Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်
နို၀င်ဘာ ၁၀ ရက် ညနေမှစတင်ပြီး ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်နေ‌ကြောင်း ရန်ကုန.....
https://ift.tt/WXhG7Bx
👍5🔥2
ဆားလင်းကြီးတွင် "၁၁၁၁" လှုပ်ရှားမှုပြုလုပ်
=============

008

(မဇ္ဈိမ)။  ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်" ၁၁၁၁ "လူထုသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၁၁ရက် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို ဆားလင်းကြီးမြို့၏ လူစည်ကားသည့် စျေးတခုတွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"1027လှိုင်းတွေကို အောင်သပြေနဲ့ကြို၊ ဖက်ဆစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ ၊ ညီနောင်မဟာမိတ်များနှင့် PDFများ တိုက်ပွဲတိုင်းအောင်မြင်ပါစေ ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်။" စသည့် စာတန်းများ ကိုင်ဆောင်ပြီး လှုပ်ရှာယမှုပြုလုပ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဆားလင်းကြီးမြို့နယ်
#PDF
#၁၁၁၁

ဓာတ်ပုံ-Aung Khant Zaw

Website Link - https://www.mizzimaburmese.com/article/135428 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1😁1
လွိုင်ကော်တွင် ၁၀ နှစ်အရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီး လက်နက်ကြီးထိမှန်သေဆုံး
😢6🔥3
လွိုင်ကော်တွင် ၁၀ နှစ်အရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီး လက်နက်ကြီးထိမှန်သေဆုံး
================

ဂျူချန်း

(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦးနှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် လွိုင်လင်လေးအခြေစိုက် ခလရ(၅၃၀)က လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့၊ လူနေရပ်ကွက်တခုထဲသို့ လက်နက်ကြီး လေးလုံး ကျရောက်ပေါက်ကွဲပြီး နေအိမ်အတွင်းရှိ အသက် ၁၀ နှစ်အရွယ် မမေသဥ္ဇာငြိမ်းသည် လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး နေအိမ်ငါးလုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ မထေားခူကျေးရွာသို့ လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ကာ ဒေါ်ဗျားမြာ (အသက် ၄၅ နှစ်)သည် လက်နက်ကြီးထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့နယ် အနီးဝန်းကျင်၌ တိုက်ပွဲ ဖြစ်ပွားနေသော်လည်း အခင်းဖြစ်ပွားသည့် နိုဝင်ဘာ ၉ ရက်နေ့တွင်မူ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘူး၊ သက်သက်ပစ်တာပါ။ ၉ ရက်နေ့တုန်းက ဘယ်နေရာမှ တိုက်ပွဲမဖြစ်ဘူး” ဟု KnHRG မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် အောက်တိုဘ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း အရပ်သား ၃၈၆ ဦးနှင့် စစ်ဘေးရှောင်နေစဉ် သေဆုံးခဲ့ရသည့် အရပ်သား ၁၄၇ ဦး ရှိကြောင်း တိုးတက်တက်သော ကရင်နီပြည်သူ့အင်အားစု( PKPF )၏ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#လွိုင်ကော်မြို့နယ်
#လွိုင်ကော်မြို့နယ်
#KnHRG

ပုံအညွှန်း- သေဆုံးသူများ (KnHRG) 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2🤬1
ရန်ကုန်တွင် “၁၁၁၁”လုံး အောင်သပြေလှုပ်ရှားမှုပြုလုပ်
❤11😁2🔥1
ရန်ကုန်တွင် “၁၁၁၁”လုံး အောင်သပြေလှုပ်ရှားမှုပြုလုပ်
===============

မဇ္ဈိမ။ ။ ရန်ကုန်မြို့တွင် ရန်ကုန်တော်လှန်ရေးအင်အားစုများက "၁၁၁၁" လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် “၁၁၁၁” အောင်သပြေလှုပ်ရှားမှုအဖြစ် အောင်သပြေပန်းများကို ဘုရားလှူခြင်းနှင့်ပန်ခြင်းများပြုလုပ်ခဲ့ပြီး စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်းပြသခဲ့ကြသည်။

ရန်ကုန်ရှိ ပြည်သူအချို့က သပြေပန်းများကိုဝေငှခဲ့ကြသကဲ့သို့ အခြေခံအစားအသောက်များကို ဈေးများနှင့် လူနေရပ်ကွက်များတွင် လိုက်လံဝေငှခဲ့သည်ဟု သိရသည်။

တလှိုင်းပြီးတလှိုင်းလာမည်ဆိုသည့် တော်လှန်ရေးကို သောင်းသောင်းဖျဖျကြိုဆိုသည့်အနေဖြင့် တော်လှန်ရေး တပ်သားများ ရောက်ရှိလာပါက အောင်သပြေပန်းများနှင့် ကြိုဆိုကြရန် ပြည်သူများကို တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#၁၁၁၁

ပုံအညွှန်း - "၁၁၁၁" လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲနေကြသူများ (ဓာတ်ပုံ-CJ)


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11🔥1
​​လွိုင်ကော်မြို့သွားသည့် လမ်းပိုင်းများကို အသုံးမပြုရန် KNDF ထုတ်ပြန်
=============

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်မြို့သို့ ဆက်သွယ်ထားသည့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-ဆီဆိုင် နှင့် လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းသုံးခုကို သွားလာခြင်းမလုပ်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။ 
 
လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့များရှိရာ နေရာများသို့ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ယနေ့ နေ့ခင်း ၂ နာရီခန့်တွင်လည်း စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်၊ ဘုရားဖြူကျေးရွာဘက်တွင် လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။

“အခုလည်း ထပ်ဝဲနေတယ်။ လက်နက်အကြီးအသေး အကုန်ပစ်ခတ်နေသေးတယ်၊ မငြိမ်သေးဘူး၊ စောစောက ကြဲတယ် ၊ခုလည်း ပြောနေတုန်း ထပ်ကြဲသွားပြီ။ ကြဲချတဲ့အသံကို အတိုင်းသား ကြားနေရတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် နှစ်ဖက်ပစ်ခတ်မှုများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် လွိုင်ကော်မြို့တွင်း ထိခိုက်ဒဏ်ရာရသူများရှိပြီး တိုက်ပွဲဆက်လက်ပြင်းထန်ဆဲဖြစ်သဖြင့် အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။ 

လက်ရှိတွင် လွိုင်ကော်မြို့အနီးဝန်းကျင်နှင့် လွိုင်ကော်ကို ဗဟိုပြုဆက်သွယ်ထားသည့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင် လမ်းပိုင်းများတွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း၊ မလိုအပ်ဘဲ နေအိမ်ပြင်ပထွက်၍ သွားလာခြင်းနှင့် စစ်ရေးသတင်းများကို ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခြင်းများ မလုပ်ဆောင်ကြရန် KNDF မှတိုက်တွန်းထားသည်။

ဓါတ်ပုံ- KNDF

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လွိုင်ကော်
#ဒီးမော့ဆို
#မြန်မာသတင်း
#KNDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
​​မြန်မာရှိ ပိုက်လိုင်းက ဘေးကင်းကြောင်း တရုတ် ပြောပြီး တိုက်ပွဲများ ရပ်ရန် တိုက်တွန်း 
================

တရုတ်နှင့် မြန်မာကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်းကို အသားပေးဆိုရင်း ဝန်က “တရုတ်အနေနဲ့ နယ်စပ်ဒေက ပဋိပက္ခတွေကို အနီးကပ် စောင့်ကြည့်နေတယ်၊ မြန်မာနိုင်ငံက ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ချက်ချင်းအပစ်ရပ်ဖို့ တိုက်တွန်းတယ်၊ တရုတ်ရဲ့ လုံခြုံရေး စိုးရိမ်ပူပန်မှုကို အလေးထားကြဖို့ တိုက်တွန်းလိုတယ်”ဟု ပြောသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8❤1👍1🔥1
​​ဘန်ကောက်က ကွန်ဒို မီးလောင်မှု၌ လူ ၁ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ 
===============••••

မီးလောင်ရာသို့ မီးသတ်ကား ၃၀ ကျော် ဖြန့်ကြက်ခဲ့ပြီး ကွန်ဒို၏ အထပ် ၂၀ နှင့် ၂၁ ထပ်တို့တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။ နေထိုင်သူ တော်တော်များများကို ဘေးကင်းရေးအတွက် ရွှေ့ပြောင်းပေးခဲ့ကြပြီး အချို့မှ အဆောက်အအုံ ခေါင်မိုးပေါ်သို့ တက်ပြေးခြင်းများ ရှိသည်။ မီးက မိနစ် ၃၀ ခန့် လောင်ကျွမ်းပြီးနောက် ထိန်းချုပ်နိုင်ခဲ့သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥2❤1
​​ဖေ့စ်ဘုတ်လူမှုကွန်ရက်မှ Operation 1027 စာမျက်နှာဖြုတ်ချခံရပြီး အတုထွက်ပေါ်
============

JC

(မဇ္ဈိမ)။ ။မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှဖော်ဆောင်နေသော “Operation 1027” နှင့်ပတ်သက် သည့် စစ်ရေးသတင်းများကို ထုတ်ပြန်နေသည့် ဖေ့စ်ဘုတ်စာမျက်နှာဖြုတ်ချခံရပြီး စာမျက်နှာအတုတခု ထွက်ပေါ်နေသည်။ 

“Operation 1027 (Northern Alliance)” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတခုသည် မြောက်ပိုင်းမဟာ မိတ်ညီနောင်သုံးဖွဲ့၏စစ်ရေးထုတ်ပြန်ချက်များကို ဖော်ပြနေသည်။ ယင်းစာမျက်နှာကို ကြိုက်နှစ်သက် သူ ၅,၆၀၀ ကျော်ရှိပြီး စောင့်ကြည့်သူ ၇,၁၀၀ ကျော်ရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများက စစ်ဆေးခဲ့ရာတွင် ယင်းစာမျက်နှာသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါ ရီလ ၂၆ ရက်နေ့တွင် “Art of Myanmar-Production” အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း Myanmar Art, PDF Myanmar Art, Myanmar Federal, News Asia info စသဖြင့် အမည်ငါးကြိမ် ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် “Operation 1027” ဟု အမည်သို့ပြောင်းလဲကာ မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေးနှင့် သက်ဆိုင်သည့် သတင်းများကို ဖော်ပြလာသည်။ “Arakan Army, TNLA, MNDAA, #1027” ဟူသည့် ပို့စ်ကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ပထမဆုံးတင်ထားပြီး ယခင် ပိုစ့်များကိုမူ မတွေ့ရတော့ပေ။ ဖေ့စ်ဘုတ်တွင် “Operation 1027” ဟု ရှာဖွေကြည့်လျှင်လည်း ယင်း စာမျက်နှာအတုကိုသာ တွေ့မြင်ရတော့သည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ဖော်ဆောင်နေသည့် စစ်ဆင်ရေး၏ စစ်ရေးသတင်းထုတ်ပြန်ချက် များကို ဖော်ပြနေသည့် ဖေ့စ်ဘုတ်စာမျက်နှာအစစ်၏အမည်မှာ “Operation 1027 - 3BHA” ဖြစ်သည်။ ၎င်းစာမျက်နှာကို ကြိုက်နှစ်သက်သူ ၇၃,၀၀၀ ကျော်ရှိပြီး စောင့်ကြည့်သူ ၉၀,၀၀၀ ကျော်ရှိသော်လည်း နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖေ့စ်ဘုတ်၏စည်းကမ်းချက်နှင့် မကိုက်ညီဟုဆိုကာ ယာယီကန့်သတ်ခြင်း ခံလိုက်ရသဖြင့် လက်ရှိတွင် ဖေ့စ်ဘုတ်မှတဆင့် သတင်းထုတ်ပြန်နိုင်ခြင်းမရှိကြောင်း မြောက်ပိုင်းမဟာ မိတ်ညီနောင်သုံးဖွဲ့၏ တယ်လီဂရမ်ချန်နယ်မှ ဖော်ပြထားသည်။
ယင်းအပြင် “Operation 1027 (Northern Alliance)” ဖေ့စ်ဘုတ်စာမျက်နှာသည်လည်း စာမျက်နှာအတု ဖြစ်ကြောင်း ဖော်ပြထားသည်။ လင့် - https://t.me/threebrotherhoodalliance/149

ဖော်ပြချက်တွင် “Operation 1027” နှင့် သက်ဆိုင်သည့် တိုက်ပွဲသတင်းထုတ်ပြန်ချက်များအား လူမှုကွန် ယက်များဖြစ်သည့် တယ်လီဂရမ်တွင် “3 Brotherhood Alliance (AA+MNDAA+TNLA) အမည်ဖြင့် လည်းကောင်း၊ တွစ်တာ(X) လူမှုကွန်ယက်တွင် Operation 1027-3BHA အမည်ဖြင့်လည်းကောင်း၊ VK တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့ အမည်ဖြင့်လည်းကောင်း၊ ထိုစာမျက်နှာများမှသာ စစ်ရေးသတင်းများကို ထုတ်ပြန်သွားမည်ဖြစ်ပြီး အခြားမည်သည့် လူမှုကွန်ရက်တွင်မျှ ထုတ်ပြန်ခြင်းမရှိကြောင်း ဖော်ပြထား သည်။

ထို့ကြောင့် ဖေ့စ်ဘုတ်တွင်ထွက်ပေါ်နေသည့် “Operation 1027 (Northern Alliance)” အမည်ရှိ စာမျက်နှာသည် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ဖော်ဆောင်နေသော စစ်ရေးသတင်းများကို ထုတ် ပြန်နေသည့် စာမျက်နှာအတုသာ ဖြစ်သည်။
အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာအတုကို အစစ်ထင်၍ တော်လှန်ရေးရဲဘော်များ၊ ထောက်ခံသူများမှ ဆက် သွယ်ခဲ့ပါက မိမိ၏အချက်အလက်များ ပေါက်ကြားစေနိုင်သည်။ ထို့ပြင် ပေ့ချ်အတုမှ သတင်းတုများကို လည်း ဖြန့်ဝေလာနိုင်သဖြင့် သတင်းဖတ်ရှုသူများအနေဖြင့် အဖွဲ့အသီးသီး၏ တရားဝင်သတင်းပြန်ကြား ရေးမှသတင်းများနှင့် ယုံကြည်စိတ်ချရသည့် သတင်းဌာနများမှ သတင်းများကိုသာ ဖတ်ရှုကြရန် အသိပေး လိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။

စာတည်း - စောဖေ 

#Misinformation_Buster
#Fake_News
#1027
#Fake_page

website link >>> https://www.mizzimaburmese.com/article/135436
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2🤬2