နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစ
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး-----------------------------------------.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F9hzA9eoTdPY&h=AT03H6wiR7BZwPNrf9QVpX-8IXLh_WbKSEV7gWvKPANOtpfBGrkpUmubIYortufN-4xg488uErgpauhfO0gA8KxvAyDVuPFC4P6qiRVv_2kZuTsgKt_0-5WHVo0580DZ&s=1

👍2🔥1
The National Defence and Security Council (NDSC) meeting in Naypyitaw, Myanmar, 08 November 2023. Photos: EPA-EFE/MYANMAR MILITARY INFO. TEAM
🤮5❤2👍2👎2
မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
================
ပါခွီး
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်စည်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ကိုးဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် ရဲများ ပူးတွဲတပ်စွဲထားသည့် မြောက်စည်းရဲစခန်းကို နိုဝင်ဘာလ ၃ ရက်နေ့ကစတင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။
“စခ(စစ်ကောင်စီတပ်သား) အလောင်းကိုးလောင်းရပါတယ်။ ကျနော်တို့ဘက်က မဟာမိတ်ရဲဘော်သုံးဦး ကျဆုံးခဲ့ပါတယ်” ဟု PDF – Kalay တပ်ဖွဲ့ဝင်တဦးကမဇ္စျိမကို ပြောသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) Vakok တပ်ရင်းမှ Salai Thawng Tha Cung (ခ) Cung Te (၁၉ နှစ်)၊ ရိန်းဂျားကာကွယ်ရေးတပ်ဖွဲ့ (RKDF)မှ ရဲဘော်ဇင်မောင်ဦး (ခ)ညိုလုံး (၁၉ နှစ်)နှင့် ရဲဘော်မင်း ခန့်နိုင်(ခ) MK (၂၁ နှစ်)တို့ကျဆုံးခဲ့ကြောင်း ၎င်းတို့၏တပ်ဖွဲ့များက အသီးသီးထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်စည်းရဲစခန်းမှ လက်နက် များသိမ်းဆည်းရခဲ့မှုကို နိုဝင်ဘာလ ၉ ရက် ယနေ့တွင် ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။
လက်နက်အရေအတွက်ကို အတိအကျထုတ်ပြန်ထားခြင်းမရှိသော်လည်း သေနတ်မျိုးစုံအလက် ၂၀ ခန့် နှင့် ကျည်ဘောက်၊ ကျည်ဆန်နှင့် မိုင်းများအပါဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို ကလေးခရိုင်တပ်ရင်း(၄)၊ CNDF ၊ RKDF ၊ CDF – KKG နှင့် မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့်အပြိုင် နိုဝင်ဘာလပထမအတွင်း၌ ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်း၊တမူး မြို့နယ် ခမ်းပတ်ရဲစခန်း၊ ဝိတုတ်စခန်းနှင့် ချောင်းဦးမြို့ မြပုလဲဆီဆိုင်အနီးရှိ စစ်ကောင်စီတပ်စခန်းတို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့ကြသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
ပုံအညွှန်း - မြောက်စည်းရဲစခန်းမှ သိမ်းဆည်းရမိသော လက်နက်နှင့် ပစ္စည်းများ (ဓါတ်ပုံ - NUG ကာကွယ်ရေးဝန်ကြီးဌာန)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12❤6👏1😁1
စစ်ကောင်စီက ရေဦးမြို့ကို ခံစစ်အသွင် ပြင်ဆင်နေ
=============
MTO
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့ကို အနီးအနားရှိမြို့နယ်များမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ခေါ်ယူအားဖြည့်ပြီး ခုခံစစ်အသွင် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့မှစတင်ကာ ခင်ဦးအနောက်ခြမ်းရှိ ပျဥ်ထောင်ရွာ၊ အင်းပတ်ကွေ့ အထိုင် ဂိတ်၊ မြင်းဒေါင်းရွာနှင့် မူးတိမ်ချောင်း အထိုင်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ သည် ရေဦးမြို့အတွင်းသို့ ပြောင်းရွှေ့လာနေကြကြောင်း ရေဦးအခြေပြု People’s Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။
“သူတို့စခန်းတွေ ဝင်စီးခံရမှာ၊ ဝင်သိမ်းခံရမှာကြောက်နေတာရော ရေဦးမြို့ကိုဝင်သိမ်းမှာလည်း သူတို့ ဘက်ကကြိုတင်သိထား၊ သတင်းကြားထားတာတွေကြောင့် ရေဦးမြို့အတွင်းကိုပြောင်းရွှေ့ပြီး အင်အား ဖြည့်တင်းတယ်လို့ပဲ ခန့်မှန်းရပါတယ်” ဟု ၎င်းကပြောသည်။
ယင်းအပြင် ရေဦးမြို့ပေါ်ရှိ ကံ့ကော်၊ မော်ကွန်း၊ ဇွဲသန်၊ ပညာနန်းတော် စသည့် ကိုယ်ပိုင်အထက်တန်း ကျောင်းများ၊ ဝင်းနှင့် ရွှေဗိမာန် ကျူရှင်အဆောင်များ၊ ဇဋိလသင်္ကန်းတိုက်၊ အောင်သရဖူဧည့်ရိပ်သာ၊ လျှပ်စစ်ဝင်းအတွင်းရှိ တိုက်အမြင့်များပေါ်တွင် အထိုင်ချတပ်စွဲထားကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။
“ရေဦးမြို့ပေါ်က ကျူရှင်တွေနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း တော်တော်များများကို အာဏာသိမ်းချိန် ကစပြီး သူတို့က အပိုင်စီးပြီး သိမ်းထားတယ်၊ တည်းခိုခန်းက အစပေါ့” ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် အရပ်လေးမျက်နှာရှိ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင်လည်း အင်အား အများအပြား ဖြည့်တင်းထားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ ရေဦးမြို့ကို တပ်ခရိုင်မြို့အဖြစ် သတ်မှတ်ပြီး အင်အားအများ အပြားဖြည့်တင်းထားကာ လက်နက်ကြီးတပ်ဆင် အထိုင်ချမှုများလည်း ပြုလုပ်ထားကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ရေဦးမြို့

👍17🔥3😁3🤬2
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=============•
https://youtu.be/9hzA9eoTdPY?si=JEwyjB-fMFj77-61
========•

YouTube
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍3🔥1
တော်လှန်ရေးနယ်မြေများတွင် ရိုက်ကူးထားသည့် ဓာတ်ပုံပြပွဲ ချင်းမိုင်တွင် ပြုလုပ်
❤12🤮2

=================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။မြန်မာနိုင်ငံက ဓာတ်ပုံသတင်းထောက်များ ရိုက်ကူးထားသည့် ဓာတ်ပုံများကိုပြသသည့် "Seen Photo Exhibition" ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပလျက်ရှိနေသည်။
The Root က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ချင်းမိုင်မြို့တွင်ရှိသည့် Green Houseတွင် နိုဝင်ဘာလ ၈ရက်နေ့မှ ၁၀ရက်နေ့အထိကျင်းပသွားကြမည်ဖြစ်သည်။
ပြပွဲတွင် ပါဝင်တဦးက “ အာဏာသိမ်းပြီးနောက်ပိုင်းမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ မြေပြင်မှာ လှုပ်ရှားနေတဲ့ ဓာတ်ပုံသတင်းထောက်တွေစုပေါင်းပြီးတော့ ပြပွဲလုပ်ဖြစ်တာ” ဟု ပြောသည်။
ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ BPLAနှင့် အညာဒေသများတွင် ရိုက်ကူးထားသည့် ဓာတ်ပုံစုစုပေါင်း ၄၂ ပုံကို ပြသခြင်းဖြစ်သည်။
တော်လှန်ရေးကာလလှုပ်ရှားမှုများ၊ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ နှင့်မီးရှို့ဖျက်ဆီးမှုများကို မှတ်တမ်းတင်ထားသည့်ဓာတ်ပုံများ ပါဝင်သည်။ ပြပွဲတွင်ရရှိသည့် အကျိုးအမြတ်များကို ပါဝင်သည့် ဓာတ်ပုံသတင်းထောက်များထံသို့ အချိုးကျပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တော်လှန်ရေးကာလ
#ဓာတ်ပုံပြပွဲ
#ချင်းမိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။မြန်မာနိုင်ငံက ဓာတ်ပုံသတင်းထောက်များ ရိုက်ကူးထားသည့် ဓာတ်ပုံများကိုပြသသည့် "Seen Photo Exhibition" ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပလျက်ရှိနေသည်။
The Root က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ချင်းမိုင်မြို့တွင်ရှိသည့် Green Houseတွင် နိုဝင်ဘာလ ၈ရက်နေ့မှ ၁၀ရက်နေ့အထိကျင်းပသွားကြမည်ဖြစ်သည်။
ပြပွဲတွင် ပါဝင်တဦးက “ အာဏာသိမ်းပြီးနောက်ပိုင်းမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ မြေပြင်မှာ လှုပ်ရှားနေတဲ့ ဓာတ်ပုံသတင်းထောက်တွေစုပေါင်းပြီးတော့ ပြပွဲလုပ်ဖြစ်တာ” ဟု ပြောသည်။
ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ BPLAနှင့် အညာဒေသများတွင် ရိုက်ကူးထားသည့် ဓာတ်ပုံစုစုပေါင်း ၄၂ ပုံကို ပြသခြင်းဖြစ်သည်။
တော်လှန်ရေးကာလလှုပ်ရှားမှုများ၊ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ နှင့်မီးရှို့ဖျက်ဆီးမှုများကို မှတ်တမ်းတင်ထားသည့်ဓာတ်ပုံများ ပါဝင်သည်။ ပြပွဲတွင်ရရှိသည့် အကျိုးအမြတ်များကို ပါဝင်သည့် ဓာတ်ပုံသတင်းထောက်များထံသို့ အချိုးကျပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တော်လှန်ရေးကာလ
#ဓာတ်ပုံပြပွဲ
#ချင်းမိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
❤13🤮1
ချန်ပီယံလိဂ်ကနေ ထွက်ရဖို့ ချောက်ကမ်းပါးအစွန်းနားရောက်နေတဲ့ ယူနိုက်တက်
===============
By PKThawn
မန်ချက်စတာယူနိုက်တက်ဟာ ကိုပင်ဟေဂင်ကို ၂-၀ ဂိုးနဲ့ အဝေးကွင်းမှာ ဦးဆောင်ရာကနေ မားကပ်စ် ရက်ရှ်ဖို့ဒ် အထုတ်ခံလိုက်ရအပြီးမှာတော့ ၄-၃ ဂိုးနဲ့ ပြန်အရေးနိမ့်ခဲ့ရပြီးနောက် သူတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာဖို့ နီးစပ်နေပါတယ်။
ရာ့စ်မတ်စ် ဟော့ချ်လန်းက ပွဲချိန်နာရီဝက်အတွင်း ၂ ဂိုးသွင်းယူတာကြောင့် သူ့ရဲ့အသင်းဟောင်းကို ခြောက်လှန့်ဖို့ ပြန်လာပုံရပါတယ်။
ဒါပေမယ့် ရက်ရှ်ဖို့ဒ် အထုတ်ခံရတာက ဒီပွဲစဉ်ရဲ့ အဆုံးအဖြတ်ကို ပြောင်းလဲသွားစေပြီး အုပ်စု A မှာ ၄ ပွဲကစားပြီးချိန်မှာ ၃ မြောက်ရှုံးပွဲနဲ့အတူ ယူနိုက်တက်ရဲ့ ကံကြမ္မာကို ဖုံးအုပ်သွားနိုင်ပါတယ်။
မိုဟာမက် အယ်လ်ယူနူဆီနဲ့ ဒီယိုဂို ဂွန်ဆယ်ဗက်စ်တို့ဟာ ဒုတိယပိုင်းမတိုင်ခင် ကိုပင်ဟေဂင်အတွက် သရေဖြစ်စေမယ့် ဂိုးတွေရယူပေးခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီက ယူနိုက်တက်ကို ပြန်လာစေခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ၇ မိနစ်အတွင်း လူကာ လီရာဂါနဲ့ အသက် ၁၇ နှစ်အရွယ် ရွန်းနီ ဘာ့ဂ်ဂျီတို့ကနေ ကိုပင်ဟေဂင်ကို ၂၀၁၆ နောက်ပိုင်း ပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲရရှိစေခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဂါလာတာဆာရေးနဲ့ ကိုပင်ဟေဂင်တို့နောက် တစ်မှတ်အကွာ အုပ်စုအောက်ဆုံးသို့ ရောက်သွားပြီး ကစားဖို့ နှစ်ပွဲသာ ကျန်ပါတော့တယ်။
သရဲနီတွေဟာ အုပ်စုဗိုလ် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ လက်ခံမကစားခင် သုံးပတ်ကြာ အချိန်အတွင်း ဂါလာတာဆာရေးကို သွားရောက်ရမှာဖြစ်ပါတယ်။
ဒီရာသီ ၁၇ ပွဲမှာ ၉ ပွဲ ရှုံးနိမ့်ပြီးနောက် ရှုံးပွဲက ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်အပေါ် ဖိအားတွေ ထပ်ပြီး တိုးလာပါလိမ့်မယ်။
အဖွင့်ပွဲချိန်နာရီဝက်အတွင်း အကောင်းဆုံးကစားခဲ့အပြီး ရက်ရှ်ဖို့ဒ်ရဲ့ အထုတ်ခံရခြင်းအတွက် ဘာတွေဖြစ်နိုင်တယ်ဆိုတာ နယ်သာလန်သားနည်းပြက သုံးသပ်ပါတယ်။
"အနီကတ်မထိခင်အထိ ကျနော်တို့ အရမ်းကောင်းအောင် ကစားခဲ့တယ်။ အနီကတ်က အရာအားလုံးကို ပြောင်းလဲသွားစေခဲ့တယ်။ အဲဒီနောက်မှာတော့ ကွဲပြားတဲ့ပွဲတစ်ပွဲ ဖြစ်လာခဲ့တယ်"လို့ တန်ဟက်ဂ်က ပြောပါတယ်။
"ဒါဟာ ခက်ခဲကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်ပါ။ ကစားသမားက ဘောလုံးကို ကာကွယ်ဖို့အတွက် ကြိုးစားခဲ့တာပါ။ "
Ref; AFP
Photo: EPA
#manchesterunited #championsleague #Mizzima

👍7❤1🔥1
တနင်္သာရီမြို့ ခမရ (၅၆၁) အနီးရော်ဘာခြံများတွင် စစ်ကောင်စီမိုင်းထောင်၍ ဒေသခံများအခက်ကြုံ
================
ကိုရွှေမြိတ်
မဇ္ဈိမ ။ ။တနင်္သာရီမြို့၊ညောင်ပင်ကွင်းရွာ အခြေစိုက်ခြေမြန်တပ်ရင်း ခမရ (၅၆၁) အနီးပတ်ချာလည်တွင် စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်ဖြင့် မိုင်းထောင်ပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည့်အတွက် ဒေသခံရော်ဘာခြံ ပိုင်ရှင်အချို့ အခက်ကြုံနေရကြောင်းသိရသည်။
ခမရ (၅၆၁)ခြံစည်းရိုးနှင့် မီတာ ၃၀၀( ပေ ၁,၀၀၀ခန့်)ပတ်လည်၌ မိုင်းထောင်ထားသည့်အကြောင်းနှင့် ခြံပိုင်ရှင်များအနေဖြင့် အလုပ်ရပ်နားထားရန် ပျူစောထီးအဖွဲ့ဝင်ဆိုသူများက လိုက်လံပြောဆိုသလို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၇ရက်တွင် ဒေသခံအချို့အား ခေါ်ယူအသိပေးခဲ့သည်ဟု သိရသည်။
" ရော်ဘာခြံကိုပဲ အမှီပြုအားကိုးပြီးတော့ လုပ်ကိုင် ရပ်တည်နေကြတော့ အခုလို အလုပ်မလုပ်ဖို့ ဟန့်တား သတိပေးခံရတော့ ပိုင်ရှင်တွေလည်း အခက်အခဲ ဖြစ်နေရသလို ဒါကို အမှီပြုပြီး လုပ်နေတဲ့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်ကုန်တယ်”ဟု ညောင်ပင်ကွင်းရွာ ဒေသခံ ခြံပိုင်ရှင်တဦးက ပြော သည်။
လက်ရှိ ကာလသည် ရော်ဘာစေးခြစ်သည့် ပွင့်လင်း ရာသီဖြစ်သည်။ စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ဒေသခံများကို ဒုက္ခပေးခြင်းဟု ရာဘာခြံလုပ်သားများကပြောသည်။
" ဘယ်သူမှလည်း သွားမလုပ်ရဲတော့ဘူးလေ။ ဖြစ်ရင် ကိုယ်ဖြစ် ကိုယ်ခံ ဆိုတော့ စစ်တပ် လက်ထက်မှာ ဘယ်ကိုမှ တိုင်လို့မှ မရတာ”လို့ ရော်ဘာစေးခြစ် လုပ်ကိုင်နေသည့် အမျိုးသမီး တဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ခမရ (၅၆၁) ပတ်ဝန်းကျင်တွင် ဒေသခံများအား အသိမပေးဘဲ ယခင်ကတည်းက မိုင်းထောင်ထားခြင်းဟု စုံစမ်းသိရှိရသည်။ မိုင်းထောင်ထားကြောင်း တပ်တွင်းလှို့ဝှက်အသိပေးစာတစောင်သည် နိုဝင်ဘာလ ၄ရက်က ထွက်ပေါ်လာပြီးမှ နိုဝင်ဘာလ ၇ရက်တွင် ဒေသခံအချို့အားခေါ်ယူပြောကြားခြင်းဟု သိရသည်။
အဆိုပါ တပ်ရင်းအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာလက အမျိုးသမီးတဦး မိုင်းနင်းမိ၍ဒဏ်ရာ ရခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။
တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီနှင့် ပုလောမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်နေပြီး စစ်ကောင်စီထောင်ထားသည့် မိုင်းအန္တရာယ်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။
စာတည်း -အေးချမ်း
#Mizzima
#တနင်္သာရီမြို့
#ခမရ (၅၆၁)
#စစ်ကောင်စီမိုင်းထောင်
ပုံအညွှန်း - တနင်္သာရီတိုင်းမှ ရော်ဘာခြံတခြံ (ဓာတ်ပုံ/CJ)

🤮4👍3❤1🤬1
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစ
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး-----------------------------------------.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F9hzA9eoTdPY&h=AT0sf2Ij7Xw6geuq-kqh82lDwwQ31A86PUT1nXIQnW22kDyNn7T1ggALjbZDDcAAsE4uGBjVnDPL181r7p8KsHIm2uCq4tfuPONwhhwYZjaiUMsM9QpFHOiOrIVTtVax&s=1

🔥2