Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၂ နိုဝင်ဘာ၂၀၂၃)
==============

အမျိုးသားညီညွတ်ရေးအစိုးရ

၁၁၁၁ လေးလုံးအထိမ်းအမှတ်နေ့တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများ ပစ်ချလိုက်သည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်လေယာဥ်သုံး ဆက်စပ်ပစ္စည်းများကို နေပြည်တော် PDFက သိမ်းဆည်းရရှိခဲ့ကြောင်း မျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ (စစ်ရုံးချုပ်)က ဒီနေ့မှာ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြိုနယ်၊ မြစ်သေးချင်းရွာ တောင်ဘက်၊ ဆင်ကန်ရွာ အနောက် ဘက်မှာ PDFများ နယ်မြေလုံခြုံရေး ဆောင်ရွက်စဥ် ရန်သူ့တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး ရန်သူ ၅ဦးသေဆုံး၊ လက်နက်များစွာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်)က ထုတ်ပြန်သည်။

ယနေ့ကျရောက်သည့် ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝလီနေ့ အချိန်အခါ သမယမှာ ပြည်တွင်း၊ ပြည်ပက ဟိန္ဒူဘာသာဝင်များအားလုံးနှင့်အတူ တိုင်းရင်းသားညီနောင်များအားလုံး အမှောင်ကို ခွင်းအလင်းကို ဆောင်နိုင်ပါစေကြောင်း CRPH က ဆုတောင်းမေတ္တာ ပို့သလိုက် ထားသည်။

နိုင်ငံတကာ အစိုးရများအနေဖြင့် မကြာခင် ကျရှုံးတော့မည့် စစ်အုပ်စု၏အခြေအနေမှန်ကို သိမြင်သဘောပေါက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ကို နိုဝင်ဘာလ ၁၁ ရက် မနက်အစော ၅ နာရီခန့်ကစပြီး စစ်ကောင်စီတပ်က မြေပြင်ရော လေကြောင်းနှင့်ပါ ပြန်လည်တိုက်ခိုက်နေတာကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် တမိုင်ခန့်အကွာရှိ အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ လ ၁၂ ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ပြည်သူ့ အခြေပြု ကျောင်းတခုတွင် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်း၌ "၁၁၁၁" အောင်သပြေ ကပ်လှူ ဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမ များထံက သိရပါသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှ ကျေးရွာတခုတွင် ၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သပိတ်စီစဉ်သူများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာတွင် စစ်ကောင်စီ၏ ကျားဘီးလူးစစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၂)မှ နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထား သည်။

ထီးချိုင့်မြို့​ပေါ်တိုက်ပွဲ ခြောက်ရက်​မြောက်​နေ့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူမှုများသလို စစ်သုံ့ပန်အချို့ကို ​တော်လှန်​ရေးအဖွဲ့များက ဖမ်းမိထားကြောင်း သတင်းရရှိသည်။

ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရများအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းများနှင့် ထိတွေ့ဆက်ဆံမှု၊ ပံ့ပိုးပေးနေမှု အားလုံးကို ရပ်တန့်ရန် အရပ်ဘက် အဖွဲ့အစည်း ၄၅၅ ဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တောင်းဆိုကြသည်။

နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ် အစပ်ရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး အသက် သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် "၁၁၁၁" အောင်သပြေ လူထုလှုပ်ရှားမှုတွင် ပြည်သူလူထု ထောင်နှင့်ချီ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ဦးဆောင် လှုပ်ရှားသူများထံက သိရ သည်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင် ဘုရားသုံးဆူ လူထု အထွေထွေသပိတ်အင်အားစု လူငယ်များ ဦးဆောင်၍ နိုဝင်ဘာလ ၁၁ ရက်တွင် "၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှု" သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းများတွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်၌ စက်သုံးဆီကို အကန့် အသတ်ဖြင့်သာရောင်းချနေပြီး တန်းစီဝယ်ယူသူ များပြားနေကြောင်း သိရသည်။

ရန်ကုန်မြို့ တစ်နေရာတွင် ဗကသကျောင်းသားလူငယ်များက ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (နိုဝင်ဘာ ၁၂) နံနက်က ပြုလုပ်ခဲ့သည်။

အင်အားပြင်းသည့် ''မြို့ပြထန်းသီး” ဟုခေါ်သော လက်လုပ် လက်ပစ်ဗုံးများအား ထုတ်လုပ်နိုင်ခဲ့ ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (Kyaukse Revolution Army -KRA) တာဝန်ရှိသူထံက သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားကျေးရွာ၌ ဒေသခံပြည်သူများအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ တပ်အား လိုက်လံတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း နွားထိုးကြီး PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
👍22❤5🔥1
ပြည်ပခရီးသွားမဝင်၍ အင်းဝမှမြင်းလှည်းသမားများ မြင်းရောင်းချပြီး စားသောက်နေရ
😢6🤣3👍1😁1
ပြည်ပခရီးသွားမဝင်၍ အင်းဝမှမြင်းလှည်းသမားများ မြင်းရောင်းချပြီး စားသောက်နေရ
=============

007

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်းသို့ ပြည်ပခရီးသွားဝင်ရောက်မှု မရှိတော့သဖြင့် မြင်းလှည်းဖြင့် အသက်မွေးဝမ်းကြောင်းသူများ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့နေကြရသည်ဟု ဒေသခံများက မဇ္စျိမကိုပြောသည်။

အင်းဝမြို့ဟောင်းအတွင်း မြင်းလှည်းဖြင့်အသက်မွေးဝမ်းကြောင်းကြသူများအနေဖြင့် ပြည်ပခရီးသွားကို အမှီပြုလုပ်ကိုင်စားသောက်နေရခြင်းဖြစ်ပြီး သုံးနှစ်ကျော်ခန့် ခရီးသွားဝင်ရောက်မှုမရှိတော့သည့်နောက် လုပ်ငန်းအပြီးဖြုတ်သိမ်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်ပခရီးသွားမဝင်တာက ကိုဗစ်ကတည်းကစပြီးရေမယ်ဆိုရင် သုံးနှစ်မကတော့ဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်းပြန်ကောင်းလာနိုးနဲ့ စောင့်ခဲ့ကြသေးတယ်၊ အခုပဲ ခရီးသွား တွေအများကြီးဝင်လာတော့မှာလိုလိုနဲ့ သူတို့ဝါဒဖြန့်တာခံရတယ်။ 

အခုတော့ တကယ်ကိုအဆင်မပြေလို့ တော်တော်များများက မြင်းလှည်းတွေ ဖြုတ်သိမ်းလိုက်ကြပြီ။ မြင်းစာဖိုးမတတ်နိုင်တော့ မြင်းတွေပါ ရောင်းစားနေကြရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတဦးကပြောသည်။

အင်းဝမြို့ဟောင်းသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားအများစုမှာ မော်တော်ယာဉ်များ ဖြင့် လာရောက်ခြင်းဖြစ်ပြီး ပြည်ပဧည့်သည်များမှာ မြင်းလှည်းကို အသုံးပြုကြကြောင်း၊ စစ်အာဏာသိမ်း မှုကြောင့် ပြည်ပခရီးသွား ဝင်ရောက်မှုမရှိသလောက်ဖြစ်နေခြင်းကြောင့် မြင်းလှည်းသမားများ အခက် အခဲမျိုးစုံံ ဖြင့်ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဆိုသည်။

“မြင်းလှည်းက စက်တပ်ယာဉ်မဟုတ်ဘူးလေ။ အလုပ်မဖြစ်ရင် ဒီအတိုင်းရပ်ထားလို့မရဘူး၊ မြင်းတွေပါ တော့ မြင်းစာကျွေးရတယ်။ မြင်းလှည်းတွေဖြုတ်သိမ်းကြတော့ မတော်လောဘသမားတွေက စျေးနှိမ်ပြီး ဝယ်ကြတယ်၊ ဒီတော့ မရောင်းဘဲပစ်ထားလိုက်ကြတယ်။ 

မြင်းကျတော့ ပစ်ထားလို့မရဘူး အစာကျွေး ရတယ်။ အစာဖိုးကုန်ကျစရိတ်ရှိတော့ နောက်ဆုံး ကျွေးမထားနိုင်တော့ ရတဲ့စျေးနဲ့ ရောင်းစားရတဲ့ အခြေ အနေဖြစ်ကုန်တာပါပဲ” ဟု နှစ်ပေါင်း ၃၀ ကျော် မြင်းလှည်းဖြင့် လုပ်ကိုင်စားသောက်ခဲ့သည့် ဒေသခံ တဦးက ပြောသည်။

ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိခင်က မြင်းစာတအိတ်လျှင် ၈,၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့သော်လည်း လက် ရှိတွင် ကျပ် ၃၀,၀၀၀ ကျော်ဖြစ်နေ၍ မြင်းလှည်းသမားများ အခက်တွေ့နေကြရခြင်းဖြစ်ကြောင်း ဒေသခံ များကဆိုသည်။

“မြန်မာငွေတန်ဖိုးကျတော့ အရင်က ၇,၀၀၀၊ ၈,၀၀၀ စျေးရှိတဲ့မြင်းစာက အခု ၃၀,၀၀၀ နဲ့အထက် မှာ ဖြစ်နေတယ်။ အဲဒီမှာ မြင်းလှည်းသမားတွေ တောင့်မခံနိုင်ကြတော့ဘဲ မြင်းတွေပါရောင်းချစားသောက် နေရတဲ့အခြေအနေဖြစ်ကုန်တာ။ အခု အင်းဝခရီးသွားအခြေအနေက ပြည်တွင်းကပဲ အဝင်အထွက် ရှိ တော့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံသတင်းရင်းမြစ်က ပြော သည်။

အင်းဝမြို့ဟောင်းအတွင်း ယခင်က မြင်းလှည်းအစီးရေ ၂၀၀ ကျော်နှင့် မြင်းအကောင်ရေ ၂၀၀ ကျော်ရှိခဲ့ သော်လည်း၊ ယခုအခါ မြင်းကောင်ရေတော့ ၃၀ ခန့်သာကျန်တော့ကြောင်း သိရသည်။

အင်းဝမြို့ဟောင်းသည် ကိုဗစ်ကာလမတိုင်မီက နေ့စဉ် ပြည်ပခရီးသွား ၂၀၀ နှင့်အထက် ဝင်ရောက်မှုရှိ ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မြန်မာသတင်း
#ပြည်ပခရီးသွား
#အင်းဝမြို့ဟောင်း

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😢6🔥2❤1
​​သီပေါမြို့နယ်ရှိ ကျင်သီတံတားကို TNLA ထိန်းချုပ်
================

009

လားရှိုး(မဇ္ဈိမ)။  ။ရှမ်းပြည်နယ်‌မြောက်ပိုင်း သီပေါမြို့နယ်ရှိ ကျင်သီတံတား၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ နိုဝင်ဘာလ ၁၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တံတားကို ထိန်းချုပ်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ် များထံမှ သိရသည်။

ကျင်သီတံတားသည် ကျောက်မဲမြို့နှင့် သီပေါမြို့ကြားတွင်ရှိပြီး တံတားစောင့်တပ်စခန်းမှာ စစ်ကောင်စီ တပ်နှင့် ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့် အထိုင်ချတပ်စွဲထားသည့် တပ်စခန်းဖြစ်သည်။

“ကျင်သီတံတားကတပ်စခန်းကို ပလောင်အဖွဲ့ထိန်းလိုက်တာဟုတ်တယ်။ တံတားကိုလည်း ဖောက်ခွဲ လိုက်တယ်။ တိုက်ပွဲကတော့ လောလောဆယ်ငြိမ်နေတယ်” ဟု ကျင်သီရွာနှင့်နီးစပ်သည့် သီပေါမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

လက်ရှိတွင် ကျင်သီတံတားဖျက်ဆီးခံရပြီးနောက် အသွားအလာပြုလုပ်၍ မရတော့ကြောင်း ၎င်းက ဆက် ပြောသည်။

စစ်ကောင်စီတပ်မှ လူအင်အားနှင့်လက်နက်ခဲယမ်းများ စစ်ကူပို့မှုကိုတားဆီးနိုင်ရန် ကျင်သီတံတားကို ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း TNLA စစ်ရေး သတင်းရင်းမြစ်တဦးက ဆိုသည်။

စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေမှုကြောင့် သီပေါမြို့တွင် မြို့မဈေးနှင့် ဈေးဆိုင်များ ပိတ်ထားကြပြီး လူအသွားအလာနည်းပါးသွားကြောင်း မြို့ခံများက ပြောသည်။

“လမ်းမပေါ်မှာ ခြောက်ကပ်နေတာပဲ၊ ဘယ်ဆိုင်မှမဖွင့်တော့ဘူး။ မြို့ထဲမှာ တိုက်ပွဲဖြစ်လာမှာကြောက်လို့ ပိတ်ပြီး အိမ်ထဲမှာ နေ နေကြတယ်” လို့ သီပေါမြို့မှအမျိုးသမီးတဦးက မဇ္ဈိမသို့ပြောကြားသည်။

ထို့ပြင် လားရှိုးနှင့် သီပေါကြားရှိ သီပေါတံတားကိုလည်း စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး တံတားအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက စခန်းအတွင်း အသင့်နေရာယူထားကြောင်း ဒေသခံများက ဆိုသည်။

ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့သော ကျင်သီတံတားတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကျောက်မဲအခြေစိုက် အမြောက်တပ်မှ လက်နက်ကြီးဖြင့်ပစ်ကူပေးရာတွင် ကျင်သီကျေးရွာအတွင်း လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်များထိခိုက်ပျက်စီးခဲ့ကာ ဒေသခံများထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရပြီး အသေးစိတ်ကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် TNLA နှင့် MDY-PDF တို့ ထိန်းချုပ်ထားသည့် နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းတံတားအနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်းလည်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး၏ ၁၇ ရက်မြောက်နေ့အထိ ညီ‌နောင်မဟာမိတ်သုံးဖွဲ့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်းကြူကုတ်၊ သိန္နီနှင့် နမ့်ခမ်းမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းပေါင်း ၁၅၀ ကိုလည်း သိမ်းပိုက်ထား သည်။

ပုံအညွှန်း - ကျင်သီတံတားအား ဖောက်ခွဲထားသည်ကိုတွေ့ရစဉ်

စာတည်း။ ။စောဖေ

#ရှမ်းပြည်နယ်မြောက်ပိုင်း
#သီပေါမြို့နယ်
#ကျင်သီတံတား
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏4😁1🥴1
ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
👏14😁1🥴1
ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
===============

KMN 

(မဇ္ဈိမ)။  ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူအခြေစိုက် စစ်ကောင်စီ၏ ၆၀၀၆ အမြောက်တပ်ရင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့က ၁၀၇ မမ ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့ရဲဘော်တဦးက မဇ္ဈိမကို ပြောကြားသည်။

၆၀၀၆ အမြောက်တပ်ရင်းအား နိုဝင်ဘာလ ၁၀ ရက် နံနက် ၁၁ နာရီခန့်တွင် Kanbalu Underground Warriors အဖွဲ့နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့မှ ၁၀၇ မမ ရှော့ဒုံးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး နိုဝင်ဘာ လ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မနေ့ကမနက် ၁၀ နာရီလောက်မှာ ၁၀၇ မမ ရှော့ဒုံးတွေနဲ့ သွားပစ်ခဲ့တာ။ ဒီနေ့အထိတော့ သူတို့ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲပါ” ဟု Kanbalu Underground Warriors အဖွဲ့မှ ရဲဘော်ကဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ပစ်ခတ်မှုတွင် ၆၀၀၆ အမြောက်တပ်ရင်း ဘောလုံးကွင်းအနီးသို့ ကျရောက်ကာ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ထွက်ပြေးခဲ့ကြသည်ကိုတွေ့ရပြီး ထိခိုက်သေဆုံးမှုကို ဆက် လက်စုံစမ်းနေဆဲဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ဒေသခံတဦးကလည်း ပြောသည်။ 

ကန့်ဘလူမြို့အခြေစိုက် စစ်ကောင်စီ၏ ၆၀၀၆ အမြောက်တပ်ရင်းသည် အနီးအနားရှိပြည်သူများ နေထိုင် ရာနေရာများအား နိုဝင်ဘာလ ၁၁ ရက်နေ့ ညကတကြိမ်၊ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နှစ်ကြိမ် ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသန်ပစ်ခတ်မှုများ မကြာခဏပြုလုပ်နေ ခြင်းကို တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း Kanbalu Underground Warriors အဖွဲ့ရဲဘော်ကဆိုသည်။

ပုံအညွှန်း - Kanbalu Underground Warriors အဖွဲ့နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့များ(Photo - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စာတည်း။ ။စောဖေ

#Mizzima
#ကန့်ဘလူမြို့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏2❤1😁1🥴1
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် (နိုဝင်ဘာလ ၁၂ ရက်နေ့)
စစ်ကိုင်းတိုင်းထဲမှာတော့ တိုက်ပွဲတွေ၊ စစ်ရေး ပဋိပက္ခတွေက နေ့စဉ်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေး ချ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FUFG5houh6Eo&h=AT0V5weC5TOuODOgNJMZbwJYiz8FEQZ728TMqtU6O8L2QBUcftOtvv0w4W85VtxEwIM8zLA5v29nAKe8ubgRiePVFsy_fEq8t_jwGjRZvLFWQFVeKlSj7PX9NZZd6yR7&s=1
👍1🔥1
ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်စက်ရုံ ၁၅၀ ခန့် ပိတ်၊ အလုပ်သမား ၁၁,၀၀၀ ခန့် တရားစွဲခံရ
ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်လုပ်ငန်းရှင်များသည် စက်ရုံပေါင်း ၁၅၀ ခန့်ကို နိုဝင်ဘာ ၁၁ ရက်က အကန့်အသတ်မရှိ ပိ...
https://ift.tt/mMJRLU1
👍2🔥1
တရုတ်သမ္မတက ငြိမ်းချမ်းရေးဆုံးဖြတ်ချက်များကို ထောက်ခံသော်လည်း ကမ္ဘာကြီးကို မတည်မငြိမ်
တရုတ်အစိုးရက ကမ္ဘာကြီးကို မတည်မငြိမ်ဖြစ်အောင်ပြုလုပ်နေသည့် အဖွဲ့အစည်းအချို့နှင့် တစ်ဖက်တွင် လျှို့ဝှက်စ....
https://ift.tt/yIOYmkW
👍3🔥1
​​ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း လုံခြုံရေး စိတ်မချရ၊ အရေးကြီးကိစ္စမရှိလျှင် မလာကြရန် ဒေသခံများက သတိပေး
=============

007

(မဇ္စျိမ)။ ။ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း၌ လုံခြုံရေးစိတ်မချရသေးသဖြင့် အရေးကြီးကိစ္စမရှိလျှင် မလာကြ ရန် နောင်ချိုဒေသခံများက သတိပေးကြသည်။

“မနေ့ကတရက်လေးပဲ ခဏငြိမ်တယ်။ ဒီနေ့မနက်ကတည်းက ပစ်ခတ်သံတွေ ပြန်ကြားရတယ်။ ဘယ် လောက်လုံခြုံစိတ်ချရပါတယ်လို့ပြောပြော မယုံကြပါနဲ့။ နောင်ချိုမှာ လုံခြုံရေးစိတ်မချရသေးဘူး၊ လမ်း ကတော့ ပွင့်သွားပြီ၊ သွားလို့လာလို့ မကောင်းသေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းအတွင်း ပြင်းထန်သည့်တိုက်ပွဲများ ယာယီရပ်တန့်နေသော်လည်း ထိတွေ့ တိုက်ပွဲငယ်များ ဖြစ်နေသေးကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောကြားသည်။

စစ်ကောင်စီကမူ မန္တလေး-ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာထားသည်။

“အခုရာသီက နောင်ချိုမှာ တိမ်ပင်လယ်ရာသီဆိုတော့ ခရီးသွားတွေကလည်း တအားလာချင်နေကြ တယ်။ ရှင်းရှင်းပဲပြောမယ် မလာကြပါနဲ့ဦး၊ နောင်ချိုဟာ အချိန်မရွေးထပေါက်နိုင်တဲ့ ချိန်ကိုက်ဗုံးတလုံး ပေါ် ခွထိုင်ထားရတဲ့ အနေအထားပါ။ မြို့ကလူတွေတောင် မဖြစ်မနေမှ အပြင်ထွက်ပါတယ်” ဟု သတင်း ရင်းမြစ်တဦးကလည်းပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာ၌တပ်စွဲထားသော စစ်ကောင်စီစခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူး‌ပေါင်းအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက် နေ့တွင် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည်။

ထို့နေ့မှစပြီး ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း(ဘန့်ဘွေး-အုမ္မတီး-ရွှေညောင်ပင်-အုမ္မခါး-ကျောက်ကြမ်း)တွင်၊ နှစ်ဘက်တပ်ဖွဲ့များကြား ပြင်းထန်တိုက်ပွဲ သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ယနေ့အထိလည်း ပစ်ခတ်သံ များ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“သီပေါ-ကျောက်မဲလမ်းပိုင်းလည်း ပိတ်လိုက်ပြီ၊ ဂုတ်တွင်းဝန်းကျင်မှာလည်း တော်လှန်ရေးတပ်တွေစိုးမိုး ထားတယ်။ ကျောက်မဲနဲ့သီပေါလည်း သွားမရတော့ဘူး” ဟု ကျောက်မဲမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့သည့် မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ် အထိနာနေသလို အဆိုပါစစ်ဆင်ရေးကြောင့်လည်း နိုင်ငံအနှံ့အပြားတွင် တော်လှန်ရေးရေချိန် ပြန်လည်မြင့်တက်နေသည်။

စာတည်း။ ။စောဖေ

#ရှမ်းပြည်နယ်မြောက်ပိုင်း
#ပြင်ဦးလွင်-နောင်ချိုလမ်း
#လုံခြုံရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤2🔥1
​​ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်စက်ရုံ ၁၅၀ ခန့် ပိတ်၊ အလုပ်သမား ၁၁,၀၀၀ ခန့် တရားစွဲခံရ
==============

ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်လုပ်ငန်းရှင်များသည် စက်ရုံပေါင်း ၁၅၀ ခန့်ကို နိုဝင်ဘာ ၁၁ ရက်က အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီး တချိန်တည်းမှာပင် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုသည့် ပြင်းထန်သော ဆန္ဒပြပွဲများနှင့် စပ်လျဉ်းပြီး အလုပ်သမား ၁၁,၀၀၀ ကို ရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
​​တရုတ်သမ္မတက ငြိမ်းချမ်းရေးဆုံးဖြတ်ချက်များကို ထောက်ခံသော်လည်း ကမ္ဘာကြီးကို မတည်မငြိမ် ဖြစ်အောင်ပြုလုပ်နေသည့် အဖွဲ့အစည်းများနှင့် လျှို့ဝှက်စွာ ပူးပေါင်းနေ
=================

တရုတ်အစိုးရက ကမ္ဘာကြီးကို မတည်မငြိမ်ဖြစ်အောင်ပြုလုပ်နေသည့် အဖွဲ့အစည်းအချို့နှင့် တစ်ဖက်တွင် လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်နေချိန်တွင် နိုင်ငံတကာပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရန် တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်က လူသိရှင်ကြား ထောက်ခံအားပေးနေခြင်းက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် ပတ်သက်၍ ပြဿနာဖြစ်စေနိုင်သည့် တရုတ်နိုင်ငံခြားရေးမူဝါဒ၏ ရှေ့နောက်မညီမှုကို ဖော်ပြနေသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1