တော်လှန်ရေးနယ်မြေများတွင် ရိုက်ကူးထားသည့် ဓာတ်ပုံပြပွဲ ချင်းမိုင်တွင် ပြုလုပ်
❤12🤮2

=================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။မြန်မာနိုင်ငံက ဓာတ်ပုံသတင်းထောက်များ ရိုက်ကူးထားသည့် ဓာတ်ပုံများကိုပြသသည့် "Seen Photo Exhibition" ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပလျက်ရှိနေသည်။
The Root က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ချင်းမိုင်မြို့တွင်ရှိသည့် Green Houseတွင် နိုဝင်ဘာလ ၈ရက်နေ့မှ ၁၀ရက်နေ့အထိကျင်းပသွားကြမည်ဖြစ်သည်။
ပြပွဲတွင် ပါဝင်တဦးက “ အာဏာသိမ်းပြီးနောက်ပိုင်းမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ မြေပြင်မှာ လှုပ်ရှားနေတဲ့ ဓာတ်ပုံသတင်းထောက်တွေစုပေါင်းပြီးတော့ ပြပွဲလုပ်ဖြစ်တာ” ဟု ပြောသည်။
ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ BPLAနှင့် အညာဒေသများတွင် ရိုက်ကူးထားသည့် ဓာတ်ပုံစုစုပေါင်း ၄၂ ပုံကို ပြသခြင်းဖြစ်သည်။
တော်လှန်ရေးကာလလှုပ်ရှားမှုများ၊ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ နှင့်မီးရှို့ဖျက်ဆီးမှုများကို မှတ်တမ်းတင်ထားသည့်ဓာတ်ပုံများ ပါဝင်သည်။ ပြပွဲတွင်ရရှိသည့် အကျိုးအမြတ်များကို ပါဝင်သည့် ဓာတ်ပုံသတင်းထောက်များထံသို့ အချိုးကျပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တော်လှန်ရေးကာလ
#ဓာတ်ပုံပြပွဲ
#ချင်းမိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
❤13🤮1
ချန်ပီယံလိဂ်ကနေ ထွက်ရဖို့ ချောက်ကမ်းပါးအစွန်းနားရောက်နေတဲ့ ယူနိုက်တက်
===============
By PKThawn
မန်ချက်စတာယူနိုက်တက်ဟာ ကိုပင်ဟေဂင်ကို ၂-၀ ဂိုးနဲ့ အဝေးကွင်းမှာ ဦးဆောင်ရာကနေ မားကပ်စ် ရက်ရှ်ဖို့ဒ် အထုတ်ခံလိုက်ရအပြီးမှာတော့ ၄-၃ ဂိုးနဲ့ ပြန်အရေးနိမ့်ခဲ့ရပြီးနောက် သူတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာဖို့ နီးစပ်နေပါတယ်။
ရာ့စ်မတ်စ် ဟော့ချ်လန်းက ပွဲချိန်နာရီဝက်အတွင်း ၂ ဂိုးသွင်းယူတာကြောင့် သူ့ရဲ့အသင်းဟောင်းကို ခြောက်လှန့်ဖို့ ပြန်လာပုံရပါတယ်။
ဒါပေမယ့် ရက်ရှ်ဖို့ဒ် အထုတ်ခံရတာက ဒီပွဲစဉ်ရဲ့ အဆုံးအဖြတ်ကို ပြောင်းလဲသွားစေပြီး အုပ်စု A မှာ ၄ ပွဲကစားပြီးချိန်မှာ ၃ မြောက်ရှုံးပွဲနဲ့အတူ ယူနိုက်တက်ရဲ့ ကံကြမ္မာကို ဖုံးအုပ်သွားနိုင်ပါတယ်။
မိုဟာမက် အယ်လ်ယူနူဆီနဲ့ ဒီယိုဂို ဂွန်ဆယ်ဗက်စ်တို့ဟာ ဒုတိယပိုင်းမတိုင်ခင် ကိုပင်ဟေဂင်အတွက် သရေဖြစ်စေမယ့် ဂိုးတွေရယူပေးခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီက ယူနိုက်တက်ကို ပြန်လာစေခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ၇ မိနစ်အတွင်း လူကာ လီရာဂါနဲ့ အသက် ၁၇ နှစ်အရွယ် ရွန်းနီ ဘာ့ဂ်ဂျီတို့ကနေ ကိုပင်ဟေဂင်ကို ၂၀၁၆ နောက်ပိုင်း ပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲရရှိစေခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဂါလာတာဆာရေးနဲ့ ကိုပင်ဟေဂင်တို့နောက် တစ်မှတ်အကွာ အုပ်စုအောက်ဆုံးသို့ ရောက်သွားပြီး ကစားဖို့ နှစ်ပွဲသာ ကျန်ပါတော့တယ်။
သရဲနီတွေဟာ အုပ်စုဗိုလ် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ လက်ခံမကစားခင် သုံးပတ်ကြာ အချိန်အတွင်း ဂါလာတာဆာရေးကို သွားရောက်ရမှာဖြစ်ပါတယ်။
ဒီရာသီ ၁၇ ပွဲမှာ ၉ ပွဲ ရှုံးနိမ့်ပြီးနောက် ရှုံးပွဲက ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်အပေါ် ဖိအားတွေ ထပ်ပြီး တိုးလာပါလိမ့်မယ်။
အဖွင့်ပွဲချိန်နာရီဝက်အတွင်း အကောင်းဆုံးကစားခဲ့အပြီး ရက်ရှ်ဖို့ဒ်ရဲ့ အထုတ်ခံရခြင်းအတွက် ဘာတွေဖြစ်နိုင်တယ်ဆိုတာ နယ်သာလန်သားနည်းပြက သုံးသပ်ပါတယ်။
"အနီကတ်မထိခင်အထိ ကျနော်တို့ အရမ်းကောင်းအောင် ကစားခဲ့တယ်။ အနီကတ်က အရာအားလုံးကို ပြောင်းလဲသွားစေခဲ့တယ်။ အဲဒီနောက်မှာတော့ ကွဲပြားတဲ့ပွဲတစ်ပွဲ ဖြစ်လာခဲ့တယ်"လို့ တန်ဟက်ဂ်က ပြောပါတယ်။
"ဒါဟာ ခက်ခဲကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်ပါ။ ကစားသမားက ဘောလုံးကို ကာကွယ်ဖို့အတွက် ကြိုးစားခဲ့တာပါ။ "
Ref; AFP
Photo: EPA
#manchesterunited #championsleague #Mizzima

👍7❤1🔥1
တနင်္သာရီမြို့ ခမရ (၅၆၁) အနီးရော်ဘာခြံများတွင် စစ်ကောင်စီမိုင်းထောင်၍ ဒေသခံများအခက်ကြုံ
================
ကိုရွှေမြိတ်
မဇ္ဈိမ ။ ။တနင်္သာရီမြို့၊ညောင်ပင်ကွင်းရွာ အခြေစိုက်ခြေမြန်တပ်ရင်း ခမရ (၅၆၁) အနီးပတ်ချာလည်တွင် စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်ဖြင့် မိုင်းထောင်ပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည့်အတွက် ဒေသခံရော်ဘာခြံ ပိုင်ရှင်အချို့ အခက်ကြုံနေရကြောင်းသိရသည်။
ခမရ (၅၆၁)ခြံစည်းရိုးနှင့် မီတာ ၃၀၀( ပေ ၁,၀၀၀ခန့်)ပတ်လည်၌ မိုင်းထောင်ထားသည့်အကြောင်းနှင့် ခြံပိုင်ရှင်များအနေဖြင့် အလုပ်ရပ်နားထားရန် ပျူစောထီးအဖွဲ့ဝင်ဆိုသူများက လိုက်လံပြောဆိုသလို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၇ရက်တွင် ဒေသခံအချို့အား ခေါ်ယူအသိပေးခဲ့သည်ဟု သိရသည်။
" ရော်ဘာခြံကိုပဲ အမှီပြုအားကိုးပြီးတော့ လုပ်ကိုင် ရပ်တည်နေကြတော့ အခုလို အလုပ်မလုပ်ဖို့ ဟန့်တား သတိပေးခံရတော့ ပိုင်ရှင်တွေလည်း အခက်အခဲ ဖြစ်နေရသလို ဒါကို အမှီပြုပြီး လုပ်နေတဲ့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်ကုန်တယ်”ဟု ညောင်ပင်ကွင်းရွာ ဒေသခံ ခြံပိုင်ရှင်တဦးက ပြော သည်။
လက်ရှိ ကာလသည် ရော်ဘာစေးခြစ်သည့် ပွင့်လင်း ရာသီဖြစ်သည်။ စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ဒေသခံများကို ဒုက္ခပေးခြင်းဟု ရာဘာခြံလုပ်သားများကပြောသည်။
" ဘယ်သူမှလည်း သွားမလုပ်ရဲတော့ဘူးလေ။ ဖြစ်ရင် ကိုယ်ဖြစ် ကိုယ်ခံ ဆိုတော့ စစ်တပ် လက်ထက်မှာ ဘယ်ကိုမှ တိုင်လို့မှ မရတာ”လို့ ရော်ဘာစေးခြစ် လုပ်ကိုင်နေသည့် အမျိုးသမီး တဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ခမရ (၅၆၁) ပတ်ဝန်းကျင်တွင် ဒေသခံများအား အသိမပေးဘဲ ယခင်ကတည်းက မိုင်းထောင်ထားခြင်းဟု စုံစမ်းသိရှိရသည်။ မိုင်းထောင်ထားကြောင်း တပ်တွင်းလှို့ဝှက်အသိပေးစာတစောင်သည် နိုဝင်ဘာလ ၄ရက်က ထွက်ပေါ်လာပြီးမှ နိုဝင်ဘာလ ၇ရက်တွင် ဒေသခံအချို့အားခေါ်ယူပြောကြားခြင်းဟု သိရသည်။
အဆိုပါ တပ်ရင်းအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာလက အမျိုးသမီးတဦး မိုင်းနင်းမိ၍ဒဏ်ရာ ရခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။
တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီနှင့် ပုလောမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်နေပြီး စစ်ကောင်စီထောင်ထားသည့် မိုင်းအန္တရာယ်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။
စာတည်း -အေးချမ်း
#Mizzima
#တနင်္သာရီမြို့
#ခမရ (၅၆၁)
#စစ်ကောင်စီမိုင်းထောင်
ပုံအညွှန်း - တနင်္သာရီတိုင်းမှ ရော်ဘာခြံတခြံ (ဓာတ်ပုံ/CJ)

🤮4👍3❤1🤬1
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစ
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး-----------------------------------------.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F9hzA9eoTdPY&h=AT0sf2Ij7Xw6geuq-kqh82lDwwQ31A86PUT1nXIQnW22kDyNn7T1ggALjbZDDcAAsE4uGBjVnDPL181r7p8KsHIm2uCq4tfuPONwhhwYZjaiUMsM9QpFHOiOrIVTtVax&s=1

🔥2
လောက်ကိုင်နဲ့ချင်းရွှေဟော်မှာတဖက်နိုင်ငံသားများဆောက်ထားတဲ့ဟိုတယ် ၁၄၀ကျော်MICခွင့်မပြုဟုစစ်ကောင်စီဆို
လောက်ကိုင်နဲ့ ချင်းရွှေဟော်မှာ တဖက်နိုင်ငံသားများ ...
https://www.youtube.com/watch?v=s4cIymdZyXQ

YouTube
လောက်ကိုင်နဲ့ချင်းရွှေဟော်မှာတဖက်နိုင်ငံသားများဆောက်ထားတဲ့ဟိုတယ် ၁၄၀ကျော်MICခွင့်မပြုဟုစစ်ကောင်စီဆို
လောက်ကိုင်နဲ့ ချင်းရွှေဟော်မှာ တဖက်နိုင်ငံသားများ ဆောက်လုပ်ထားတဲ့ ဟိုတယ် ၁၄၀ကျော် MIC ခွင့်ပြုမထားကြောင်း စစ်ကောင်စီဆို
#reels
#shorts
#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…

👍3❤1
အနည်းဆုံးလုပ်ခလစာ ကြေညာချက် မရှင်းလင်းတာကြောင့် အလုပ်သမားများ နစ်နာမှုများရှိနေ
အနည်းဆုံးလုပ်ခလစာ ကြေညာချက် မရှင်းလင်းတာကြောင့် ...
https://www.youtube.com/watch?v=m0BXyUMBchU

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

🔥1
ကုန်သွယ်မှုနှင့်နယ်စပ်ဖြတ်ကျော်မှုများအတွက်နှစ်နိုင်ငံသုံးငွေကြေးအသုံးပြုမှု ရုရှား၊မြန်မာဆွေးနွေး
ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် ...
https://www.youtube.com/watch?v=gyl1ZVqylog

ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် နှစ်နိုင်ငံသုံး ငွေကြေးအသုံးပြုမှု ရုရှားနှင့် မြန်မာ ဆွေးနွေး
#reels
#shorts
#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…
#reels
#shorts
#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…
🔥1
ဆန်စပါးအသင်းချုပ်က ယခုလအတွင်း ရောင်းချရမည့် ဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်
ဆန်စပါးအသင်းချုပ်က ယခုလအတွင်း ရောင်းချရမည့် ဆန်ဈေးနှုန်းများ ...
https://www.youtube.com/watch?v=WcJFN4GBtMM
ဆန်စပါးအသင်းချုပ်က ယခုလအတွင်း ရောင်းချရမည့် ဆန်ဈေးနှုန်းများ ...
https://www.youtube.com/watch?v=WcJFN4GBtMM
YouTube
ဆန်စပါးအသင်းချုပ်က ယခုလအတွင်း ရောင်းချရမည့် ဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်
ဆန်စပါးအသင်းချုပ်က ယခုလအတွင်း ရောင်းချရမည့် ဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်
#reels
#shorts
#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…
#reels
#shorts
#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…
👍4🔥1
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊
https://www.youtube.com/watch?v=9hzA9eoTdPY
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊
https://www.youtube.com/watch?v=9hzA9eoTdPY
YouTube
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

Dancing and dogs help relieve isolation for Hong Kong's elderly
With Hong Kong on track to become the world's oldest city by 2050, a number of schemes are being launched to help elderly ...
https://www.youtube.com/watch?v=EqDm_GNelfc

With Hong Kong on track to become the world's oldest city by 2050, a number of schemes are being launched to help elderly citizens in the city avoid loneliness and isolation.
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…
🔥1
ရခိုင်ပြည်နယ်၊ တပ်တောင်ရဲစခန်းမှရဲများ စခန်းကိုစွန့်ခွာ
================
ရောင်နီ
(မဇ္စျိမ)။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့ရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်သားအချို့ကို စစ်ကောင်စီတပ်က အင်အားသုံး ဖမ်းဆီးသွားပြီးနောက် ကျန်ရှိသည့် ရဲတပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။
တပ်တောင်မြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲမှူးမျိုးမင်းထွန်း၊ ဒုရဲအုပ်တဦးနှင့် ရဲတပ်သား နှစ်ဦးကို နို၀င်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကားလေးစီး၊ အင်အား ၁၀၀ ခန့်ဖြင့် ရဲစခန်းအတွင်း ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသွားခြင်းဟုသိရသည်။
“စစ်ကားလေးစီးနဲ့ တပ်တောင်မြို့ ရဲစခန်းကိုလာပြီး သိမ်းတဲ့ သဘောမျိုးပေါ့။ ရဲစခန်းတခုလုံးကို လုံခြုံရေးပတ်ချတယ်။ ပြီးတော့ စခန်းမှူး၊ ဒုရဲအုပ်နဲ့ ရဲတပ်သားအချို့ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ် ” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ထိုသို့ဖမ်းဆီးသွားပြီးနောက် ကျန်ရဲတပ်သားများသည် စခန်းမှ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ၄င်းက ဆိုသည်။ လက်ရှိအချိန်တွင် တပ်တောင်ရဲစခန်းကို စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။
“ရဲစခန်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၇ ရက်ကတည်းက ထိန်းချုပ်ထားတဲ့ အနေအထားမှာရှိတယ်။ အဖမ်းမခံရတဲ့ ရဲတွေဆိုလည်း စခန်းမှာ မနေရဲတော့ပဲ ထွက်ပြေးသွားကြပြီ။ စခန်းကိုတော့ စစ်တပ်နဲ့ အတူပါလာတဲ့ ရဲအုပ်တယောက်က အုပ်ချုပ်နေတယ်။ စခန်းမှာရှိတဲ့ လက်နက်တွေကိုလည်း စစ်တပ်က သိမ်းဆည်းထားတယ်” ဟု နောက်ထပ်သတင်းရင်းမြစ်တဦးကပြောသည်။
ရဲစခန်းအတွင်းဝင်ရောက်ဖမ်းဆီးစဥ် စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်း သိရသည်။
“ အေးအေးဆေးဆေး အဖမ်းမခံရင် ရိုက်သတ်ပစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖမ်းတယ်ဆိုပြီး သိရတယ်" ဟု သတင်းရင်းမြစ်က ဆိုသည်။
ရဲမှူးမျိုးမင်းထွန်းသည်ပြီးခဲ့သည့် နှစ်နှစ်ခန့်က အမ်းမြို့မရဲစခန်း၌ တနှစ်ခွဲကျော် တာဝန်ထမ်းဆောင်ပြီးနောက် လွန်ခဲ့သည့် ခြောက်လကမှ ရာထူးတိုးဖြင့် တပ်တောင်ရဲစခန်းမှူးဖြစ်လာသူ ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
ထိုဖမ်းဆီးမှုသည် တပ်တောင်ရဲစခန်းမှ ရဲအချို့ ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်နေခြင်းကြောင့် ဖြစ်နိုင်သလို အမိန့်မနာခံမှုကြောင့်လည်းဖြစ်နိုင်ကြောင်း ဒေသတွင်းသတင်းများ ထွက်ပေါ်နေသည်။
ယခုဖြစ်စဥ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရန် မဇ္စျိမက ကြိုးစားသော်လည်း မရရှိသေးပေ။
ရဲမှူးမျိုးမင်းထွန်းနှင့် ဖမ်းဆီးခံ ရဲအချ်ို့သည် ယနေ့ နိုဝင်ဘာလ ၉ရက်အထိ အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ရောက်ရှိခြင်းမရှိသေးဘဲ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးခံနေရကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးစစ်ဆေးသည့် ဖြစ်စဥ်ရှိခဲ့သည်။
စာတည်း - အေးချမ်း
#Mizzima
#အမ်းမြို့နယ်
#တပ်တောင်မြို့ရဲစခန်း
#ရဲတပ်ဖွဲ့ဝင်များ
#စခန်းကိုစွန့်ခွာ
ပုံအညွှန်း - စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအား စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် နှိမ်နင်းနေစဉ်။ (ပုံ - အဟောင်း)

👍25😁7❤1👏1
ထိုင်းနိုင်ငံ မဲဆောက်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ ဦး ဖမ်းဆီးခံရ
==============
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက် နယ်စပ် ဧရိယာတွင် နိုဝင်ဘာ ၂ ရက်နှင့် ၄ ရက်အထိ သုံးရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ ဦး ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

👍3🔥2🤬1
ထိုင်းနိုင်ငံ မဲဆောက်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက် နယ်စပ် ဧရိယာတွင် နိုဝင်ဘာ ၂ ရက်နှင့် ၄ ရက်အထိ သုံးရက်အတွင်း မြန်မာရွှေ့ပြ....
https://ift.tt/I4NVPAE

👍3