Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ ဦးတည်လာသော စစ်ကြောင်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၈၀ကျော်သေဆုံး
=====================

ရွှေနွယ်
မဇ္ဈိမ။ ။ကောလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈၀ ဦးကျော် သေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က သတင်းထုတ်ပြန်သည်။

NUG အစိုးရထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်တွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၄၀ မိနစ်မှစတင်၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု မြေပြင်မှကာကွယ် ရေးရဲဘော်အချ်ို့ကပြောသည်။

" ကျွန်းလှဘက်က‌​‌နေလာတာ။ အရင်ရက်ကတည်းက သတင်းရတယ်။ ဒါကြောင့် စစ်ရေးအရ အသာစီးယူတိုက်ခိုက်ခဲ့တာ" ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MOD က ယနေ့ည ထုတ်ပြန်ထားသည်။

" ရန်သူ့ တပ်သား ၈၀ ဦးကျော်ခန့် သေဆုံးခဲ့ပြီး ၂၀ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့သည်"ဟုMOD ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကထုတ်ပြန်ထားသည်။

လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုရှိမရှိကို မသိရသေးပေ။
ယနေ့တိုက်ပွဲ၌ အထိအခိုက်များခဲ့သည့် စစ်ကောင်စီစစ်ကြောင်းတွင် ကန်ဘလူနှင့် ကျွန်းလှမြို့နယ်တို့၌ အခြေစိုက်သော ပျူစောထီးဘုန်းကြီးဦးဝါသဝ၏ လက်အောက်ခံ ပျူစောထီးအများအပြား ပါဝင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ စစ်ကောင်စီနှင့် ပျုစောထီးများသည် ရုတ်တရက်တိုက်ခိုက်ခံရပြီးနောက် ဦးတည်ရာထွက်ပြေးကြရာ လိုက်လံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

" သိမ်းနိုင်ခဲ့တဲ့သေနတ်တွေက ရဲ‌တွေနဲ့ ပျုတွေ ကိုင်တဲ့သေနတ်‌တွေ။ စစ်တပ်မှာ လူမရှိ‌တော့ ပျုတွေနဲ့ ရဲတွေကို ခေါ်လာတာနေမယ်" ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ကောလင်းမြို့သည် ပင်လည်ဘူး၊ ဝန်းသို၊ ထီးချိုင့်၊ ကန့်ဘလူ၊ ကျွန်းလှမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ယခုအခါ စစ်ကောင်စီတပ်က ကျွန်းလှနှင့် ကန့်ဘလူမြို့ဘက်မှ မြေပြင်စစ်ကြောင်းထိုးလာခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၅ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်ထားသည်ဟု NUG အစိုးရ သတင်းထုတ်ပြန်ထားသည်။ ကောလင်းမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက ကြိုးစားနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

စာတည်း - အေးချမ်း

#Mizzima
#ကောလင်းမြို့
#ကန့်ဘလူမြို့
#စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်
#MOD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤7🤣3🔥1👏1
​​ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်​ ​ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
=================

001
မဇ္စျိမ။ ။ တံစိုးလက်​ဆောင်များလက်ခံရယူခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်တရားရုံးဖြင့် စီရင်ပြီး ​ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်​ကြောင်း စစ်​ကောင်စီဝါဒဖြန့် မြဝတီရုပ်သံက ယ​နေ့ နိုဝင်ဘာ ၁၀ ရက်​နေ့ ညပိုင်းတွင်​ကြေညာသည်။

ဒုတိယဗိုလ်ချုပ်ကြီး​ဟောင်း စိုးထွဋ်အ​နေဖြင့် ပြည်ထဲ​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူခဲ့စဥ်ကရာထူးနှင့်လုပ်ပိုင်ခွင့်ကို မ​လျော်သြဇာ အသုံးပြုပြီး ​​ဆောင်ရွက်ခဲ့​ခြင်း၊ တံစိုးလက်​ဆောင် လက်ခံရယူခဲ့ခြင်းတို့ ပြုလုပ်ခဲ့​ကြောင်း စစ်​ကောင်စီ၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြသည်။

၎င်းသည် ပြည်ထဲ​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူခဲ့စဥ်က Green Channel စနစ်ဖြင့် နိုင်ငံကူးလက်မှတ်ဝန်​ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကုမ္ပဏီများ၏ အကူအညီ​တောင်းခံခဲ့မှုအ​ပေါ် ရာထူးနှင့်လုပ်ပိုင်ခွင့်ကို မ​လျော်သြဇာ အသုံးပြုပြီးနိုင်ငံကူးလက်မှတ်များခွင့်ပြု​ပေးရန်ညွှန်ကြားခဲ့​ကြောင်း ဆိုထားသည်။

ထို့ပြင် ပြည်ထဲ​ရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာ​ချောင်ချိ​ရေးရန်ပုံ​ငွေဆိုင်ရာ ဘဏ္ဍာ​ရေး လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့်​ဆောင်ရွက်မှုများအ​ပေါ်ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။

အဆိုပါ အမှုတွင်ပါဝင်ပတ်သက်ခဲ့သူများကိုလည်း နယ်ဘက်တရားရုံးတွင်လည်း​ကောင်း၊ စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ရဲစည်းကမ်းဖြင့်လည်း​ကောင်း ဆက်လက်အ​ရေးယူ​ဆောင်ရွက်လျက်ရှိ​ကြောင်းလည်း ထုတ်ပြန်ထားသည်။
သို့​သော် ဆက်လက်အ​ရေးယူ​ဆောင်ရွက်မည့် ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ပါဝင်ပတ်သက်ခဲ့သူများ၏ နာမည်ကို ထုတ်ပြန်ခြင်းမရှိ​ပေ။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယခင်က စစ်​ကောင်စီအဖွဲ့ဝင်တဦးဖြစ်သည့်အပြင် ပြည်​ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၁ ပြည်​ထောင်စုဝန်ကြီးအဖြစ်လည်း တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်သည်။
ထို့​နောက် စက်တင်ဘာလအတွင်းတွင် အဆိုပါ​ရာထူးနေရာများမှ ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်​အောက်တိုဘာလ ၁၀ ရက်​နေ့ကလည်း ဒုတိယဗိုလ်ချုပ်ကြီး​ဟောင်း မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်​ဟောင်း ရန်နောင်စိုးတို့ကို လာဘ်စားမှုများ​ကြောင့် စစ်တရားရုံးဖြင့် စစ်ဆေးပြီး နှစ်ဆယ်နှစ် ကာလနှင့် ညီမျှသော တသက်တကျွန်းဒဏ်ကို အသီးသီးချမှတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
👍11❤10🤮4👏3🔥1
လောက်ကိုင်နဲ့ချင်းရွှေဟော်ကြား ပိတ်မိနေတဲ့ စစ်ရှောင် ၃,၀၀၀ ကျော်ကို MNDAA ဘေးလွတ်ရာသို့ပို့
ရွှေနွယ် - ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နဲ့ ...
https://www.youtube.com/watch?v=jjOANkX99y0
👍21🔥3👏1😁1
TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့မြင်ကွင်းများ
❤24👍5🥱1
​​TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့မြင်ကွင်းများ
===================

009
(မဇ္စျိမ) ။ ။ ၁၀၂၇ စစ်ဆင်ရေးအဖြစ် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ နမ့်ခမ်းမြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

နမ့်ခမ်းမြို့နယ်မှာ မြို့နှင့် ၁ မိုင်ခန့်အကွာမှာရှိသည့် စစ်ကောင်စီ (စခန်းသစ်)တပ်စခန်းတခုသာ ကျန်ရှိတော့ပြီး TNLAက ထိုစခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေသကဲ့သို့ မြို့ ပတ်လည်လည်မှာ လုံခြုံရေးဂိတ်များ ချထားပြီး မြို့ကို ထိန်းချုပ်ထားသည်။
စစ်ကောင်စီဘက်က တိုက်ပွဲအတွင်းမှာ မြို့လယ်ခေါင်ဘုရားကျောင်းနှင့် အရပ်သားများ၏ နေအိမ်များတွင် တပ်စွဲခုခံခဲ့ခြင်းကြောင့် မြို့ခံများသည် နီးစပ်ရာ ဆွေမျိုး၊ တရုတ်ပြည်ထဲ ရေကြောင်းနှင့် ချောင်းကူးပြီး သွားရောက်ခိုလှုံခဲ့ကြရသည်။

ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ တိုက်ပွဲများ ငြိမ်သက်နေခြင်းကြောင့် မြို့ခံများသည်နေရပ်ပြန်ကြပြီး မြို့ပေါ် မြို့မစျေးအနီးမှာ စီစီကားကားနှင့် ကုန်အရောင်းအဝယ်တွေ ပြုလုပ်နေကြသည်။

ဓာတ်ပုံ - ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နမ့်ခမ်းမြို့ပေါ် မြင်ကွင်းများ/ (Photo- Mizzima)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤19👍8🔥1🥱1
မြောင်တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၆ဦးဒဏ်ရာရ၊ အဆောက်အဦအချို့ပျက်စီး
=================

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းလှရွာကို စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၀ရက် ညနေ ၃နာရီ ၂၅မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း မြို့ခံများကပြောသည်။

တိုက်ခိုက်မှုကြောင့် ဒေသခံခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတဦးသည် ဒဏ်ရာပြင်းထန်ကြောင်းမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)ကထုတ်ပြန်သည်။ ထို့အပြင်မင်းလှရွာ မှစာသင်ကျောင်း နှစ်ဆောင်၊ မင်းလှရွာ ဘုန်းကြီးကျောင်း နှစ်ထပ်ဆောင်၊စေတီအချို့နှင့် နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

"အခုအချိန်က စိုက်ပျိုးရာသီဆိုတော့ ပေါင်းနှုတ်၊ပဲနှုတ်ဆိုတော့ ကိုယ့်ရွာပေါ်မှာ ကြဲနေတာကြီးက မြင်နေရတာလေ။ မြေကြီးထဲ ထိုးစိုက်သွားတာ ဗုံးတွေက။ ရွာအပြင်ကလူတွေကလည်း ငို။ ရွာထဲက လူတွေကလည်းခြေမကိုင်မိ လက်မကိုင်မိဖြစ်တာ"ဟု ဒေသခံတဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများ ကြီးကြီးမားမားပြုလုပ်သွားခဲ့ခြင်းဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က သတင်းထုတ်ပြန်သည်။
👍16🤬10😁3🔥1🤪1