Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါ၊ လီဂူဝမ်းတို့ရဲ့ ပွဲစဉ်ရလဒ်များ
================

လာလီဂါပွဲစဉ် (၁၃)
=======

ရီးယဲလ်မက်ဒရစ် ၅-၁ ဗလင်စီယာ

ဗယ်လက်ကာနို ၁-၂ ဂျီရိုနာ

အယ်မယ်ရီယာ ၁-၃ ဆိုစီဒက်

ဂရန်နာဒါ ၁-၁ ဂီတာဖေး

အိုဆာဆူနာ ၁-၁ လက်ပါမားစ်

ဘီဘာအို ၄-၃ ဆဲလ်တာဗီဂို

စီးရီးအေပွဲစဉ် (၁၂)
=========

လက်ချီ ၂-၂ အေစီမီလန်

ဂျူဗင်တပ်စ် ၂-၁ ကာဂလီယာရီ

မွန်ဇာ ၁-၁ တိုရီနို

ဂျီနိုအာ ၁-၀ ဗီရိုနာ

ဆာဆူအိုလို ၂-၂ ဆလာနီတာနာ

ဘွန်ဒစ်လီဂါပွဲစဉ် (၁၁)
=========

ဘိုင်ယန်မြူးနစ် ၄-၂ ဟိုင်ဒင်ဟမ်

မိုချန်ဂလာဘတ် ၄-၀ ဝုလ်ဖ်ဘတ်

စတုဂတ် ၂-၁ ဒေါ့မွန်

ဒမ်းစတက်ဒ် ဝ-၀ မိန့်ဇ်

ဘိုဟုမ် ၁-၁ ကိုလုံး 

အေ့စ်ဘတ် ၁-၁ ဟော်ဖန်ဟင်မ်

ပြင်သစ်လီဂူးပွဲစဉ် (၁၂) 
=======

Reims ဝ-၃ ပီအက်စ်ဂျီ

လူအယ်ဗာ ဝ-၀ မိုနာကို

မောင့်ပယ်လီယာ ဝ-၀ နိုက်စ်

#LaLiga #SerieA #Bundesliga #Ligue1 #Mizzima
👍8🔥1
နိုဝင်ဘာလ ၁၂ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွား...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DLzHeXKDZT_o&h=AT1NQ3UM0sfgicfDhaSKCTmoU945AVeyJyIaROE18XsuFxWqZRwtS8a6LVxiANCGJzvYEZ90t6pywOvJVgR4lIRiAnMrBIrka2ToNHMCNWnsJmqgkxbAkU14lXQaFjn9&s=1
🔥3🥰1
စစ်လေယာဉ်ပျက်ကျမှုနှင့် လေသူရဲ ၂ ဦးထွက်ပြေးလွတ်မြောက်သွားမှု နောက်ဆက်တွဲ (၂)
👍6😁2
စစ်လေယာဉ်ပျက်ကျမှုနှင့် လေသူရဲ ၂ ဦးထွက်ပြေးလွတ်မြောက်သွားမှု နောက်ဆက်တွဲ (၂)
=============

မဇ္ဈိမ ။  ။ကရင်နီပြည်နယ်အတွင်း ယမန်နေ့က ပျက်ကျသွားသော စစ်လေယာဉ်သည် တရုတ်နိုင်ငံထုတ် K-8 အမျိုးအစားဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ 

K-8 သည် လေသူရဲထိုင်ခုံနှစ်ခုပါ လေ့ကျင့်ရေးအပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး မြန်မာစစ်တပ်တွင် ၁၂ စီးအသုံးပြုနေခဲ့သည်ဟု ၂၀၂၂ ခုနှစ် Flight Global ၏ ကမ္ဘာ့လေတပ်များလမ်းညွှန်တွင်ပါရှိသည်။ K-8 ကို စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှစတင်၍ အကြိမ်ပေါင်းများစွာ အသုံးပြုနေခဲ့သည်ကို Myanmar Witness က မှတ်တမ်းတင်ထားသည်။

ယခုသတင်းပေးပို့သည့်အချိန်အထိ လေထီးခုန်ဆင်းသွားသော လေယာဉ်မောင်းနှစ်ဦးကို စစ်ကောင်စီတပ်က အသည်းအသန်ရှာဖွေလျက်ရှိသည်။ 

အခြေအနေကို စောင့်ကြည့်နေသည့် မဇ္ဈိမစစ်မြေပြင်သတင်းထောက်က "မနေ့ညက တညလုံး လေယာဉ်တွေပျံတယ်။ ပြီးတော့ UAV လည်းပျံတယ်။ Fighter jet က ညက ၄၈ ခေါက်လောက်ကျော်မယ်" ဟု သတင်းပေးပို့သည်။

စစ်လေယာဉ်မှာ ပစ်ချခံရ၍ ပျက်ကျခြင်းလား၊ စက်ချို့ယွင်းမှုကြောင့်လားဆိုခြင်းနှင့်ပတ်သက်၍ လတ်တလော ကရင်နီတွင် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ နှစ်ဖက်ပြောကြားချက်များကွဲလွဲနေသည်။
 
KA၊ KNDF၊ KNPLF၊ DMO PDF၊ Loikaw PDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ မြို့ပြပြောက်ကျားတပ်နှင့် ရှမ်းတောင် PDF တို့ပါဝင်သော ကရင်နီတပ်ပေါင်းစု၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် " စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ် တစီးအား မိမိတို့ KNDF-801 နှင့် KA တို့မှ ပွိုင့်ဖိုက် (0.5) များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံနှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့်အဝေးတနေရာတွင် ပျက်ကျခဲ့ပါသည်။ အဆိုပါလေယာဉ်အတွင်းပါဝင်သူများအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲဖြစ်ပါသည်" ဟု ပါရှိသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) အဖြစ် ယမန်နေ့က ဒီးမောဆိုမြို့နယ် နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းခုနှစ်ခုကို သိမ်းနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်နှစ်စီးသုံးကာ ပစ်ခတ်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟုပါရှိသည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့်မီဒီယာများသို့ပေးပို့သော သတင်းစကားတွင် စစ်လေယာဉ်သည် လေ့ကျင့်ရေးအပေါ့စားတိုက်လေယာဉ်ဖြစ်ပြီး " စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာရှိတယ်။ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးနဲ့ ဆက်သွယ်မှုရရှိပြီးဖြစ်ပါတယ်။"ဟု ထဲ့သွင်းပြောကြားသွားသည်။
 
မဇ္ဈိမ၏ စစ်သတင်းထောက်က "ပေါက်ကွဲသံကြားခဲ့ရတယ်။ ကြားကြားချင်းပဲ (ညနေ) ၄ နာရီ ၄၀ ကျော်ကျော်လောက်မှာ ကျတဲ့တနေရာကို သွားရှာကြည့်တော့ ပိုင်းလော့လို့ယူဆလို့ရတဲ့သူရဲ့ခြေရာကိုတွေ့တယ်။ တောင်ကြောကိုဆင်းပြေးသွားတဲ့သဘောရှိတယ်။ လေထီးခုန်တာ (အရေးပေါ်ခုန်ဆင်းတာ) နှစ်ယောက်ခုန်တယ်။ တယောက်က ဆန့်ကျင်ဘက်လားရာဘက်ကိုကျသွားတယ်။" ဟု ပြောသည်။

 အခင်းဖြစ်ပွားပြီးမကြာမီပင် စစ်ကောင်စီတပ်ရဟတ်ယာဉ်များ၊ ကင်းထောက်ဒရုန်းများ အဆက်မပြတ်ပျံသန်းကာလိုက်လံရှာဖွေခဲ့သလို ပစ်ခတ်မှုများလည်းအကြိမ်ပေါင်းများစွာလုပ်နေခဲ့သည်။ အခင်းဖြစ်ပြီးချိန်မှစ၍ ညအချိန်အတွင်း လေယာဉ်ပျံသန်းမှု အကြိမ် ၅၀ ခန့်ပျံသန်းခဲ့သည်ဟု သိရသည်။ ယမန်နေ့ညမှစတင်ကာ ဒေသတွင်း တယ်လီဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်မှုမကြာခဏဖြစ်နေသည်။

ဓာတ်ပုံ (၁)- Myanmar Witness က ပုံဖော်ပြထားသော K-8 အမျိုးအစား အပေါ့စားတိုက်လေယာဉ်

ဓာတ်ပုံ (၂)- တိုက်လေယာဉ်မပျက်ကျမီ မဇ္ဈိမစစ်မြေပြင်သတင်းထောက်မှတ်တမ်းတင်လိုက်နိုင်ခဲ့သောပုံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30😁4❤2🤣1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FohpG8G07aEw&h=AT25zhAxUTYnIsOnunatKUZRe361gFjHDQMVTnTVr8ckV_90MUhlFF3GZHRnc6KFxlTza21QBVVqJ4KQjfwfX_i0uDZ09d2LfNvKtTSnRP7ZTWfTDWT5SL4wFQHfZ8-l&s=1
🤮2👍1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FohpG8G07aEw&h=AT1O6ddnvMz9dn40GzB5VG2tbmX50-V_BUfYPHPnMxzsnMaGtfnE0Tg3gt-8O1aiqI4dcL0Qp24NbIShdyrK3IKE7_XllFLJUOL5-zHcFciyo99BkRKEz8dV55RiBAAV&s=1
🤮2👍1
​​စစ်ကောင်စီ၏ ကျားဘီလူးစစ်ကြောင်း ဒရုန်းဖြင့် ဗုံးချတိုက်ခံရ
================

ပါခွီး

(မဇ္စျိမ)။  ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာတွင် စစ်ကောင်စီ၏ ကျားဘီးလူးစစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၂)မှ နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထား သည်။

အင်အား ၇၀ ဦးခန့်ဖြင့် မုတ်စီကျေးရွာအနီးတွင် တပ်ဖြန့်ထားသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားရှစ်ဦးထိခိုက်ခဲ့ပြီး ရေဦးမြို့သို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေ သေမသေ အတည်မပြုနိုင်သေးပါဘူး။ သူတို့ကို ရေဦးသယ်သွား တယ်ဆိုတာကိုတော့ အတည်ပြုထားနိုင်ပါတယ်”ဟု စစ်ကိုင်းခရိုင်တပ်ရင်း(၂) တာဝန်ခံက မဇ္စျိမကိုပြော သည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂)၊ Ghost Team Ranger Myinmu ( GTR MMU)၊ ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်းနှင့် ရေဦး LPDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျားဘီလူးစစ်ကြောင်းသည် စစ်ကိုင်းတိုင်းအတွင်း၌ ပုလဲ၊ ယင်းမာပင်၊ ဒီပဲယင်း၊ ရေဦးစသည့်မြို့ နယ်အတွင်းမှ ကျေးရွာများကို ရွာစဥ်ပတ်စစ်ကြောင်းထိုးကာ အရပ်သားများကို ခေါင်းဖြတ်သတ်နေသည့် စစ်ကြောင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့ကလည်း ရေဦးမြို့ တိုင်းရင်းဆေးရုံ၊ ရွှေကျီးမင်းဂိတ်၊ ဂါဝီဂိတ်တို့၌ အထိုင်ချထား သောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကိုင်းခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂)၊ Ghost Team Ranger Myinmu (GTR MMU) ၊ ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း ၊ Federal Wings တို့မှ ဒရုန်းဖြင့် ဗုံသီး ၂၄ လုံးချတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ရေဦးမြို့
#ကျားဘီလူးစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁6👏3❤1🤣1
ကနီမြို့နယ်တွင် ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှုပြုလုပ်
===============

လွှမ်းမိုး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှ ကျေးရွာတခုတွင် ၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သပိတ်စီစဉ်သူများထံမှ သိရသည်။

“ တပ်ပေါင်းစုနှင့် စစ်အနိုင်တိုက်ကြ” ၊ “ဖက်ဆစ်ကျွန်ဘဝမှ လွတ်လပ်ရေးသို့” စာတန်းများ ကိုင်ဆောင် ကာ လူထုအင်အား ၁,၀၀၀ ခန့်ဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ့သည့် အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အောင်သပြေပန်းတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်း ပြသခဲ့တာပါ။ ဖက်ဆစ်တပ်ကို တိုက်ခိုက်နေတဲ့ ရဲဘော်အားလုံး ဘေးကင်းဖို့လည်း ဆုတောင်းခဲ့ကြတယ်” ဟု လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတဦးက ဆိုသည်။

အဆိုပါ ၁၁၁၁ အောင်သပြေလှုပ်ရှားမှုအစီအစဉ်တွင် ကျောက်လုံးကြီးဆရာတော်၊ BLDF မှ ရဲဘော်ဖယား၊ ယင်းမာပင်ခရိုင် ပ.က.ဖ မှ ဦးထွန်းထွန်းဝင်း၊ ရတနာပုံကျောင်းသားများသမဂ္ဂ ရဲဘော်တဦးနှင့် အမျိုးသမီး အင်အားစုမှ မအေးမြင့်အောင်အောင်တို့မှ လူထုစည်းရုံးရေး တရားဟောပြောခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#အောင်သပြေလူထုလှုပ်ရှားမှ
👍12❤2🔥1😁1