ရန်ကုန်တွင် “၁၁၁၁”လုံး အောင်သပြေလှုပ်ရှားမှုပြုလုပ်
===============
မဇ္ဈိမ။ ။ ရန်ကုန်မြို့တွင် ရန်ကုန်တော်လှန်ရေးအင်အားစုများက "၁၁၁၁" လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။
ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် “၁၁၁၁” အောင်သပြေလှုပ်ရှားမှုအဖြစ် အောင်သပြေပန်းများကို ဘုရားလှူခြင်းနှင့်ပန်ခြင်းများပြုလုပ်ခဲ့ပြီး စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်းပြသခဲ့ကြသည်။
ရန်ကုန်ရှိ ပြည်သူအချို့က သပြေပန်းများကိုဝေငှခဲ့ကြသကဲ့သို့ အခြေခံအစားအသောက်များကို ဈေးများနှင့် လူနေရပ်ကွက်များတွင် လိုက်လံဝေငှခဲ့သည်ဟု သိရသည်။
တလှိုင်းပြီးတလှိုင်းလာမည်ဆိုသည့် တော်လှန်ရေးကို သောင်းသောင်းဖျဖျကြိုဆိုသည့်အနေဖြင့် တော်လှန်ရေး တပ်သားများ ရောက်ရှိလာပါက အောင်သပြေပန်းများနှင့် ကြိုဆိုကြရန် ပြည်သူများကို တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားကြသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#၁၁၁၁
ပုံအညွှန်း - "၁၁၁၁" လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲနေကြသူများ (ဓာတ်ပုံ-CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
❤11🔥1
လွိုင်ကော်မြို့သွားသည့် လမ်းပိုင်းများကို အသုံးမပြုရန် KNDF ထုတ်ပြန်
=============
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်မြို့သို့ ဆက်သွယ်ထားသည့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-ဆီဆိုင် နှင့် လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းသုံးခုကို သွားလာခြင်းမလုပ်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။
လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့များရှိရာ နေရာများသို့ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။
ယနေ့ နေ့ခင်း ၂ နာရီခန့်တွင်လည်း စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်၊ ဘုရားဖြူကျေးရွာဘက်တွင် လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။
“အခုလည်း ထပ်ဝဲနေတယ်။ လက်နက်အကြီးအသေး အကုန်ပစ်ခတ်နေသေးတယ်၊ မငြိမ်သေးဘူး၊ စောစောက ကြဲတယ် ၊ခုလည်း ပြောနေတုန်း ထပ်ကြဲသွားပြီ။ ကြဲချတဲ့အသံကို အတိုင်းသား ကြားနေရတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် နှစ်ဖက်ပစ်ခတ်မှုများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် လွိုင်ကော်မြို့တွင်း ထိခိုက်ဒဏ်ရာရသူများရှိပြီး တိုက်ပွဲဆက်လက်ပြင်းထန်ဆဲဖြစ်သဖြင့် အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။
လက်ရှိတွင် လွိုင်ကော်မြို့အနီးဝန်းကျင်နှင့် လွိုင်ကော်ကို ဗဟိုပြုဆက်သွယ်ထားသည့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင် လမ်းပိုင်းများတွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း၊ မလိုအပ်ဘဲ နေအိမ်ပြင်ပထွက်၍ သွားလာခြင်းနှင့် စစ်ရေးသတင်းများကို ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခြင်းများ မလုပ်ဆောင်ကြရန် KNDF မှတိုက်တွန်းထားသည်။
ဓါတ်ပုံ- KNDF
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လွိုင်ကော်
#ဒီးမော့ဆို
#မြန်မာသတင်း
#KNDF

👍13🔥2
မြန်မာရှိ ပိုက်လိုင်းက ဘေးကင်းကြောင်း တရုတ် ပြောပြီး တိုက်ပွဲများ ရပ်ရန် တိုက်တွန်း
================
တရုတ်နှင့် မြန်မာကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်းကို အသားပေးဆိုရင်း ဝန်က “တရုတ်အနေနဲ့ နယ်စပ်ဒေက ပဋိပက္ခတွေကို အနီးကပ် စောင့်ကြည့်နေတယ်၊ မြန်မာနိုင်ငံက ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ချက်ချင်းအပစ်ရပ်ဖို့ တိုက်တွန်းတယ်၊ တရုတ်ရဲ့ လုံခြုံရေး စိုးရိမ်ပူပန်မှုကို အလေးထားကြဖို့ တိုက်တွန်းလိုတယ်”ဟု ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
တရုတ်နှင့် မြန်မာကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်းကို အသားပေးဆိုရင်း ဝန်က “တရုတ်အနေနဲ့ နယ်စပ်ဒေက ပဋိပက္ခတွေကို အနီးကပ် စောင့်ကြည့်နေတယ်၊ မြန်မာနိုင်ငံက ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ချက်ချင်းအပစ်ရပ်ဖို့ တိုက်တွန်းတယ်၊ တရုတ်ရဲ့ လုံခြုံရေး စိုးရိမ်ပူပန်မှုကို အလေးထားကြဖို့ တိုက်တွန်းလိုတယ်”ဟု ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8❤1👍1🔥1
ဘန်ကောက်က ကွန်ဒို မီးလောင်မှု၌ လူ ၁ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ
===============••••
မီးလောင်ရာသို့ မီးသတ်ကား ၃၀ ကျော် ဖြန့်ကြက်ခဲ့ပြီး ကွန်ဒို၏ အထပ် ၂၀ နှင့် ၂၁ ထပ်တို့တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။ နေထိုင်သူ တော်တော်များများကို ဘေးကင်းရေးအတွက် ရွှေ့ပြောင်းပေးခဲ့ကြပြီး အချို့မှ အဆောက်အအုံ ခေါင်မိုးပေါ်သို့ တက်ပြေးခြင်းများ ရှိသည်။ မီးက မိနစ် ၃၀ ခန့် လောင်ကျွမ်းပြီးနောက် ထိန်းချုပ်နိုင်ခဲ့သည်။

👍2🔥2❤1
ဖေ့စ်ဘုတ်လူမှုကွန်ရက်မှ Operation 1027 စာမျက်နှာဖြုတ်ချခံရပြီး အတုထွက်ပေါ်
============
JC
(မဇ္ဈိမ)။ ။မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှဖော်ဆောင်နေသော “Operation 1027” နှင့်ပတ်သက် သည့် စစ်ရေးသတင်းများကို ထုတ်ပြန်နေသည့် ဖေ့စ်ဘုတ်စာမျက်နှာဖြုတ်ချခံရပြီး စာမျက်နှာအတုတခု ထွက်ပေါ်နေသည်။
“Operation 1027 (Northern Alliance)” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတခုသည် မြောက်ပိုင်းမဟာ မိတ်ညီနောင်သုံးဖွဲ့၏စစ်ရေးထုတ်ပြန်ချက်များကို ဖော်ပြနေသည်။ ယင်းစာမျက်နှာကို ကြိုက်နှစ်သက် သူ ၅,၆၀၀ ကျော်ရှိပြီး စောင့်ကြည့်သူ ၇,၁၀၀ ကျော်ရှိသည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများက စစ်ဆေးခဲ့ရာတွင် ယင်းစာမျက်နှာသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါ ရီလ ၂၆ ရက်နေ့တွင် “Art of Myanmar-Production” အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း Myanmar Art, PDF Myanmar Art, Myanmar Federal, News Asia info စသဖြင့် အမည်ငါးကြိမ် ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် “Operation 1027” ဟု အမည်သို့ပြောင်းလဲကာ မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေးနှင့် သက်ဆိုင်သည့် သတင်းများကို ဖော်ပြလာသည်။ “Arakan Army, TNLA, MNDAA, #1027” ဟူသည့် ပို့စ်ကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ပထမဆုံးတင်ထားပြီး ယခင် ပိုစ့်များကိုမူ မတွေ့ရတော့ပေ။ ဖေ့စ်ဘုတ်တွင် “Operation 1027” ဟု ရှာဖွေကြည့်လျှင်လည်း ယင်း စာမျက်နှာအတုကိုသာ တွေ့မြင်ရတော့သည်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ဖော်ဆောင်နေသည့် စစ်ဆင်ရေး၏ စစ်ရေးသတင်းထုတ်ပြန်ချက် များကို ဖော်ပြနေသည့် ဖေ့စ်ဘုတ်စာမျက်နှာအစစ်၏အမည်မှာ “Operation 1027 - 3BHA” ဖြစ်သည်။ ၎င်းစာမျက်နှာကို ကြိုက်နှစ်သက်သူ ၇၃,၀၀၀ ကျော်ရှိပြီး စောင့်ကြည့်သူ ၉၀,၀၀၀ ကျော်ရှိသော်လည်း နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖေ့စ်ဘုတ်၏စည်းကမ်းချက်နှင့် မကိုက်ညီဟုဆိုကာ ယာယီကန့်သတ်ခြင်း ခံလိုက်ရသဖြင့် လက်ရှိတွင် ဖေ့စ်ဘုတ်မှတဆင့် သတင်းထုတ်ပြန်နိုင်ခြင်းမရှိကြောင်း မြောက်ပိုင်းမဟာ မိတ်ညီနောင်သုံးဖွဲ့၏ တယ်လီဂရမ်ချန်နယ်မှ ဖော်ပြထားသည်။
ယင်းအပြင် “Operation 1027 (Northern Alliance)” ဖေ့စ်ဘုတ်စာမျက်နှာသည်လည်း စာမျက်နှာအတု ဖြစ်ကြောင်း ဖော်ပြထားသည်။ လင့် - https://t.me/threebrotherhoodalliance/149
ဖော်ပြချက်တွင် “Operation 1027” နှင့် သက်ဆိုင်သည့် တိုက်ပွဲသတင်းထုတ်ပြန်ချက်များအား လူမှုကွန် ယက်များဖြစ်သည့် တယ်လီဂရမ်တွင် “3 Brotherhood Alliance (AA+MNDAA+TNLA) အမည်ဖြင့် လည်းကောင်း၊ တွစ်တာ(X) လူမှုကွန်ယက်တွင် Operation 1027-3BHA အမည်ဖြင့်လည်းကောင်း၊ VK တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့ အမည်ဖြင့်လည်းကောင်း၊ ထိုစာမျက်နှာများမှသာ စစ်ရေးသတင်းများကို ထုတ်ပြန်သွားမည်ဖြစ်ပြီး အခြားမည်သည့် လူမှုကွန်ရက်တွင်မျှ ထုတ်ပြန်ခြင်းမရှိကြောင်း ဖော်ပြထား သည်။
ထို့ကြောင့် ဖေ့စ်ဘုတ်တွင်ထွက်ပေါ်နေသည့် “Operation 1027 (Northern Alliance)” အမည်ရှိ စာမျက်နှာသည် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ဖော်ဆောင်နေသော စစ်ရေးသတင်းများကို ထုတ် ပြန်နေသည့် စာမျက်နှာအတုသာ ဖြစ်သည်။
အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာအတုကို အစစ်ထင်၍ တော်လှန်ရေးရဲဘော်များ၊ ထောက်ခံသူများမှ ဆက် သွယ်ခဲ့ပါက မိမိ၏အချက်အလက်များ ပေါက်ကြားစေနိုင်သည်။ ထို့ပြင် ပေ့ချ်အတုမှ သတင်းတုများကို လည်း ဖြန့်ဝေလာနိုင်သဖြင့် သတင်းဖတ်ရှုသူများအနေဖြင့် အဖွဲ့အသီးသီး၏ တရားဝင်သတင်းပြန်ကြား ရေးမှသတင်းများနှင့် ယုံကြည်စိတ်ချရသည့် သတင်းဌာနများမှ သတင်းများကိုသာ ဖတ်ရှုကြရန် အသိပေး လိုက်ရပါသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။
စာတည်း - စောဖေ
#Misinformation_Buster
#Fake_News
#1027
#Fake_page
website link >>> https://www.mizzimaburmese.com/article/135436

👍11😁2🤬2
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်
===============
နို၀င်ဘာ ၁၀ ရက် ညနေမှစတင်ပြီး ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်နေကြောင်း ရန်ကုန်မြို့ခံအချို့က ပြောသည်။
" အခုက ဆီထည့်ဖို့ကို ဘယ်ဆိုင်ရောင်းလဲဆိုတာ လိုက်ရှာနေ ရတယ်။ ဆိုင်တော်တော်များများ ရောင်းဖို့မရှိလို့ လက်ခါပြတာ အများကြီးပဲ" ဟု ရန်ကုန်မြို့ခံ မော်တော်ယာဉ် ပိုင်ရှင်တစ်ဦးက ပြောသည်။
စက်သုံးဆီဆိုင်များတွင် စက်သုံးဆီအမျိုးအစားလေးမျိုးကို ရောင်း ချနေပြီး ရောင်းစရာမရှိသည့် ဆီမှာ ဓာတ်ဆီဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။
" ကုန်တာက ၉၂ အမျိုးအစားက ဆိုင်တော်တော်များများမှာ မရတော့ဘူး။ တချို့ဆိုင်က ၉၅ ရတယ်။ ဒီဇယ်ကတော့ ရောင်းကြ တာတွေ့တယ်။ ပြတ်တာ ဓာတ်ဆီပဲ" ဟု ရန်ကုန်မြို့ခံ အသေးစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
နို၀င်ဘာ ၁၀ ရက် ညနေပိုင်းကစတင်ပြီး ဆီဆိုင်အချို့မှာ ရောင်းချရန် ဓာတ်ဆီမရှိသဖြင့် ဒီဇယ်ကိုသာ ရောင်းချနေရကြောင်း၊ နို၀င်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဆိုင်အချို့မှာ ဓာတ်ဆီ ပြန်လည် ရောင်းချနိုင်သည်ကို တွေ့ရကြောင်း ရန်ကုန်မြို့ခံ မော်တော်ယာဉ် ပိုင်ရှင်တစ်ဦးက ပြောသည်။
" မနက်ပိုင်းမှာ တော်တော်များများ မရောင်းနိုင်သေးဘူး။ နေ့လည် လောက်မှာတော့ Denko လိုဆိုင်မျိုးတွေက ပြန်ရောင်းပေး တယ်။ တချို့ဆိုင်တွေက လက်ကာပြနေတုန်းပဲ" ဟု ရန်ကုန်မြို့ခံ မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
ဆိုင်အများစု မရောင်းနိုင်သဖြင့် ရောင်းသည့်ဆိုင်တွင် ကားများတန်းစီ၀ယ်ယူနေရသည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။
စက်သုံးဆီဈေးနှုန်းများမှာ နို၀င်ဘာ ၁၁ ရက်တွင် ၉၂ တစ်လီတာ ၂၀၆၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၁၅ ကျပ်ဖြစ်ကြောင်း စစ်ကောင်စီ၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည်။
Photo- CJ
website link >>> https://www.mizzimaburmese.com/article/135437

👍7🔥4
မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၁၄လုံးပျက်စီး
🤬5👍2🔥1👏1

===================
ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ် ၁၄လုံး ပျက်စီးသွားကြောင်း ဒေသခံများနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ် ( CDF- Mindat) ထံက သိရသည်။
နိုဝင်ဘာလ ၇ ရက် မှစ၍ ယနေ့နိုဝင်ဘာလ ၁၁ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်နှင့် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) တပ်ရင်းမှ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂)ရှိ ကျေးရွာများဘက်သို့ ၁၂၀ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ကိုးကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။
“ဘာတိုက်ပွဲမှ မရှိဘဲ မြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ရည်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာပါ။ လူထိခိုက်မှုတော့ မရှိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။
ယနေ့ နိုဝင်ဘာလ ၁၁ရက် နံနက် ၁၀နာရီ ၃၀မိနစ်အချိန်တွင် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းမှ ၁၂၀မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် မင်းတပ်မြို့နယ် ၊ တိုက်နယ် (၂)ရှိ ဘုရားစခန်းရွာ၊ မရှိန်းလှော်ရွာ၊ ဝမ္မသူးရွာစသည့် ကျေးရွာများဘက်သို့ ခြောက်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းဒေသခံထံမှ သိရသည်။
ထိုပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။
ယမန်နေ့ နိုဝင်ဘာ ၁၀ရက် နံနက် ၁၁ နာရီ ၁၅မိနစ်အချိန်တွင် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းမှ ၁၂၀ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မရှိန်းလှော်ရွာမှ နေအိမ်တလုံးပျက်စီးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။
ထို့အပြင် နိုဝင်ဘာလ ၇ရက် ညနေ ၃နာရီ ၃၀မိနစ်အချိန်တွင် စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့တွင်းသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ လူနေအိမ် ၁၃ လုံး ၊ဘာသာရေး အဆောက်အအုံ လေးလုံး၊ စာသင်ကျောင်းဆောင် နှစ်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ် ( CDF- Mindat)က ထုတ်ပြန်သည်။
ထိုတိုက်ခိုက်မှုအတွင်း ဒေသခံသုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးခန်းများတွင် ကုသနေမှုခံယူနေရသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်မှ တာဝန်ရှိသူတဦးက ပြောသည်။
ပြီးခဲ့သည် နိုဝင်ဘာလ ၄ ရက်တွင်လည်း စစ်ကောင်စီတပ်က မင်းတပ်မြို့နယ် (၁၆) မိုင်နှင့် ပန်းစခန်းကြားရှိ အများပြည်သူသွားလမ်းကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြင့် ဗုံးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်သုံးလုံး ပျက်စီးခဲ့သေးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်ထံမှ သိရသည်။
ပုံအညွန်း။ ။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်များ
ဓာတ်ပုံ။ ။ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#မင်းတပ်မြို့

🤬5👍1🔥1
လွိုင်ကော်နှင့် ဒီးမော့ဆို ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို KNDF နှင့် ပူးပေါင်းတပ် သိမ်းပိုက်
=============
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များရှိ စစ်ကောင်စီ၏ တပ်စခန်း ခုနစ်ခုကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားကြောင်း ညီနောင်သုံးဖွဲ့ မှ ထုတ်ပြန်ပြီး KNDF မှ ကနဦး အတည်ပြုသည်။
“ဟုတ်ပါတယ်။ ရထားတာ မှန်ပါတယ်” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ကနဦး အတည်ပြုသည်။
စစ်ဆင်ရေး ၁၀၂၇ တွင် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံ နှင့် နန်းစံခမ်းတို့ရှိ စစ်ကောင်စီ၏ တပ်စခန်း ခုနစ်ခုကို ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် သိမ်းပိုက်ရရှိထားကြောင်း ညီနောင်သုံးဖွဲ့ကထုတ်ပြန်ထားသည်။
သိမ်းပိုက်ရရှိထားသည့် စခန်းအမည်များကိုမူ မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။
သတင်းရေးသားနေသည့် ယနေ့ ညနေ ၄ နာရီအချိန်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ ယနေ့ နံနက် ၉ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းသို့ လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လယ် ၂ နာရီခန့်တွင်နှစ်ကြိမ် ၃ နာရီခွဲအချိန်ခန့်တွင်တကြိမ် လွိုင်ကော်မြို့နယ်အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ပစ်နေတုန်းပဲ လက်နက်ကြီးတွေ။ ခုလေယာဉ်ထပ်လာပစ်နေတယ်။ ပုဇင်း လည်း လာပစ်တယ် လေယာဉ်ပြန်တော့။ ခုကျ လေယာဉ်ထပ်လာပစ်နေတာ” ဟု လွိုင်ကော်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အပြင် မိုးဗြဲတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော-ဆီဆိုင် လမ်းများတွင် ထိတွေတိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ပါက ခရီးသွားလာခြင်းမပြုရန် KNDF က ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လွိုင်ကော်မြို့နယ်

👍18👏2😁2
လွိုင်ကော်နှင့် ဒီးမော့ဆို ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို KNDF နှင့် ပူးပေါင်းတပ် သိမ်းပိုက်
ကရင်နီပြည်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များရှိ စစ်ကောင်စီ၏ တပ်စခန်း ခုနစ်ခုကို ကရင်နီတော်လှန်ရေး .....
https://ift.tt/sCo7X4T

👍7😁2
စစ်ကိုင်းတိုင်းမှာ "၁၁၁၁" လူထုလှုပ်ရှားမှု ပြုလုပ်
KMN (မဇ္ဈိမ)။ ။ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ "၁၁၁၁" အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေကို စစ်ကိုင်းတိုင်းထဲက မြို့....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FSIgai_McBzk&h=AT0qI8n4P0EeTQ3QYUAZcPTwVbFf5iTwt4jaPnPsmISk6wYDEeFgveAcGuCnQXGlEEkNq6aIoKQN4X17QKDG_4f_cQdICZAmWElNQLl0DqzNLXj0m75PXD8hzxaCNuhu&s=1

👍5❤1🔥1
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားများ ဆန္ဒပြမှုနောက် နောက်ထပ်လစာတိုးရေးကို ဝန်ကြီးချုပ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရဲနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည့်နောက် လစာ သုံးဆနီးပါး တိုးပေးရေး တောင.....
https://ift.tt/DN0jY6n

👍4🔥1
လွိုင်ကော်နှင့် ဒီးမော့ဆို ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို KNDF နှင့် ပူးပေါင်းတပ် သိမ်းပိုက်
ကရင်နီပြည်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များရှိ စစ်ကောင်စီ၏ တပ်စခန်း ခုနစ်ခုကို ကရင်နီတော်လှန်ရေး .....
https://ift.tt/pmTrKV6

👍7😁3