Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Soulmate (2023)
=========

နွေတစ်ရက်မှာ "ဟအွန်း" ဆိုတဲ့ ကောင်မလေးရဲ့ ဘဝထဲကို "မီဆို" ရောက်လာခဲ့တယ်... အဲဒီ အချိန်ကစလို သူတို 'နှစ်ကိုယ့်တစ်စိတ်' ဖြစ်ခဲ့သလို၊ သံယောဇဉ်ကြိုးတွေ ရစ်ပတ်ခဲ့ကြတယ်။
ဒီလိုနဲ့ သူတိုနှစ်ယောက်ရဲ့ ဘဝထဲမှာ "ဟအွန်း" သဘောကျမိတဲ့ "ဂျင်ဝူ" ပေါ်လာချိန်မှာတော့ "မီဆို" အဝေးကို ထွက်သွားခဲ့တယ်။ အဝေးရောက်နေပေမဲ့ အပြန်အလှန် စာတွေရေးတယ်.... ဝေးနေကြပေမဲ့ သံယောဇဉ်တွေက အရင်အတိုင်း နွေးထွေးဆဲပါပဲ။

အကြောင်းအမျိုးမျိုးနဲ့ သူတို အကြိမ်ကြိမ် ဝေးကွာခဲ့တယ်... ခိုင်မြဲတဲ့ သံယောဇဉ်ကြောင့်ပဲ သူတို အကြိမ်ကြိမ် ပြန်ဆုံစည်းခဲ့တယ်။ လောကမှာ အချစ်ထက် ခိုင်မြဲတဲ့အရာ ရှိတယ်ဆိုရင် ဒါဟာ သူ(မ)တို နှစ်ယောက်ကြားက သံယောဇဉ်ကြိုးပဲ ဖြစ်ပါလိမ့်မယ်။

မင်းသမီးချော Kim Da-mi နဲ့ Jeon So-nee တို ပါဝင်သရုပ်ဆောင်ထားတဲ့ "Soulmate" ဇာတ်ကားဟာ ကြည့်ရှုသူ ပရိသတ်ကြီးကို သူငယ်ချင်း နှစ်ဦးကြားက ခိုင်မာတဲ့ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာရဲ့ အတိမ်အနက်ကို ထိထိရှရှ ခံစားမိစေမှာပါ။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် 

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၁၀.၁၁.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ 

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍6🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ နိုဝင်ဘာ၂၀၂၃)
ရှမ်းမြောက်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ထိန်းချုပ်နိုင်ပြီဟု ပြောဆိုထားသော်လည်း လက်တွေ့ မှာတော့ ...
https://ift.tt/OrB73zh
👍4🔥2
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ နိုဝင်ဘာ၂၀၂၃)
ရှမ်းမြောက်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ထိန်းချုပ်နိုင်ပြီဟု ပြောဆိုထားသော်လည်း လက်တွေ့ မှာတော့ ...
https://ift.tt/aoxAUjY
🔥3
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၀ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၀ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FvDDxX8JXxe0&h=AT3XK2mY7g_B3Fmdzkrd0F8-tpEqDb5gt4xSJ2Exk1yNst1h8K7G3xjA2JT3fiTcIkuLocHbu7dLq2-WwZx6ZbxcnwQSXtBTMn2Vl9i4hbBXRXS6Y2KelXtooeU7cjiq&s=1
🤮1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ နိုဝင်ဘာ၂၀၂၃)
======================

ရှမ်းမြောက်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ထိန်းချုပ်နိုင်ပြီဟု ပြောဆိုထားသော်လည်း လက်တွေ့ မှာတော့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်အရှိန်ကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီစခန်းများ တစ်ခုပြီးတစ်ခု အသိမ်းခံနေရဆဲဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
​​ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ မန်ယူအစုရှယ်ယာအနည်းစုကို သဘောတူလက်ခံဖို့ နီးစပ်
=====================

By PKThawn
မန်ချက်စတာယူနိုက်တက်မှာ အစုရှယ်ယာအနည်းစုရှင်တဦးဖြစ်လာဖို့ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ အစီအစဉ်ကို ဖြစ်နိုင်ခြေ လာမယ့် သီတင်းပတ်အစောပိုင်းဖြစ်တဲ့ ဒီလရဲ့ နိုင်ငံတကာကြားရက်အတွင်း သဘောတူညီနိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။
ရက်ကလစ်ဖ်ရဲ့ Ineos Group ဟာ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူဖို့ ပေါင် ၁.၂၅ ဘီလီယံဝန်းကျင်ပေးချေမယ်လို့ မျှော်လင့်ရပါတယ်။

ယူနိုက်တက်ရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုကနေ ကလပ်ကို ရောင်းချဖို့ စဉ်းစားနေကြောင်း ၂၀၂၂ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာခဲ့တာပါ။

Ineos နဲ့ ကာတာ ဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင် ဘင်ဟာမက် အယ်သာနီတို့နှစ်ဦးလုံးက ပေါင် ၅ ဘီလီယံဝန်းကျင်ခန့် လေလံဆွဲပြီး ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လေလံဆွဲသူနှစ်ဦးစလုံးဟာ ဂလေဇာမိသားစုရဲ့ တန်ဖိုးဖြတ်သတ်မှတ်မှုကို လက်လှမ်းမီဖို့ ဆန္ဒမရှိကြဘဲ တွဲဖက်ဥက္ကဋ္ဌတွေဖြစ်တဲ့ ဂျိုးလ်နှင့် အေဗရမ် ဂလေဇာတို့ နှစ်ဦးစလုံးဟာ တုံ့ဆိုင်းနေတဲ့ ရောင်းချသူတွေဖြစ်ကြောင်း သိရှိထားကြပါတယ်။
ရှိတ်ဂျာဆင် ဘင်ဟာမက်ဟာ ယူနိုက်တက်ရဲ့ ဒေါ်လာ ၃.၂ ဘီလီယံ (ပေါင် ၂.၆၄ ဘီလီယ့) စတော့ဈေးကွက်တန်ဖိုးရဲ့ နှစ်ဆဖြစ်မယ်လို့ ယူဆရတဲ့ သူ့ရဲ့ နောက်ဆုံးလေလံဆွဲမှုကို ပြီးခဲ့တဲ့ လက နောက်ဆုတ်သွားခဲ့ပြီး သူဟာ ဂလေဇာတို့ရဲ့ တောင်းဆိုချက်တွေကို မဖြည့်ပေးနိုင်ခဲ့ပါဘူး။

ရက်ကလစ်ဖ်ဟာ ဂလေဇာတွေရဲ့ ၆၉ ရာခိုင်နှုန်းသော ရှယ်ယာပိုင်ဆိုင်မှုကို ဝယ်ယူဖို့ သူ့ရဲ့ ကနဦးအစီအစဉ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်ပြီး ၎င်းကို 'အများစု' ရှယ်ယာအဖြစ် လျှော့ချထားခဲ့ပါတယ်။
ဒါပေမယ့်လည်း သဘောတူညီချက်အတွက် အလားအလာ တိုးတက်လာခဲ့တယ်လို့ ခန့်မှန်းထားတဲ့ ၂၅ ရာခိုင်နှုန်းဆီ သူ ပြန်လျှော့ချလိုက်တဲ့အခါမှသာ ဒါဟာ ဖြစ်လာခဲ့တာပါ။

သဘောတူညီမှုရဲ့ ဖွဲ့စည်းပုံဟာ ဘယ်လိုရှိမလဲဆိုတာ လုံးလုံးရှင်းရှင်းလင်းလင်းမသိရသေးသလို ရက်ကလစ်ဖ်ဟာ သူ့ရဲ့ရှယ်ယာပိုင်ဆိုင်မှုကို တိုးမြှင့်ခွင့်ပြုမယ့် တိကျတဲ့ ရက်တွေ ရှိမရှိကိုလည်း မသိရပါဘူး။ အားကစားကွင်းနဲ့ ဆက်စပ်တဲ့ အခြေခံအဆောက်အဦလုပ်ငန်းတွေအတွက် အပိုရန်ပုံငွေ ပေါင် ၂၄၅ သန်းခန့်ကို ရက်ကလစ်ဖ်ဆီကနေ ရရှိနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

ရက်ကလစ်ဖ်ဟာ ကလပ်ရဲ့ ဘောလုံးအားကစား လည်ပတ်မှု အပိုင်းကို ထိန်းချုပ်လိုတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ယူနိုက်တက်တို့ဟာ ဒီရာသီမှာ ၁၇ ပွဲ ကစား ၉ ပွဲ ရှုံးနိမ့်ရင်း ချန်ပီယံလိဂ်အုပ်စု အောက်ဆုံးနေရာနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

Ref; BBC

#မန်ယူ #မန်ချက်စတာယူနိုက်တက် #ဂျင်မ်ရက်ကလစ်ဖ် #manchesterunited #Ratcliffe #Mizzima
👍10🔥1
ရန်ကုန်တွင် "၁၁၁၁" အောင်သပြေလှုပ်ရှားမှု အကြိုပြုလုပ်
❤9🍓5😁1💩1
ရန်ကုန်တွင် "၁၁၁၁" အောင်သပြေလှုပ်ရှားမှု အကြိုပြုလုပ်
=========+==========

မဇ္ဈိမ

မိုးသောက်(မဇ္ဈိမ)။   ။ ရန်ကုန်မြို့တွင် ရန်ကုန်တော်လှန်တော်လှန်ရေးအင်အားစုများက ပြည်သူများကို "၁၁၁၁" လှုပ်ရှားမှုတွင် ပါဝင်နိုင်ရန်အတွက် အကြိုနှိုးဆော်မှုများကို ဒီကနေ့တွင် ပြုလုပ်ခဲ့သည်။

စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံသည့်အနေဖြင့် ပြုလုပ်သည့် “၁၁၁၁” အောင်သပြေလှုပ်ရှားမှုအကြိုအဖြစ် အောင်သပြေပန်းများနှင့် အခြေခံအစားအသောက်များကို ရန်ကုန်တွင်ရှိသည့် ဈေးများနှင့် လူနေရပ်ကွက်များတွင် လိုက်လံဝေငှခဲ့သည်ဟု သိရသည်။

" ၁၀၂၇စစ်ဆင်ရေးကို ကျနော်တို့က ဒီထက်ဒီထက်မက အခုလိုမျိုးပဲ တစတစနဲ့ အောင်မြင်လာတဲ့စစ်ဆင်ရေးကို အောင်ပွဲတွေအလီလီကို အောင်သပြေပန်များနဲ့ အောင်နိမိတ်နဲ့ စတင်ကြိုဆိုကြမှာဖြစ်တယ်။ ကျနော်တို့ ကြိုဆိုကြတဲ့ အချိန်မှာလည်း တစ်(တ)လေးလုံး လှုပ်ရှားမှုကြီးကို ပထမတရက် ၁၀ ရက်နေ့မှာလည်း ကြိုကမ်ပိန်းတွေ လုပ်ကြတယ်။" ဟု အဆိုပါ အကြိုလှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တဦးက ဆိုသည်။

နိုဝင်ဘာလ ၁၁ရက်နေ့တွင် တလှိုင်းပြီးတလှိုင်းလာမည်ဆိုသည့် တော်လှန်ရေးကို သောင်းသောင်းဖျဖျကြိုဆိုသည့်အနေဖြင့် အောင်သပြေပန်းများနှင့် ရောက်သည့်နေရာတွင် ကြိုဆိုကြရန် တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရန်ကုန်
#စစ်ဆင်ရေး၁၀၂၇

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤4🥰2😁1🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၀ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၀ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FvDDxX8JXxe0&h=AT0adfcTk3f5pvXZPgMxGlZ8zYXBv6G_6UfKgs0sMdIpb_QgUrOhWbb0JeiLVStBvXgwt-_WFjJRzN7-dJ0Vv5lo7DKuJD0F2fGo79m7yji1rkAJrQDSMGdfX3ZjwOrc&s=1
❤1👍1😁1🤮1
NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ ဦးတည်လာသော စစ်ကြောင်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၈၀ကျော်သေဆုံး
❤16👏5🔥1🥴1💯1
NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ ဦးတည်လာသော စစ်ကြောင်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၈၀ကျော်သေဆုံး
=====================

ရွှေနွယ်
မဇ္ဈိမ။ ။ကောလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈၀ ဦးကျော် သေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က သတင်းထုတ်ပြန်သည်။

NUG အစိုးရထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်တွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၄၀ မိနစ်မှစတင်၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု မြေပြင်မှကာကွယ် ရေးရဲဘော်အချ်ို့ကပြောသည်။

" ကျွန်းလှဘက်က‌​‌နေလာတာ။ အရင်ရက်ကတည်းက သတင်းရတယ်။ ဒါကြောင့် စစ်ရေးအရ အသာစီးယူတိုက်ခိုက်ခဲ့တာ" ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MOD က ယနေ့ည ထုတ်ပြန်ထားသည်။

" ရန်သူ့ တပ်သား ၈၀ ဦးကျော်ခန့် သေဆုံးခဲ့ပြီး ၂၀ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့သည်"ဟုMOD ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကထုတ်ပြန်ထားသည်။

လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုရှိမရှိကို မသိရသေးပေ။
ယနေ့တိုက်ပွဲ၌ အထိအခိုက်များခဲ့သည့် စစ်ကောင်စီစစ်ကြောင်းတွင် ကန်ဘလူနှင့် ကျွန်းလှမြို့နယ်တို့၌ အခြေစိုက်သော ပျူစောထီးဘုန်းကြီးဦးဝါသဝ၏ လက်အောက်ခံ ပျူစောထီးအများအပြား ပါဝင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ စစ်ကောင်စီနှင့် ပျုစောထီးများသည် ရုတ်တရက်တိုက်ခိုက်ခံရပြီးနောက် ဦးတည်ရာထွက်ပြေးကြရာ လိုက်လံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

" သိမ်းနိုင်ခဲ့တဲ့သေနတ်တွေက ရဲ‌တွေနဲ့ ပျုတွေ ကိုင်တဲ့သေနတ်‌တွေ။ စစ်တပ်မှာ လူမရှိ‌တော့ ပျုတွေနဲ့ ရဲတွေကို ခေါ်လာတာနေမယ်" ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ကောလင်းမြို့သည် ပင်လည်ဘူး၊ ဝန်းသို၊ ထီးချိုင့်၊ ကန့်ဘလူ၊ ကျွန်းလှမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ယခုအခါ စစ်ကောင်စီတပ်က ကျွန်းလှနှင့် ကန့်ဘလူမြို့ဘက်မှ မြေပြင်စစ်ကြောင်းထိုးလာခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၅ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်ထားသည်ဟု NUG အစိုးရ သတင်းထုတ်ပြန်ထားသည်။ ကောလင်းမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက ကြိုးစားနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

စာတည်း - အေးချမ်း

#Mizzima
#ကောလင်းမြို့
#ကန့်ဘလူမြို့
#စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်
#MOD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤7🤣3🔥1👏1