင့်ရ လီကျားဝင်းကလည်း မဇ္ဈိမကို အတည်ပြု သည်။
မုံးကိုးမြို့ကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး မြို့အတွင်းရှိ ပြည်သူ့စစ်များ အားလုံးထွက်ပြေးသွားသဖြင့် မြို့တခုလုံးကိုရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုံးကိုးဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် ဗျူဟာကုန်းများကို MNDAA ၊ AA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ က နိုဝင်ဘာလ ၅ ရက်နေ့မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး ပန်လုံဗျူဟာကုန်းနှင့် မုံကိုးဗျူဟာစခန်းကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

မုံးကိုးဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ EE-9 အမျိုးအစား သံချပ်ကားတစီး ထပ်မံရရှိ ခဲ့ပြီး စစ်ကောင်စီထံမှသံချပ်ကားခုနစ်စီးရရှိထားကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်း ထံမှ သိရသည်။

စစ်တက္ကသိုလ် အပတ်စဉ်(၄၁)ကျောင်းဆင်း တပ်မမှူးတဦးလည်း မုံးကိုးတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း MNDAA မှ ထုတ်ပြန်ထားသည်။ အဆိုပါတပ်မမှူးသည် မိတ္ထီလာမြို့အခြေစိုက် တပ်မ(၉၉)၏ တပ်မမှူး ဗိုလ်မှူးချုပ်-ဗိုလ်မှူးကြီး အောင်ကျော်လွင်ဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေးစသည့်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ၁၃ ရက်အတွင်း စစ်ကောင်စီ၏တပ်စခန်း စုစုပေါင်း ၁၂၅ ခုကို MNDAA နှင့် AA ဦးဆောင်သည့်အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း တိုက်ပွဲသတင်းထုတ် ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) နှင့် သိန္နီမြို့တို့ကို MNDAA မှ ထိန်းချုပ်ထားပြီး လက်ရှိတွင်မုံးကိုးမြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပုံအညွှန်း-နိုဝင်ဘာ ၇ ရက်နေ့တွင် မြင်တွေ့ရသည့် မုံကိုးနယ်စပ်ဂိတ်ရှိ MNDAA တပ်သားများ (The Kokang)

စာတည်း။ ။စောဖေ

#မြန်မာသတင်း
#မုံးကိုး
#MNDAA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16👍3👏1🥴1
ရန်ညှိုးရန်စ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၇၇)
မင်းအောင်လှိုင်လဲ ဟားမက်စ်တွေလို ပြည်သူတွေကို လူသားဒိုင်းလုပ်နေပါတယ် ပြည်သူတွေကို ပြည်သူလို မြင်ကြပါလို့...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FDxvMyfqhXZ4&h=AT2SSNbv9A1EXxTp2hKeaWuIYIrJjV1n1vpP8pK3D-l6Tr5d2JFBZllKQvLPZKpqbzbHU7kXOluqvJLeBdKBUfxz7S6-yZ3KsYJC_zYzotZ9ltFcZlmDAsFDrEqh5PPt&s=1
👍1🔥1
နိုဝင်ဘာလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နိုင်ဝင်ဘာ ၇ရ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FTETmv9bfjU4&h=AT3CXj6sWhhM_OAuDR9j3-J-slmdH-3ofRhjA_NjVpTbyMZNtM0Ab70el0W2bIy-iQLc3oQrcHBwhcJsL6KV9-ME55S2R1_v2SmZfYpI-AssEZ7xpp90xIDsvt6CZNAW&s=1
🔥2👍1
ရန်ညှိုးရန်စ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၇၇)
မင်းအောင်လှိုင်လဲ ဟားမက်စ်တွေလို ပြည်သူတွေကို လူသားဒိုင်းလုပ်နေပါတယ် ပြည်သူတွေကို ပြည်သူလို မြင်ကြပါလို့...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FDxvMyfqhXZ4&h=AT02lWyfnSB0wkwYkn9TheZCWC6jxbpZ8kShvL60aQv7-rEOjpKcmLT8I6jUPcuy_vcmx_AhQx52psT2khXqdY6rq2EW78kUFqyzElEhVGJLaoyuwYC__PCa7Q2yG1lE&s=1
👍4😁2
ဇွန်မိုးရေရေးဖွဲ့ထားပြီးငြိမ်းအေးခံစားရွတ်ဆိုထားတဲ့“ကမ္ပည်းထိုးရမယ့်ကြယ်တွေ|“နွေဦးခေ
မဇ္ဈိမသတင်းဌာနနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍက ကြိုဆိုပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyIXDtXKVibk&h=AT20ReVHcpA6Jg95giqHtOdSsqZASfPFceWrH8T26ekBTyrRX8_9VuSgZWLos1Q92419isz4bqSkE676kVpdvck9gMZ0AHSpdVMl3X8erZzdPbO352irit8IvJ7xyw42&s=1
👍12🔥2
ဇွန်မိုးရေရေးဖွဲ့ထားပြီးငြိမ်းအေးခံစားရွတ်ဆိုထားတဲ့“ကမ္ပည်းထိုးရမယ့်ကြယ်တွေ|“နွေဦးခေါ်သံ”အနုပညာကဏ္ဍ
မဇ္ဈိမသတင်းဌာနနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ...
https://www.youtube.com/watch?v=yIXDtXKVibk
👍12❤2🔥1😁1
ဇွန်မိုးရေရေးဖွဲ့ထားပြီးငြိမ်းအေးခံစားရွတ်ဆိုထားတဲ့“ကမ္ပည်းထိုးရမယ့်ကြယ်တွေ|“နွေဦးခေ
မဇ္ဈိမသတင်းဌာနနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍက ကြိုဆိုပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyIXDtXKVibk&h=AT14gVy8XtmL-G5ElLpR6Q9rZN_LYRUi02WfjhnBFNZLZLvjdTWiUCIitc9_ZC-IFxJPG-DB1lrTAZlJ9FVdYr6warnWpk_RMrhnzBt941P-12IOGTrLZZy7YL_BUjjr&s=1
👍3😁1🤮1
အိန္ဒိယနှင့် အီးယူ ၂၇ နိုင်ငံက AI အန္တရာယ်များကိုဖြေရှင်းမည့် ပထမဆုံးနိုင်ငံတကာကြေညာချက်
အိန္ဒိယနိုင်ငံနှင့် အီးယူ ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂတို့သည် ဉာဏ်ရည်တုဆိုင်ရာ အန္တရာယ်များကို အကဲဖြတ်ရ.....
https://ift.tt/a7d1uBQ
👍7🔥1
အိန္ဒိယနှင့် အီးယူ ၂၇ နိုင်ငံက AI အန္တရာယ်များကိုဖြေရှင်းမည့် ပထမဆုံးနိုင်ငံတကာကြေညာချက်
အိန္ဒိယနိုင်ငံနှင့် အီးယူ ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂတို့သည် ဉာဏ်ရည်တုဆိုင်ရာ အန္တရာယ်များကို အကဲဖြတ်ရ.....
https://ift.tt/sIq4RQh
👍4🔥1👏1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်ထုတ်လွှင့်မှုများ#PVTV#MizzimaTV -----------------------------------------မဇ္ဈိမ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F6dicyPM3YY8&h=AT3gcF-hnD9RDgvyagIwnSAfebMkI4TZ9tzrrn5AFYvVJJMhrCEeBPyb4ZYFHwb1BDdfQypEbm73nzne_uCvx8R0VyYeQqkBnIYGLP8KbvUr3UmInySHsxyeJpOLKljR&s=1
❤4🤮1🥴1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်ထုတ်လွှင့်မှုများ#PVTV#MizzimaTV -----------------------------------------မဇ္ဈိမ...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3D6dicyPM3YY8&h=AT1wz1uMjCqMAIBmHZ6cw-tEcl_KtV4CYwS2DKDE0wSyMZGwmemnUcVOoFJ7ckM6eMp3N-rp3hyC3eyMTZQW2PiWEf6PE8q2CHPL-WHIrmu-ksymBLwfTTJf6_j1YT2w&s=1
👍3😁1🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်ထုတ်လွှင့်မှုများ#PVTV#MizzimaTV -----------------------------------------မဇ္ဈိမ...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3D6dicyPM3YY8&h=AT2GufWIz0VHc87ojExVX75FZPuOrsyhuV9FBJOYi8EfvnotE5XvuqhGOTGna35U61wHFSD3doecDNO6Y36gq9YKJDChAriXurCJndZkTOt8L9FJbNExV_x6KPrzj0uA&s=1
👍8🤮1🥱1