ဘန်ကောက်က ကွန်ဒို မီးလောင်မှု၌ လူ ၁ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ
ဘန်ကောက်ရှိ ရတ်ချက်သီဝီအရပ်က ကွန်ဒိုမီနီယမ်တွင် စနေနေ့ နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ရာ အသက်ကြီးပိုင်.....
https://ift.tt/KZL2YOi

ဖေ့စ်ဘုတ်လူမှုကွန်ရက်မှ Operation 1027 စာမျက်နှာဖြုတ်ချခံရပြီး အတုထွက်ပေါ်
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှဖော်ဆောင်နေသော “Operation 1027” နှင့်ပတ်သက် သည့် စစ်ရေးသတင်းများကို ထုတ်ပြန်.....
https://ift.tt/Y3F0Sl7

👍2🔥1😁1
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်
နို၀င်ဘာ ၁၀ ရက် ညနေမှစတင်ပြီး ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်နေကြောင်း ရန်ကုန.....
https://ift.tt/WXhG7Bx

👍5🔥2
ဆားလင်းကြီးတွင် "၁၁၁၁" လှုပ်ရှားမှုပြုလုပ်
=============
008
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်" ၁၁၁၁ "လူထုသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၁၁ရက် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ လှုပ်ရှားမှုကို ဆားလင်းကြီးမြို့၏ လူစည်ကားသည့် စျေးတခုတွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
"1027လှိုင်းတွေကို အောင်သပြေနဲ့ကြို၊ ဖက်ဆစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ ၊ ညီနောင်မဟာမိတ်များနှင့် PDFများ တိုက်ပွဲတိုင်းအောင်မြင်ပါစေ ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်။" စသည့် စာတန်းများ ကိုင်ဆောင်ပြီး လှုပ်ရှာယမှုပြုလုပ်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဆားလင်းကြီးမြို့နယ်
#PDF
#၁၁၁၁
ဓာတ်ပုံ-Aung Khant Zaw
Website Link - https://www.mizzimaburmese.com/article/135428
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6🔥1😁1
လွိုင်ကော်တွင် ၁၀ နှစ်အရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီး လက်နက်ကြီးထိမှန်သေဆုံး
😢6🔥3

================
ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦးနှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် လွိုင်လင်လေးအခြေစိုက် ခလရ(၅၃၀)က လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့၊ လူနေရပ်ကွက်တခုထဲသို့ လက်နက်ကြီး လေးလုံး ကျရောက်ပေါက်ကွဲပြီး နေအိမ်အတွင်းရှိ အသက် ၁၀ နှစ်အရွယ် မမေသဥ္ဇာငြိမ်းသည် လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး နေအိမ်ငါးလုံး ပျက်စီးခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ မထေားခူကျေးရွာသို့ လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ကာ ဒေါ်ဗျားမြာ (အသက် ၄၅ နှစ်)သည် လက်နက်ကြီးထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့နယ် အနီးဝန်းကျင်၌ တိုက်ပွဲ ဖြစ်ပွားနေသော်လည်း အခင်းဖြစ်ပွားသည့် နိုဝင်ဘာ ၉ ရက်နေ့တွင်မူ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘူး၊ သက်သက်ပစ်တာပါ။ ၉ ရက်နေ့တုန်းက ဘယ်နေရာမှ တိုက်ပွဲမဖြစ်ဘူး” ဟု KnHRG မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် အောက်တိုဘ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း အရပ်သား ၃၈၆ ဦးနှင့် စစ်ဘေးရှောင်နေစဉ် သေဆုံးခဲ့ရသည့် အရပ်သား ၁၄၇ ဦး ရှိကြောင်း တိုးတက်တက်သော ကရင်နီပြည်သူ့အင်အားစု( PKPF )၏ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#လွိုင်ကော်မြို့နယ်
#လွိုင်ကော်မြို့နယ်
#KnHRG
ပုံအညွှန်း- သေဆုံးသူများ (KnHRG)

👍7🔥2🤬1
ရန်ကုန်တွင် “၁၁၁၁”လုံး အောင်သပြေလှုပ်ရှားမှုပြုလုပ်
===============
မဇ္ဈိမ။ ။ ရန်ကုန်မြို့တွင် ရန်ကုန်တော်လှန်ရေးအင်အားစုများက "၁၁၁၁" လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။
ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် “၁၁၁၁” အောင်သပြေလှုပ်ရှားမှုအဖြစ် အောင်သပြေပန်းများကို ဘုရားလှူခြင်းနှင့်ပန်ခြင်းများပြုလုပ်ခဲ့ပြီး စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်းပြသခဲ့ကြသည်။
ရန်ကုန်ရှိ ပြည်သူအချို့က သပြေပန်းများကိုဝေငှခဲ့ကြသကဲ့သို့ အခြေခံအစားအသောက်များကို ဈေးများနှင့် လူနေရပ်ကွက်များတွင် လိုက်လံဝေငှခဲ့သည်ဟု သိရသည်။
တလှိုင်းပြီးတလှိုင်းလာမည်ဆိုသည့် တော်လှန်ရေးကို သောင်းသောင်းဖျဖျကြိုဆိုသည့်အနေဖြင့် တော်လှန်ရေး တပ်သားများ ရောက်ရှိလာပါက အောင်သပြေပန်းများနှင့် ကြိုဆိုကြရန် ပြည်သူများကို တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားကြသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#၁၁၁၁
ပုံအညွှန်း - "၁၁၁၁" လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲနေကြသူများ (ဓာတ်ပုံ-CJ)

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
❤11🔥1
လွိုင်ကော်မြို့သွားသည့် လမ်းပိုင်းများကို အသုံးမပြုရန် KNDF ထုတ်ပြန်
=============
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်မြို့သို့ ဆက်သွယ်ထားသည့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-ဆီဆိုင် နှင့် လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းသုံးခုကို သွားလာခြင်းမလုပ်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။
လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့များရှိရာ နေရာများသို့ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။
ယနေ့ နေ့ခင်း ၂ နာရီခန့်တွင်လည်း စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်၊ ဘုရားဖြူကျေးရွာဘက်တွင် လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။
“အခုလည်း ထပ်ဝဲနေတယ်။ လက်နက်အကြီးအသေး အကုန်ပစ်ခတ်နေသေးတယ်၊ မငြိမ်သေးဘူး၊ စောစောက ကြဲတယ် ၊ခုလည်း ပြောနေတုန်း ထပ်ကြဲသွားပြီ။ ကြဲချတဲ့အသံကို အတိုင်းသား ကြားနေရတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် နှစ်ဖက်ပစ်ခတ်မှုများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် လွိုင်ကော်မြို့တွင်း ထိခိုက်ဒဏ်ရာရသူများရှိပြီး တိုက်ပွဲဆက်လက်ပြင်းထန်ဆဲဖြစ်သဖြင့် အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။
လက်ရှိတွင် လွိုင်ကော်မြို့အနီးဝန်းကျင်နှင့် လွိုင်ကော်ကို ဗဟိုပြုဆက်သွယ်ထားသည့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင် လမ်းပိုင်းများတွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း၊ မလိုအပ်ဘဲ နေအိမ်ပြင်ပထွက်၍ သွားလာခြင်းနှင့် စစ်ရေးသတင်းများကို ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခြင်းများ မလုပ်ဆောင်ကြရန် KNDF မှတိုက်တွန်းထားသည်။
ဓါတ်ပုံ- KNDF
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လွိုင်ကော်
#ဒီးမော့ဆို
#မြန်မာသတင်း
#KNDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=============
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်မြို့သို့ ဆက်သွယ်ထားသည့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-ဆီဆိုင် နှင့် လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းသုံးခုကို သွားလာခြင်းမလုပ်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။
လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့များရှိရာ နေရာများသို့ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။
ယနေ့ နေ့ခင်း ၂ နာရီခန့်တွင်လည်း စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်၊ ဘုရားဖြူကျေးရွာဘက်တွင် လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။
“အခုလည်း ထပ်ဝဲနေတယ်။ လက်နက်အကြီးအသေး အကုန်ပစ်ခတ်နေသေးတယ်၊ မငြိမ်သေးဘူး၊ စောစောက ကြဲတယ် ၊ခုလည်း ပြောနေတုန်း ထပ်ကြဲသွားပြီ။ ကြဲချတဲ့အသံကို အတိုင်းသား ကြားနေရတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် နှစ်ဖက်ပစ်ခတ်မှုများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် လွိုင်ကော်မြို့တွင်း ထိခိုက်ဒဏ်ရာရသူများရှိပြီး တိုက်ပွဲဆက်လက်ပြင်းထန်ဆဲဖြစ်သဖြင့် အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။
လက်ရှိတွင် လွိုင်ကော်မြို့အနီးဝန်းကျင်နှင့် လွိုင်ကော်ကို ဗဟိုပြုဆက်သွယ်ထားသည့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင် လမ်းပိုင်းများတွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း၊ မလိုအပ်ဘဲ နေအိမ်ပြင်ပထွက်၍ သွားလာခြင်းနှင့် စစ်ရေးသတင်းများကို ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခြင်းများ မလုပ်ဆောင်ကြရန် KNDF မှတိုက်တွန်းထားသည်။
ဓါတ်ပုံ- KNDF
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လွိုင်ကော်
#ဒီးမော့ဆို
#မြန်မာသတင်း
#KNDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
မြန်မာရှိ ပိုက်လိုင်းက ဘေးကင်းကြောင်း တရုတ် ပြောပြီး တိုက်ပွဲများ ရပ်ရန် တိုက်တွန်း
================
တရုတ်နှင့် မြန်မာကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်းကို အသားပေးဆိုရင်း ဝန်က “တရုတ်အနေနဲ့ နယ်စပ်ဒေက ပဋိပက္ခတွေကို အနီးကပ် စောင့်ကြည့်နေတယ်၊ မြန်မာနိုင်ငံက ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ချက်ချင်းအပစ်ရပ်ဖို့ တိုက်တွန်းတယ်၊ တရုတ်ရဲ့ လုံခြုံရေး စိုးရိမ်ပူပန်မှုကို အလေးထားကြဖို့ တိုက်တွန်းလိုတယ်”ဟု ပြောသည်။

😁8❤1👍1🔥1