မန္တလေးခရိုင် PDF တပ်ရင်း တပ်ဖွဲ့ဝင်များ " ၁၁၁၁ သပြေညို သပိတ်" ဆင်နွှဲ
============
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မန္တလေးခရိုင် PDF တပ်ရင်း ( ၃) ၊( ၄) ၊( ၅) နှင့် ( ၆ ) တို့ပူးပေါင်းဖွဲ့စည်းထားသည့် 'ရွှေပြည်စိုး' မှ PDF များက စစ်အာဏာရှင်ဆန့်ကျင်ရေး သပြေညိုသပိတ်ကိုဆင်နွှဲခဲ့သည်ဟုသိရသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်" ၁၁၁၁" အောင်အတိတ် အောင်နမိတ် သပြေညိုသပိတ်ကို နိုင်ငံအနှံ့ရှိ စစ်အာဏာ ရှင်ဆန့်ကျင်သူများက ဆင်နွှဲနေခြင်းဖြစ်သည်။
"မန္တလေးခရိုင်တပ်ရင်းတွေအနေနဲ့လည်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမူတွေကို အစွမ်းကုန်ပါဝင်ပြီး ပြည်သူနဲ့အတူတူ အောင်ပွဲကိုအောင်သပြေပန်းတွေနဲ့ဆီးကြိုရမယ့်နေ့အထိအသက်စွန့်တိုက်ပွဲဝင်သွားကြပါမည်"ဟု ရွှေပြည်စိုး ကထုတ်ပြန်ထားသည်။
ပုံအညွှန်း- ၁၁၁၁ သပိတ်ဆင်နွှဲနေသည့် ရွှေပြည်စိုး အဖွဲ့ဝင်များ (ဓာတ်ပုံ - ရွှေပြည်စိုး )
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ဓာတ်ပုံသတင်း
# ၁၁၁၁
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10❤1
စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ်က ရပ်ကွက်များအတွင်း ၀င်ရောက်နေ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်
==============
007
(မဇ္စျိမ)။ ။ စစ်ကိုင်းမြို့တွင်၊ စစ်ကောင်စီတပ်သားများက ရပ်ကွက်များထဲအထိ ၀င်ရောက်သောင်းကျန်းနေ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်နေကြကြောင်း ဒေသခံများကပြောသည်။
အဖွဲ့တဖွဲ့လျင်၊ ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအင်အား ၁၀ ယောက် ၀န်းကျင်ခန့်ပါသော စစ်ကောင်စီတပ်က စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များသို့ ညစဉ်ညတိုင်း ၀င်ရောက်သောင်းကျန်းနေခြင်းဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး၊ စကစတွေက ရပ်ကွက်တွေထဲအထိ ၀င်၀င်ပစ်တယ်၊ အဲဒီမှာ လူတွေကကြောက်လန့်ပြီး အပြင်မထွက်ရဲကြတော့ဘူး၊ မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာ နည်းနည်းသွားသွားလာလာရှိတယ်၊ မိုးချုပ်ရင်တော့ ဘယ်သူမှအိမ်အပြင်မထွက်ရဲကြတော့ဘူး” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတဦးကပြောသည်။
“ကျောင်းတွေမှာ ဆရာမတွေပဲရှိတော့တယ်၊ ဘယ်မိဘကမှ ကလေးကို ကျောင်းမပို့ကြတော့ဘူး၊ ညဆိုရင် ၇ နာရီကျော်လောက်ပဲရှိသေးတယ်၊ ရပ်ကွက်ထဲ အကုန်တိတ်ဆိတ်သွားတယ်” ဟု နောက်ထပ် ဒေသခံတဦးကလည်းပြောသည်။
ယနေ့ နို၀င်ဘာ ၁၁ ရက်နေ့တွင် ထွက်ပေါ်လာသည့်သတင်းများအရ၊ စစ်ကိုင်းမြို့အထွက် စစ်ကောင်စီ၏တပ်မ( ၃၃ )အနီး၀န်းကျင်ရှိ နေအိမ်များအား၊ ပြောင်းရွှေ့စေခိုင်းထားကြောင်း သိရပြီး၊ ထိုကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုထံ မဇ္စျိမက ဆက်သွယ်မေးမြန်းကြည့်ရာ “ဒီကိစ္စနဲ့ပတ်သက်ပြီး မပြောလိုသေးဘူး၊ မရွှေ့ခိုင်းရင်တောင် ရွှေ့သင့်ပါတယ်” ဟု ပြန်ဖြေသည်။
စစ်ကိုင်းမြို့ ပျူကန်၊ ကျောက်ဆစ်၊ ဇီးချောင်း၊ ကောင်းမှုတော်အစရှိသည့်၊ စစ်ကိုင်းတပ်မ( ၃၃ )အနီး ၀န်းကျင်ရပ်ကွက်များအား ပြောင်းရွှေ့စေခိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။
“တပ်မ( ၃၃ )နောက်ကျောတွေရော၊ နောက်ပြီးတော့ ရွှေမင်းဝံရပ်ကွက်လည်းပါတယ်၊ ပျူကန်၊ ကျောက်ဆစ်၊ ဇီးချောင်း၊ ကောင်းမှုတော်၊ နောက်ပြီးတော့ ကောင်းမှုတော်ရှေ့လမ်း ဘေးဝဲယာက နေအိမ်တွေလည်းပါတယ်၊ မနေ့ည(နို၀င်ဘာ ၁၀ ရက်)က စရွှေ့ခိုင်းတာ” ဟု အမည်မဖော်လိုသူစစ်ကိုင်းသတင်း ရင်းမြစ်ကပြောသည်။
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တွင်၊ ပြီးခဲ့သည့် နို၀င်ဘာလ ၅ ရက်နေ့က၊ အုန်းတောတိုက်နယ်အတွင်းရှိ အမှတ်(၆၀၀၅)တင့်ကားတပ်နှင့် ကံတလူတိုးဂိတ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အသေအပျောက်ရှိကြောင်း တိုက်ပွဲတွင်ပါ၀င်ခဲ့သည့်တော်လှန်ရေး အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင်၊ နို၀င်ဘာလ ၇ ရက်နေ့တွင်လည်း၊ မာလဲတောကျေးရွာ (တော်လှန်ရေးအင်အားစုများက ပျူရွာဟုသတ်မှတ်ထား) မှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ယာဉ်တစီးနှင့် ဆင်တပ်ကျေးရွာ(ပျူရွာဟုဆို) ထွက်ခွာလာသော စစ်ကောင်စီတပ်၏ယာဉ်တစီးတို့လည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။
အဆိုပါတိုက်ခိုက်ခံရမှုတွင်၊ စစ်ကောင်စီဘက်ကနှစ်ဦးသေပြီး ငါးဦးထက်မနည်းဒဏ်ရာရကြောင်း၊ အလားတူ နို၀င်ဘာလ ၈ ရက်နေ့ကလည်း၊ အုန်းတောတိုက်နယ် ပန်းချီကျေးရွာကို မွှေနှောက်ဖျက်ဆီးပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်၏ယာဉ်နှစ်စီးကို၊ တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး၊ အုန်းတော-ပန်းချီ လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း၊ ထိုတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီဘက်က အထိအခိုက်အသေအဆုံးရှိကြောင်း၊ အဆိုပါတိုက်ခိုက်မှုများအား စစ်ကိုင်းမြို့နယ် ပကဖတပ်ဖွဲ့နှင့် Phoenix(SGG)၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Force၊ Fight For Federal၊ MMUPDF၊ အညာသားလေး(SGG)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၇)နှင့် နယ်မြေခံ ပကဖတပ်ဖွဲ့များကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ သတင်းထုတ်ပြန်ချက်များအရသိရသည်။
စစ်ကိုင်းမြို့တွင်၊ ပြီးခဲ့သည့်အောက်တိုဘာလလယ်ခန့်မှ ယနေ့အထိ၊ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု(ပြည်သူ့ကာကွယ်ရေးတပ်)တို့အကြား၊ တကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည်။
ပုံစာ စစ်ကိုင်းမြို့လယ်ရှိ မြို့မစျေးအား ယနေ့တွေ့ရစဉ်
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကိုင်းမြို့
#တကျော့ပြန်တိုက်ပွဲ

👍10🤬4🔥1
ဘုရားသုံးဆူတွင် ၁၁၁၁ အောင်သပြေသပိတ် ပြုလုပ်
==================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင် ဘုရားသုံးဆူ လူထု အထွေထွေသပိတ်အင်အားစု လူငယ်များ ဦးဆောင်၍ ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် "၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှု" သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
" ရှမ်းမြောက်ဘက်ခြမ်းမှာ ကနေတဲ့ ၁၀၂၇ စစ်ဆင်ရေးတွေကို ထောက်ခံကြိုဆိုကြောင်းနဲ့ ၁၀၂၇ လှုပ်ရှားမှုတွေကနေ မြန်မာတနိုင်ငံလုံးကို အောင်ပွဲတွေ ရသည်အထိ တော်လှန်ရေးအရှိန်မြင့်တင်ကြဖို့ရန်နဲ့ အကြမ်းဖက်စစ်တပ်အောက်မှာ အလုပ်လုပ်နေတဲ့ တပ်မတော်သားများအနေနဲ့လည်း အမြန်ဆုံး ဖက်ဆစ် စစ်တပ် အရိပ်ကို မခိုတော့ဘဲနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြဖို့ အမြန်ဆုံး CDM လုပ်ကြဖို့ ဖိတ်ခေါ်တဲ့ သပိတ်လည်းဖြစ်ပါတယ်" ဟု သပိတ်အင်အားစု ခေါင်းဆောင်တဦးက မဇ္ဈိမကိုပြောသည်။
၁၀၂၇ စစ်ဆင်ရေးများအား ထောက်ခံကြိုဆိုခြင်း၊ အောင်ပွဲဖြင့် ပြန်လာမည့် ရဲဘော်များအား အောင်သပြေဖြင့် ကြိုဆိုခြင်း ၊ စစ်ကောင်စီဝန်ထမ်းများ CDM ပြုလုပ်ရန် လှုံ့ဆော်လိုခြင်း ရည်ရွယ်ချက်ဖြင့် လူထုသပိတ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ- ဘုရားသုံးဆူ လူထုအထွေထွေ သပိတ်အင်အားစု
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# ၁၁၁၁ သပိတ်
# ၁၀၂၇ စစ်ဆင်ရေး

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍9❤2
“မြို့ပြထန်းသီး” ခေါ် လက်လုပ်လက်ပစ်ဗုံးများ KRA ထုတ်လုပ်အောင်မြင်
==============
ကိုခင်မောင်
(မဇ္စျိမ) ။ ။ အင်အားပြင်းသည့် ''မြို့ပြထန်းသီး” ဟုခေါ်သော လက်လုပ် လက်ပစ်ဗုံးများအား ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (Kyaukse Revolution Army -KRA) တာဝန်ရှိသူထံက သိရသည်
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အခြေစိုက် KRA တပ်မှ ထုတ်လုပ်သော ထိုလက်ပစ်ဗုံးများကို စစ်ကောင်စီတပ်အား တိုက်ခိုက်နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ ကျွန်တော်တို့ မြို့ပြထန်းသီးလို့ နာမည်ပေးထားတဲ့ ဗုံးတလုံးဖြစ်ဖို့ဆိုရင် လိုအပ်တဲ့နေရာမှာ လိုအပ်သလိုအချောကိုင်တယ်။ ပေ ၅၀ အတွင်း ပေါက်ကွဲရင် တဖက်ရန်သူ သေစေနိုင်တဲ့အထိ ပြင်းအားရှိတယ် ”ဟု K.R.Aမှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်က ဆိုသည်။
ထိုလက်ပစ်ဗုံးတလုံးအတွက် မြန်မာငွေ ၅၀,၀၀၀ ကျပ် ကုန်ကျပြီး ပြည်သူများ၏ ကူညီထောက်ပံ့မှုဖြင့် အလုံး၂၀ကျော်ကို ယခု နိုဝင်ဘာလအတွင်းထုတ်လုပ်ကာ မစ်ရှင်ဖော်ဆောင်ရာတွင် အသုံးပြုနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နည်းပညာကိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အကူအညီနဲ့ ကျွန်တော်တို့က လက်ပစ်ဗုံးတွေ၊ ကိုး မမ ဆီးမီးအော်တို ပစ္စတိုသေနတ်တွေ လုပ်နည်းကို ပညာသင်ခဲ့တယ်ဗျ။ သူတို့ဆီကနေ ပညာရခဲ့ပါတယ်”ဟု ကိုအောင်က ပြောသည်။
KRA အနေဖြင့် ယခုလက်ရှိအချိန်တွင် Kyaukse District Defense Force (KDDF)နှင့် ပူးပေါင်းကာ မြို့ပြထန်းသီးအပြင် ဆီးမီးအော်တို ပစ္စတိုသေနတ်များကိုလည်း ထုတ်လုပ်လျက်ရှိဟည်ဟု ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။
ထိုသို့ ထုတ်လုပ်မှုများတွင် လိုအပ်သည်များ ဝယ်ယူနိုင်ရ မိဘပြည်သူများအနေဖြင့် ပူးပေါင်းလှူဒါန်းပေးကြရန် KRAက မေတ္တာရပ်ခံထားသည်။
ပုံအညွှန်း- မြို့ပြထန်းသီး ထုတ်လုပ်နေစဥ် (ဓာတ်ပုံ- KRA)
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KRA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==============
ကိုခင်မောင်
(မဇ္စျိမ) ။ ။ အင်အားပြင်းသည့် ''မြို့ပြထန်းသီး” ဟုခေါ်သော လက်လုပ် လက်ပစ်ဗုံးများအား ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (Kyaukse Revolution Army -KRA) တာဝန်ရှိသူထံက သိရသည်
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အခြေစိုက် KRA တပ်မှ ထုတ်လုပ်သော ထိုလက်ပစ်ဗုံးများကို စစ်ကောင်စီတပ်အား တိုက်ခိုက်နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ ကျွန်တော်တို့ မြို့ပြထန်းသီးလို့ နာမည်ပေးထားတဲ့ ဗုံးတလုံးဖြစ်ဖို့ဆိုရင် လိုအပ်တဲ့နေရာမှာ လိုအပ်သလိုအချောကိုင်တယ်။ ပေ ၅၀ အတွင်း ပေါက်ကွဲရင် တဖက်ရန်သူ သေစေနိုင်တဲ့အထိ ပြင်းအားရှိတယ် ”ဟု K.R.Aမှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်က ဆိုသည်။
ထိုလက်ပစ်ဗုံးတလုံးအတွက် မြန်မာငွေ ၅၀,၀၀၀ ကျပ် ကုန်ကျပြီး ပြည်သူများ၏ ကူညီထောက်ပံ့မှုဖြင့် အလုံး၂၀ကျော်ကို ယခု နိုဝင်ဘာလအတွင်းထုတ်လုပ်ကာ မစ်ရှင်ဖော်ဆောင်ရာတွင် အသုံးပြုနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နည်းပညာကိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အကူအညီနဲ့ ကျွန်တော်တို့က လက်ပစ်ဗုံးတွေ၊ ကိုး မမ ဆီးမီးအော်တို ပစ္စတိုသေနတ်တွေ လုပ်နည်းကို ပညာသင်ခဲ့တယ်ဗျ။ သူတို့ဆီကနေ ပညာရခဲ့ပါတယ်”ဟု ကိုအောင်က ပြောသည်။
KRA အနေဖြင့် ယခုလက်ရှိအချိန်တွင် Kyaukse District Defense Force (KDDF)နှင့် ပူးပေါင်းကာ မြို့ပြထန်းသီးအပြင် ဆီးမီးအော်တို ပစ္စတိုသေနတ်များကိုလည်း ထုတ်လုပ်လျက်ရှိဟည်ဟု ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။
ထိုသို့ ထုတ်လုပ်မှုများတွင် လိုအပ်သည်များ ဝယ်ယူနိုင်ရ မိဘပြည်သူများအနေဖြင့် ပူးပေါင်းလှူဒါန်းပေးကြရန် KRAက မေတ္တာရပ်ခံထားသည်။
ပုံအညွှန်း- မြို့ပြထန်းသီး ထုတ်လုပ်နေစဥ် (ဓာတ်ပုံ- KRA)
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KRA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤3👏1
ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) ပွဲပြီးရလဒ်များ
==============
မန်ယူ ၁-၀ လူတန်
အာဆင်နယ် ၃-၁ ဘန်လေ
ခရစ္စတယ်ပဲလေ့စ် ၂-၃ အဲဗာတန်
ဝုလ်ဗ် ၂-၁ စပါး
Photos: EPA/X
#PremierLeague #EPL #Mizzima
==============
မန်ယူ ၁-၀ လူတန်
အာဆင်နယ် ၃-၁ ဘန်လေ
ခရစ္စတယ်ပဲလေ့စ် ၂-၃ အဲဗာတန်
ဝုလ်ဗ် ၂-၁ စပါး
Photos: EPA/X
#PremierLeague #EPL #Mizzima
👍4