Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရေဦးမြို့ အထိုင်ဂိတ် ၂ခုကို ဒရုန်းဖြင့်တိုက်ခိုက် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးဟုဆို
================

ပါခွီး

(မဇ္စျိမ) ။    ။ စစ်ကိုင်းတိုင်း ၊ ရေးဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်ဂိတ် နှစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၂) ပြည်သူ့ကာကွယ်ရေးတပ်မတော်က နိုဝင်ဘာလ ၉ရက် ယနေ့တွင် ထုတ်ပြန်သည်။

ရေဦးမြို့နယ်အတွင်းရှိ တိုင်းရင်းဆေးရုံတွင် အင်အား ၁၀၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၆ရက် နေ့လယ် ၁၂နာရီ ၄၅မိနစ်မှ ၁ နာရီ ၃၀မိနစ်အချိန်ထိ ဒရုန်းဖြင့် ဗုံးသီး ၁၂လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း နယ်မြေခံများထံမှတဆင့် စုံစမ်းသိရကြောင်းဆိုသည်။

“သေဆုံးဒဏ်ရာရတာတွေက ရေဦးဆေးရုံပေါ် တင်ထားတာရယ် ၊ နယ်မြေခံတွေဆီက စုံစမ်းရတာကို ပြန်ပြီးအတည်ပြုထားတာပါ ၊ မစ်ရှင်အပြီး သတင်းတန်းမတင်ဘဲ ကျွန်တော်တို့ကိုယ်တိုင် အတည်ပြုချက်ယူပြီးမှ ထုတ်ပြန်တာပါ” ဟု စစ်ကိုင်းခရိုင် တပ်ရင်း(၂) တာဝန်ခံ က မဇ္စျိမ ကိုပြောသည်။

ထို့ပြင် ရေဦးမြို့နယ် ရွှေကျီးမင်းဂိတ်နှင့် ဂါဝီဂိတ်တို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို နိုဝင်ဘာ ၇ရက်နေ့ ည ၇နာရီ ၁၀မိနစ်မှ ၈နာရီ ၅မိနစ် အချိန်ထိ ဒရုန်းဖြင့် ဗုံးသီး ၁၂လုံးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကာ ရေဦးမြို့ဆေးရုံကြီးတွင် ကုသမှုခံယူနေကြောင်း စုံစမ်းသိရှိရသည် ဟု ထုတ်ပြန်ချက်တွေဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂) မှ ဦးဆောင်ပြီး Ghost Team Ranger Myinmu(GTR MMU) ၊ အမှတ်(၁၈၀၁) Federal Wings ဒရုန်း တပ်ရင်း၊ ရွှေဘိုခရိုင် တပ်ရင်း(၁၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေဦးမြို့ 
#အထိုင်ဂိတ်

ပုံအညွှန်း - စစ်ကိုင်းခရိုင်တပ်ရင်း(၂) မှ ရဲဘော်များမြင်တွေ့ရစဥ် /ဓါတ်ပုံ - စစ်ကိုင်းခရိုင်တပ်ရင်း(၂)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9👏3😁1
အမျိုးသမီး ၁၁ ဦးအပါအဝင် ထိုင်းရောက် မြန်မာ MoU အလုပ်သား ၁၇ ဦး လုပ်ခလစာမရဘဲ ခိုင်းစေ ခံနေရ
🤬8👍3🔥2
အမျိုးသမီး ၁၁ ဦးအပါအဝင် ထိုင်းရောက် မြန်မာ MoU အလုပ်သား ၁၇ ဦး လုပ်ခလစာမရဘဲ ခိုင်းစေ ခံနေရ
================

ကိုရွှေမြိတ်

မဇ္ဈိမ။ ။ထိုင်းနိုင်ငံ၊ လယောင်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ရောက်ရှိနေသည့် အမျိုးသမီး ၁၁ ဦးအပါအဝင် မြန်မာ MoU အလုပ်သမား ၁၇ ဦးသည် လုပ်ခလစာမရဘဲ ခိုင်းစေခံနေရကြောင်း သိရ သည်။

အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၇ ဦးသည် ပြည်တွင်းမှ HTET MARN SERVICE CO., LTD အလုပ်သမားရှာဖွေရေးအေဂျင်စီနှင့်ချိတ်ဆက်ပြီး နှစ်နှစ်စာချုပ်သက်တမ်းဖြင့် ထိုင်းနိုင်ငံ လယောင်မြို့၊ ဘန်ချန်းရပ်ကွက်ရှိ TPWJ - SERVICE CO,LTD ၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင် ရန်ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းအလုပ်သမားများက ပြောသည်။

“ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဒီဖက်ကိုရောက်လာတော့ ပထုံဌာနီမှာ ရက် ၂၀ ကျော် အလုပ် မရှိဘဲ ကိုယ်စာရိတ်နဲ့ကိုယ် နေခဲ့ရတယ်။ အဲဒီနောက် အလုပ်ရှိတဲ့အခြားဆိုက်တခုကို ရောက်ပြန်တော့ လည်း အလုပ်ဆင်းရပေမယ့် သူဌေးက လုပ်ခလစာမရှင်းပေးတဲ့ ပြဿနာနဲ့ကြုံနေရတယ်”ဟု MoU အလုပ်သမားတဦးဖြစ်သူ ကိုဇင်မင်းထွန်းက ပြောသည်။

အဆိုပါအလုပ်သမားများသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က မြန်မာနိုင်ငံမှထွက်လာခြင်းဖြစ် ပြီး ထိုင်းနိုင်ငံသို့ ၂၀ ရက်နေ့တွင် ရောက်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

“ထိုင်းကိုရောက်နေတာ နှစ်လနီးပါးရှိပြီ၊ ပထမလက အလုပ်မဆင်းရဘူး၊ အခု အလုပ်ရပြန်တော့လည်း သူဌေးကလုပ်အားခမရှင်းပေးတော့ ဘယ်သူမှ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဖြစ်နေလို့ နေထိုင်စားသောက် ဖို့အတွက် အခက်အခဲဖြစ်နေတယ်”ဟု အမျိုးသမီးအလုပ်သမားတဦးဖြစ်သူ မသန်းသန်းစိုးကပြောသည်။

လက်ရှိ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများတွင် MoU စနစ်ဖြင့်ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများမှာ လုပ်ခလစားမရခြင်း၊ အလုပ်ကိုင်ရှာပါးခြင်းနှင့် အလုပ်သမားအခွင့်ရေး ချိုးဖောက် ခံရမှုများ မကြာခဏဖြစ်ပွားနေကြောင်း မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်သည့် တရားဝင် မြန်မာအလုပ်သမား ၄၀၀,၀၀၀ ခန့် ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်အထောက်အထားရှိသူ၊ အထောက်အထားမရှိသူ မြန်မာအလုပ်သမား သန်း နှင့်ချီရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ဆိုသည်။

စာတည်း။ ။စောဖေ

#ရွှေ့ပြောင်းလုပ်သား
#MoUမြန်မာလုပ်သား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍4🤬4
​​မြန်မာနိုင်ငံမြောက်ပိုင်းသို့ ခရီးသွားလာခြင်းမပြုရန် နိုင်ငံသားများကို တရုတ် တားမြစ်
=================

တိုက်ပွဲများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ မြောက်ပိုင်းသို့ တရုတ်နိုင်ငံသားများ ခရီးသွားလာခြင်း မပြုကြရန် တရုတ်အစိုးရက နိုဝင်ဘာ ၉ ရက်တွင် တားမြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤1🔥1😁1
​​တရုတ်၏ သူလျှိုလှုပ်ရှားမှုများက မကြုံစဖူးအန္တရာယ်ဖြစ်နေ
=================

နည်းပညာနှင့် အခြားသော မူပိုင်ခွင့်ကုန်သွယ်ရေးလျှို့ဝှက်ချက်နယ်ပယ်တွင် ဉာပစ္စည်းအား တရားမဝင် ရယူသည့် ကွန်မြူနစ်တရုတ်နိုင်ငံမှ လုပ်ဆောင်သော သူလျှိုလှုပ်ရှားမှုများသည် အနောက်နိုင်ငံများအတွက် ကြီးမားသော အန္တရာယ်ဖြစ်နေပြီး သမိုင်းတစ်လျှောက် မကြုံစဖူးဖြစ်ကြောင်း Five Eyes မဟာမိတ်အဖွဲ့မှ ထောက်လှမ်းရေးအရာရှိများက CBS နှင့် အောက်တိုဘာ ၂၂ ရက်က တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး တည်ထောင်ခဲ့သော Five Eyes မဟာမိတ်အဖွဲ့တွင် ဩစတြေးလျ၊ ကနေဒါ၊ ဗြိတိန်၊ အမေရိကန်နှင့် နယူးဇီလန်တို့ ပါဝင်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2❤1🤮1
​​ဟားမတ်စ် တိုက်ခိုက်မှု ဖြစ်ပြီးနောက် အစ္စရေးမှ စိုက်ပျိုးရေးအလုပ်သမား ၇,၄၀၀ ကို ထိုင်းကယ်ထုတ်ထား
===============

ထိုင်းနိုင်ငံသား ၃၄ ဦး သေဆုံးပြီး ၂၄ ဦးကို ဟားမတ်စ်တို့ ဓားစာခံ ဖမ်းဆီးသွားသည့် အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုနောက်ပိုင်းတွင် အစ္စရေးမှ စိုက်ပျိုးရေးအလုပ်သမား ၇,၄၀၀ ကို ထိုင်းနိုင်ငံက ကယ်ထုတ်ထားနိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၉ နိုဝင်ဘာ၂၀၂၃)
===============

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းမြောက်တိုက်ပွဲများနှင့် ပတ်သက်ပြီး ကာလုံအစည်းအဝေးတွင် အချက်အလက်အမှန်များ ပြောဆိုခြင်းမရှိဘဲ ယင်းနေရာများကို စစ်တပ်မှ ပြန်လည်ထိန်းချုပ်နိုင်ပြီဟု လိမ်လည်ပြောဆိုသွားသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2😁2❤1🤮1
မြန်မာနိုင်ငံမြောက်ပိုင်းသို့ ခရီးသွားလာခြင်းမပြုရန် နိုင်ငံသားများကို တရုတ် တားမြစ်
တိုက်ပွဲများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ မြောက်ပိုင်းသို့ တရုတ်နိုင်ငံသားများ ခရီးသွားလာခြင်း မပြုကြရန်...
https://ift.tt/yEVmvaO
👍5❤2🔥2
တရုတ်၏ သူလျှိုလှုပ်ရှားမှုများက မကြုံစဖူးအန္တရာယ်ဖြစ်နေ
နည်းပညာနှင့် အခြားသော မူပိုင်ခွင့်ကုန်သွယ်ရေးလျှို့ဝှက်ချက်နယ်ပယ်တွင် ဉာပစ္စည်းအား တရားမဝင် ရယူသည့် ကွန်...
https://ift.tt/djs1OHy
🔥3❤2👍2
ဟားမတ်စ် တိုက်ခိုက်မှု ဖြစ်ပြီးနောက် အစ္စရေးမှ စိုက်ပျိုးရေးအလုပ်သမား ၇,၄၀၀ ကို ထိုင်းကယ
ထိုင်းနိုင်ငံသား ၃၄ ဦး သေဆုံးပြီး ၂၄ ဦးကို ဟားမတ်စ်တို့ ဓားစာခံ ဖမ်းဆီးသွားသည့် အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိ.....
https://ift.tt/Bx6fsYe
👍3🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၉ နိုဝင်ဘာ၂၀၂၃)
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းမြောက်တိုက်ပွဲများနှင့် ပတ်သက်ပြီး က....
https://ift.tt/XS0C8EW
👍5😁2
ဟားမတ်စ် တိုက်ခိုက်မှု ဖြစ်ပြီးနောက် အစ္စရေးမှ စိုက်ပျိုးရေးအလုပ်သမား ၇,၄၀၀ ကို ထိုင်းကယ
ထိုင်းနိုင်ငံသား ၃၄ ဦး သေဆုံးပြီး ၂၄ ဦးကို ဟားမတ်စ်တို့ ဓားစာခံ ဖမ်းဆီးသွားသည့် အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိ.....
https://ift.tt/5DExfbV
👍5😁2
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၉ နိုဝင်ဘာ၂၀၂၃)
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းမြောက်တိုက်ပွဲများနှင့် ပတ်သက်ပြီး က....
https://ift.tt/G2IpojT
👍7❤1
​​မြင်းခြံမြို့ ပျားရွာမှာ စစ်ကောင်စီတပ်က ၃ နှစ်အရွယ် ကလေးနှင့် အမျိုးသား ၅ ဦးကို သတ်ဖြတ် ရွာမီးရှို့
==================

MTO
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး သုံးနှစ်အရွယ်ကလေးငယ် တဦးအပါအဝင် အမျိုးသားပြည်သူ ငါးဦးကို သတ်ဖြတ်သွားကာ ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းတွင် ပဲကြီးခင်းရွာမှ ထွက်လာသောစစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ပျားရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်စီနင်းပြီး ပြည်သူများကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း မြင်းခြံ ပကဖ မှ သတင်းတာဝန်ခံက ပြောသည်။
“ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်ကူတွေလည်းရောက်လာတယ်၊ ပြီးတော့ ပျားရွာထဲကို ဝင်ပြီး ရွာထဲက အမျိုးသား တဦး၊ ဘုန်းကြီးကျောင်းထဲက အမျိုးသား နှစ်ဦး ဓားစားခံအဖြစ်ဖမ်းပြီး၊ တောတွေထဲ ထွက်ပြေးသွားတဲ့ လူတွေကို လိုက်ပစ်တာ သုံးနှစ်အရွယ် ကလေးကို ချီပြီးထိုင်နေတဲ့ အမျိုးသမီး တဦး ကျည်ထိမှန်ပြီး ကလေးငယ်က ဦးခေါင်းကျည်ထိပြီး သေသွားတယ်” ဟု ပြောသည်။

ယင်းအပြင် ဖမ်းဆီးထားသည့် အမျိုးသား သုံးဦးနှင့် နောက်ထပ် ကွမ်းခြံလုပ်သား နှစ်ဦးတို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာလ ၇ ရက် ညနေပိုင်းတွင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း မြင်းခြံ ပကဖ မှ သတင်းတာဝန်ခံက ဆိုသည်။
၎င်းက "သတ်ဖြတ်သွားတာ တကယ့်ကို ရက်ရက်စက်စက်ပဲ လည်းပင်းတွေကို နောက်ကျောတွေကို အကုန်လုံးကို ဓားတွေနဲ့ မွှန်း သတ်ဖြတ်ပြီး ကွမ်းခြံထဲက နောက်ချေးပုံထဲ မြုပ်သွားတာ” ဟုပြောသည်

အလားတူ စစ်ကောင်စီတပ်ဖွဲ့ သည် ပျားရွာအတွင်းက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ပေါင်း ၃၇ လုံးအထိ မီးလောင်ပျက်စီးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

ယင်းနောက် ပျားရွာအတွင်းတွင် ညအိပ်တပ်စွဲပြီး နိုဝင်ဘာလ ၈ ရက်နေ့ မနက်အစောပိုင်းတွင် ကျေးရွာအတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်လည်း မြင်းခြံမြို့နယ် ကိုင်းတောင်ရွာတွင် ရှိသည့် ပျူစောထီးအဖွဲ့ ဝင်များကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။

စာတည်း -သန့်ဇော်(သန်လျင်)

#mizzima
#မြင်းခြံမြို့နယ်
#ဒေသကာကွယ်ရေးတပ်ဖွဲ့

ပုံအညွှန်း - စစ်ကောင်စီတပ်ဖွဲ့ က ကျေးရွာတစ်ရွာအားမီးရှို့ဖျက်စီးနေသည်ကိုတွေ့ ရစဉ် (ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14🔥2👍1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ 9 ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ 9 ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိမ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FoiCfPYPprKQ&h=AT2OGn-P-jz1cROZv8YQJ5RuCHU7bJiF2r7by4NmaPsOyUmVgFNGO6-sbpyV2T0L1Ziji8dqFUzZEBQzNjx6MI5dOSZB7b55F-k8xQk1ZrfP9hMJiWl4pc1sdDgIztXa&s=1
👍6🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ 9 ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ 9 ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိမ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FoiCfPYPprKQ&h=AT01jA-zAe73SRkldcGOxLmM4Cz4dO1D4DqheERtZxoBkAlw5mzValaLq7-JqGx06V9dEn9pTaPn5Kcc53VuHMtE9pIF6U0Kg9cb8hFi9Sq9f5FSepfVxOwgK-Qbmgid&s=1
👍6🤮1