Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားများ ဆန္ဒပြမှုနောက် နောက်ထပ်လစာတိုးရေးကို ဝန်ကြီးချုပ် ပယ်ချ
====================

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရဲနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည့်နောက် လစာ သုံးဆနီးပါး တိုးပေးရေး တောင်းဆိုကြသည် ဆန္ဒပြအထည်ချုပ်အလုပ်သမားများအတွက် နောက်ထပ် လစာ တိုးမြှင့်ပေးရေးကို ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ပယ်ချလိုက်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👏2
​​ရှေ့တန်းရောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားများ လစာထက်ဝက်သာရ
=================

မင်းထက်

(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ရှေ့တန်းထွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လစာတဝက်သာပေး၍ ၎င်းတို့၏ မိသားစုဝင်များက မကျေမနပ်ဖြစ်နေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ထိုသို့ လစာတဝက်သာ ရရှိသည်မှာ တနှစ်ဝန်းကျင်ခန့်ရှိပြီးဖြစ်ပြီး ရှေ့တန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ပြန်လာမှသာ ကျန်လစာများကို ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ 

အရာရှိများမှာမူ လစာအပြည့်ရကြပြီး အခြားအဆင့် စစ်ကောင်စီတပ်ဝင်များဖြစ်သည့် ပအရာခံဗိုလ်၊ ဒုအရာခံဗိုလ်၊ တပ်ကြပ်ကြီး၊တပ်ကြပ်၊ဒုတပ်ကြပ်နှင့် တပ်သားတို့မှာ လစာတဝက်သာရရှိနေခြင်းဖြစ်သည်ဟု ၎င်းကဆို သည်။

"ရှေ့တန်းက တပ်တွေပြန်လာမှ ကျန်တဲ့ပိုက်ဆံတွေကို ပေးမယ်လို့ပြောတယ်။ လစာက ၁၅၀,၀၀၀ လောက်ရတာကို တဝက်ဖြတ်တော့ တော်တော်ဒုက္ခရောက်တယ်။ တပ်ထဲက မိသားစုတွေဘယ်သူမှ မကျေနပ်ကြဘူး"ဟု တပ်တွင်း သတင်းရင်းမြစ်ကပြောသည်။

ရှေ့တန်းထွက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရရှိသည့် စစ်ဆင်ရေး နေ့ထွက်စားရိတ်ခ တရက် ၁၂၀၀ ကျပ် ၊ ရိက္ခာစိုငွေ ၇၅၀ တို့ကိုလည်း တပ်ရင်းမှူးများက ပုံမှန်ပေးခြင်းမရှိကြောင်း၊ရှေ့တန်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏မိသားစုများကိုလည်း တပ်ပြင်ပသို့ ထွက်ခွာခွင့်မပြုကြောင်း ဆက်လက်ပြောသည်။

"စစ်ဆင်ရေး နေ့ထွက်စားရိတ်နဲ့ ရိက္ခာစိုငွေတွေကတော့ တပ်တိုင်းမှာရှိတဲ့ တပ်ရင်းမှူးတွေက လိမ်ညာစားနေတာပါ။ လစာတဝက်ပေးနေတာကတော့ တပ်ကထွက်မပြေးအောင်ထိန်းချုပ်ထားတဲ့သဘောလို့မြင်ပါတယ်။ အောက်ခြေအဆင့်တွေကလည်း ဒါတွေကိုသိနေပါပြီ။ တပ်က ထွက်ပြေးချင် ရင်တောင် မိသားစုကတပ်အဝန်းအဝိုင်းထဲမှာ ကျန်နေခဲ့တော့ ပြေးမရတဲ့လူတွေလည်းရှိပါတယ်"ဟု ထိုဖြစ်စဥ်များ အပေါ် CDM ဗိုလ်ကြီးတစ်ဦးက ဝေဖန်သုံးသပ်သည်။

လစာတဝက်သာရရှိနေသည်မှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များမှ စစ်ကောင်စီတပ်သားများတွင်သာမကပဲ အခြားတိုင်းနှင့်ပြည်နယ်များမှ စစ်ကောင်
စီတပ်ဖွဲ့ဝင်များသည်လည်း ထိုသို့ပင်ဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်း စစ်ကောင်စီတပ်အင်အား ယခင်ကထက်နည်းလာကြောင်း၊နယ်မြေရှင်းလင်းရေး ခေါင်းစဥ်ဖြင့် ပုသိမ်မြို့နယ်အတွင်း ရက်ရှည်ကင်းလှည့်သည့်အခါ စစ်မြေပြင်အင်ဂျင်နီယာတပ်(GE)မှ စစ်ကောင်စီတပ်သားများကို အသုံးပြုနေကြောင်းတပ်တွင်းသတင်းရင်းမြစ်များ၏ပြောပြချက်အရသိရသည်။

ဓာတ်ပုံ-CHRO

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ကောင်စီတပ်
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍3❤1👏1
#ခရီးသွားလုပ်ငန်း မြှင့်တင်ရန် #အိန္ဒိယ နှင့် #ထိုင်ဝမ် တို့မှ ခရီးသွားများကို #ထိုင်းက ကြိုဆို
🔥1
BREAKING NEWS

အမျိုးအမည်မသိရသေးသော စစ်လေယာဉ်တစင်း ကရင်နီပြည်နယ်တွအင်း ပျက်ကျသွားပြီး လေသူရဲနှစ်ဦး လေထီးခုန်ချမှုဖြစ် ယနေ့ (နိုဝင်ဘာ ၁၁ ရက်) ညနေ မြန်မာစံတော်ချိန် ၄း၄၀ တွင်ဖြစ်ပွားခဲ့သည်။ အရေးပေါ်လေထီးဖွင့်ခုန်ချခဲ့သော လေသူရဲနှစ်ဦးအနက် တဦးမှာ ဖရူဆိုမြို့နယ်ထဲကျကာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်များဖြင့် အသည်းအသန်လိုက်လံရှာဖွေလျက်ရှိသည်။ ကျန်တဦးမှာ အခြားနေရာကိုကျသွားသည်ဟု ကနဦးသိရှိရသည်။ ကရင်နီပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ တော်လှန်ရေးတပ်ဖွဲ့များက ယနေ့နံနက်ကတည်းကတည်းက ဆင်နွှဲလျက်ရှိသည်။ ဓာတ်ပုံ- မဇ္ဈိမ စစ်မြေပြင်သတင်းထောက်
👍28❤8👏1😁1🥱1
ကျိုက်မရောတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာနှင့် တောင်ကလေးကျေးရွာတွင် ယမ....
https://ift.tt/ShAMwbi
👍4🔥1
အနောက်နိုင်ငံများ၏ အန္တရာယ်လျှော့ချရေး အစီအမံများကြောင့် တရုတ်တွင် နိုင်ငံခြားရင်းနှီး
အနောက်နိုင်ငံအစိုးရများက အန္တရယ်လျှော့ချရေး အစီအမံများချမှတ်ပြီးနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီများကို .....
https://ift.tt/IBm0tGV
🔥1
စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ်က ရပ်ကွက်များအတွင်း ၀င်ရောက်နေ၍ ပြည်သူများ စိုးရိမ်ထိတ
စစ်ကိုင်းမြို့တွင်၊ စစ်ကောင်စီတပ်သားများက ရပ်ကွက်များထဲအထိ ၀င်ရောက်သောင်းကျန်းနေ၍ ပြည်သူများ စိုးရိမ်ထိ....
https://ift.tt/jMazo2q
🤬6👍2🔥1