Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရေစကြိုမြို့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်
================

008

မဇ္ဈိမ။   ။ မကွေးတိုင်း၊ ရေစကြိုမြို့ရှိ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၄နာရီခန့်တွင် တိုက်ခိုက်ကြောင်း သိရသည်။

"ရဲစခန်းကို ဝင်တိုက်တာ ဟုတ်ပါတယ်။ အသေးစိတ် ထုတ်ပြန်ပေးပါမယ်"ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိတဦးက မဇ္ဈိမကိုပြောသည်။

မိနစ် ၃၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှု အခြေအနေကို မသိရှိရသေး‌ကြောင်း ဆိုသည်။

"စစ်တပ်က ရဲစခန်းနဲ့နီးတဲ့ အမှတ် (၇)ရပ်ကွက်နဲ့ အမှတ် (၈)ရပ်ကွက်ထဲ ဝင်ပြီး ပစ်နေတယ်။ မြို့ထဲဘက်လည်း မနက် ၈နာရီလောက်အထိ ပစ်နေတယ်"ဟု မြို့ခံတဦးက ပြောသည်။

နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့က မြို့တွင်းဖြတ်သန်းသွားလာသူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ကာ မြို့အဝင်အထွက်ကိုလည်း တားဆီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

#မကွေးတိုင်း
#ရေစကြိုမြို့
#မြို့မရဲစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏1🥴1
ကောလင်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၅၀ ခန့်သေဆုံး၊ ၂၁ ဦးလက်နက်ချ
👍16👏3🤣1
ကောလင်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၅၀ ခန့်သေဆုံး၊ ၂၁ ဦးလက်နက်ချ
=============

ရွှေနွယ်

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ၅၀ ဦးခန့်သေဆုံး၍ လက်နက်ချအညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁) စစ်ဒေသက နိုဝင်ဘာ ၉ ရက်နေ့ ညတွင် ထုတ်ပြန်သည်။

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၅ရက်ညတွင် သိမ်းပိုက်နိုင်ခဲ့ပြီး
မြို့သိမ်းတိုက်ပွဲအပြီး လေးရက်အကြာတွင် မြေပြင်တိုက်ပွဲအခြေအနေနှင့် ထိခိုက်သေဆုံးမှုများကို MOD အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၄ နာရီမှစတင်ကာ ကောလင်းမြို့ပေါ်ရှိ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များဖြစ်သော ဒုတိယဗိုလ်မှူးကြီး သက်ပိုင်မြင့် ဦးဆောင်သည့် ခြေမြန်တပ်ရင်း (၃၅၉)မှ စစ်အင်အား ၅၇ ဦးရှိ ကောလင်းမြို့ အထက်တန်းကျောင်းနှင့် ဒုတိယဗိုလ်မှူးကြီးသိန်းဇော်လင်း ဦးဆောင်သည့် ခြေမြန်တပ်ရင်း ခမရ (၁၁၁) ၊ (၁၂၀) မှ အင်အား ၄၀ ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ရဲအင်အား ၆၆ ဦးရှိ ကောလင်းမြို့ရဲစခန်း၊ ရွှေနွယ်ဖြိုးလက်ဖက်ရည်ဆိုင်နှင့် မီးရထားဘူတာတို့အားဦးတည်ကာ တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကောလင်းခရိုင်ကွက်ကဲရေးရုံး၏ ကွပ်ကဲမှုဖြင့် ကောလင်းခရိုင် အမှတ် (၁)၊ (၂) တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်/မြို့နယ် ပကဖနှင့် Federal Wings ပူးပေါင်းအဖွဲ့မှက တိုက်ပွဲများဖော်ဆောင်ခဲ့ပြီးကောလင်းခရိုင် အမှတ် (၃) ၊ အမှတ် (၄) တပ်ရင်းနှင့် ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ဖြတ်တောက်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ကြကြောင်း ရှင်းပြထားသည်။

နိုဝင်ဘာလ ၅ ရက်ညတွင်အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၅၀ ဦးခန့်သေဆုံး၍ အညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦး ရှိသည်ဟု MOD အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ထားသည်။ ထို့အပြင်စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၉ လက်၊ Jammer လေးခု၊ ခဲယမ်းနှင့် ကျည်အမြောက်အမြားသိမ်းဆည်းရရှိခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄၉ ကြိမ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကောလင်းမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံး ဦးကျဆုံးခဲ့ကြောင်းလည်း အသိပေးသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများအတွင်း မြို့ခံအရပ်သားသေဆုံးမှုအချို့ရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် အရပ်သားသေဆုံးမှု အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ကောလင်းမြို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့်မြို့ဖြစ်သည်။ ထို့အပြင် နိုဝင်ဘာ ၇ ရက်နေ့၌ စစ်ကိုင်းတိုင်း၊တမူးခရိုင်၊ခမ်းပတ်မြို့အား ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း NUGက ထုတ်ပြန်ထားသည်။

စာတည်း ။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ အေးချမ်း

#စစ်ကိုင်းတိုင်း
#ကောလင်းမြို့နယ်
#မြို့သိမ်းတိုက်ပွဲ

ပုံအညွန်း − ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များ/ဓာတ်ပုံ − အမှတ် (၁) စစ်ဒေသ လူမှုကွန်ယက်စာမျက်နှာ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤3👏3🥴1
​​မြန်မာမြောက်ပိုင်း တိုက်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းသူ ၅၀,၀၀၀ နီးပါးရှိဟု ကုလသမဂ္ဂ ပြော
================

လွန်ခဲ့သော သီတင်းပတ်က တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အုပ်စု၏ ထိုးစစ်များ ဆင်နွှဲသည့်နောက်တွင် မြန်မာနိုင်ငံ မြောက်ပိုင်း တိုက်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းရသူပေါင်း ၅၀,၀၀၀ နီးပါး ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁1
တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် ဒေသခံများ တိုက်တွန်း
ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံတဝန်း တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီတပ်က ပြုလုပ်မ...
https://ift.tt/NMPWi0Z
👍9😁1
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းဆင်း
ပါခွီး(မဇ္စျိမ) ။ ။ ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းကို အောင်မြင်စွာ ပြုလုပ်ပြီးမြောက်ခဲ့ကြောင်း ချင်းပြည်နယ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Ft1Vt-5pTMdA&h=AT3oSOVgBjwHk1mjEKNA48-fTqcaYLY0mpWmBHbnvKXnLlUp2SWvs0MjAfC62EwteyAB3vx0a27MUoUdwySpju9STI9fH8XRpJUY2wX_t7lWciPPhz6cPhG8QLBn3MkZ&s=1
❤4👍2🥰1🥴1
ရေစကြိုမြို့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်
မကွေးတိုင်း၊ ရေစကြိုမြို့ရှိ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၄နာ...
https://ift.tt/ghMnPNo
❤5😁1
မြန်မာမြောက်ပိုင်း တိုက်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းသူ ၅၀,၀၀၀ နီးပါးရှိဟု ကုလသမဂ္ဂ ပ
လွန်ခဲ့သော သီတင်းပတ်က တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အုပ်စု၏ ထိုးစစ်များ ဆင်နွှဲသည့်နောက်တွင် မြန်မာနို...
https://ift.tt/20KGIiO
👍5😁1
US State Department, USAID နှင့် မြန်မာတိုင်းရင်းသား ခေါင်းဆောင် တချို့ တွေ့ဆုံ
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ State Department ရုံးတွင် US State Department မှ တာဝန်ရှိသူများ၊ USAID မှ အရာရှိများနှင့် မြန်မာ....
https://ift.tt/tEROx9H
❤3👍1🔥1
ရေစကြိုမြို့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်
မကွေးတိုင်း၊ ရေစကြိုမြို့ရှိ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၄နာ...
https://ift.tt/wtIKnG3
👍1🥴1
မြန်မာမြောက်ပိုင်း တိုက်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းသူ ၅၀,၀၀၀ နီးပါးရှိဟု ကုလသမဂ္ဂ ပ
လွန်ခဲ့သော သီတင်းပတ်က တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အုပ်စု၏ ထိုးစစ်များ ဆင်နွှဲသည့်နောက်တွင် မြန်မာနို...
https://ift.tt/6qViWgs
👍4😁1
US State Department, USAID နှင့် မြန်မာတိုင်းရင်းသား ခေါင်းဆောင် တချို့ တွေ့ဆုံ
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ State Department ရုံးတွင် US State Department မှ တာဝန်ရှိသူများ၊ USAID မှ အရာရှိများနှင့် မြန်မာ....
https://ift.tt/fzY0mbT
👍1🔥1👏1
​​US State Department, USAID နှင့် မြန်မာတိုင်းရင်းသား ခေါင်းဆောင် တချို့ တွေ့ဆုံ
=================

မဇ္ဈိမ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ State Department ရုံးတွင် US State Department မှ တာဝန်ရှိသူများ၊ USAID မှ အရာရှိများနှင့် မြန်မာတိုင်းရင်းသား ခေါင်းဆောင်တချို့ နိုဝင်ဘာ ၁ ရက်နေ့၌ တွေ့ဆုံဆွေး‌‌နွေးခဲ့ကြကြောင်းသိရသည်။

 ထိုတွေ့ဆုံပွဲသို့ တိုင်းရင်းသားခေါင်း‌ဆောင်များမှ ကချင်အဖွဲအစည်းကိုယ်စား M Tu Aung, Chin Community of USA, Inc. - D.C Area နှင့် Zomi Federal Union/PDF-Zoland အဖွဲ့အစည်းများကိုယ်စား Pu Dong Khan Khup နှင့် ကယားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

ထိုတွေ့ဆုံပွဲတွင် ယခုလက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံအခြေအနေ အရပ်ရပ်နှင့် Humanitarian aid ပေးရန်ကိစ္စ၊ NDAA ကိစ္စများအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အမေရိကန်ပြည်ထောင်စု 
#ဝါရှင်တန်ဒီစီ
#NDAA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1😁1
နိုဝင်ဘာလ ၁၀ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:57 - တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးမသွားဖို့ တရုတ်အစိုးရတိုက်တွန်းတဲ့သတင်း03:35 - တောင်.....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DENN56im86ng&h=AT10Z5QfvAJoYQBPswailxd8wXoUEH-Kt6S7YAK2JuTf8ZiodaBtFZO8X6yukKsArhU3BAuNnmv8iNasQTfN_t6yXMUZxYGK1tmVRq8rdGMv_si2-r4cyWl3qgIl08Ar&s=1
👍2
မြန်မာရှိထိုင်းနိုင်ငံသား၂ဝဝကျော်နေရပ်ပြန်နိုင်ရန်ထိုင်းအစိုးရစောင့်ဆိုင်း|BRU(10.11.2023)
- ၁၀၅ မိုင်နှင့် ချင်းရွှေဟော်စခန်းမှ ကုန်ပစ္စည်းများကို အခြားကုန်သွယ်ရေးစခန်းများမှ ပြောင်းလဲ တင်ပို့ခွင....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FRo1SfcNepWI&h=AT00BhqOeJUBJyhOyeEXWtenHLNjkQWK32BQAR06l6PMPISOpy5nYp6iDKxRw3jv6AoyR1pNkrGwvRDcWGOML7TjA9Cl_p16byPTZJHaURgEdURho5w_-V471j_Amxep&s=1