Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တော်လှန်ရေးအဖွဲ့များနှင့် ပူးတွဲစစ်ဆင်ရေးများ နိုင်ငံအနှံ့ဆင်နွှဲမည်ဟု ‌မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
==================

002
(မဇ္ဈိမ)။ ။တော်လှန်ရေးအဖွဲ့များနှင့်လက်တွဲပြီး ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများက်ို တနိုင်ငံလုံးအနှံ့ ဆင်နွှဲမည်ဟု ၁၀၂၇ စစ်ဆင်ရေး ၁၃ရက်မြောက်‌နေ့ဖြစ်သည့် ယမန်နေ့ နိုဝင်ဘာလ ၈ရက်တွင် ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်အသိ‌ပေးသည်။

"နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာပြီး မိမိတို့စစ်ဆင်ရေးကို ဝန်းရံပေးကြသော တော်လှန်ရေးအဖွဲ့အစည်းများ၊ မိမိတို့ စစ်ဆင်ရေးနှင့် ဟန်ချက်ညီလှုပ်ရှားလာကြသော အဖွဲ့အစည်းများနှင့်လည်း စစ်ဆင်ရေးကို ယခုထက် ပိုမိုထိရောက်စေရန် ဟန်ချက်ညီညီ လုပ်ဆောင်သွားမည်" ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ၁၁၀၇ စစ်ဆင်ရေးအမည်ဖြင့် ကရင်နီပြည်နယ်အတွင်း စစ်ဆင်ရေးစတင်လိုက်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF အပြင် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ဟန်ချက်ညီပူးတွဲ စစ်ဆင်ရေးများကို တနိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမည်ဟု ထုတ်ပြန်သည်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၁၁၀၇ စစ်ဆင်ရေးအမည်ဖြင့် နိုဝင်ဘာလ ၇ ရက်က တိုက်ခိုက်မှုတွင် ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာရှိ စစ်ကောင်စီစခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးကာလ ၁၃ ရက်အတွင်း ရှမ်းမြောက်ဒေသမှ စစ်စခန်း ၁၅၀ ထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး ထိန်းချုပ်ထားသည့် မြို့များကိုလည်း အုပ်ချုပ်ရေး အစားထိုးနိုင်ရန် ဆောင်ရွက်နေ‌ကြောင်း၊ စစ်ကောင်စီ၏ တစ်ခုတည်းသော လုပ်နိုင်စွမ်းဖြစ်သည့် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စစ်ရေး ရည်မှန်းချက်ပစ်မှတ်များနှင့် စစ်ရေးအရှိန်အဟုန်ကို တဖြည်းဖြည်း မြှင့်တင်နေသည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က အောက်တိုဘာလ ၂၇ ရက် နံနက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

#Mizzima
#ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ
#တနိုင်ငံလုံးအနှံ့ဆင်နွှဲမည်
#မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤2🔥2🥴1
​​ဖားကန့်ဒေသရှိ စစ်တပ်စခန်း ၃ ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်
======================

အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဆယ်ဇင်းဘက်ရှိ စစ်တပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA )က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်များက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကေအိုင်အေနှင့် စစ်တပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား ပြင်းထန်လာပြီး နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကေအိုင်အေဘက်က သိမ်းယူလိုက်နိုင်တာဖြစ်တယ်လို့ ဆိုသည်။

" ဟုတ်တယ် ၊ ဒီဘက်က သူတို့ရဲ့ ရှေ့တန်းကျတဲ့စခန်းတွေကို သိမ်းလိုက်တာဟုတ်တယ်။ ဒီတိုက်ပွဲတွေမှာ တပ်ဘက်ကနဲ့ ရှမ်း (SNA) ဘက်က ထိခိုက်သေဆုံးတာ များတယ်။ ကျနော်တို့ဘက်ကလည်း ပေးဆပ်ရတာရှိတယ် ။ ခုထိတော့ အဲ့လိုပဲ သိထားပေးပါဦး " ဟု ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်က ကနဦး အတည်ပြုပြောသည်။
ဖ
ားကန့်မြို့နယ် KIA တပ်ရင်း (၂၆ )ဆယ်ဇင်းကျေးရွာဘက်မှာရှိသည့် စစ်တပ်စခန်း သုံးနေရာကို ကေအိုင်အေ ဦးဆောင်သည့် ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး၊ သိမ်းပိုက်လိုက်သည့် စစ်တပ်စခန်းက သံယောဇဉ်စခန်းကုန်းဟု လူသိများသည့် စစ်တပ်ရှေ့တန်း စခန်းကုန်းတခုဖြစ်ကာ ကျန်စခန်း နှစ်ခု၏အမည်ကို မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ၊ ဆယ်ဇင်းနဲ့နယ်နိမိတ်ချင်းထိစပ်နေသည့် ဟုမ္မလင်းဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ယနေ့တွင်လည်း စစ်ကိုင်း- ကချင်အစပ်တွေဖြစ်သော ဗန်းမောက် ၊ ထီးချိုင့်၊ အင်းတော်နယ်တွေမှာ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဖားကန့်ဒေသ
#KIA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤4👏1😁1🥴1
​​စစ်ကောင်စီတပ်များ ခံစစ်သေဖြင့်မခုခံရန်၊ ဘန်ကာများပုံဖျက်ထားရန် စစ်ရုံးချုပ်ညွှန်ကြား
======================

မဇ္ဈိမ
စစ်ကောင်စီတပ်များအနေဖြင့် စခန်းအတွင်းမှ ခံစစ်သေဖြင့် မခုခံရန်၊ ဒရုန်းနှင့်တိုက်ခိုက်ခံရမှုဝေးရန် ပုံဖျက်ခြင်းအပါအဝင် တန်ပြန်လုပ်ဆောင်သင့်သော စစ်နည်းဗျူဟာများကို တပ်အတွင်းထိပ်ပိုင်းအရာရှိများကိုဖြန့်ဝေနေသည်များကို မဇ္ဈိမက ကောက်နှုတ်တင်ပြလိုက်ရပါသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ Operation 1027 ကြောင့် စစ်စခန်းများ အလွယ်တကူ လက်လွှတ်ရမှုဖြစ်ပေါ်လာပြီးနောက် နေပြည်တော် စစ်ရုံးချုပ်က မြေပြင်တပ်မှုးများအထိဖြန့်ဝေသော စစ်နည်းဗျူဟာအကြံပေး ညွှန်ကြားချက်ထုတ်ခဲ့ခြင်းသည်ဟု တပ်တွင်းသတင်းမြစ်တခုက မဇ္ဈိမကိုပြောသည်။ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

အဆိုပါ ညွှန်ကြားချက်တွင် စစ်ကောင်စီတပ် စစ်စခန်းများ တိုက်ခိုက်မှုပုံစံကို သုံးသပ်ထားရာတွင် သိမ်းပိုက်မည့်အဖွဲ့သည် စစ်စခန်း၏ ဘန်ကာများကို အမြင့်မီတာ ၂၀၀၀ ကျော်ကပျံသန်းလာသော ဒရုန်းတွင်တပ်ဆင်လာသော Drop ဗုံးများဖြင့်ကြဲချကြောင်း၊ ဆက်သွယ်ရေးတူးမြောင်းများကို ဖြိုဖျက်ပစ်တတ်ကြသဖြင့် ဒရုန်းလှိုင်းဖြတ်စက် Jumper များအလှမ်းမမှီဖြစ်ရကြောင်း၊ ညကြည့်ပါသော အကဲကြည့် ဒရုန်းများကလည်း ပျံဝဲကာ ထောက်လှမ်းနေတတ်ကြောင်းပါရှိသည်။

ထိုသို့စစ်ဆင်မှုကို တန်ပြန်ရန်အတွက် အကြံပြုထားသည်မှာ တိုက်ခိုက်မှုခံရလျှင်ခံရခြင်း တယ်လီဖုန်းလိုင်းများကို ပိတ်ချပစ်ရန်နှင့် ဆက်သွယ်ရေးဆက် အိုင်ကွန်များကိုသာအသုံးပြုရန်၊ အိုင်ကွန်လိုင်းကိုလည်း မကြာခဏချိန်းရန်ပါရှိသည်။ ထို့အပြင် ထောက်လှမ်းရေးဒရုန်းက ဘန်ကာများမမြင်စေရန်နှင့် ထိခိုက်မှုသက်သာစေရန် ဘန်ကာများအပေါ်တွင် သစ်ပင်တောအုပ်များဖန်တီးရန်နှင့် ကျောက်တုံးများဖုံးထားရန်အကြံပြုထားသည်။

ထို့အပြင် အင်အားနည်းသော စခန်းများမှတပ်များရုတ်သိမ်းပြီး စခန်းကြီးတွင် အင်အားစုစည်းတည်ဆောက်ရန်နှင့် စခန်းထဲကနေ ခံစစ်အသေဖြင့် မနေရန်မှာကြားထားသည်။ တပ်ဖွဲ့ငယ်များဖွဲ့ကာ စခန်းအပြင် မီတာ ၂၀၀၀ ခန့်အကွာအဝေးကို စေလွှတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလာသောတပ်များကိုပြန်ဝိုင်းရန်လည်းပါရှိသည်။ ထို့အပြင် စခန်းအပြင်နှင့် ဘေးမှ ၁၂၀ မမအပါအဝင် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်လာသောဘက်သို့ စုပြုံပစ်ရန် ညွှန်ကြားထားသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြောက်ပိုင်းမဟာမိတ်များ၏တိုက်ခိုက်မှုတွင် တရုတ်လုပ်ဒရုန်းများကို အဓိကထားအသုံးပြုသွားကြောင်းနှင့် Drop ဗုံးများသုံးသွားခဲ့သည်ဟု ယမန်နေ့ (နိုဝင်ဘာ ၈ ရက်နေ့) က နေပြည်တော်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွင် တင်ပြသွားခဲ့သည်။

သူ၏တင်ပြချက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော်အပြင် KIA နှင့် PDF များကိုပါ ထိုးစစ်ဆင်သည့်အဖွဲ့များစာရင်းတွင်ထဲ့ပြောခဲ့ပြီး MNDAA နှင့် TNLA တို့က အဓိကဖြစ်သည်ဟု ပါရှိသည်။

MNDAA (ကိုးကန့်)၊ TNLA (တအာင်း)နှင့် AA (ရက္ခိုင်) သုံးဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကိုစတင်ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့က ကြေညာအပြီး နိုဝင်ဘာ ၇ ရက်အထိ ၁၂ ရက်နေ့မြောက်တွင် လုံးဝထိန်းချုပ်နိုင်သည့်မြို့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးနှင့် နမ့်ခန်းမြို့များကို လုံး၀ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာခဲ့သည်။ စစ်ကောင်စီတပ်ဘက်ကတော့ အစောပိုင်း ဝန်ခံမှုတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် (ပန်ဆိုင်း) ကိုလက်လွှတ်လိုက်ရကြောင်းပါရှိသည်။ မြောက်ပိုင်းညီနောင်များက သိန္နီ၊ ကွမ်းလုံ၊ ကြူကုတ် (ပန်ဆိုင်း) တို့ကို ထိန်းထားနိုင်ပြီး စခန်းကြီးငယ်အရေအတွက် ၁၅၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်ဟု ကြေညာထားသည်။

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24❤4😁2
အစ္စရေးအနေနဲ့ ဂါဇာကို ပြန်လည်သိမ်းပိုက်ခြင်းမပြုသင့်ကြောင်း အမေရိကန်ပြော
#Internationalnews#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FMsfBflpzGqo&h=AT0QE9tdqRnBeIjqvWo184wDyJMWzZNn-MG017e0kEb7yJtlQTJblyD6EjqNy0AiZWlvPGyPHZ_b3O4k4NuRYUJm6eu8ml_nCkAmfDZ_yy5dL1-aNTFR9CzIsUdjLsTL&s=1
👍1🔥1😁1
မြောက်ပိုင်းတိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာရမှုနဲ့ ထိခိုက်သေဆုံးမှုတွေအတွက် ကုလစ
မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး၊ .....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F_1gfzhsJGAY&h=AT0_MhHD0e3FhMhkkwPVL5czE9MM33YEvqnYqy6OKao68O0AhvdXD0SaqTY8zNqYlK-UehI5G1sF3tQQfmHhR8YJFd13W3qZVVOlsp_UFTIpH4Q9sup56Cs0LWKwJ-w3&s=1
🔥1👏1
ဝံပုလွေစစ်သည်အဖြစ်က လူရည်မွန်ပုံစံ ပြောင်းလဲလာတဲ့ တရုတ်ရဲ့သံခင်းတမန်ခင်းပေါ်လစီ
#Internationalnews#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FJawQJfMiMXE&h=AT1XPEx6xtDpXPvPkEjuGExa64MhcmHG2QMdTJtDOhI8o4yXpTt44JBUAobCyiqyaf-vd2_0VbqSFlA9ENBoJ-cmRPsFFVfcEYzncbttEsvFu6_-1LPUenyYrlDGy9RI&s=1
🔥1
ဖားကန့်ဒေသရှိ စစ်တပ်စခန်း ၃ ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဆယ်ဇင်းဘက်ရှိ စစ်တပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA )က တိုက်ခိုက်သိမ်း.....
https://ift.tt/lXd5x4P
😁3🥴1
နိုဝင်ဘာလ ၉ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:56-မြောက်ပိုင်း၃ဖွဲ့ စစ်ဆင်ရေးကိစ္စ ကာလုံအစည်းအဝေးခေါ် တဲ့သတင်း 03:56-မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်ပြီ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fh8TFhfFBy4k&h=AT03uvJooCKP1W_0vTGlUCoCqDH0D1jIA33h_fvXweukllcHcVvhGUtVKhN1DUuPJbpmvarbpU_fp4ybGRTYcUzdolWbeK1PWYI_j9HQLZqadVLGvRDtJz_3CJv6lQ8A&s=1
🔥1🥴1
စစ်ကောင်စီတပ်များ ခံစစ်သေဖြင့်မခုခံရန်၊ ဘန်ကာများပုံဖျက်ထားရန် စစ်ရုံးချုပ်ညွှန်ကြား
စစ်ကောင်စီတပ်များအနေဖြင့် စခန်းအတွင်းမှ ခံစစ်သေဖြင့် မခုခံရန်၊ ဒရုန်းနှင့်တိုက်ခိုက်ခံရမှုဝေးရန် ပုံဖျက....
https://ift.tt/GT3S0Ja
❤2🔥1
ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ၁၁၀၇ စစ်ဆင်ရေးကို စတင်
ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက နိုဝင်ဘာ ၇ ရက်မှာ ၁၁၀၇ စစ်ဆင်ရေးကို စတင်လိုက်ပြီး ကရင်နီပြည်နယ် မယ်စဲ့မြ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FEgvymeBrEBg&h=AT2vmUtlWn4zuvrzkGQ-q6eYv_LQp2nPjshQiDVpjzqnh5ZXc3D5g0Ek2P75Fk_K01KYVUVeajS9c4eQJ1pCZr6XYIamapcIoA1-GWSqEqMiTVgIrUmCfjmIFY6VDFhZ&s=1
🔥1😁1
ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် သီရိလင်္ကာကို အမေရိကန်က ဒေါ်လာ ၅၅၃ သန်းထုတ်ချေး
#Internationalnews#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F7lDHaYZ3qEU&h=AT2UomHMF68He1qXdsb0bUj3pwQxOCoS3wNrYOtJfjQ8plv_lg5CcAT-J0Crs-_R3egK-SqKa5JTXDTmdvdbMYlNOnXjX5V6W04xp1u_iuPiWM9Abnpnkv7mu9qBeW6Q&s=1
👍2🔥2
ဝံပုလွေစစ်သည်အဖြစ်က လူရည်မွန်ပုံစံ ပြောင်းလဲလာတဲ့ တရုတ်ရဲ့သံခင်းတမန်ခင်းပေါ်လစီ
#Internationalnews#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FJawQJfMiMXE&h=AT3wvrYytyNgpk5hu4sX818t5KVoOsAQo7JD4FctMYdakmExe6jMUSz3RvLtTclpojtPhvUmWcFhv5sAcGBm3utsn0kYpkpKvFpAugEIshXQwLB4abz0fNv9XJpCuNas&s=1
👍2🔥2