Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စပိန်လာလီဂါ ပွဲစဉ် (၁၃) ပွဲပြီးရလဒ်
=============

Athletic Club 4 - 3 Celta Vigo
Aspas 25'
Sancet 37'
Bamba 41'
Guruzeta 45+5' , 52'
Larsen 66'
Berenguer 90+8'
🔥2
​​မြောက်ဥက္ကလာတွင် ရတနာဆိုင်ပိုင်ရှင် အမျိုးသမီး သေနတ် ပစ်ခံရပြီး စိန်ရွှေများ အလုခံရ
=====================

မဇ္ဈိမ။ ။ ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာမြို့နယ် (၁) ရပ်ကွက်တွင် ခန့်မြတ်ချယ် စိန်ရွှေရတနာဆိုင်ပိုင်ရှင် မအေးသဇင်နွယ်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စိန်ရွှေရတနာ ပစ္စည်းများ အလုခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၁၀)ရက် ညနေ ၆နာရီဝန်းကျင်တွင် ထိုဆိုင်ပိုင်ရှင် အမျိုးသမီးသည် ဈ/ဈေးမှ ဆိုင်သိမ်းပြီးအပြန် သုမိတ္တာ ၂၂ လမ်းရှိ နေအိမ်ရှေ့အရောက်တွင် ဆိုင်ကယ်နှစ်စီးနှင့် လူသုံးယောက်က သေနတ်ဖြင့် ပစ်ခတ်ကာ ပစ္စည်းများ လုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

‘’အခုတလော မြောက်ဥက္ကလာထဲမှာ စိန်၊ ရွေဆိုင်တွေ ခဏခဏ လုယက်ခံနေရတယ်။ သတိတော့ထား နေကြတာပဲ။ အခု အမဆိုရင်လည်း ကိုယ့်အိမ်ထဲ ကိုယ်ဝင်တဲ့အချိန်မှာ ဖြစ်သွားတာလေ။ ကိုယ့်နေအိမ်မှာတောင် စိတ်မချဘူး ဆိုတဲ့ သဘောဖြစ်နေတယ်။ လူကတော့ မသေဘူး။လက်မောင်းကိုထိသွားတယ်”’ဟု ဈ/ဈေးတွင် ဈေးရောင်းသူ တဦးက ပြောသည်။

လုယက်ခံရသည့် စိန်ရွှေပစ္စည်းတန်ဖိုးမှာ ကျပ်သိန်းသောင်းနှင့်ချီ တန်ကြေးရှိသည်ဟု မြို့ခံများက ပြောဆိုသော်လည်း မဇ္ဈိမအနေနှင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

မြောက်ဥက္ကလာမြို့နယ်ထဲရှိ (၁)ရပ်ကွက်နှင့် (၂)ရပ်ကွက် တွင် နေ့ခင်းဘက် လုယက်မှု၊ ဖောက်ထွင်းမှုများရှိနေပြီး ယနေ့တိုင် တစ်စုံတစ်ရာ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းလည်း ဒေသခံများထံက သိရသည်။

“ အာဏာမသိမ်းခင်ကဆို တိုက်အောက်မှာ စက်ဘီး၊ ဆိုင်ကယ်ထား တခါမှ မပျောက်ဘူး။ အာဏာသိမ်းပြီးကတည်းက ကျွန်တော်ဆို စက်ဘီးဘက်ထရီနဲ့ နှစ်စီးပျောက်တယ်။ ပြိုင်ဘီး တစီးပျောက်တယ်။ ပျောက်လိုက် ဝယ်လိုက်နဲ့ပဲ ခဏခဏ ပျောက်တာ အခု ကျပ် ၆၀,၀၀၀ တန် စက်ဘီးအစုတ်ပဲစီးတော့တယ် ။ အဲ့ဒါတောင် အိမ်ပေါ်ထပ် ထမ်းတင်ပြီး သိမ်းထားရတယ်။ တိုက်အောက်ထား အခိုးခံရဦးမှာ ”ဟု သုမိတ္တာ (၁) ရပ်ကွက် အထပ်မြင့်တိုက် ငါးလွှာတွင််နေထိုင်သူတဦးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ရက် နေ့ကလည်း (၂)ရပ်ကွက် သုဇိတာ (၃)လမ်းထဲရှိ နေအိမ်တစ်လုံးနေခင်းဘက်ဖောက်ထွင်းခံရပြီး၊ ဩဂုတ်လ ၄ရက်ကလည်း (၂)ရပ်ကွက် သုမာလာ (၇)လမ်းတွင်နေ့ခင်းဘက်လျှပ်စစ်ဆိုင်တဆိုင်ကို ဓါးပြ တိုက်မှုဖြစ်ပွားကာ ရွှေငါးကျပ်သားနှင့် ပိုက်ဆံ ၈၉သိန်းနီးပါး ပါသွားခဲ့ကြောင်းသိရသည်။

ပုံအညွှန်း- လုယက်ခံရသူ အမျိုးသမီး လက်မောင်းတွင် ထိခိုက်ဒဏ်ရာရစဥ်(ဓာတ်ပုံ- ပေးပို့)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြန်မာသတင်း
#လုယက်ခံရ
#မြောက်ဥက္ကလာပမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1😁1
​​အင်းအမျိုးသားနေ့ကို အကျဉ်းချုံး ကျင်းပရန် အင်းလေးတက်ကြွလှုပ်ရှားသူများ တောင်းဆို
====================

နန်းငယ် (MMTI)
(မဇ္ဈိမ)။ ။ လာမည့် နိုဝင်ဘာလ ၁၃ ရက်တွင် ကျရောက်မည့် (၈) ကြိမ်မြောက် အင်းအသားအမျိုးသားနေ့ကို အကျဥ်းချုံး ကျင်းပရန် အင်းလေးလူထုအရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်တွင် အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( IPDF) ၊ အင်းလေး ဖက်ဒရယ် ဒီမိုကရေစီ လှုပ်ရှားမှု(IFDM) ၊ အင်းလေး အမျိုးသမီးသမဂ္ဂ ( IWU ) နှင့် မြို့နယ်ရပ်မိရပ်ဖ တို့က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ အကျပ်အတည်းရောက်နေချိန်တွင် အမျိုးသားနေ့အကြောင်းပြကာ ပျော်ပွဲ၊ ရွှင်ပွဲပြုလုပ်ပြီး မြူးတူးပျော်ပါးနေမည့် လုပ်ရပ်သည် အင်းသားလူမျိုးများ၏ ဂုဏ်သိက္ခာ ကိုညှိုးနွမ်းစေနိုင်သည့်အတွက် အကျဉ်းချုံးသာကျင်းပရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ထို့ပြင် ယခုကာလသည် စစ်အာဏာရှင်တိုက်ဖျက်ရေး ရေချိန်မြင့်တက်နေသည့်အတွက် တိုင်းပြည်နှင့် လူမျိုး အခြေအနေ အရပ်ရပ်ကို ထည့်တွက်ချင့်ချိန် လုပ်ဆောင်ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“အင်းအမျိုးသားနေ့ကို ပျော်ပွဲ ရွှင်ပွဲတွေ ထည့်သွင်းပြီးတော့ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ နိုင်ငံရေး အမြတ်ထုတ်ဖို့ ဆောင်ရွက်နေတာကို ပြင်းထန်စွာ ကန့်ကွက်တယ်”ဟု အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)က ဆိုသည်။ ။

အင်းသား အမျိုးသားနေ့ကို စစ်ကောင်စီထံ မှတ်ပုံတင် ထားသည့် အင်းအမျိုးသား အဖွဲချုပ်ပါတီနှင့် စစ်ကောင်စီ လက်အောက်ခံ အင်းအဖွဲအစည်းများ ဦးဆောင်ပြီး ညောင်ရွှေမြို့နယ်၊ ကျောက်တိုင်ကွင်းနဲ့ စံကားဒေသတွင် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက် အထိ ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် ပြင်ဆင်နေခြင်း ဖြစ်သည် ။

ထို့ပြင် အမျိုးသားနေ့အကြောင်းပြကာ ငွေကြေးကောက်ခံမှုများရှိပြီး ထိုငွေကြေးများကို ပျော်ပွဲ၊ ရွှင်ပွဲများတွင် မသုံးဘဲ အင်းလေးကန်ရေရှည်တည်တံ့ရေးလုပ်ငန်းများ၊ အိုးအိမ်မဲ့ဖြစ်သွားရသည့် ပြည်သူများကို ကူညီပံ့ပိုးရာတွင် အသုံးပြုသင့်ကြောင်း တိုက်တွန်းထားသည်။

ပြည်သူလူထု အလိုနှင့် ဆန့်ကျင်ပြီး အမျိုးသားနေ့ကို နိုင်ငံရေး အမြတ်ထုတ်ကာ ဦးဆောင်ကျင်းပသူများကို မှတ်သားထားပြီး နောင်တချိန်တွင် ထိရောက်စွာ အရေးယူမည်ဟုလည်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#အမျိုးသမီး
#အင်းအမျိုးသားနေ့

ပုံအညွှန်း- အင်းအမျိုးသားနေ့ အခမ်းအနားကျင်းပနေမှုနှင့် အခမ်းအနား ပိုစတာများ (ဓာတ်ပုံ- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1
KIO/KIA အလိုမရှိကြောင်း မနောင်ကွင်းအတွင်း လျှပ်တပြက်ဆန္ဒပြသူများ ကန့်ကွက်ခံရ
😁5👍3
KIO/KIA အလိုမရှိကြောင်း မနောင်ကွင်းအတွင်း လျှပ်တပြက်ဆန္ဒပြသူများ ကန့်ကွက်ခံရ
=====================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်အမျိုးသားဥယျာဉ် မနော(မနောင်) ကွင်းအတွင်း ယခုရက်ပိုင်း၌ စစ်ကောင်စီထောက်ခံသူများက ရုတ်တရက်လာရောက်ကာ ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်သွားသည်။

ကချင်တမျိုးသားလုံးကို ကိုယ်စားပြုထားသည့် ကချင်အမျိုးသားဥယာဥ် မနော (မနောင်)ကွင်းအတွင်း ခွင့်ပြုထားခြင်းမရှိဘဲ စစ်ကောင်စီထောက်ခံသူများက ကေအိုင်အို / ကေအိုင်အေ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းက နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်ကောင်စီထောက်ခံသူ လူတစ်စုသည် နိုဝင်ဘာလ ၉ ရက်နေ့မွန်းလွဲက မနောင်ကွင်းအတွင်း၌ “KIA၊ KIO အလိုမရှိ” ဆိုသည့် စာတန်းများကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း၊ ထိုဆန္ဒပြသူများကို မနောကွင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာ ယဥ်ကျေးမှုရုံးမှ တာဝန်ရှိသူများက လိုက်လံမေးမြန်းစဥ် ကွင်းအတွင်းမှ ဝရုန်းသုန်းကား ထွက်ပြေးသွားကြကြောင်း ကော်မတီဝင်တဦးက အခုလို ပြောပြသည်။

" လူအများကြီး ရောက်လာလို့ မနောကွင်း လုံခြုံရေးအဖွဲ့က ဘာပွဲလုပ်ဖို့ ခွင့်ပြုထားတာရှိလဲဆိုပြီး ဖုန်းဆက်လာလို့၊ အသင်းရုံးဘက်ကလည်း ဘာမှခွင့်ပြုထားတာမရှိတာကြောင့် လိုက်မေးတုန်း ပြေးကုန်တာပဲ" ဟု ကော်မတီဝင် သတင်းရင်းမြစ်က ဆိုသည်။
မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဥ်ကျေးမှုရုံးမှ တာဝန်ရှိသူများအနေဖြင့် ခွင့်ပြုထားခြင်းမရှိဘဲ အခုလို လုပ်ဆောင်မှုမျိုးကို ကချင်တမျိုးသားလုံးက ကန့်ကွက်ပါကြောင်း ဖော်ပြထားသည်။
နောက်နောင်တွင် ယင်းဖြစ်ရပ်နှင့် အလားတူဖြစ်စဉ်များ ကျူးလွန်လာပါက တည်ဆဲဥပဒေများအရ မည်သည့်အဖွဲ့ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဆန္ဒပြပွဲများတွင် မည်သူမည်ဝါပါဝင်သည်ကို အသေးစိတ်မသိရသော်လည်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များနှင့် သတင်းဌာနများက ဓာတ်ပုံများကို ဝေဝေဆာဆာဖော်ပြကာ ဒေသခံများ KIA ကို ဆန္ဒပြဆန့်ကျင်ကြောင်း ရေးသားခဲ့ကြသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဝင်ရှိ အေးမြသာယာရပ်ကွက် အောင်ဇေရန်အောင်ဘုရားအနီးတွင် တကြိမ်၊ မြစ်ကြီးနား လေတပ်စခန်းရှေ့တည့်တည့် မြစ်ကြီးနားမြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် တကြိမ်၊ မနောကွင်းအတွင်းတွင် တကြိမ်၊ အစိုးရဝန်ကြီးများ အိမ်ယာဘေး ဧရာဝတီမြစ်ကမ်းဘေများတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က KIA ဆန့်ကျင်ရေး ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒပြမှုပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KIA
#မြစ်ကြီးနားမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍4
​​11.11.2023 (Saturday )တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်

✅Highlight ✅

👉Easy Thai Cooking Show (ညနေ - ၆ နာရီ) 

👉India Movie - O Saathiya 

👉 Korea Movie -Phamtom (ည- ၁၀ နာရီခွဲ)

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
🤮4
လွိုင်ကော်တွင် ၁၀ နှစ်အရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီး လက်နက်ကြီးထိမှန်သေဆုံး
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းက.....
https://ift.tt/nYVLjQv
🤬4🔥3👍2
ရေစကြို ငြိမ်းဇာနီ စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်
008 (မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ငြိမ်းဇာနီ(စစ်မှုထမ်းဟောင်းရုံး)စစ်ကောင်စီ အထိုင်စခန်းကို နိ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQAtu-SgJOqw&h=AT3MrHgP_joezlINY-8ITc6nFdtKJ9RgfzdQ7ZdGg5GPC28xWtMFlln7ZyUnt-TiwXLuIZsTpmn3DxIM0bdFIBWErlpXm6dbcOwuwKlzgYsH3etUIB9k_htyZg-eGXqk&s=1
👍5🔥2🥴1
ရေစကြို ငြိမ်းဇာနီ စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်
008 (မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ငြိမ်းဇာနီ(စစ်မှုထမ်းဟောင်းရုံး)စစ်ကောင်စီ အထိုင်စခန်းကို နိ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQAtu-SgJOqw&h=AT02FK2PD6yP-2oMaLvkTBVAuvh3ZMQsiI0aCl5m1yzT-5M_NcnGuvJGgIbP2spAhVi5Gg8_ZfkE4cK2NM5LNmBI_ZJuPP12EH6Qx8THjgmaI8jEBZlcscOC1indeedU&s=1
👍5🥴3
Mizzima Weekly Sports အစီအစဉ်
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FHvGPw3MzswA&h=AT3zdHDdEwM2cyr1d4MIom53sNntdBCF-yi3H-WXnnaSR8y6hG-d-PQu6cZ3MrRcEMel_BsNBCMTKS1ew8FLpkQGTI3DT6uVJeygEH1H4f78vItvjyRfuXDCGZok4CNS&s=1
🔥3