ပျက်ကျသွားသော တိုက်လေယာဉ်ပေါ်ပါပစ္စည်းများ PDF နေပြည်တော်တိုင်းစစ်ဌာနချုပ်တပ်ရင်းများ သိမ်းဆည်းရမိ
==========
မဇ္ဈိမ။ ။ပျက်ကျသွားသော စစ်ကောင်စီ တိုက်လေယာဉ်မှပစ္စည်းများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)က သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ ယနေ့တွင် ထုတ်ပြန်လာသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်း စစ်ဌာနတပ်ရင်းများက သိမ်းဆည်းရမိသည့် ယမန်နေ့ ညနေက ကရင်နီပြည်နယ်အတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပစ်ချလိုက်သည်ဟုဆိုသည့် K-8 အမျိုးအစား အပေါ့စားတိုက်လေယာဉ်၏ ကျန်ရှိပစ္စည်းများစာရင်းတွင် လေထီးတစုံ၊ စကားပြောစက်ကြီး တလုံး၊ လက်ကိုင်စကားပြောစက်တခု၊ ကယ်ဆယ်ရေးလေထိုးလှေငယ်တစင်း၊ အသက်ရှုအောက်ဆီဂျင် စက်တစုံ၊ လေသူရဲဆောင်းဦးထုတ်တလုံး၊ လေယာဉ်မှူးထိုင်ခုံတပိုင်းနှင့် ဆေးဝါးများဓာတ်စာများ ပါရှိ သည်ဟု သိရသည်။
တိုက်ပွဲများဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်မှတိုက်လေယာဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေသူရဲ နှစ်ဦး အရေးပေါ်လေထီးဖြင့်ခုန်ချခဲ့ကြရာ တဦးမှာကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်းကျသွားခဲ့ပြီး ကျန်တဦးသည် အခြားဒေသတွင် ကျရောက်သွားခဲ့သည်။
လက်ရှိအချိန်အထိ လေသူရဲများကို နှစ်ဘက်တပ်များက လိုက်လံရှာဖွေနေဆဲဖြစ်သည်။

👍14👏1
လောင်းလုံး "၁၁၁၁ " အောင်သပြေ လူထုလှုပ်ရှားမှု ပြည်သူ ထောင်နှင့်ချီ ပါဝင်
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် "၁၁၁၁...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fvcg9e8SK84c&h=AT0tmreduo6HT9f8eCxBBRJlLpkqkDgcfhjIpvLJg9XGriLmdwALr_8doW1CX0b9OYkD3v8vuEin6X5n-3wm9T_U2mqcxrTIbG9XCxj_gWZcEqxGaqMC9NMcNW_KLC32&s=1

အယ်လ်ဘေးနီးယားမှာ ပွဲအတွင်း ဂါနာဘောလုံးသမား ဒွမ်မာနာ သေဆုံး
===================
By PKThawn
ဂါနာတိုက်စစ်မှူးဟောင်း ရာဖေးလ် ဒွမ်မာနာဟာ အက်နီရှားနဲ့ ပါတီဇာနီအသင်းတို့ရဲ့ အယ်လ်ဘေးနီးယားလိဂ်ပွဲစဉ်အတွင်း နှလုံးရောဂါခံစားရပြီးနောက် စနေနေ့က သေဆုံးခဲ့ကြောင်း အယ်လ်ဘေးနီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ကွင်းထဲမှာ ဆေးဝန်ထမ်းတွေက သူ့ကို ဆေးရုံကို အမြန်ပို့ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံမှာ သူဟာ အသက် ၂၈ နှစ်မှာ သေဆုံးခဲ့တယ်”လို့ အဖွဲ့ချုပ်က ပြောပါတယ်။
ဒွမ်မာနာဟာ ဂါနာလက်ရွေးစင်အသင်းအတွက် ရှစ်ပွဲကစားပေးခဲ့ပြီး တချိန်က နိုင်ငံ့တက်သစ်စကြယ်ပွင့်တွေထဲမှ တဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း သူ့ရဲ့ ကစားသမားဘဝတလျှောက်မှာ နှလုံးနဲ့ပတ်သက်လို့ ပြဿနာများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။
တိုက်စစ်ကစားသမားဟာ ဒီကျန်းမာရေးပြဿနာတွေကြောင့် ၂၀၁၇ မှာ ဘရိုက်တန်သို့ မပြောင်းရွှေ့နိုင်ဘဲ နောက်ဆုံးမှာ သူဟာ စပိန်သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
လေးနှစ်အကြာမှာ ဂါနာကစားသမားဟာ သူ့ရဲ့ကလပ် Blau-Weiss Linz နဲ့ Hartberg တို့ရဲ့ သြစတြီးယားမှာ ဖလားပြိုင်ပွဲတခုအတွင်း ပြိုလဲကျခဲ့ပေမယ့်လည်း ပြန်လည်ကောင်းမွန်လာပြီး သူ့ရဲ့ကစားသမားဘဝကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
အခုလိုမလဲကျခင် ဒွမ်မာနာဟာ ၂၀၂၀ မှာ နှလုံးခွဲစိတ်မှုကို ခံယူခဲ့ပြီး သူ့ကို ဘောလုံးကစားခွင့်ရဖို့ ရည်ရွယ်ထားတဲ့ အလိုအလျောက်နှလုံးနိုးစက်ကို အစားထိုးထည့်သွင်းထားခဲ့ပါတယ်။
ဒီခွဲစိတ်မှုအပြီး ၂၀၂၃ ဇန်နဝါရီလမှာ အယ်လ်ဘေးနီးယား ကလပ် အက်နီရှားကို မပြောင်းခင်မှာအသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ဒိန်းမတ်၊ သြစတြီးယားနဲ့ ဆွစ်ဇာလန်လိဂ်တွေမှာ ကစားခဲ့ပါတယ်။
ဒွမ်မာနာဟာ ဒီရာသီ အယ်လ်ဘေးနီးယားလိဂ်မှာ ကိုးဂိုးသွင်းပြီး လက်ရှိဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။
ဆွဇ်ဇာလန်ကလပ် ဇူးရစ်အသင်းဟာ သူ့တို့ရဲ့ဝဘ်ဆိုက်တွင် ဒွမ်မာနာရဲ့ အဖြူအမည်းဓာတ်ပုံကို တင်ခဲ့ပြီး သူတို့ရဲ့ကစားသမားဟောင်းကို အရိုအသေပေးကာ "အေးချမ်းစွာအနားယူပါ ရာဖေးလ် ဒွမ်မာနာ၊ မင်းဟာ အမြဲတမ်း ငါတို့ထဲက တစ်ယောက်ဖြစ်မှာပါ!"
ဒွမ်မာနာကို အမှတ်ရစေဖို့ အယ်လ်ဘေးနီးယားအဖွဲ့ချုပ်ဟာ လိဂ်ပွဲစဉ်အားလုံးကို ရွှေ့ဆိုင်းဖို့ စနေနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
အယ်လ်ဘေးနီးယားဘောလုံးလေ့လာသုံးသပ်သူ အင်ဒီ တူဖာက ဒွမ်မာနာနဲ့ ပတ်သက်ပြီး "သူဟာ ဘောလုံးအတွက် အသက်ရှင်ခဲ့တယ်"လို့ ပြောပါတယ်။
(AFP)
#dwamena #heartattack #ဒွမ်မာနာ #Mizzima

👍3
မလေးရှားတွင် မြန်မာ ၁ ဦး ကျားကိုက်ခံရပြီး သေဆုံး
မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ် ဂွာမူဆန်မြို့ ရော်ဘာစိုက်ခင်းတခုတွင် နိုဝင်ဘာ ၁၁ ရက်က မြန်မာအမျိုးသားတဦ.....
https://ift.tt/SXxLoVI

ရန်ကုန် စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူသူ များပြား
===============
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းများတွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်၌ စက်သုံးဆီကို အကန့်အသတ်ဖြင့်သာရောင်းချနေပြီး တန်းစီဝယ်ယူသူ များပြားနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းက စတင်ပြီး ဓာတ်ဆီ 92 နှင့် 95 ပြတ်လပ်၍ စက်သုံးဆီဆိုင်အချို့ပိတ်ထားရာမှ ယနေ့တွင် ပြန်လည်ရောင်းချနေကြကြောင်း ယာဥ်ပိုင်ရှင်များထံက သိရသည်။
‘’ မနေ့ကဆိုရင် မနက်ထဲက တနေကုန် အခုချိန်ထိ လမ်းတွေပိတ်၊ ကားတွေကလည်း တန်းစီနေကြတယ်။ ဓါတ်ဆီဆိုင်တွေ လိုက်ရှာကြတာ။ စမ်းချောင်းထဲက ဆိုင်တွေဆိုရင် 92 နဲ့ 95 တွေက ဝယ်မရဘူး။ ဆိုင်တွေကလည်း မရဘူး ဆိုတာပဲ ။ တချို့ရတဲ့ဆိုင်တွေကြတော့လည်း ကားတစီးကို နှစ်သောင်းဖိုးထက်ပိုမရောင်းပေးကြဘူး။ ဒီနေ့တော့ မနက်ထဲကပြန်ရောင်းပေးတယ်။ ဒါပေမဲ့ ကားတန်းတွေကတော့ တော်တော်များတယ်။ နေ့လယ်ဆိုရင်တောင် ရပါ့မလား မသိတော့ဘူး’’ ဟု တက္ကစီယာဉ်မောင်း တဦးကဆိုသည်။
မြေပြင်တွင် ပြည်သူများ စက်သုံးဆီကို အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရသော်လည်း စစ်ကောင်စီအနေဖြင့် စက်သုံးဆီ တလစာ အရန်ရှိစေရန် စီစဥ်ဆောင်ရွက်နေပြီး ပြည်တွင်းတွင် 92 ဂါလံ ၁၃ သန်းကျော်၊ ဒီဇယ် ဂါလန် သန်း ၃၀ ကျော် အရန်ရှိကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများကို ပြောသည်။
မြောက်ဥက္ကလာမြို့နယ် အဝိုင်းကြီးမှတ်တိုင်နားရှိ Denko စက်သုံးဆီဆိုင်တွင် စောင့်ဆိုင်းနေသည့် ကားတန်းသည် မေဓါဝီလမ်းဆုံအနားထိရှိနေပြီး သုနန္ဒာလမ်းဆုံးရှိ Moon Sun စက်သုံးဆီဆိုင်တွင် ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းသည် ဝဇီယာမှတ်တိုင်အကျော်ထိရှိနေသည်။ မြောက်ဥက္ကလာအဝိုင်းကြီးနားရှိ YP စက်သုံးဆီဆိုင်တွင် ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းသည် မြောက်ဒဂုံတံတားအနားထိ ရောက်နေသည်ကို တွေ့ရှိနေရသည်။
" ဆီဈေးက ကျမယ်လုပ်လိုက်ရင် သူတို့က ထုတ်မရောင်းကြတော့ဘူး ။ ပိတ်လှောင်ထားလိုက်တဲ့ သဘောပေါ့။ အဲ့ဒီလိုဆိုတော့ ဆီဈေးက တက်ပြီ။ ဆီဈေးလည်းတက်ရော အကန့်အသတ်နဲ့ရောင်းပေးတာမျိုး လုပ်ကုန်ရော။ လူတွေက တန်းစီဝယ်ရရော။ အချိန်ကုန်တယ်လေနော်။ ဒီနေ့ဆိုလည်း အဝိုင်းနားက ဆိုင်မှာ တော်တော်စောင့်ရတယ်။ အခုထိလည်း စောင့်ရတုန်းပဲ" ဟု မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ယနေ့ နေ့လယ် ၁၂ နာရီတွင် ပြောသည်။
တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တာမွေ၊ မြောက်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာဒုံ၊ ထောက်ကြံ့ မြို့နယ်တို့ရှိ ဆီဆိုင်အချို့တွင် 92၊ 95 ဆီများ ပြတ်လပ်နေသည့်အတွက် ထိုစက်သုံးဆီများ ရရှိနိုင်သည့် ဆိုင်များတွင် တန်းစီဝယ်ယူသူများပြားနေခြင်းဖြစ်ကြောင်း ယာဥ်မောင်းတဦးက ပြောသည်။
" သီလဝါကနေ ဆီဆိုင်တွေ အပြည့်အဝ ထုတ်ခွင့်မရဘူး။ အဓိကက စကစက ဆီဈေး ကစားတဲ့ပုံစံပါပဲ။ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပြီ" အသေးစား စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်သည်။
ယနေ့ထုတ် စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖော်ပြထားသည့် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ 92 တလီတာ ၂,၀၆၀ ကျပ်၊ 95 တလီတာ ၂,၁၆၀ ကျပ်၊ ဒီဇယ်တလီတာ ၂,၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂,၃၂၀ ကျပ်တို့ဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
https://youtu.be/50l8Bx2xMCk?si=Njt2CvE-p7F07dgy
#Mizzima
#စက်သုံးဆီ
ရုပ်သံ အညွှန်း - မြောက်ဥက္ကလာမြို့နယ်ထဲတွ င်စက်သုံးဆီ ဝယ်ယူရန် တန်းစီနေသည့် ယာဉ်တန်းများ ( ဗီဒီယို- CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ရန်ကုန် စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူသူ များပြား
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းများတွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်၌ စက်သုံးဆီကို အကန့်အသတ်ဖြင့်သာရောင်းချနေပြီး တန်းစီဝယ်ယူသူ များပြားနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းက စတင်ပြီး ဓာတ်ဆီ 92 နှင့် 95 ပြတ်လပ်၍ စက်သုံ…

👍13🔥2
မလေးရှားတွင် မြန်မာ ၁ ဦး ကျားကိုက်ခံရပြီး သေဆုံး
=======================
“အလောင်း ခွဲစိတ်စစ်ဆေးမှုရလဒ်တွေအရ သူ သေဆုံးရတာက ကျားကိုက်ခံရတာကြောင့် ခေါင်းမှာ ပြင်းထန်ဒဏ်ရာတွေ ရလို့ သေဆုံးတာလို့ ပြသနေတယ်” ဟု ဆစ်ခ်က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
“အလောင်း ခွဲစိတ်စစ်ဆေးမှုရလဒ်တွေအရ သူ သေဆုံးရတာက ကျားကိုက်ခံရတာကြောင့် ခေါင်းမှာ ပြင်းထန်ဒဏ်ရာတွေ ရလို့ သေဆုံးတာလို့ ပြသနေတယ်” ဟု ဆစ်ခ်က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5
ပုလဲမြို့နယ် အေးကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် တမိုင်ခန့်အကွာရှိ အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ လ ၁၂ ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အိမ်ခြေ ၈၀ ခန့်ရှိသည့် အေးကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင် ရောက်ကာ မီးရှို့ဖျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ရွာရဲ့ နေရာသုံးခုလောက်ကို မီးတင်ရှို့သွားတာဖြစ်ပါတယ်။ မီးအားကောင်းကောင်းနဲ့ လောင်သွားတာ အချိန်တနာရီကျော်မယ်ဗျ။ အခုတော့ ငြှိမ်းလို့ရသလောက် ငြှိမ်းနေတယ်။ မီးလောင်အိမ်ခြေကတော့ ၆၀ လောက်ရှိမယ် ဟု” လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတဦးက ပြောကြားသည်။
အေးကုန်းကျေးရွာမှ စစ်ရှောင်များအနေဖြင့် ရွာကိုမီးရှို့ခံရသည့်အတွက် အိမ်ပြန်ရန်အရေး စိတ်ပူနေရ ကြောင်း ဆိုသည်။
“မီးလောင်တဲ့အိမ်ခြေက တော်တော်များတယ်လို့ပဲ သိရသေးတယ်။ စစ်သားတွေရဲ့ မိုင်းတွေဘာတွေ ကြောက်တော့ ပြန်မရသေးဘူး။ ဘယ်သူ့အိမ်တွေပါသွားတယ်ဆိုတာမသိရတော့ ပြန်ရင် နေစရာအိမ်ရှိပါ့ မလားဆိုတဲ့အတွေးနဲ့ ရင်တမမနဲ့ စိတ်ပူနေရတယ်” ဟု စစ်ရှောင်အမျိုးသမီးတဦးက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းသည် ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိပြီး ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်း တပ်ဖွဲ့ဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဂျရတ်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားရာတွင် သေဆုံးမှုများရှိခဲ့သည့်အတွက် အေးကုန်းကျေးရွာကို မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းများကြောင့် ပုလဲမြို့နယ်ရှိ အေးကုန်း၊ ကြိုးကြာဥ၊ ကျေးနင်း၊ သဲတော၊ သဲကြီး၊ အောင်ပန်းစသောကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်

🤬12👍3
လောက်ကိုင်မြို့အထွက်မှာ ပိတ်မိနေသူတွေ ဘာတွေကြုံနေရလဲ
ရွှေနွယ် (မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း ...
https://www.youtube.com/watch?v=f7KIFqcyaMQ

ရွှေနွယ် (မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နဲ့ ချင်းရွှေဟော်မြို့ကြားက ပါစင်ကျော်ကျေးရွာ အနီးမှာပိတ်မိနေသူတွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ကိုယ် တိုင်ကြုံတွေ့ခဲ့ရသူတွေထံက သိရပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့…
နိုဝင်ဘာလ ၁၁ ရက်နေ့…
❤1
နွားထိုးကြီး-မြင်းခြံတိုက်ပွဲအပြီး အသက် ၃ နှစ်အရွယ်ကလေး အပါအဝင် ဒေသခံ ၇ ဦးကို စစ်ကောင်စီသတ်ဖြတ်
============
ဓါတု
(မဇ္ဈိမ)။ ။ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ် အစပ်ရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး အသက် သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
နိုဝင်ဘာလ ၁၀ ရက်က နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းကျေးရွာ( အနောက်ရွာ) ဒေသခံ ဦးမြင့်အောင် (အသက် ၅၀)ခန့် ၏ အလောင်းကို ရွာရှိ ရေတွင်းတခု အနားတွင် တွေ့ရှိရပြီး နိုဝင်ဘာလ ၇ ရက်က နွားထိုးကြီးမြို့နယ်နှင့် ၁၀ မိုင်ကျော်ဝေးသည့် မြင်းခြံမြို့အပိုင် ပျားကျေးရွာမှ သုံးနှစ်အရွယ်ကလေးငယ် တဦး အပါအဝင် ဒေသခံ ခြောက်ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံများထံက သည်။
"များသောအားဖြင့် စစ်သားတွေနဲ့ မတွေ့ချင်လို့ ရွာသားတွေက သူ့နည်းနဲ့သူရှောင်ကြတာ ။ သူတို့မလာလောက်တဲ့လမ်းကို ပတ်ပြေးတော့ သူက( ဦးမြင့်အောင်) ကံဆိုးချင်တော့တည့်တည့် တိုးတာ ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ နောက်နေ့မနက်ကျ အလောင်းကိုတွေ့တယ်။ အပြစ်မဲ့ပြည်သူ အသတ်ခံရတာဒီရက်ထဲသူအပါအဝင် ခုနစ်ယောက်ရှိပြီ။ ရွာလုံးကျွတ်နီးပါးရှောင်နေရတယ်" ဟု နွားထိုးကြီးမြို့မှ ဒေသခံတက်ကြွလှုပ်ရှားသူတဦးက မဇ္စျိမကိုပြောသည်။
ဦးမြင့်အောင် ၏ ငွေကျပ် သိန်း ၃၀ နှင့် ရွှေထည်ပစ္စည်းများကို စစ်ကောင်စီတပ်က ယူဆောင်သွားပြီး ၎င်းသည် ကုန်တင်ယာဥ်မောင်း တဦးဖြစ်ကာ နေရပ်ခေတ္တပြန်လာစဥ် တိုက်ပွဲကြောင့် တိမ်းရှောင်ရာမှာ စစ်ကောင်စီတပ်နှင့် တိုးမိခြင်းဖြစ်ကြောင်း ခံစပ်ကုန်းကျေးရွာ ဒေသခံက ဆိုသည်။
ပျားကျေးရွာမှ သေဆုံးသူ ခြောက်ဦးတွင် သုံးနှစ်အရွယ် ကလေးငယ်များမှ အပ ကျန်ငါးဦးမှာ PDFအဖွဲ့ဝင်များဟု စွပ်စွဲကာ စစ်ကောင်စီက သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောာင်းများကို နွားချေးပုံအောက် မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ထိုရုပ်အလောင်းများနှင့်အတူ လက်လုပ်သေနတ်များကိုလည်း ထားခဲ့ကြောင်း ဒေသခံတဦးက ဆိုသည်။
၎င်းသေဆုံးသူများမှာ မောင်ထက်မြတ်အောင်၊ ကိုကျော်မင်းသန့်၊ မောင်ပြည့်ဖြိုး၊ ကိုရဲဝင်းနှင့် ကိုဂျစ်တူးဖြစ်ပြီး မောင်ထက်မြတ်အောင်သည် အသက် ၁၅ နှစ်သာရှိသေးကြောင်းသိရသည်။
ယင်းဖြစ်စဥ်တွင် အလောင်းများနှင့်အတူမြှုပ်နှံခံရသည့် လက်လုပ်သေနတ်များသည့် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့ က မကွေးတိုင်း၊ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ကာကွယ်ရေးတပ်စခန်းနှစ်ခု စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏စီးနင်း တိုက်ခိုက်ခံရစဥ်တွင် သိမ်းဆည်းခံလိုက်ရသည့် လက်လုပ်သေနတ်များဖြစ်ကြောင်းမြင်းခြံမြို့နယ်ပကဖအဖွဲ့မှတာဝန်ရှိသူတဦးကမဇ္စျိမကိုရှင်းပြပြောကြားသည်။
"အမှန်ကအရင်လက ကျွန်းညိုတို့ဘက်က PDF စခန်းတွေကနေ သိမ်းလာတဲ့ လက်လုပ်သေနတ်တွေကို ယူလာပြီး အခုပျားရွာမှာ အသတ်ခံရတဲ့သူတွေကို စွပ်စွဲတဲ့ပုံစံမျိူး ဝါဒဖြန့်တာပေါ့ ။ သူတို့အလောင်းတွေနား သူတို့ကို PDF ပုံစံဆွဲသွင်းချင်လို့တမင်ထားခဲ့တာ။ ခုသတ်ခံရသူတွေမှာ PDF တွေမပါဘူး "ဟု၎င်းကပြောသည်။
သေဆုံးသူ အသက်သုံးနှစ်အရွယ် မရွှန်းလဲ့ချိုမှာ မိခင်နှင့်အတူ သေနတ်ပစ်ခံခဲ့ရခြင်းဖြစ်သော်လည်း မိခင်ဖြစ်သူမှာ အသက်ရှင်ကျန်ရစ်ကြောင်း ပျားကျေးရွာ ဒေသခံ က ဆိုသည်။
လက်ရှိတွင် နွားထိုးကြီး မင်းရွာတွင် စစ်ကောင်စီတပ်က အထိုင်ချထား၍ မင်းရွာ ဒေသခံများအပါအဝင် အနီးရှိ ခံစပ်ကုန်း(အရှေ့၊အနောက်) နှင့် မြင်းခြံမြို့နယ် ပျားကျေးရွာမှ ဒေသခံ ဦးရေ ၅၀၀ ထက်မနည်းထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ကြောင်း ယင်းကျေးရွာခံများ၏အဆိုအရသိရသည်။
နိုဝင်ဘာလ ၇ ရက် နံနက် ၆ နာရီခန့်က ပျားကျေးရွာမြောက်ဘက် ပဲခင်းကြီးကျေးရွာက ထွက်လာသည့် စစ်ကောင်စီအင်အား ၃၀ ကျော်ကို ပူပေါင်းမဟာမိတ်ကာကွယ်ရေးတပ်က စောင့်ကိုတိုက်ခိုက်ခဲ့၍ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်အပြီး စစ်ကောင်စီတပ်က ပျားကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က နိုဝင်ဘာလ ၈ ရက်တွင် ခံစပ်ကုန်အရှေ့ရွာရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ နိုဝင်ဘာလ ၉ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ စစ်ကောင်စီတပ်သားများ သေဆုံးနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။
မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အစပ် တိုက်ပွဲများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခရိုင် PDF တပ်ရင်း သုံးခုနှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက နိုဝင်ဘာလ ၁၀ ရက်ကသတင်းထုတ်ပြန်ထားသည်။
ပုံအညွှန်း- ဒေသခံများ မြှုပ်နှံခံရသည့် နေရာ(ဓာတ်ပုံ- ပေးပို့)
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နွားထိုးကြီး
#မြင်းခြံ
#သတ်ဖြတ်ခံရ

👍10🤬8👏1
စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုများ ရပ်တန့်ရန် ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့အား အရပ်ဘက်အဖွဲ့များတောင်းဆို
==============
မင်းထက်
(မဇ္စျိမ) ။ ။ ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရများအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းများနှင့် ထိတွေ့ဆက်ဆံမှု၊ ပံ့ပိုးပေးနေမှု အားလုံးကို ရပ်တန့်ရန် အရပ်ဘက် အဖွဲ့အစည်း ၄၅၅ ဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တောင်းဆိုကြသည်။
စစ်ကောင်စီက နိုင်ငံတဝန်းလုံးတွင် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်မှုများ ကျူးလွန်နေချိန်တွင် ဖင်လန်နိုင်ငံအစိုးရက CMI Martti Ahtisaari Peace Foundation မှတဆင့် စစ်ကောင်စီ၏ အမည်ခံငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီအား ဖင်လန်နိုင်ငံ၊ ဟယ်စင်ကီမြို့တွင် လျှို့ဝှက်စွာ ဖိတ်ကြားတွေ့ဆုံခဲ့ခြင်း၊ဆွစ်ဇာလန်အစိုးရက Centre for Humanitarian Dialogue၊ Swisspeace တို့နှင့် ပူးတွဲ၍ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဆက်စပ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၁၆ မှ ၁၈ ရက် အထိ နေပြည်တော်တွင် စီစဉ်ကျင်းပခဲ့ခြင်း၊ဆွစ်ဇာလန်နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့က အခြားနိုင်ငံအနည်းငယ်နှင့် ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီ (JMC) ၏ လုပ်ငန်းကော်မတီတခုဖြစ်သော နည်းပညာအထောက်အကူပြု အတွင်းရေးမှူးရုံး (TSC) မှတဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် ကြိုးပမ်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ စာရေးသားပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ မအောင်မြင်သော အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်းမှစ၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့အထိ စစ်ကောင်စီက အနည်းဆုံး ပြည်သူပေါင်း ၄,၁၇၄ ဦးအား သတ်ဖြတ်ထားပြီး၊ လူပေါင်း ၁.၇သန်းကျော်အား အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ကာ ၂၀၂၃ ခုနှစ်၊ မေလမှ ဩဂုတ်လအထိ ကာလတိုတခုအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၇၂ ကြိမ် လုပ်ဆောင်ခဲ့သဖြင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ကာ ၁၆၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် စာသင်ကျောင်းများ၊ ဆေးဘက်ဆိုင်ရာအဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကြောင်း ယင်းတောင်းဆိုချက်တွင် ရေးသားတင်ပြထားသည်။
ယင်းသို့သော အခြေအနေတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့အား ဟယ်စင်ကီမြို့သို့ ဖိတ်ကြားခေါ်ယူခြင်းဖြင့် ဖင်လန်အစိုးရသည် စစ်ကောင်စီအပေါ် ၎င်းတို့၏ အသိအမှတ်ပြုမှု၊ ကြိုဆိုမှုနှင့် ပံ့ပိုးမှုတို့ကို ပြသခဲ့ပြီး ယင်းသို့လုပ် ဆောင်ခြင်းသည် ဒီမိုကရေစီ အခြေခံမူများနှင့် အထူးသဖြင့် မြန်မာပြည်သူလူထုတရပ်လုံး၏ လိုလားတောင့်တချက်များကို လုံးလုံးလျားလျား ဆန့်ကျင်ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ပြီး စစ်ကောင်စီကို ပစ်မှတ်ထားသော နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု များကိုလည်း အဟန့်အတားဖြစ်စေပြီး မြန်မာအရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုပေါင်းများစွာကို ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြည့်အဝဖြင့် ဆက်လက်ကျူးလွန်နိုင်စေရန် စစ်ကောင်စီအား ရဲဆေးတင် တွန်းအားပေးစေခဲ့ကြောင်း ယင်းတောင်းဆိုချက်တွင် ရေးသားထားသည်။
ထို့အပြင် စစ်ကောင်စီ၏ အချည်းနှီး အတုအယောင် NCA ကြိုးပမ်းမှုများကို ဆွစ်ဇာလန်အစိုးရက ပံ့ပိုးကူညီခြင်းသည်လည်း စစ်ကောင်စီအား တရားဝင်ဖြစ်စေမှုကို အထောက်အကူ ဖြစ်စေပြီး မြန်မာပြည်သူလူထုအား စစ်အာဏာရှင်စနစ်အောက် အတင်းအဓမ္မ ပြန်လည်သွတ်သွင်းစေမည့် စစ်ကောင်စီ၏ အညှာတာမဲ့ အကြမ်းဖက်လုပ်ရပ်များကိုလည်း သက်ဆိုးရှည်စေကာJMC နှင့် TSC ကဲ့သို့သော စစ်ကောင်စီက ထိန်းချုပ်ထားသည့် လမ်းကြောင်းများမှတဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခြင်းသည် အမှန်တကယ်လိုအပ်သည့် ပြည်သူများထံ ရောက်ရှိမည်မဟုတ်ဘဲ မြန်မာနိုင်ငံတဝန်း ရှေ့တန်းစစ်မျက်နှာများရှိ လူသားချင်းစာနာမှု အကူအညီပေးအပ်သူများ၊ ပြည်တွင်းနယ်ခံများ ဦးဆောင်သည့် နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေး လမ်းကြောင်းများကဲ့သို့သော အခြားသော ထောက်ပံ့ကူညီရေး လမ်းကြောင်းများကိုလည်း ပိတ်ပင်နှောင့်နှေးစေကြောင်း ယင်းတောင်းဆိုချက်တွင် ရေးသားဖော်ပြထားသည်။

👍14❤1😁1
လွိုင်ကော်အနီးတဝိုက် စစ်ဇုန်အဖြစ်ပြောင်းလဲလာနိုင်သည့်အတွက် နေရာပြောင်းရွှေ့ခိုလှုံနိုင်ရေး အသင့်ပြုလုပ်ထားရန် IEC အသိပေး
================
001
(မဇ္စျိမ)။ ။ လွိုင်ကော်မြို့အနီးတဝိုက်သည် စစ်ဇုန်အဖြစ်ပြောင်းလဲလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ပိုမိုဘေးကင်းလုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့ခိုလှုံနိုင်ရေး အဆင်သင့်ပြုလုပ်ထားကြရန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့ နံနက်ပိုင်းကစပြီး ကရင်နီပြည်အတွင်းရှိ တပ်ပေါင်းစုများနှင့် မဟာမိတ်အဖွဲ့များက ၁၁၁၁ စစ်ဆင်ရေးကို ပူးပေါင်းဖော်ဆောင်ခဲ့ကြပြီး တရက်တည်း ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်း ခုနစ် ခုကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။
လွိုင်ကော်မြို့အနီးတဝိုက်နှင့် ဆက်စပ်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများဖြစ်သည့် ချိကယ်၊ နွားလဝိုး၊ နိုးကိုး၊ ဒေါပေါ်ကလဲနှင့် ကုန်းသာကျေးရွာအုပ်စုတို့အပြင် မိုးဗြဲမြို့တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း IEC က ဆိုသည်။
ထို့ကြောင့် ဒေသခံများအနေဖြင့် တနိုင်တပိုင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြင်ဆင်ထားရှိ၍ ဘေးကင်းလုံခြုံသည့် အရပ်ဒေသများတွင် ပြောင်းရွှေ့ခိုလှုံနိုင်ရန် အဆင်သင့်ပြုလုပ်ထားကြရန်လည်း တိုက်တွန်းထားသည်။
လတ်တလောပြောင်းရွှေ့ရန် အခက်အခဲရှိနေသည့် ပြည်သူများအနေဖြင့်လည်း ပြင်ပသို့ သွားလာလှုပ်ရှားမှု မပြုလုပ်ကြရန်နှင့် နေအိမ်အတွင်းအကာအကွယ်ရှိသည့်နေရာများတွင် လုံခြုံရေးသတိဖြင့် နေထိုင်ကြရန်လည်း ဆိုထားသည်။
ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံစွာပြောင်းရွှေ့နိုင်ရန်အတွက် သက်ဆိုင်ရာတပ်ပေါင်းစုများ၊ မဟာမိတ်အဖွဲ့များနှင့်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း IEC ကအသိပေးထားသည်။
လက်ရှိ ကရင်နီပြည်နယ်တွင် စစ်ရေးအခြေအနေများ ပြန်လည်ပြင်းထန်လာလျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
မိုးဗြဲနှင့် လွိုင်ကော်တကြော တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းလောက်မှာလည်း လွိုင်ကော်မြို့နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ခန့် လာရောက်ပြုလုပ်သွားကြောင်း ဒေသခံတဦးကပြောသည်။ အသေးစိတ်အခြေအနေများကို မဇ္ဈိမ အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
ယမန်နေ့ကမူ စစ်ကောင်စီ၏ အမျိုးအမည်မသိတိုက်လေယာဉ်တစီးကို KNDF နှင့် KA တို့မှ ပွိုင့်ဖိုက်များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး စစ်မြေပြင်နှင့်အဝေးတနေရာတွင် ပျက်ကျခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ လေ့ကျင့်ရေး အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တစီး စက်ချို့ယွင်းပြီးပျက်ကျခဲ့ကြောင်း ပြောဆိုခဲ့သည်။
#Mizzima
#လွိုင်ကော်
#စစ်ဇုန်

👍12😁1
ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှအကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု များပြား
👏3